LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
AccessoriesLUSH DAILY

New Normal Business Casual for Rainy Season

written by Lush Editor June 15, 2020
New Normal Business Casual for Rainy Season

Home to office, pajamas to suits.  How to always look stylish at work. (OR) Suits yourself as you have a personal stylist.

2020 ရဲ့ ပထမ နှစ်ဝက်ကို အိမ်ထဲမှာပဲ ဖြတ်သန်းလာကြ​ပေမယ့် အများစုဟာ လတ်တ​လောမှာ​တော့ အိမ်က​နေ အလုပ်လုပ်ခြင်းကို စွန့်ခွာပြီး ရုံး​တွေကို ပြန်လည် ​ရောက်ရှိလာကြပါပြီ။ သက်​တောင့်သက်သာရှိတဲ့ ဝတ်စုံ​တွေ၊ အိမ်​နေရင်း၊ ညအိပ်ဝတ်စုံ​တွေ အစား office wear ​တွေကို ပြန်လည် ဝတ်ဆင်ရ​တော့မယ့် အချိန်ကို ​ရောက်လာပါပြီ။

ဝန်ထမ်း​​တွေတစ်​ယောက်ချင်းစီရဲ့ ဝတ်စားဆင်ယင်မှုက အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုပြီး​တော့ မိမိတို့ ရုံးတွင်းသာမက ပြင်ပ လုပ်ငန်း​တွေကိုပါ အကျိုးသက်​ရောက်မှု ရှိ​နေပါတယ်။ သင့်ရဲ့ ပုံမှန် ရုံးသွားတဲ့ ဝတ်စုံ​တွေဟာ မကြာခဏ ဝတ်ရတာ ဖြစ်တဲ့ အတွက် ​ဖော်ပြထားတဲ့ အချက်​တွေ အပြင် အ​ရေးအကြီးဆုံးက​တော့ အလုပ်လုပ်တဲ့ အခါ သက်​​တောင့်သက်သာရှိရပါမယ်။ business casual ဆိုတဲ့ စကားလုံးက ဝန်ထမ်း အများစုနဲ့ မရင်းနှီးတဲ့ စကားလုံးပါ။

သာမာန် business casual ​တွေက​တော့ ချည်သား ​ဘောင်းဘီနဲ့ စကဒ်၊ ရှပ်အကျီ အဖြူ​ရောင်​၊ ​ခေါင်းစွပ်ဆွယ်တာ​တွေနဲ့ ရင်​စေ့ဆွယ်တာ အကျီ​တွေပဲ ဖြစ်ပါတယ်။ coporate company အကြီးစား​တွေမှာသာ အ​​နောက်တိုင်း ဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ကြ​လေ့ ရှိပါတယ်။ 

စိတ်သစ် လူသစ်နဲ့ အလုပ်ခွင်ကို ပြန်လည်ဝင်​ရောက်​​တော့မယ့်သူ​တွေ သင့်တို့ရဲ့ အဝတ်ဗီဒိုကို ဖွင့်ကြည့်လိုက်ပါ။  neutral color ​တွေဖြစ်တဲ့ အဖြူ၊ အမည်း၊ အညို၊ အသား​ရောင်​တွေကြားထဲ နက်ပြာ​ရောင်​အဝတ်အချို့ကို ​တွေ့ရမှာပါ။ လူတိုင်းရဲ့ အဝတ်စား​တွေကြားမှာ အဖြူ​ရောင် ရှပ်အကျီတစ်ထည် သို့မဟုတ် တစ်ထည်မက ရှိ​နေပါလိမ့်မယ်။ အဆင်​တွေထက် ​​ပြောင် အဝတ်အစား​တွေသာ အများစု ဖြစ်​နေပါလိမ့်မယ်။ စကဒ်နဲ့ ဂါဝန်​တွေဆိုရင် ဒူး​အောက်နား​တွေ ဖြစ်ပြီး အများစုက ​ဘောင်းဘီ​တွေသာ ဖြစ်​​​နေပါလိမ့်မယ်။ အ​ရေးကြီး အစည်းအ​ဝေးများကို လိုအပ်တဲ့ အချိန်မှာ တတ်​ရောက်နိုင်ဖို့ အ​နောက်တိုင်း ဝတ်စုံ အပြည့်အစုံလဲ မကြာခဏ ဝတ်ဆင်တတ်ပါလိမ့်မယ်။ ဒါ​ပေမယ့် အ​ရေးအကြီးဆုံး အချက်က သင့်ရဲ့ အဝတ်ဗီဒိုဟာ သင့်ရဲ့ ဖက်ရှင်သာမက အကျင့်စရိုက်ကိုပါ ထင်ဟပ်​နေပါတယ်။

တစ်ပတ် ၅ရက် သို့မဟုတ် ၆ ရက်နှင့် သင်သာ လုပ်ငန်း တစ်ခုရဲ့ ​ခေါင်း​ဆောင်ပိုင်း တစ်​နေရာကဆိုရင် ၂၄ နာရီ အလုပ်လုပ်​နေရနိုင်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ ၂၄နာရီ ကို ထပ်တလဲလဲ ဖြစ်​နေတဲ့ ပျင်းစရာ​ကောင်းတဲ့ အဝတ်​တွေနဲ့ပဲ အချိန်ကုန်သွား​တာက ​ကောင်းတဲ့ အကြံတစ်ခု​တော့ မဟုတ်ဘူး​နော်။ မြန်မာနိုင်ငံမှာဆိုရင်လဲ မိုးရာသီက ဝင်​ရောက်လာတဲ့ အခါ အလုပ်ကို စတိုင်မပျက် အိမ်က ထွက်တဲ့ အတိုင်း ​ရောက်သွားဖို့ဆိုတာ ခက်ပါတယ်။ မိုး​ရေ​တွေကြားထဲ​တောင် အလှမပျက်ပဲ ရုံးသွားလို့ရမဲ့ စတိုင်​လေး​တွေကို ​ဖော်ပြ​ပေးလိုက်ပါတယ်။

1.White Shirt – The Basic Business Wear

Not your particular white shirt

Formal အဖြူ​ရောင် ရှပ်အကျီ အစား အနည်းငယ် ဆန်းသစ်ထားတဲ့ ဒီဇိုင်း​တွေကို အသုံးပြု​ပေးပါ။ လက်​အ​ဖောင်း၊ အစည်း၊ဒါမှ မဟုတ် ​ကော်လံကို ပုံမှန်ထက် ကြီးတဲ့ ဒီဇိုင်း​တွေက သင့်ကို အလုပ်ထဲ professional ကျ​စေရုံသာမက သူများနဲ့ မတူတဲ့ ဝတ်စုံ​တွေကို ရ​စေမှာပါ။ ဒါ့အပြင် အဖြူ​ရောင် ရှပ်အကျီ​တွေက ​ရေစိုပြီးရင်လဲ အ​ခြောက်မြန်လို့ မိုးရာသီအတွက် သင့်​လျော်တဲ့ item တစ်ခု ဖြစ်တယ်​နော်။

 Add a scarf to color your style

အ​ရောင်အ​သွေး စုံလင်တဲ့ ပုဝါ​တွေကို လည်စီးအဖြစ် အသုံးပြု​ပေးပါ။ သင့်ရဲ့ အဖြူ​ရောင် ရှပ်အကျီကို အများနဲ့ မတူ​စေရုံသာမက မိုးစိုလာတဲ့ သင့် ဆံပင်​တွေကို ​ခြောက်​သွေ့​အောင် သုတ်နိုင်ပြီး ခြုံထည် အဖြစ်လဲ အသုံးပြုနိုင်တာမို့လို့ မိုးရာသီ အတွက် အသင့်​တော်ဆုံးပါပဲ။

The Trench

 Trench coat လို့ ​ပြောလိုက်တာနဲ့ smart ကျတဲ့ လိုင်း​တွေ၊ ခါးပတ်ကြိုးနဲ့ ​ရေစိုခံတဲ့ ချည် အထူသား​တွေကို အသုံးပြုထားတဲ့ ကုတ် တစ်ထည်ဆိုတာ အားလုံး သိကြမှာပါ။ အဖြူ​ရောင် ရှပ်အကျီ အ​ပေါ်မှာ ဝတ်ဆင်လိုက်ရင် သင့်ရဲ့ ဖက်ရှင်ကို ပြည့်စုံသွား​စေရုံသာမက မိုး​ရေမစို​အောင်လဲ ကာကွယ်​ပေးနိုင်လို့ အ​နွေးထည် သပ်သပ် ယူစရာ မလိုပဲ တစ်ထည်ထဲနဲ့ ပြည့်စုံ​စေပါတယ်။

2. The Finishing Touch – Accessories

သင့်ရဲ့ ​နေ့စဥ် ဝတ်စုံ​တွေထဲ accessories ​တွေ ​ပေါင်းထည့်​ပေးပါ။

အနက်​ရောက် လည်သာ အိတ်တစ်လုံးက သင့်ရဲ့ အ​ရောင်မှိုင်းမှိုင်း ဝတ်စုံ​တွေကို ပိုပြီး ​ပေါ်လွင်​စေမှာပါ။ Business casual ဝတ်စုံ တစ်စုံရဲ့ အပြီးသတ်ဟာ နာရီပဲ ဖြစ်ပါတယ်။ smart phone ​​တွေ ​ပေါ်လာပြီး ​​နောက်ပိုင်း နာရီ​တွေဟာ အချိန်ကြည့်ဖို့ထက် အဆင်တဆာ အ​နေနဲ့ ပိုပြီး လူသုံးများလာတဲ့ အခါ နာရီရဲ့ ဒီဇိုင်းက ပိုပြီး​တော့ အ​ရေးပါလာပါ​တော့​တယ်။ နာရီကို​တော့ ဒီဇိုင်းကို တည်တည်ငြိမ်ငြိမ်နဲ့ neutral color ​တွေထက် အ​ရောင်ပါတာ​တွေ ​ရွေး​ပေးပါ။

အလည်အလတ် အမြင့်ရှိ ရှူးဖိနပ်များကို ​ရွေးချယ်​ပေးပါ။

သွားလာလှုပ်ရှားရ မခက်ခဲသလို အသင့်အတင့်ရှိတဲ့ ​ဒေါက်က သင့်ကို smart ကျ ​နေ​စေပါလိမ့်မယ်။ လည်သာက ​ရေစိုခံနိုင်​ပြီး​တော့ အသင့်အတင့်ရှိတဲ့ ​ဒေါက်​တွေက သင့်​ခြေ​ထောက်ကို ​​ရေစိုခြင်းက ကာကွယ်​ပေးပါလိမ့်မယ်။

3. ဆွယ်တာအကျီ​တွေနဲ့ အလှဆင်လိုက်ပါ။

အ​ရောင်စုံ ဆွယ်တာ​တွေကို ဝတ်ဆင်လိုက်ပါ။ တကယ်လို့ အ​ရောင်စုံ ဆွယ်တာ​တွေက သင်နဲ့ မလိုက်ဖက်ဘူးထင်ရင် အ​ရောင်ငြိမ်တဲ့ ဆွယ်တာ​တွေကို ဖဲပြား၊ ပုလဲ အစရှိသဖြင့် အလှဆင်ထားတဲ့ ဆွယ်တာ​တွေကို ဝတ်ဆင်ကြည့်ပါ။ အလှဆင်ထားတဲ့ ဆွယ်တာ​တွေက သင့်ရဲ့ ဖက်ရှင်ကို ပျင်းစရာမ​ကောင်းတဲ့ အပြင် မိုးတွင်းမှာ ​နွေး​နွေး​​ထွေး​ထွေးလဲ ခံစား​စေနိုင်မှာ ​သေချာပါတယ်။

4. Khaki pants never goes wrong

ကာကီ​ရောင် ​ဘောင်းဘီ​တွေက​တော့ ဘယ်​​တော့မှ မမှားတဲ့ ​ရွေးချယ်မှုပါပဲ။ အဖြူ​ရောင် ရှပ်အကျီနဲ့လဲ လိုက်ဖက်ညီသလို ၊ အမျိုးသမီးဝတ် blouse အမျိုးမျိုးနဲ့လဲ တွဲဖက် ဝတ်ဆင်နိုင်ပြီး Trench Coat နဲ့လဲ လိုက်ဖက်ညီတဲ့ အတွဲအစပ်ပါပဲ။

5. Not your typical long pants

မိုးရာသီထဲ ဝင်​ရောက်လာတာနဲ့ အမျှ ပုံမှန်ဝတ်​နေကျ style pants ​တွေ၊ ချည်သား ​ဘောင်းဘီ ရှည်​တွေကို ဝတ်ဆင်ဖို့ မသင့်​တော့ ပါဘူး။ သင့်ရဲ့ ​ဘောင်းဘီ ​အောက်ပိုင်းနှင့် အတူ မိုး​ရေ​သာမက အမှိုက်​တွေ အညစ်အ​ကြေး​တွေပါ ပါလာနိုင်တဲ့ အပြင်၊ သင့်ရဲ့ ​ခြေ​ထောက်​တွေကိုပါ အချိန်ကြာကြာ ​ရေစို​နေ​စေတာမို့လို့ ဒူး​အောက် ​ခြေမျက်စိ အထက် ​ဘောင်းဘီ​တွေကို ​ရွေးချယ်မယ်ဆိုရင် မိုးရာသီ အလုပ်သွားဖို့ အသင့်​တော်ဆုံး ဖြစ်​နေမှာပါ။

6. မိုးရာသီနဲ့ အသင့်​တော်ဆုံး ​ဘောင်းဘီ

မိုးရာသီမှာ ဝတ်ဆင်လို့ အသင့်​တော်ဆုံးက​တော့ မိုးကာသား ​ဘောင်းဘီ​တွေပဲ ဖြစ်ပါတယ်။ အခု​ခေတ်မှာ​တော့ မိုးကာသားကို အဆင့်မြင့်မြင့် ချုပ်လုပ်ထားတဲ့ ​ဘောင်းဘီ​တွေကို အလွယ်တကူ ဝယ်ယူနိုင်ပြီး​တော့ ​ဒီဇိုင်း​တွေလဲ စုံလင်တဲ့ အတွက် အလုပ်နဲ့ လိုက်ဖက်​အောင် ဝတ်ဆင်နိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ မိုးရာသီဟာ ၃လ မက ကြာမြင့်ပြီး​တော့ အချိန်ပြည့်နီးပါး မိုးရွာ​နေပါတယ်။ မိုး​အေး​အေးမှာ တုတ်​ကွေးမိပြီး ​ဆေးခန်းမသွားရဖို့ ​နွေး​နွေး​ထွေး​​ထွေးလဲ ဖြစ်ရမယ်၊ မိုးစိုတာကို ​ရှောင်နိုင်ပြီး အလွယ်တကူ ပြန်​ခြောက်တာလဲ ဖြစ်ရမယ်၊ အ​ရေးအကြီးဆုံး အချက်က​တော့ လုပ်ငန်းခွင်နဲ့ သင့်​တော်ပြီး စတိုင်ကျ လှပ​နေ​စေရမဲ့ စတိုင်​တွေကို ​ဖော်ပြ​ပေးထားပါတယ်။

​ဖော်ပြထားတဲ့ ဖက်ရှင်စတိုင်​တွေကို ဝတ်ဆင်ကြည့်မယ်ဆိုရင် သင့်ရဲ့ အလုပ်မှာ လုပ်​ဖော်ကိုင်ဖက်​တွေ သ​ဘောအကျဆုံး သူမဖြစ်နိုင်ရင်​တောင် ကြည့်အ​ကောင်းဆုံးသူ​တော့ ဖြစ်နိုင်ပါတယ်။

Editor: Jeune

Business Casual WearfashionFashion TipsLUSH DAILYLUSH June 2020LUSH Magazine MyanmarRainy Season
0
Facebook Twitter Google + Pinterest
Lush Editor

previous post
Professional Drivers Move to Virtual Tracks
next post
Gifts for Father’s Day That Can Be Bought Easily

Recommended

Instagram Fashionable Lookbook (Romance Style)

November 27, 2020

Festival တွေမှာ ခြယ်သဖို့ အကောင်းဆုံး Eyeshadow အရောင်များ

April 3, 2019

Hoop Earrings for this era

June 10, 2020

Chromatica is the name, Slaying is her game

June 9, 2020

Bringing in bright colours

May 29, 2020

Festival Makeup Look for 2019

November 22, 2019

Apple announces digital car key feature

June 24, 2020

နွေရာသီမှာ ရင်အေးစေမယ့် Watermelon Recipes

March 19, 2019

Engagement Rings of TIFFANY & CO.

November 23, 2020

ငယ်ငယ်က ကိုယ်ကျပ်အင်္ကျီတွေ ဝတ်ခဲ့တာဟာ “ယုံကြည်မှုအားနည်းခဲ့တဲ့ လက္ခဏာ” လို့ ပြောခဲ့တဲ့ Victoria...

June 19, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem