LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYLUSH DAILY

Gifts for Father’s Day That Can Be Bought Easily

written by Maeve June 15, 2020
Gifts for Father’s Day That Can Be Bought Easily

တစ်ယောက်ယောက်ကို လက်ဆောင်ပေးဖို့စဉ်းစားရတာက လွယ်မလိုနဲ့ တော်တော်ခက်ခဲပါတယ်။ နောက်ဆုံးမစဉ်းစားချင်တော့ဘူး၊ အဆင်ပြေတာပဲ ပေးလိုက်တော့မယ်ဆိုပြီး တွေးမိကြတာပဲ။ အဲ့တော့ ကိုယ်ပေးမယ့်သူဆီမှာ ရှိပြီးသားတွေပဲ ပေးမိတာမျိုး ကြုံရတာလည်း ခဏခဏပဲ။ ယောကျာ်းလေးတွေကို လက်ဆောင်ပေးမယ်ဆို ပိုစဉ်းစားကြပ်တာတော့အမှန်ပဲနော်။

အခုဆို အဖေများနေ့ကလည်း ဇွန် ၂၁ ရက်နေ့ဆို ရောက်တော့မယ်၊ ထုံးစံအတိုင်း ဘာပေးရမှန်းစဉ်းစားလို့ကမရ၊ သူ့မှာမရှိတာလည်း ပေးချင်တယ်ဆို အခုပြောပြပေးမယ့် ပစ္စည်းတွေက အကူအညီဖြစ်မယ်ထင်ပါတယ်။ ယောကျာ်းလေးတွေလည်း skincare လုပ်သင့်တယ်၊ တကိုယ်ရည်သန့်ရှင်းမှုလုပ်ဖို့ကလည်း အရေးကြီးတယ်ဆိုတော့ အဲ့ဒါတွေနဲ့သက်ဆိုင်တဲ့ ပစ္စည်းလေးတွေ၊ ဒီမှာလည်း အလွယ်တကူဝယ်လို့ရမယ့်ပစ္စည်းလေးတွေ ရွေးပေးထားတယ်နော်။

Clinique For Men Starter Kit – Daily Oil Control

ယောကျာ်းလေးတွေ တော်တော်များများရဲ့ အသားအရေက အဆီပြန်တတ်ပြီး ဝက်ခြံထွက်တတ်တဲ့အသားအရေမျိုး များကြပါတယ်။ အဲ့တော့ ကိုယ့်အဖေရဲ့အသားအရေက အဆီပြန်တတ်တယ်ဆို ဒီ Clinique For Men Starter Kit – Daily Oil Control ကို လက်ဆောင်ပေးလို့ရပါတယ်။ Starter Kit ဖြစ်လို့ ဈေးလည်းသိပ်မများသလို ကိုယ့်အဖေနဲ့ အဆင်ပြေမပြေ စမ်းကြည့်လို့ရလို့ လက်ဆောင်ပေးဖို့ အဆင်ပြေမှာပါ။

Garnier Acno Fight

Garnier ရဲ့ Acno Fight series က ဝက်ခြံတွေကို ပျောက်ကင်းစေတဲ့အတွက် ကိုယ့်ရဲ့အဖေက ဝက်ခြံထွက်တဲ့သူဆို ဒီပစ္စည်းကလည်း ပေးလို့သင့်တော်ပါတယ်။

Nivea Men Deep Range (Series)

Nivea Men ရဲ့ ဒီ Deep Range မှာဆိုရင် Face wash, Moisturizer, Shower gel, Shaving gel, Deodorant spray နဲ့ Roll-on တွေပါတယ်ဆိုတော့ ကိုယ့်အဖေနဲ့ကိုက်ညီမယ့် အမျိုးအစားတွေကို ရွေးချယ်ပြီး set လိုက်လက်ဆောင်ပေးလို့ရပါတယ်။

Philips AquaTouch Shaver

ဒီ shaver က shaving foam နဲ့သုံးလို့ရသလို shaving foam မပါဘဲလည်း သုံးလို့ရတဲ့ function ပါလို့ shaving foam မရှိတဲ့အချိန်ပဲဖြစ်ဖြစ်၊ သုံးရမှာ ပျင်းနေရင်ပဲဖြစ်ဖြစ် ဒီ shaver က အဆင်ပြေလို့ ပျင်းတဲ့ဖေဖေအတွက်တော့ အံ့ကိုက်ပါပဲ။

L’occitane Cade After Shave Balm

ဒီ After Shave Balm ကတော့ Shea butter နဲ့ birchwood ကရတဲ့အဆီအနှစ်တွေပေါင်းစပ်ထားလို့ နီမြန်းတာတွေ၊ ဘရိတ်ဓားရှတာတွေ၊ မုတ်ဆိတ်မွှေးရိတ်ပြီးဖြစ်တတ်တဲ့ တင်းကြပ်ကြပ်ခံစားမှုမျိုးတွေကို သက်သာစေနိုင်တယ်လို့ သူတို့ရဲ့ website မှာ ဖော်ပြထားပါတယ်။ မနက်ကို မုတ်ဆိတ်ရိတ်မယ်ဆို ညကတည်းက အသားအရေရေဓာတ်ပြည့်ပြီး နူးညံ့နေအောင်၊ မုတ်ဆိတ်မွှေးတွေ ရိတ်ရတာလွယ်ကူနေအောင် မရိတ်ခင်ညမှာ လိမ်းထားလို့ရပါတယ်။ ကိုယ့်ရဲ့ဖေဖေက မုတ်ဆိတ်မွှေးရိတ်လေ့ရှိတဲ့သူဆို ဒါလေးကိုလက်ဆောင်ပေးရင် အမှတ်တွေရမှာအသေချာပဲ။

Uppercut Deluxe Pomade

အဖေက ဆံပင်ကို သေသေချာချာသပ်သပ်ရပ်ရပ်ဖီးလေ့ရှိတဲ့သူဆိုရင်တော့ Pomade ကိုလက်ဆောင်ပေးတာ အသင့်တော်ဆုံးဖြစ်မှာပါ။ ဒီ Uppercut Deluxe Pomade ဆို strong hold ဖြစ်တယ်၊ နောက်ပြီး ခြောက်ကပ်ကပ်မဖြစ်ဘဲ တောက်ပတဲ့ဆံပင်ပုံစံမျိုးရနိုင်ပါတယ်။ ပုံသွင်းရလွယ်ကူပြီးတော့ water-based ဖြစ်လို့ ခေါင်းလျော်ရင်လည်း စေးကပ်ကပ်ဖြစ်တာမျိုး မဖြစ်စေပါဘူး။

Dior Sauvage Eau De Perfume

အဖေ့ကို လက်ဆောင်ကောင်းကောင်းလေးတခုပေးချင်တယ်၊ ဘာပေးရမှန်းလည်းမသိဘူးဆိုရင်တော့ ဒီ Dior Sauvage EDP ကို ထည့်စဉ်းစားသင့်ပါတယ်။ အီတလီတောင်ပိုင်းကဒေသတစ်ခုဖြစ်တဲ့ Calabria မှာ ပေါက်လေ့ရှိတဲ့ bergamot လို့ခေါ်တဲ့ သံပရာမျိုးဝင်အသီးရဲ့ အဆီအနှစ်တွေ ပေါင်းစပ်ထားတဲ့အနံ့၊ ယောကျာ်းဆန်ပြီး ဆူးရှတဲ့ အမွှေးနံတွေ့ကို ပေးစွမ်းနိုင်ပြီးတော့ အမွှေးနံ့တာရှည်ခံတယ်ဆိုပြီး လူသိများပါတယ်။ ဒီ Dior Sauvage က Dior ရဲ့ in-house perfumer François Demachy ရဲ့လက်ရာဖြစ်ပြီးတော့ Johnny Depp ကြော်ငြာရိုက်ကူးခဲ့တာပါ။

ကဲ အခုလောက်ဆိုရင်တော့ ကိုယ့်ရဲ့အဖေကို အဖေများနေ့မှာ ဘာလက်ဆောင်ပေးရမလဲဆိုတာ အကြံဉာဏ်တွေရသွားနိုင်မယ်လို့ မျော်လင့်ပါတယ်။ အဖေ့မှမဟုတ်ပါဘူး။ အခုပြောပြခဲ့တဲ့ product တွေက ကိုယ်ချစ်ရ၊ ခင်ရတဲ့ ဦးလေး၊ အစ်ကို၊ မောင်လေးတွေရော ကိုယ့်ရဲ့ချစ်သူကိုပါ လက်ဆောင်ပေးမယ်ဆို ထည့်စဉ်းစားလို့ရတဲ့ ပစ္စည်းလေးတွေဆိုတော့ အားလုံးအတွက် အသုံးဝင်မယ်လို့ထင်ပါတယ်။

အခု feature လုပ်ထားတဲ့ ပစ္စည်းရယ်မှ မဟုတ်ဘူး၊ အလားတူပစ္စည်းလေးတွေကိုလည်း ကိုယ့်စိတ်ကြိုက်ရွေးချယ်ပြီး လက်ဆောင်ပေးလို့ရပါတယ်။ အဓိကကတော့ ဘာပေးရမလဲဆိုတဲ့ idea လေးတွေ ရသွားမယ်လို့ မျော်လင့်ပါတယ်။

Editor: MayMT

LUSH Beauty & SoulLUSH DAILYLUSH June 2020LUSH Magazine MyanmarMen GroomingMen Skin Care
1
Facebook Twitter Google + Pinterest
Maeve

previous post
New Normal Business Casual for Rainy Season
next post
ဂရိတ်ဦးဖိုးစိန်နဲ့ ယနေ့ချိန်ထိ လင်းနေဆဲ အောက်လင်းဓါတ်မီးများ

Recommended

Christmas & New Year Gifts for your loved...

December 20, 2019

Home Remedies for Acne

December 24, 2018

လမ်းပေါ်တွင်လိုက်နာသင့်သော အခြေခံစည်းကမ်းများ

June 12, 2019

ဝက်ခြံကပြောပြနေတဲ့ သင့်အကြောင်း

July 13, 2020

Optimising your decor with clocks

June 26, 2020

ရိုးရှင်းတဲ့ စွဲမက်ဖွယ်ဒီဇိုင်းသစ်နဲ့ Elle

October 19, 2020

A Whole New World

July 28, 2020

သင့်ရဲ့ အဝတ်ဗီဒိုမှ ရရှိနိုင်သော မျက်နှာဖုံးများ

June 1, 2020

BAIT x Pixar Toy Story x Reebok တို့...

June 11, 2020

Justin Bieber ရဲ့ ဒေါ်လာ ၅သိန်းတန်ဖိုးရှိတဲ့ စေ့စပ်လက်စွပ်အကြောင်း

July 21, 2018

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem