LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
EATLUSH DAILY

နွေရာသီမှာ ရင်အေးစေမယ့် Watermelon Recipes

written by Eain Chu March 19, 2019
နွေရာသီမှာ ရင်အေးစေမယ့် Watermelon Recipes

ဒီလို နွေရာသီ ပူအိုက်တဲ့အချိန်မျိုးမှာ ရင်အေးစေမယ့် ဖရဲသီးလေးသာ စားလိုက်ရမယ်ဆိုရင် အမောပြေသွားမှာ အမှန်ပါပဲ။ ဖရဲသီးကို အမြဲတမ်း အသီးတစ်မျိုးထဲဖြစ်ဖြစ် ဖျော်ရည်ဖြစ်ဖြစ် သောက်ရတာ ရိုးအိနေပြီ မဟုတ်လား။ ဒါကြောင့် ဖရဲသီးကို ဘယ်လိုမျိုး အစားအသောက် အဖြစ် ဖန်တီးနိုင်မလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်နော်။ ဒီနည်းလမ်းလေးတွေက အိမ်မှာ လိုက်လုပ်လို့ လွယ်ကူမယ့်နည်းလမ်းလေးတွေ မို့လို့ တစ်ချက်လောက် ကြည့်ကြည့်ရအောင်။

1) ဖရဲသီး ဂျယ်လီ

ပါဝင်ပစ္စည်းတွေ အနေနဲ့ ဖရဲသီး တစ်ခြမ်း၊ အနီရောင်ကာလာစပ်ထားတဲ့ Jell-O* ၂ ဘူး၊ Gelatin(Jell-O) ကာလာမပါတဲ့ ဘူး ၄ ဘူး၊ ရေ ၂ ခွက် နဲ့ Vodka ၂ ခွက် လိုအပ်ပါတယ်။ အချိုးအစားကိုတော့ မိမိ အချိုကြိုက်ရင် ကြိုက်သလို ချိန်ဆပြီး ပြုလုပ်လို့ရပါတယ်။
* Jell-O ဘူးတွေကို City Mart မှာ ဝယ်လို့ရနိုင်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

ဖရဲသီး အဖတ်လေးတွေ ကို ဖယ်ထုတ်ထားလိုက်ပါ။ ဖရဲသီး အခွံကို သက်သက်ဖယ်ထားပါ။

Jell-O ဘူးနှစ်ဘူးရယ်၊ Gelatin(Jell-O) ကာလာမပါတဲ့ ဘူး ၄ ဘူး ကို ရောမွှေပါ။ ရေနွေးပူပူ ထဲကို အပေါ်က နှစ်မျိုးကို ရောထည့်ပြီး အရည်ပျော်တဲ့အထိ မွှေပါ။ အရည်ပျော်သွားရင် Vodka ၂ ခွက် ကို ထပ်ထည့်ပြီး ရောမွှေပေးပါ။ အားလုံးရောမွှေထားတဲ့အရည်ကို ဖရဲသီး အခွံထဲ လောင်းချပြီး ရေခဲသေတ္တာထဲမှာ ၃ နာရီ၊ ၄နာရီကြာ အအေးခံထားပါ။

Jell-O အအေးခံပြီးသွားရင် မိမိ စိတ်တိုင်းကျ အစိတ်လေးတွေ ခွဲပြီး စားသုံးလို့ရပါပြီ။

Tutorial Video Link : https://www.youtube.com/watch?v=wIOU3Pu6mU4

2) ဖရဲသီး ရေခဲချောင်း

ပါဝင်ပစ္စည်းများ

အစေ့ဖယ်ထားတဲ့ ဖရဲသီး

သကြားပွင့်  (granulated sugar) ၅ ဇွန်းခွဲ

Lemon ဖျော်ရည် ၁ ဇွန်း

အုန်းနို့ ရည် ခွက် တစ်ဝက်

ကီဝီသီး ၆ လုံး

Chocolate chips တစ်ဇွန်း တို့ လိုအပ်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

အစေ့ဖယ်ထားတဲ့ ဖရဲသီးရယ်၊ သကြားပွင့် ၂ ဇွန်းရယ်၊ Lemon ဖျော်ရည် ၁ ဇွန်းကို Blender ထည့်ပြီး ကြိတ်ပေးပါ။ အရည်ကို စစ်ပြီး ရေခဲချောင်း လုပ်မယ့် ပုံစံခွက်ထဲကို သုံးချိုး နှစ်ချိုးကျ ထည့်ပေးပါ။

Chocolate chips တွေကို အရည်ထဲကို နှစ်ပြီး ထည့်ပေးပါ။ ပြီးလျှင် ရေခဲချောင်း တုတ်ချောင်းလေးထဲ ထည့်ပြီး ရေခဲသေတ္တာထဲမှာ သုံးနာရီခွဲလောက် ခဲထားပေးပါ။

အအေးခံထားတဲ့အချိန် သကြားတစ်ဇွန်းခွဲနဲ့ အုန်းနို့ရည်ကို တုတူဖျော်ပြီး မိနစ် ၃၀ လောက် အပြင်မှာ အအေးခဲခဲပေးထားပါ။

ပြီးရင် ရေခဲချောင်းတွေကို freezer ထဲက ထုတ်၊ အဖုံးကို သေချာဖယ်ပြီး ခုနက ရောထားတဲ့အုန်းနို့ရည် ၁ ဇွန်းကို နောက် တစ်ထပ် လောင်းချလိုက်ပါ။ ရေခဲသေတ္တာထဲမှာ နောက်ထပ် ၄၅ မိနစ်လောက် အအေးခံပေးပါ။

အဲဒီအချိန်မှာ ကီဝီသီးတွေကို အခွံခွာပြီး Blender ထဲမှာ သကြားပွင့် ၂ ဇွန်းပါ ရောထည့်ပြီး မွှေပေးပါ။ အဲဒီ ကီဝီသီး ဖျော်ရည်ကို မိနစ် ၃၀ လောက် အပြင်မှာ အအေးခံပေးပါ။

ရေခဲချောင်းတွေကို ပြန်ုထုတ်ပြီး ကီဝီဖျော်ရည်ကို အပေါ်က တစ်ထပ်လောင်းပေးပါ။ အားလုံး ပြီးပြည့်စုံသွားရင် ရေခဲချောင်းတွေကို freezer ထဲမှာ ၂ နာရီ၊ ၃ နာရီလောက် သေသေချာချာ ခဲပေးထားပါ။

အချိန်ပြည့်သွားရင်တော့ အရသာရှိတဲ့ ဖရဲသီး ရေခဲချောင်းတွေကို သူငယ်ချင်းတွေနဲ့တူတူ စားလို့ရပါပြီ။

Tutorial Video Link : https://www.youtube.com/watch?v=zyG2rZKoIbk

3) စတော်ဘယ်ရီ ဖရဲသီး Margaritas

ပါဝင်ပစ္စည်းတွေအနေနဲ့ ဖရဲသီး အလုံးသေးသေးတစ်လုံး၊ ရေခဲစိမ်ထားတဲ့ စတော်ဘယ်ရီသီး(လိုအပ်သလောက်ထည့်လို့ရပါတယ်) ရယ်၊ Tequila ၃ ခွက်ကနေ ၄ ခွက်၊ Triple sec ၁ခွက် ဒါမှမဟုတ် ၂ ခွက်၊ သကြား ၂ခွက်၊ သံပုရာရည် တစ်ခွက်၊ သံပုရာသီး အစိတ်လေးတွေ လိုအပ်ပါမယ်။

ပြုလုပ်ပုံအဆင့်ဆင့်

ဖရဲသီးကို နှစ်ခြမ်းခြမ်းပြီး ဖရဲသီးအဖတ်များကို ဖယ်ထုတ်ပါ။ ဖရဲသီး အဖတ်တွေကို ဖရဲသီး အခွံမပါအောင် သေချာခွဲကာ ညသိပ်ပြီး အအေးခံထားပါ။

အအေးခံထားတဲ့ ဖရဲသီးဖတ်တွေရယ်၊ စတော်ဘယ်ရီရယ်၊ Tequila၊ Triple sec ၊ သကြား နှစ်ခွက် နှင့် သံပုရာရည် ကို Blender ထဲထည့်ပြီး အနစ်ပျစ်ပျစ် ရတဲ့အထိ ရောမွှေပေးပါ။

ကိုယ်လိုချင်တဲ့ အနှစ်ပျစ်ပျစ် ရပြီဆိုရင် သံပုရာသီးအစိတ်လေးတွေထည့်ပြီး စတော်ဘယ်ရီ ဖရဲသီး Margaritas တစ်ခွက်ကို သောက်လို့ရပြီဖြစ်ပါတယ်။

Tutorial Video Link: https://www.youtube.com/watch?v=d29knQxjVd8

4) ဖရဲသီး Cupcake

ပါဝင် ပစ္စည်းများ

ဖရဲသီး တစ်လုံး

ညသိပ် အအေးခံထားတဲ့ အုန်းနို့

Vanilla အရသာအဆီ

အချိုအရသာထည့်ဖို့အတွက် သကြား (သို့) ပျားရည်

Cupcake toppings အတွက် ကြိုက်နှစ်သက်ရာကို ထည့်နိုင်ပါတယ် – ဘယ်ရီသီး၊ ချောကလက် chips စသဖြင့် မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။

ပြုလုပ်ပုံ အဆင့်ဆင့်

ဖရဲသီးကို ထူထူလေး လှီးပြီး cupcake ပုံစံရအောင် Biscuit cutter နဲ့ ပုံဖော်ပေးပါ။ ပြီးရင် cupcake အခွံလေးပေါ်မှာ ဖရဲသီး cupcake ပုံစံလေးတွေကို တင်ပေးပါ။

Whipping cream ဖြစ်ဖို့ အေးနေတဲ့ အုန်းနို့ရည်(အရည်ကြည်) နှင့်Vanilla အရသာအဆီကို  ဇလုံထဲသို့  မိမိလိုအပ်သလောက် ပမာဏကိုထည့်ပြီး stand mixer နဲ့မွှေမွှေ hand mixer နဲ့မွှေမွှေ အမြင့်ဆုံးအရှိန်ဖြင့် မွှေပေးပါ၊ အမြုပ်လေးတွေထလာပါမယ်။ ဆက်မွှေပေးပါက အရည်က ပျစ်ပျစ်ထူထူလေး ဖြစ်လာပါမယ်။ တောင့်တောင့်တင်းတင်းအနေအထားတစ်ခုရောက်တော့မှ မွှေတာကိုရပ်ပေးပါ။ Cream က မွှေတံလေးနဲ့ ခေါက်ကြည့်တဲ့အချိန် ပြန်မကျဘူး တောင့်တောင့်တင်းတင်းဖြစ်နေပြီဆို တစ်မိနစ်လောက် ဖြေးဖြေးလေး မွှေပေးလိုက်ရင် Cupcake ပေါ်တင်လို့ရပြီ ဖြစ်ပါတယ်။

ဖရဲသီး cupcake ရလာတဲ့အချိန် topping ကို မိမိကြိုက်နှစ်သက်ရာထည့်ပြီး အရသာရှိပြီး လွယ်ကူလှတဲ့ ဖရဲသီး cupcake ကို စားသုံးနိုင်ပြီဖြစ်ပါတယ်။

Tutorial Video Link: https://www.youtube.com/watch?v=q_6gbLBsIoI

အချိုတည်းစရာတွေချည်းပဲ ပြောပြပေးလာတာဆိုတော့ နောက်ဆုံးတစ်မျိုးကိုတော့ ကျန်းမာရေးနဲ့လည်း ညီညွှတ်မယ့် ဖရဲသီး ပင်စိမ်း Detox ဖျော်ရည် လုပ်နည်းလေး ပြောပြပေးမယ်နော်။

5) ဖရဲသီး ပင်စိမ်း Detox Water

ပါဝင်ပစ္စည်းတွေအနေနဲ့ လှီးထားတဲ့ဖရဲသီး အတုံးလေးတွေရယ်၊ ပင်စိမ်းရွက် ၂ စည်းကနေ ၃ စည်းအထိ မိမိလိုအပ်သလို ထည့်လို့ရပါတယ်။ ရေကတော့ မပါမဖြစ်ပေါ့နော်။

ပြုလုပ်ပုံကတော့ အရမ်းကို လွယ်ကူပြီးရိုးရှင်းပါတယ်။ လှီးထားတဲ့ဖရဲသီး အတုံးလေးတွေရယ်၊ ပင်စိမ်းရွက်တွေကို ခြွေပြီး တစ်လီတာဆန့်တဲ့ ရေခရားထဲကို ရေပါ ထည့်ပြီး ရေခဲသေတ္တာထဲမှာ တစ်နာရီလောက် အအေးခံထားပါ။

ကိုယ်ရေသောက်မယ့်အချိန်တိုင်း ဒီ ဖရဲသီး ပင်စိမ်း Detox Water ကို သောက်သုံးနိုင်ပါပြီ။

Tutorial Video Link : https://www.youtube.com/watch?v=WSvGVLjrUKA

(All photos & videos credit to original uploaders.)

Editor: Eain Chu

LUSH DAILYLUSH EATLUSH Magazine MyanmarLUSH March 2019
1
Facebook Twitter Google + Pinterest
Eain Chu

previous post
5 Things you don’t know about Shwe Mhone Yati & Shwe Htoo
next post
LUSH Beauty Program – Less is more EP4 with June MoMo Ko & Morain Lu San

Recommended

ဖက်ရှင်ပိုင်းကို စိတ်ဝင်စားတဲ့သူတိုင်းကြည့်သင့်တဲ့ ဇာတ်ကား ၆ ကား

March 25, 2019

မျက်မှန်တပ်ရတဲ့သူတွေ mask တပ်တဲ့အခါ အငွေ့ရိုက်တာမဖြစ်ရအောင်…

May 15, 2020

ဂီတလောကရဲ့ အချမ်းသာ အကြွယ်ဝဆုံး အမျိုးသမီးအဆိုတော်ဖြစ်လာတဲ့ Rihanna

June 5, 2019

Rent an island in the Maldives – for...

June 25, 2020

How to be efficient at workplace

March 21, 2019

Good Times, Good Food

December 28, 2018

အမိုက်စား Digital Experience တွေကို ခံစားနိုင်မယ့် ပဲရစ်က Nike House...

July 29, 2020

Gucci ရဲ့အထိမ်းအမှတ်တွေ၊ print တွေ၊ ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်တွေနဲ့ ပြုလုပ်ထားတဲ့ Gucci...

June 4, 2018

In the Mood for Love 20 years memory

June 8, 2020

Stress Solution

May 18, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem