LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
ART & MUSICTRENDS

Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

written by Maeve April 5, 2023
Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

ဒီနှစ်အတွက် Pantone Color ကတော့ အားလုံးလည်းသိပြီးကြမှာပါ။ 2023 Pantone Color က Viva Magenta ဖြစ်ပြီး ပြီးခဲ့နှစ်ကတည်းက စပြီးခေတ်စားခဲ့တဲ့ Hot Pink Color နဲ့ခပ်ဆင်ဆင်ပါပဲ။ တက်ကြွပြီး အားမာန်အပြည့်ကိုခံစားရတဲ့ Viva Magenta က မြင်လိုက်တာနဲ့ positive vibe တွေကို ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ ဒီအရောင်ကို ဝတ်ဆင်မယ့်သူအနေနဲ့လည်း powerful ဖြစ်တဲ့ခံစားချက်မျိုးကိုရစေပြီး ယုံကြည်မှုရစေတာက ဒီအရောင်ရဲ့ အားသာချက်ပါပဲ။ ဒီနှစ်ရဲ့ color အကြောင်းကိုမပြောခင် နှစ်တိုင်းလူတွေ စောင့်ကြည့်လေ့ရှိကြတဲ့ Pantone Color of the Year အကြောင်းလေးကို အရင်လေ့လာကြည့်ရအောင်။

Pantone Color of the Year ဆိုပြီး စဖြစ်လာခဲ့တာကတော့ ၁၉၉၉ ခုနှစ်မှာစပြီး The Pantone Color Institute ကနေ တကမ္ဘာလုံးမှာရှိတဲ့ ဒီဇိုင်းအဖွဲ့အစည်းတွေ နဲ့ အရောင်လေ့လာတဲ့သူတွေကြားထဲ အရောင်နဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ဖို့အတွက် Pantone Color of the Year ပညာရေးအစီအစဉ်ဆိုပြီး တီထွင်ခဲ့ရာကနေစတယ်လို့ပြောလို့ရပါတယ်။ အနုပညာအပါဝင် နယ်ပယ်တိုင်းမှာ အရောင်တွေက ဘယ်လောက်ထိအရေးပါလဲဆိုတာကို ထင်ထင်ရှားရှားမြင်စေချင်တဲ့ရည်ရွယ်ချက်နဲ့စခဲ့တဲ့ The Pantone Color of the Year က ၁၉၉၉ ခုနှစ်ကနေ အခု ၂၀၂၃ ထိကို ရောက်ရှိလို့လာခဲ့ပါပြီ။ အခုဆို digital ခေတ်လည်းရောက်လာတာနဲ့အညီ လူတွေက ဒီဇိုင်းတွေ၊ ဖက်ရှင်တွေ၊ အလှအပတွေနဲ့ ပိုပြီး ရင်းနှီးလာကြတဲ့အတွက် Pantone Color of the Year က နှစ်ကုန်တိုင်းမှာ လူတိုင်းစောင့်ကြည့်တဲ့အထိကို လူသိများလာပါတယ်။

The 2023 Pantone color of the year is...? Hint: It has 'a rebellious spirit.' - nj.com

Pantone Color of the Year ကို ဘယ်သူတွေရွေးတာလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့မေးခွန်းတစ်ခုပါပဲ။ ဆိုတော့ အဲ့ဒါကိုလည်း လေ့လာကြည့်ကြရအောင်။ နှစ်တိုင်း အရောင်ရွေးရမယ့်အချိန်ရောက်တဲ့အခါမှာ Pantone Color Institute ရဲ့ အရောင်ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ global team က တကမ္ဘာလုံးမှာ လွှမ်းမိုးနိုင်မယ့်အရောင်အသစ်တွေကို သေချာပိုက်စိပ်တိုက်ရှာဖွေကြပါတယ်။ 

ဒီလိုရှာဖွေတဲ့နေရာမှာ ဖျော်ဖြေရေးနယ်ပယ်၊ အနုပညာနယ်ပယ်တွေအပါဝင် တက်သစ်စအနုပညာရှင်တွေ၊ ဖက်ရှင်၊ ဒီဇိုင်းနယ်ပယ်အစုံ၊ ခရီးသွားများတဲ့နေရာတွေ၊ နေထိုင်မှုပုံစံသစ်တွေ စတဲ့ နယ်ပယ်အစုံကို ခြေဆန့်လေ့လာကြပါတယ်။ အရောင်အသစ်ရဲ့လွှမ်းမိုးမှုတွေက နည်းပညာအသစ်တွေ၊ ပစ္စည်းသစ်တွေ၊ texture တွေ၊ သက်ဆိုင်တဲ့ social media platform တွေအပါအဝင် တကမ္ဘာလုံးမှာကျင်းပဖို့ရှိတဲ့ အားကစားပွဲတွေအပေါ်မှာပါ မူတည်ပြီး ဆုံးဖြတ်ကြတာပါ။

လက်ရှိဖြစ်ပျက်နေတဲ့ ထုံးတမ်းစဉ်လာပေါ်ကိုမူတည်ပြီး နှစ်စဉ်အရောင်ကိုရွေးလေ့ရှိကြပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်ကဆို နည်းပညာ လွှမ်းမိုးမူက မတွင်ကျယ်ခဲ့ပေမဲ့ အခုဆို Gaming, Social media, AR စတဲ့ နည်းပညာလွှမ်းမိုးမူတွေက ကျယ်ပြန့်လာတာမို့ အရောင်ရွေးချယ်တဲ့အခါမှာလည်း ဒါကိုအဓိကထားပြီး ထည့်သွင်းစဉ်းစားကြပါတယ်။

တခုရှိတာက ဒီလို အရောင်ရွေးချယ်တဲ့အခါမှာ စီးပွားရေးအရ၊ ကိုယ်ပိုင်အမြင်အရ ရွေးချယ်တာမျိုးလုံးဝမလုပ်ပါဘူး။ သူတို့ရဲ့ ခံယူချက် “we love all of our colors equally.” ဆိုတဲ့အတိုင်းပဲ မျှမျှတတရွေးချယ်လေ့ရှိကြပါတယ်။

Pantone Color Institute ရဲ့ အဖွဲ့ဝင်တွေက နယ်ပယ်ပေါင်းစုံမှာ လုပ်ကိုင်နေကြတဲ့သူတွေဖြစ်ပြီး အဲ့ထဲမှာ ဒီဇိုင်းပိုင်း၊ အနုပညာပိုင်းနဲ့ ပထဝီပညာရပ်တွေကိုလေ့လာတဲ့သူတွေလည်းပါပါတယ်။ ဒီလို မတူညီတဲ့နောက်ခံရှိတဲ့လူတွေရဲ့ အမြင်တွေအကုန် ပေါင်းစပ်ပြီး ရွေးချယ်တာဖြစ်လို့ ရွေးချယ်မှုက မျှတပြီး စိတ်ဝင်စားဖို့ကောင်းတာတော့အမှန်ပါပဲ။

Pantone Color of the Year အပေါ်မှာ လူတွေသိပ်နားမလည်ဖြစ်နေတဲ့အချက်တွေလည်းရှိပါတယ်။ ဥပမာ နှစ်စဉ်ရွေးတဲ့အရောင်က ဘယ်နှစ်အတွက်အခြေခံတာလဲ။ ဘယ်နယ်ပယ်တွေကို အခြေခံတာလဲဆိုပြီးတော့ပေါ့။ Pantone Color of the Year က နေရာတစ်ခုတည်းမှာ trend ဖြစ်နေတာမျိုးနဲ့ပဲ သက်ဆိုင်တာမဟုတ်ဘဲ တကမ္ဘာလုံးနဲ့ သက်ဆိုင်ပါတယ်။ နောက်ပြီး ရွေးချယ်လိုက်တဲ့အရောင်ကလည်း အခုကစပြီးလာမယ့်သုံးနှစ်ကို ကိုယ်စားပြုတာမျိုး၊ ဒါမှမဟုတ် အရင်နှစ်ပေါ်အခြေခံတာမျိုး မဟုတ်ပါဘူး။ ရွေးချယ်တဲ့အရောင်တွေက ရွေးချယ်တဲ့နှစ်မှာ ချက်ခြင်းဖြစ်လာမယ့်အပေါ်ကိုပဲ ရည်ညွှန်းလေ့ရှိပါတယ်။ 

Pantone Color of the Year အကြောင်းကို သိသွားပြီဆိုတော့ ဒီနှစ်ရွေးချယ်ထားတဲ့ Pantone Color of the Year 2023 အကြောင်းပြန်သွားကြည့်ရအောင်။ ဒီနှစ်ရဲ့အရောင်ဖြစ်တဲ့ 18-1750 Viva Magenta ရဲ့ရည်ရွယ်ချက်က လူတွေအနေနဲ့ ဒစ်ဂျစ်တယ်နဲ့ လက်တွေ့ဘဝကို ညီမျှအောင်နေထိုင်နေရတဲ့ ဒီလိုကာလကြီးထဲမှာ သဘာဝတရားကို ဆက်ပြီးချစ်ခင်မြတ်နိုးသွားဖို့လိုတာကို အဓိကထားတယ်လို့ဆိုရပါမယ်။ ရာသီဥတုပြောင်းလဲမှုတွေ၊ သဘာဝကိုထိန်းသိမ်းဖို့တွေ၊ မြေဆီလွှာတွေ ကာကွယ်ဖို့တွေစတဲ့ သဘာဝတရားကို ကာကွယ်ရမယ့်နည်းလမ်းတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။

And the 2023 Pantone Color of the Year Is…Viva Magenta - Rapaport

Covid ကာလတွေအတွင်းမှာ လူတိုင်း နယ်ပယ်အရပ်ရပ်ကနေ ပြောင်းလဲမှုတွေ၊ အဆိုးတွေကို ကြုံခဲ့ရတာမို့ အကုန် ပြန်ကုစားဖို့အချိန်လိုပါတယ်။ ဒီလိုကာလမှာ ဒီ Viva Magenta အရောင်က ခွန်အားရှိတယ်၊ တင့်တယ်တယ်၊ မာန်ပါတယ်ဆိုတဲ့ ခံစားမှုတွေကို ပေးနိုင်တဲ့အတွက် ဒီအရောင်နဲ့အတူတူ heal လုပ်ကြမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လည်း ရွေးချယ်ထားတာပါ။

ဖက်ရှင်ပိုင်းမှာလည်း ဒီ Viva Magenta အရောင်က အတော်ကို နေရာယူနိုင်မှာပါ။ Viva Magenta က powerful ဖြစ်တဲ့ခံစားချက်ကို အပြည့်အဝပေးနိုင်သလို အခုက ဖက်ရှင်ပိုင်းမှာ ခပ်ရင့်ရင့်အရောင်တွေက ခေတ်စားလာပြီမို့လို့ ဒီအရောင်က ကွက်တိပါပဲ။ သူ့ရဲ့အရောင်က အနီနဲ့အပြာရဲ့ကြားမှာ ရှိနေတာမို့လို့ နွေးထွေးတဲ့ခံစားမှုကိုလည်းခံစားမိသလို တက်ကြွတဲ့ခံစားချက်ကလည်း မပျောက်သွားပါဘူး။

pantone color of the year viva magenta

Viva Magenta က အလှအပပိုင်းမှာဆိုလည်း အတော်ကို creative ဖြစ်ဖြစ်နဲ့ ထွင်ချင်စရာကောင်းတဲ့ အရောင်တစ်ခုပါပဲ။ နှုတ်ခမ်းနီ၊ ပါးနီ၊ လက်သည်းနီ၊ ဆံပင်အရောင်တွေမှာလည်း ဒီအရောင်ကို အသုံးချလို့ရသလို ဘယ် gender ပဲဖြစ်ဖြစ် အသက်အရွယ်မရွေး အသားအရောင်မရွေးလိုက်ဖက်တာကိုလည်း တွေ့ရပါတယ်။

beautyfashionLifeStyleLUSHPantoneTrends
1
Facebook Twitter Google + Pinterest
Maeve

previous post
စိတ်ထားလှတယ်ဆိုတာ ………
next post
နေ့စဉ်ဘဝ ဟန်ချက်ညီနေဖို့

Recommended

Remembering Chandler a.k.a. One of the greatest TV...

November 10, 2023

ABBA THE DOVES

February 15, 2019

Selpink Collaboration

August 27, 2020

JOOX Myanmar ရဲ႕ Shake The World (Myanmar –...

July 6, 2019

Portrait with Fenty Beauty

May 31, 2020

Halsey collaborated with Marshmello and dropped a single...

May 30, 2020

Celebrities တွေ အကိုင်အများဆုံး Designer Bag များ

August 31, 2023

10th Anniversary of Recovery

June 23, 2020

Miley Cyrus ရဲ႕ “She Is Coming” EP Album...

May 28, 2019

Musing through the Classics

July 30, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem