LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Body & SoulInner JourneyLIFE

Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

written by Aung Lynn Thit June 9, 2023
Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

ယနေ့မျက်မှောက်ကာလရဲ့ နေ့တဓူဝဘဝဟာ Covid မတိုင်ခင် အခြေအနေနဲ့ယှဉ်ကြည့်ရင် လုံးဝမတူညီနေတာကတော့ လူတိုင်းအသိပါ။ ခက်ခဲမှုတွေ၊ ကြပ်တည်းမှုတွေ၊ သောကတွေ၊ မောဟတွေနဲ့ ဒေါသတရားတွေက အလွှာမျိုးစုံကလူတိုင်းမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ။ အခုစာဖတ်သူလည်း ဒီလိုစိတ်ဖိစီးမှုတွေနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနေရတယ်ဆိုရင် အခုမိတ်ဆက်ပေးမယ့် Workshop လေးတစ်ခုက စာဖတ်သူအတွက် အကျိုးရှိစေမယ့်အရာတစ်ခုပါ။ 

Workshop လေးရဲ့နာမည်က Gardening Emotional Workshop လို့ခေါ်ပါတယ်။ Counselling Corner က ကျွမ်းကျင်တဲ့စိတ်ပညာရှင်တွေကိုယ်တိုင်စနစ်တကျဖန်တီးထားတဲ့ကုထုံးနည်းလေးတွေပါတဲ့ ၆ ရက်တာ Workshop လေးတစ်ခုပဲဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ဆိုရင် စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အယူအဆဆိုင်ရာတွေနဲ့ ဆောင်ရန်ရှောင်ရန်တွေကို စိတ်ဝင်တစားရှိခဲ့ပေမယ့် ကိုယ်တိုင်ကကြတော့ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး တစ်စုံတစ်ဦးဆီမှာ အကြံဉာဏ်ယူတာမျိုးတွေ၊ Counselling လုပ်တာမျိုးတွေကိုတော့ အလေးအနက်တွေးခဲ့တာမျိုးမရှိခဲ့ဘူး။

တစ်ယောက်ယောက်က ငါ Counselling Psychologist ဒါမှမဟုတ် Counsellor ဆီမှာ ကုသမှုခံယူနေတယ်၊ အတိုင်ပင်ခံနေတယ်ဆိုတာမျိုး ကြားရတဲ့အခါမှာ အံ့ဩမိခဲ့တာမျိုးရှိခဲ့ဖူးတယ်။ ဒါကြီးက တကယ်ရော လိုအပ်လို့လားပေါ့။ ဘ၀မှာ ကြုံလာတဲ့ အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေစတဲ့ အဲ့ဒီလိုအရာတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် ကိုယ့်မှာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့ ဆင်ခြင်တုံတရားမရှိဘူးလားပေါ့။ အဲ့ဒီလိုမျိုးအမြင်တွေရှိခဲ့ဖူးတယ်။ ကိုယ်တိုင်ကကြတော့ ဖြတ်သန်းနေရတဲ့ဘ၀မှာ ဘယ်လိုကိစ္စပဲကြုံလာကြုံလာ ရင်ဆိုင်ဖို့ကြိုးစားတဲ့အခါ ဘယ်ဟာကမှားတယ်၊ မှန်တယ်ဆိုတာမျိုးတော့ သိနေတယ်။ ဒီလမ်းက အမှန်မဟုတ်ဘူး၊ မှားနေမှန်းသိတယ်၊ ဒါပေမယ့် အဲဒီမှားနေတဲ့လမ်းကိုပဲ ဆက်တိုးနေတတ်တဲ့ ပြင်လို့မရတဲ့ အကျင့်ဆိုးရှိနေတာမျိုးဖြစ်တယ်။ အဲဒါကိုလည်း လက်ခံထားတယ်။ ဒါပေမယ့် အဲဒါတွေအတွက် Counselling Psychologist တစ်ယောက်ယောက်နဲ့ တိုင်ပင်ဆွေးနွေးတာမျိုးလုပ်စရာလိုလောက်တယ်ဆိုတဲ့အထိတော့ အတွေးလုံး၀မရှိခဲ့မိတာ အမှန်ပဲ။

ဒါပေမယ့် ဒီ Counselling Corner က Mental Health အတွက်ပြုလုပ်တဲ့ Gardening Emotional Workshop ကို မထင်မှတ်ဘဲ တက်ရောက်မိသွားတဲ့အချိန်မှာ ကျွန်တော့်ဆီမှာရှိတဲ့ အဲဒီအမြင်တွေအားလုံးဟာ မှားယွင်းနေတယ်ဆိုတာကို လက်ခံလိုက်တယ်။ အရင်က ဘ၀ရဲ့ကြုံရတဲ့ Trouble တွေအပေါ်မှာ “မှားတယ်၊ မှန်တယ်”လို့ ဆုံးဖြတ်ခဲ့ဖူးတာတွေတချို့ဟာလည်း တကယ်တမ်းမှာ ရင်ဆိုင်ခဲ့တဲ့နည်းလမ်းအမှန်မဟုတ်တော့ဘဲ မရေရာမသေချာမှုတွေပဲဖြစ်နေခဲ့တယ်ဆိုတာကို သိခွင့်ရခဲ့တယ်။

ဒီ Workshop က ထင်ထားတာထက်ပိုပြီး အများကြီးမိုက်တယ်၊ အများကြီးအကျိုးကျေးဇူးဖြစ်တယ်။ ဆိုတော့ ဒီ Workshop အကြောင်းလေးဆီကို LUSHer တို့ကို ကျနော်ခေါ်ဆောင်သွားပေးပါရစေ။

ဒီ Workshop ကို ဘာလို့ Gardening Emotional Workshop လို့နာမည်ပေးထားရတာလဲဆိုတော့ ဒီ Workshop လုပ်ကြတဲ့ နေရာက Kokkoya ဆိုတဲ့ Organic Farm လေးဆီမှာဖြစ်တာရယ်၊ အဲဒီမှာ Organic သီးပင်၊ စားပင်တွေ ကိုယ်တိုင် အစအဆုံးစိုက်ပျိုးကြရင်းနဲ့ Discuss လုပ်ကြလို့ပဲဖြစ်တယ်။ ဒီ Workshop လေးမှာ လူကလည်း ဆယ်ယောက်မပြည့်တဲ့ပမာဏဆိုတော့ အရမ်းကိုပဲ အဆင်ပြေပါတယ်။ ပါဝင်သူတွေအရမ်းများနေရင် ဒီ Workshop ရဲ့ထိရောက်မှုကို တစ်ဦးချင်းတွေဆီမှာ မြင်တွေ့ရနိုင်ဖို့မလွယ်ကူဘူးလို့ ထင်ပါတယ်။ တပတ်တရက်နှုန်းနဲ့ ရက်သတ္တပတ်ခြောက်ပတ် အထိအောင်အောင်မြင်မြင်ရှိခဲ့တဲ့ workshop တစ်ခုဖြစ်ခဲ့တာလည်း ဂုဏ်ယူစရာကောင်းပါတယ်။

workshop အကြောင်းအကျဉ်းချုံးပြောရမယ်ဆိုရင်တော့ သဘာ၀ Organic မြေဆွေးတွေကို ကိုယ်တိုင်စပ်ကြရတယ်၊ အပင်စိုက်မယ့်ဆီကို ကိုယ်တိုင်သယ်ကြတယ်၊ ကိုယ်တိုင်ရေလောင်းကြတယ်ပေါ့။ ဒီအဖွဲ့ထဲမှာ ပါဝင်ကြတဲ့သူတွေထဲမှာ ဒီလိုမျိုးမြေဆွေးတွေကို တစ်ခါမှမထိတွေ့ဖူးသူတွေလည်းပါတယ်၊ တရင်းတနီးဖြစ်ကြသူတွေလည်းပါတယ်။ အဲဒီတော့ ခံစားမှုတွေကလည်း တစ်ယောက်နဲ့ တစ်ယောက်တူနိုင်စရာမရှိဘူးပေါ့။

ပြီးတော့ မျိုးစေ့တွေချကြတယ်၊ ကန်စွန်း၊ မှုံညှင်း၊ ပြောင်း၊ နေကြာ စတဲ့အပင်တွေပါ၊ အရမ်းကိုပျော်စရာကောင်းပါတယ်။ ဒီ Workshop ကို Moderator လုပ်ပေးတဲ့ Counsellor ကလည်း မြေဆွေးတွေကိုထိတွေ့နေရတဲ့အချိန်၊ မျိုးစေ့တွေချတဲ့အချိန် စတဲ့ Gardening လုပ်နေတဲ့အချိန်တွေအတွင်းမှာ ကိုယ်ပိုင်ခံစားချက်တွေရှိနေစေဖို့၊ ပတ်ဝန်းကျင်ကအသံတွေကို နားစွင့်ကြည့်ဖို့ အမြဲ သတိပေးနေပါတယ်။ ဥပမာ မြေဆွေးကိုင်ရတဲ့အခါ ပူတာအေးတာနွေးတာ စတာတွေကို သတိကပ်ထားဖို့ကအစပေါ့လေ။ မျိုးစေ့ချတဲ့အချိန်မှာဆို အရမ်းကိုပဲအာရုံစိုက်ကြရတယ်။

Week တစ်ခုစီတိုင်းမှာ Gardening activity တွေကအရမ်းကို စိတ်အေးချမ်းရတယ်။ တချို့က ပေါ့ပေါ့ပါးပါးပြီးဆုံးသွားပေမယ့် တချို့ကတော့ အရမ်းကို focus လုပ်ယူရတယ်။ 3rd week ကိုရောက်တဲ့အချိန်မှာဆိုရင် ကျနော်တို့က 1st Week တုန်းက စိုက်ပျိုးခဲ့ကြတဲ့ ကန်စွန်း၊ မှုံညှင်း၊ နေကြာ၊ ပြောင်း စိုက်ခင်းတွေမှာ အနှောင့်အယှက်အနေနဲ့ရောက်လာကြတဲ့ ပေါင်းပင်တွေကိုရှင်းလင်းရတာမျိုးက စိတ်လက်ပေါ့ပါးစွာနဲ့ပြီးဆုံးသွားပေမယ့် 2nd week, 3rd week တွေမှာ မှုံညှင်းနဲ့နေကြာပျိုးပင်တွေ ပျိုးကြရတာ၊ အဲဒီပျိုးပင်တွေကိုမှ တခြားနေရာတစ်ခုဆီ ပြန်ခွဲစိုက်ရတာတွေကျတော့ အရမ်းကိုလက်ဝင်ပြီး focus အရမ်းလုပ်ကြရတယ်။

ဒီလို Gardening နဲ့ပတ်သက်တဲ့ activities တွေအကုန်လုံးကို Kokkoya က Gardener ညီမတစ်ယောက်က အစအဆုံး သင်ပြပြီး အကူအညီပေးတာပဲဖြစ်ပါတယ်။ Mental Health နဲ့ပတ်သက်တာကို ခဏထားလိုက်ပါရစေဦး၊ knowledge အနေနဲ့ ကျွန်တော်တို့ ဘာရလဲဆိုရင် Organic စိုက်ပျိုးရေးရဲ့ စနစ်တကျသီးပင်စိုက်ပျိုးမှုပုံစံတွေကို လက်တွေ့ကျကျသင်ယူခွင့်ရလိုက်တာပါပဲ။ Gardening activities တွေကို လုပ်ဆောင်တိုင်းမှာ အဖွဲ့သားတိုင်းဟာ အရမ်းကိုစိတ်အားထက်သန်စွာနဲ့ ပါဝင်ကြပြီး ပျော်ရွှင်နေခဲ့ကြတယ်လေ။

Gardening activity တွေပြီးသွားတိုင်းမှာ ကျနော်တို့တစ်ဖွဲ့လုံး Counsellor ရဲ့ဦးဆောင်မှုနဲ့အတူ ဒီ Gardening activity အပေါ်မှာ ခံစားမိခဲ့ကြတာတွေကို ပြန်ပြီးဖွင့်ပြောဖြစ်ကြတယ်။ Discuss လုပ်ဖြစ်ကြတယ်။ ဒီနေရာမှာ အထူးပြောလိုတဲ့ အရာတစ်ခုက ဘာလဲဆိုရင် Moderator အဖြစ်ဆောင်ရွက်ပေးတဲ့ Counsellor ဆီကနေ Participants တွေတစ်ဦးချင်းစီအပေါ်ပြန်လာတဲ့ feedback နဲ့ advice တွေက အရမ်းကို ကွာလတီကောင်းတယ်ဆိုတာပဲ။ သူ့ရဲ့သက်ဆိုင်ရာနယ်ပယ်အပေါ်မှာထားရှိတဲ့ knowledge တွေအရမ်းပြည့်၀တယ်၊ လက်မခံနိုင်စရာမရှိတဲ့ advice တွေမျိုးဖြစ်တယ်။

နောက်ထပ်ဝမ်းသာစရာတစ်ခုက ဘာလဲဆိုရင် ဒီမှာကြုံခဲ့ရတဲ့ Participants တွေဟာ အသက်အရွယ်အပိုင်းအခြား ကွာခြားကြပေမယ့် IQ level ချင်း အရမ်းနီးစပ်နေကြတာပဲဖြစ်တယ်။ မထင်မှတ်ဘဲ discuss လုပ်ဖြစ်သွားကြတဲ့ topic တိုင်းကို ဝင်ပြီး discuss လုပ်နိုင်တဲ့ အရည်အချင်းတွေကိုယ်စီရှိကြတယ်။ အဲဒါက အရမ်းကိုကျေနပ်စရာကောင်းပါတယ်။ ပြီးရင်ကျွန်တော်တို့ ဒီစကားဝိုင်းထဲမှာ မပြောဖြစ်လိုက်တဲ့သီးခြားခံစားမှုတွေကို Journalling လုပ်ပြီးဖော်ပြခွင့်ရတယ်။ ကဗျာနဲ့ဖြစ်စေ၊ ရုပ်ပုံနဲ့ဖြစ်စေ၊ စာသားနဲ့ဖြစ်စေ ကိုယ်ကြိုက်သလို စာရွက်ပေါ်မှာ ရေးသားနိုင်တယ်လေ။

ဒီ Workshop က တစ်ဦးတစ်ယောက်ချင်းစီကို Directive Counselling မဟုတ်ဘဲ Non-directive counselling သဘောမျိုးလောက်ပဲဖြစ်တယ်။ စကားဝိုင်းထဲမှာ တစ်ယောက်ရဲ့ခံစားချက်ကို အားလုံးကနားထောင်ပေးတယ်၊ အားလုံးကကိုယ်ချင်းစာပေးနိုင်တယ်၊ ထပ်တူခံစားပေးနိုင်တယ်။ ကြုံတွေ့နေရတဲ့၊ ကြုံတွေ့ခဲ့ရဖူးတဲ့ဖြစ်ရပ်တွေ၊ ဆုံးရှုံးခဲ့ဖူးရတာတွေ၊ အထင်လွဲခံခဲ့ရဖူးတာတွေ၊ နာကျင်ခဲ့ရဖူးတာတွေ၊ ခံနိုင်ရည်ရှိတဲ့ပမာဏထက် ပိုလျှံနေတဲ့စိတ်ခံစားချက်တွေအားလုံးဟာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ ပိုလက်ခံဖို့ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ 3rd week လောက်မှာဆိုရင် ထူးဆန်းစွာပဲ ကျွန်တော်တို့တွေ အချင်းချင်းအရမ်းကို ယုံကြည်မှုမြင့်လာခဲ့ကြတယ်။ ဘ၀မှာ တစ်ခါမှ၊ ဘယ်သူ့ကိုမှ ထုတ်မပြောပြဖူးတဲ့ ကိုယ့်ခံစားချက်တွေဟာ ဒီလူတွေကို ပြောပြဖို့၊ ဒီ counsellor ကို ပြောပြဖို့ ထိုက်တန်တယ်ဆိုတာကို ယုံကြည်လာခဲ့ကြတယ်။ ဒီနေရာကလွဲပြီး ဒီစကားသံတွေဟာ ဘယ်ကိုမှလွင့်ပျံ့မသွားဘူးဆိုတာကို သိနှင့်ပြီးဖြစ်လို့ ယုံကြည်တဲ့စိတ်ရှိနေတယ်။

workshop တစ်လျှောက်လုံးမှာ negative vibe တွေအရမ်းရှားပါးပြီးတော့ positive vibe တွေပဲရှိနေခဲ့တာ အရမ်းဝမ်းသာစရာကြုံခဲ့ရတယ်။ ဒီကြားထဲမှာ ကိုယ်စိုက်ပျိုးထားတဲ့ ကန်စွန်းတို့၊ မှုံညှင်းပင်တို့ဟာ တစ်ပါတ်နှစ်ပါတ်အတွင်း ခူးစားလို့ရတဲ့အရွယ်အစားတွေအထိ ရှင်သန်ပြီး ရောက်လာတာကို တွေ့ရတာက အရမ်းကိုပဲကြည်နူးကြရတယ်။ workshop ရဲ့နောက်ဆုံး week မှာဆိုရင် ကျနော်တို့ကိုယ်တိုင်စိုက်ပျိုးထားတဲ့ သီးပင်၊ စားပင်တွေကို ကိုယ်တိုင်ခူး၊ ကိုယ်တိုင်ကြော်၊ ကိုယ်တိုင်သုပ်ပြီး တပျော်တပါးအတူတူစားသောက်ခဲ့ကြပါသေးတယ်။

နောက်ထပ် Highlight လုပ်ပေးရမှာတစ်ခုကတော့ Kokkoya Organic Farm ပါ။ ရန်ကုန်မှာပေမယ့် ရန်ကုန်နဲ့သိပ်မဆိုင်တဲ့နေရာတစ်ခုကိုရောက်နေသလိုခံစားရစေပါတယ်။ ကားလမ်းမကြီးနဲ့လှမ်းတော့ ကားသံဆူဆူညံညံတွေကို သိပ်မကြားရဘူး။ Organic Farm ဖြစ်တဲ့အတွက် ဒီခြံထဲမှာ သီးပင်စားပင်တွေ၊ သစ်ပင်သစ်ခက်ကြီးတွေနဲ့ နေချင့်စဖွယ်နေရာလေးတစ်ခုပါ။ သဘာ၀ငှက်သံ၊ ကျေးသံတွေအပြင် အနီးကဝါးရုံထဲမှာ ရံဖန်ရံခါ ရှဉ့်တွေကိုလည်း တွေ့ရတတ်ပါသေးတယ်။ ဒါကတော့ Counselling Corner ရဲ့ Gardening Emotional Workshop နဲ့အလိုက်ဖက်လွန်တဲ့နေရာလို့တောင်ဆိုရပါမယ်။

ဒီ workshop ပြီးမြောက်သွားတဲ့အချိန်မှာ သိလိုက်တာက Mental Health Counselling ဟာ တစ်ကြိမ်တစ်ခါလောက်ဖြစ်စေ counselor နဲ့ တွေ့ဆုံသင့်တယ်ဆိုတာမျိုးကို လက်ခံလိုက်တယ်။ ပြီးတော့ ကိုယ်နဲ့မတူတဲ့တစ်ယောက်တစ်ယောက်ချင်းစီမှာ မတူညီတဲ့အကြောင်းအရာတွေရှိနေတယ်ဆိုတာကို လုံး၀ယုံကြည်သွားတယ်။ စာအုပ်ထဲမှာ တွေ့ဖူးတဲ့ဘ၀တွေ၊ ခံစားမှုတွေ၊ ရုပ်ရှင်တွေထဲမှာ တွေ့ဖူးတဲ့ဘ၀တွေ ခံစားမှုတွေထက် အပြင်လောကရဲ့တစ်ဦးတစ်ယောက်ချင်းတွေဆီမှာ မတူညီတာတွေရှိနေတယ်ဆိုတာပဲ။

စိတ်ကျရောဂါတွေ၊ စိုးရိမ်မှုတွေ၊ ကိုယ်ရည်ကိုယ်သွေးအားနည်းချက်တွေ၊ အယူအဆအမှားတွေ၊ ကျန်ရစ်ခဲ့ရတာတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာတွေ၊ စိတ်ပိုင်းရုပ်ပိုင်း အလွဲသုံးစားပြုမှုတွေ၊ အပြစ်ရှိနေတဲ့ခံစားချက်တွေ၊ Relationship ပြဿနာတွေ၊ မိသားစုထဲက အဖြစ်အပျက်တွေ စတဲ့ စိတ်ဒဏ်ရာ၊ စိတ်ရှုပ်စရာတွေကို ဒီလို Counsellor နဲ့တွေ့ဆုံလိုက်တဲ့အချိန်မှာ အဖြေတစ်ခုရနိုင်မယ်ဆိုတာကို အပြည့်အ၀ထောက်ခံပါရစေ။ ကျနော့်အတွေ့အကြုံအရဆိုရင် ဥပမာ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ဟာ သူ့ရဲ့အိပ်မက်တွေ ဘယ်လမ်းကိုသွားလို့သွားရမယ်မှန်းမသိဘူး ဖြစ်နေတဲ့ အရာတွေမျိုးတွေတောင် Mental Health Counselling ခံယူလိုက်ရင် ကိုယ်သွားချင်တဲ့ အိပ်မက်ဆီကို အဖြေရှာတွေ့နိုင်လိမ့်မယ်ထင်ပါတယ်။

ဒီလိုမျိုး Mental Health နဲ့ပတ်သက်တဲ့ Counselling လုပ်ပေးတဲ့အကြောင်းအရာတွေ၊ မိမိကိုယ်ကို ပြန်လည်ပြီး Healing ဖြစ်စေမယ့်အကြောင်းအရာတွေ၊ မိမိကိုယ်ကိုယုံကြည်မှုအပြည့်ပြန်ရယူနိုင်မယ့်နည်းလမ်းတွေ အဲဒါတွေကို နားထောင်ကြည့်ချင်တယ်ဆိုရင်တော့ Counselling Corner Facebook Page နဲ့ YouTube တို့မှာ ဝင်ရောက်နားထောင်နိုင်သလို၊ အခမဲ့ Zoom meeting တွေကိုလည်း ဝင် join လို့ရနိုင်ပါသေးတယ်။ Mental Health ဆိုင်ရာမှာ နည်းမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံရှိတာဖြစ်တဲ့အတွက် Counselling Corner မှာ အဲဒီအတွက် ရွေးချယ်စရာတွေအများကြီးရှိလို့နေပါတယ်။

Beauty&SoulInner JourneyLUSHLUSH Magazine Myanmar
4
Facebook Twitter Google + Pinterest
Aung Lynn Thit

previous post
“အမဓါတ်” စွမ်းအင်ဆိုတာ
next post
ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ လိုအပ်နေတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ

Recommended

Hollywood Celebrities With Depression

September 17, 2020

ဂျပန်မှာဆူရှီဘယ်လိုစားကြမလဲ

September 6, 2019

The Emotions Brought Creations

October 7, 2019

အဖိုးအဖွားတွေနဲ့အတူတူ Virtual Bingo ဆော့ခဲ့တဲ့ Matthew McConaughey

April 8, 2020

98 Wireless Residences

January 31, 2020

မိုးရာသီမှာ အထူးဂရုပြုရမည့် သွေးလွန်တုပ်ကွေးရောဂါ

August 26, 2023

Beauties of Mergui Archipelago

April 20, 2018

ဆောင်းရာသီမှာ အသားရေဘယ်လိုထိန်းသိမ်းကြမလဲ။

November 21, 2018

နောင်တမရှိသော ရွေးချယ်မှုနှင့် Lincoln

October 17, 2019

Supercar Blondie

January 10, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem