LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYLUSH DAILY

Festival တွေမှာ ခြယ်သဖို့ အကောင်းဆုံး Eyeshadow အရောင်များ

written by SuYiHtet April 3, 2019
Festival တွေမှာ ခြယ်သဖို့ အကောင်းဆုံး Eyeshadow အရောင်များ

Festival တွေက ဒီနှစ်ပိုင်းတွေမှာ တော်တော်လေး ခေတ်စားလာတဲ့အပြင် အခုဆိုရင် မိုးရာသီမရောက်ခင်ထိ ပွဲတွေ တောက်လျှောက်ပြည့်နှက်နေမှာဆိုတော့ Festival တွေသွားရင် တစ်ပွဲနဲ့ တစ်ပွဲ မတူအောင် ဘယ်လို မိတ်ကပ်ကို ပြင်ဆင်ရမလဲဆိုတာက စဉ်းစားစရာပါ။ Festival တွေမှာက ဖက်ရှင်အမိုက်စားနဲ့ မိတ်ကပ်ဆန်းဆန်းတွေက အသက်မဟုတ်လား။ ဒါပေမယ့်လည်း ပွဲမှာကဲရ ပျော်ရဦးမှာဆိုတော့ မိတ်ကပ်တွေကို လုံးဝ ထူထူကြီးနဲ့ နေရထိုင်ရ သက်တောင့်သက်သာ မဖြစ်စေဖို့တော့ ဂရုစိုက်ရမှာပါ။ ဆိုတော့ မိတ်ကပ်ကို သူများတွေထက် ထင်းထင်းရင်းရင်းလည်း ဖြစ်ချင်တယ်၊ Festival Vibe နဲ့လည်း ကိုက်ညီချင်တယ်၊ ကိုယ့်အတွက်လည်း နေရထိုင်ရ အဆင်ပြေစေမယ့် Look လည်းရချင်တယ်ဆိုရင် Eyeshadow ကို အသုံးချဖို့ မမေ့ပါနဲ့။ Eyeshadow ကို Festival နဲ့ ကိုက်ညီပြီး လူငယ်ဆန်ဆန် ဖြစ်စေမယ့် အရောင်တွေကို ဦးစားပေးခြယ်သလိုက်မယ်ဆိုရင် ကျန်တာ အထွေအထူး ဆန်းပြီး ပြင်ဆင်နေစရာ မလိုတော့ပါဘူး။ Festival တွေနဲ့ အထူးလိုက်ဖက်တဲ့ Eyeshadow အရောင်တွေက သီးသန့်ကို ရှိပါတယ်။

Electric Blue

အပြာရောင်တောက်တောက်ကလည်း Festival တွေမှာ ခြယ်သသွားသင့်တဲ့ အရောင်ဖြစ်ပါတယ်။ အထူးသဖြင့် မျက်ဝန်းနားတစ်ဝိုက်ကို ပိုပြီး ထင်းထင်းရင်းရင်းရှိသလို အာရှက အသားအရေနဲ့ လိုက်ဖက်ပြီး အရောင်တစ်ရောင်တည်း သီးသန့် သုံးလို့လည်း ရပါတယ်။ နေ့ဘက်ပွဲတွေကနေ ညဘက်ပွဲတွေထိ ပြင်ဆင်လို့ရပြီး ဆယ်ကျော်သက်ကနေ လူလတ်ပိုင်းထိ ဖြူဖြူညိုညို ခြယ်သလို့ လိုက်ဖက်ပါတယ်။

Yellow

အ၀ါရောင်ရဲ့ ဆွဲဆောင်မှုကတော့ ကောင်မလေးတိုင်း ငြင်းဆန်နိုင်မှာ မဟုတ်ပါဘူး။ အ၀ါရောင်ကိုမှ နေကြာပန်းအ၀ါလို အရောင်တောက်တောက် အ၀ါ ၊ ကြက်ဥနှစ်လို အ၀ါရောင်တွေက လူငယ်ကောင်မလေးတွေနဲ့ အရမ်းကို လှပလိုက်ဖက်သလို သင်္ကြန်လို  ပွဲတော်မျိုးနဲ့ဆိုရင်လည်း ခြယ်သဖို့ ကွက်တိပါပဲ။

Neon Green

သူကတော့ လတ်တလောမှာ Trendy Color ဖြစ်နေတဲ့အတွက် ထည့်ပြင်ဆင်ကြည့်သင့်တဲ့အရောင်ပါ။ ပုံမှန်ဆို Festival တွေမှာလည်း အရောင်တောက်တွေ သုံးနေကျဆိုတော့ အဏုမြူအရောင်နဲ့ဆင်တဲ့ ဒီနီယွန်းစိမ်းရောင်က ကောင်မလေးတွေ ခြယ်သလို့ရတဲ့ Eyeshadow အရောင်ဖြစ်ပါတယ်။

Red

ကိုယ်က သူများထက် ခပ်ဟော့ဟော့လေး ဖြစ်နေချင်တယ်ဆိုရင်တော့ အနီရောင်ကို မမေ့ပါနဲ့။ အနီရောင်ခြယ်ရတာ ကြောင်တောင်တောင် ဖြစ်တယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ မျက်ခွံပေါ် တင်လိုက်တဲ့အခါကျ အရမ်းကို ညှို့အားပြင်းတဲ့ Look ကိုရစေပါတယ်။ Runway Model တွေလို ခံစားမှုမျိုး ရစေသလို ခပ်မိုက်မိုက် ကောင်မလေးတစ်ယောက်အသွင်ကိုလည်း ပေါ်လွင်စေမှာပါ။

Purple

Asian Skin Tone တွေနဲ့ အလိုက်ဖက်ဆုံးတစ်ရောင်ဖြစ်တဲ့ ခရမ်းရောင်ကလည်း Festival တွေအတွက် ခြယ်သဖို့ အဆင်ပြေပါတယ်။
ခရမ်းရောင်ထဲမှာမှ အရောင်ဖျော့ ခရမ်းရောင်ထက်စာရင် အရောင်တောက်တောက်ရင့်ရင့် ခရမ်းရောင်က ပိုအဆင်ပြေ လိုက်ဖက်ပါတယ်။ အ၀တ်အစားအရောင် နည်းနည်းတော့ ရွေးပေမယ့် တကယ်ကို လှတဲ့အရောင်မို့ သူ့ကိုလည်းလက်မလွှတ်ဘဲ ထည့်စဉ်းစားစေချင်ပါတယ်နော်။

Orange

အခုနောက်ပိုင်း Sunset Eyeshadow Look လေးတွေ ခေတ်စားလာတာဆိုတော့ လိမ္မော်ရောင် Eyeshadow တွေကိုလည်း ခြယ်လို့ရပါတယ်။ လိမ္မော်တောက်တောက်အရောင်တွေက စိတ်ကို လန်းဆန်းစေပြီး နုနယ်တဲ့ အသွင်ကိုလည်း ဖြစ်စေပါတယ်။ ခေတ်လူငယ်ကောင်မလေးတစ်
ယောက်အတွက် ရွေးသင့်တဲ့ အရောင်လေးပေါ့။

Metallic Color

ထင်းထင်းရင်းရင်းနဲ့ Bling Bling ဖြစ်ချင်တယ်ဆိုရင် Metallic Color Eyeshadow တွေကို ရွေးချယ်ဖို့ ဘယ်တော့မှ မငြင်းဆန်ပါနဲ့။ Metallic Color တွေက မျက်လုံးတစ်ဝိုက်ကို လင်းသွားစေသလို ပုံမှန်ချိန်တွေထက် ပိုတောက်ပစေတာ အမှန်ပါ။ အထူးသဖြင့် Festival တွေသွားမယ်ဆို ရွှေရောင်၊ငွေရောင် Metallic Eyeshadow တွေက သင့်ကို တမူထူးခြားစေမှာ ဖြစ်ပါတယ်။

Editor: Su Yi Htet

 

 

LUSH April 2019LUSH beautyLUSH DAILY
0
Facebook Twitter Google + Pinterest
SuYiHtet

previous post
How to organize your day at your workplace
next post
L’OCCITANE Summer Special Offer

Recommended

The Iconic Evening Fashion Show – Runway of...

October 28, 2019

Musing through the Classics

July 30, 2020

စက်တင်ဘာလ ၂၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ Coach ရဲ့ Digital Runway...

November 25, 2020

Balenciaga ရဲ့  New Face ဖြစ်လာတဲ့ Cardi B

September 4, 2020

How not to be a shallow person

April 4, 2019

PUMA ရဲ့ Training shoe အသစ်နဲ့အတူတွေ့ရမယ့် Selena

June 4, 2018

This week LUSH recommend on Viu

June 2, 2020

လက်တလောမှာ ရေပန်းစားလာတဲ့အလှကုန်ပစ္စည်းအသစ် Bio-Oil® Dry Skin Gel

December 24, 2019

Perfect Bedroom Layout 

July 13, 2020

ရန်ကုန်မြို့လယ်က ခေတ်ဟောင်း စာတိုက်ကြီး

September 4, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem