Hello… Lush Magazine ရဲ့ စာဖတ်ပရိသတ်ကြီး များအားလုံးပဲ မင်္ဂလာပါ….
အခုပြောပြပေးသွားမဲ့ အကြောင်းအရာလေးကတော့ နာမည်ကျော် Jewelry Brand တစ်ခုဖြစ်တဲ့ Tiffany & Co. မှာရှိတဲ့ စေ့စပ်လက်စွပ်လေးတွေအကြောင်းကို ပြောပြပေးသွား မှာပဲ ဖြစ်ပါတယ်… စေ့စပ်လက်စွပ်လေးတွေကို ရွေးချယ်ရာမှာတော့ အရေးအကြီးဆုံးက လက်စွပ်ထဲမှာ ပါဝင်မဲ့ စိန်ပွင့်လေးတွေရဲ့ ပုံစံနဲ့ အရွယ်အစားပဲဖြစ်ပါတယ်…
Tiffany & Co. မှာ ဘယ်လိုစိန်ပွင့် အမျိုးအစားလေး တွေရှိတယ်ဆိုတာကိုတော့ အောက်မှာဖော်ပြပေးထားပါတယ်….
ဒုတိယအရေးအကြီးဆုံးဖြစ်တဲ့ လက်စွပ်ရဲ့ Setting Design မှာတော့ စိန်တစ်ပွင့်ထဲပါတဲ့ Solitaire setting၊ စိန်ပွင့်ကြီးတစ်ပွင့်ကို စိန်ပွင့်အသေးလေးတွေ ခြံရံထားတဲ့ Halo setting နဲ့ စိန်ပွင့်ကြီးတစ်ပွင့်ရဲ့ တစ်ဖက်စီမှာ စိန်ပွင့်လတ်နှစ်ပွင့်ကို စီကာထားတဲ့ Three-stones setting ဆိုပြီး စေ့စပ်လက်စွပ်တွေအတွက် Setting Design ၃ မျိုးရှိတာကို တွေ့ရပါတယ်…
Material အမျိုးအစား ၃ မျိုးပါဝင်ပြီး Platinum၊ Gold နဲ့ Rose Gold ဆိုပြီး ကြိုက်နှစ်သက်ရာ Material ကိုလဲ ရွေးချယ်နိုင်ပါတယ်…
စေ့စပ်လက်စွပ်တွေအတွက်တော့ Gemstone Category မှာလဲ သမားရိုးကျအတိုင်း Colourless Diamond တွေသာမက ရှားပါတဲ့ Pink Diamond နဲ့ Yellow Diamond တွေကိုလည်း ထည့်သွင်းပေးထားတာမို့ စိတ်တိုင်းကျ ရွေးချယ်နိုင်မှာပါပဲ…
Tiffany & Co. မှာ အားသာချက်တစ်ခုကတော့ ရှိပြီးသား Design တွေကို ရွေးချယ်ဝယ်ယူနိုင်တဲ့အပြင် မိမိစိတ်တိုင်းကျ Diamond Cut၊ Setting၊ Material နဲ့ Gemstone တို့ကို နှစ်သက်သလို ရွေးချယ်ပြီး Custom order တင်နိုင်တဲ့ Optiona လဲ ရှိသေးတာကြောင့်လည်း ကမ္ဘာတစ်ဝှမ်းက သတို့သမီးလေးတွေ နှစ်သက်ကြတာ အမှန်ပါပဲ…
ရွေးချယ်လိုက်တဲ့ Design ပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိတယ်ဆိုတာကိုတော့ သတိထားဖို့လိုပါတယ်နော်…
စေ့စပ်လက်စွပ် Design ဆန်းဆန်းလေးတွေကို ထပ်ပြီး ရွေးချယ်လေ့လာနိုင်ကြစေဖို့ အတွက်လည်း Tiffany & Co. ရဲ့ link လေးကို ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်…
https://www.tiffany.com/engagement/shop/engagement-rings/