LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
SOCIAL ETIQUETTE

Mobile and Etiquette

written by Maeve April 2, 2019
Mobile and Etiquette

အခုလိုsocial media ထွန်းကားလာတဲ့ခေတ်မှာ လူတိုင်းအတွက် smart ဖုန်းတစ်လုံးက မရှိမဖြစ်ပါ။ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ခြင်းဆိုသည့်လုပ်ဆောင်ချက်အပြင် application များကိုအသုံးပြုပြီး အမျိုးမျိုးသောလုပ်ဆောင်ချက်များလုပ်ဆောင်လာနိုင်ခြင်းက smart ဖုန်းတစ်လုံး၏ အသုံးဝင်မှုကို ငြင်းပယ်၍မရနိုင်ပေ။ ထို့ပြင်ကင်မရာအစားအသုံးပြုနိုင်ခြင်းနှင့် အချို့သောကွန်ပြူတာလုပ်ဆောင်ချက်များနေရာတွင် အသုံးပြုလာနိုင်ခြင်းက ယခုနှစ်များအတွင်း အားသာချက်တစ်ရပ်ဖြစ်လာသည်။

A smartphone is a necessity for everyone in the social media era like this. It is undeniable that smartphones are important not only for their communication purpose and also for the various functions by using many applications. Moreover, it is also an advantage of it for the camera and computer substituted functions.

ကျွန်မတို့ ခရီးသွားသည့်အခါ earphone လေးနားမှာတပ်ပြီး မိမိနှစ်သက်သည့် သီချင်းများနားထောင်ရတာကလည်း အရသာတစ်မျိုးပင်။ လမ်းတစ်လျှောက် ရှုခင်းတွေကို ဖုန်းနဲ့ရိုက်ယူနိုင်သည့်အတွက် ကိုယ့်အမှတ်တရတွေသိမ်းထားခွင့်ရသည်။ ချိန်းထားတဲ့နေရာမှာ တစ်စုံတစ်ယောက်ကို စောင့်နေတဲ့အချိန်လေးမှာ social media ကိုဖုန်းနဲ့ သုံးခွင့်ရခြင်းကလည်း အပျင်းပြေလှပါသည်။ တစ်ခါတစ်ရံ ငြီးငွေ့ဖွယ်ရာကောင်းသည့် စကားဝိုင်းကနေပြီး မိမိမပါဝင်လိုတော့သည့်အခါလည်း အပြင်ထွက်ထိုင်ပြီး ဖုန်းသုံးနိင်သည်။ သို့သော် ဖုန်းအသုံးပြုပြီး မရည်ရွယ်ဘဲနဲ့ တပါးသူများအပေါ် မယဉ်ကျေးသည့် အပြုအမူများဖြစ်စေပြုလုပ်မိနိုင်ပါသည်။ အောက်ပါအချက် (၉) ချက်ကတော့ ဖုန်းအသုံးပြုရာမှာ သတိထားလိုက်နာသင့်တဲ့ အချက်ကလေးတွေပါ။

It also feels good when we put on the earphones and music playing on the trip. Taking photos of the scenery on the way is a great idea for sweet memories. While waiting for friends at the meeting points, we can use social media. Sometimes, we can also quit from a boring conversation by using one. However, we shall also make rude behaviors unexpectedly. The following are Do’s and Don’ts for using a phone.

၁) အရေးကြီးတဲ့ meeting နဲ့ dinner တွေမှာ ဖုန်းအသုံးပြုခြင်းရှောင်ပါ။

ဒီလိုအချိန်တွေမှာ တတ်နိုင်သမျှ ဖုန်းကိုမိမိနဲ့ အဝေးမှာထားခြင်းက အကောင်းဆုံးပါ။ ရုတ်တရက်ဖုန်းမြည်လာပြီး မကိုင်မဖြစ်ဆိုပါက ခွင့်တောင်းပြီး အဝေးမှာသွားပြောသင့်ပါတယ်။ အရေးကြီးမကိုင်မဖြစ် ကိုင်ရမည့်အကြောင်းကို တစ်ပါတည်း မိမိရဲ့ partner ကိုရှင်းပြလိုက်ခြင်းက သူ့အပေါ် မိမိရဲ့ လေးစားမှုကို ပြသတာဖြစ်သလို အရေးမကြီးတဲ့ဖုန်းဆိုရင် လျစ်လျုရှုလိုက်တာပိုကောင်းပါတယ်။ မျက်နှာချင်းဆိုင်ပြီး အရေးကြီးတဲ့ အကြောင်းအရာပြောနေချိန် ဖုန်းဝင်လာခြင်းက ပြောနေတဲ့ အကြောင်းအရာတွေကို ဦးတည်ချက်ပြောင်းသွားစေနိုင်ခြင်းကြောင့် ဖုန်းပိတ်ထားသင့်ပါတယ်။

1) Avoid using mobile in important meetings and dinners

It is best to keep it away from you in these points. If your phone rings suddenly, you should apologize and leave to answer. And explain why it is important to answer will show that you respect your partner, and neglect the unimportant calls. It is the best to power off your phone in a face-to-face meeting as it can distract the purpose of your conversation.

၂) မိသားစုထမင်းလက်ဆုံစားဝိုင်းတွင် ဖုန်းကို တတ်နိုင်သမျှ အသုံးမပြုပါနဲ့

ယနေ့ခေတ်မှာ မိသားစုတွေဆုံပြီး ထမင်းတစ်နပ်စားဖို့ခက်ခဲလာပါပြီ။ မိသားစု ထမင်းဝိုင်းလိုမျိုး bonding time မှာ တတ်နိုင်သမျှ ဖုန်းကို မိမိနဲ့ အဝေးမှာထားလိုက်ရင် ပျော်ရွင်စရာကောင်းတဲ့ ထမင်းစားပွဲတစ်ခုဖြစ်သွားမှာ အမှန်ပါ။ မိဘတွေက စည်းကမ်းချမှတ်ပြီး မိမိကိုယ်တိုင်ရော သားသမီးတွေကိုပါ လိုက်နာစေမယ်ဆိုရင် ကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းတစ်ခုကို လက်ဆင့်ကမ်းပေးလိုက်နိုင်ခြင်းဖြစ်ပါတယ်။

2) Never use your phone in family mealtime

Nowadays, it is very difficult for a particular family to meet up for a meal. So you will have a cheerful time with family once you put your phone away in such bonding time. Parents shall discipline their children to follow this rule and pass this tradition down.

၃) multitasking

ကားမောင်းရင်းဖုန်းသုံးခြင်းက အန္တရာယ်များကြောင်း ကားမတော်တဆမှု တစ်ချို့ကနေပြီး လူအများစုသိရှိထားပါတယ်။ ဒါပေမဲ့ တစ်ချို့သော multitasking ပြုလုပ်ခြင်းကနေပြီး တစ်ပါးသူများအပေါ်စိတ်အနှောင့်အယှက် ဖြစ်စေနိုင်တာကို သတိပြုမိဖို့လည်းလိုအပ်ပါတယ်။ ငွေရှင်းကောင်တာမှာ ငွေရှင်းတုန်း ဖုန်းပြောနေတာမျိုး၊ ကိုယ်ဖုန်းပြောနေလို့ ဘဏ် (သို့) အခြားသော service ပေးတဲ့ ဝန်ထမ်းတွေ စောင့်ဆိုင်းနေရတာမျိုးကလည်း မဖြစ်သင့်ပါ။

3) Multitasking

People are aware that using a mobile phone while driving is very dangerous to many traffic accidents. They also need to be aware that it can be annoying by some multitasking. You must not be speaking on your phone at the payment counters of shops or banks while the staff is waiting for you to serve.

၎) ဖုန်းပြောနေစဉ် မအော်ပါနဲ့

စိတ်ရှုပ်စရာကိစ္စကြုံလို့ပဲဖြစ်ဖြစ် အလုပ်မှာ စိတ်ဖိစီးလို့ပဲ ဖြစ်ဖြစ် မိမိရဲ့ပြဿနာတွေကို ဖုန်းပြောနေတဲ့ သူအပေါ်မှာ မပုံချလိုက်ပါနဲ့။ လိုင်းမမိတာမျိုး တစ်ဖက်သား စကားသေချာမကြားရတာမျိုးဆို ဖုန်းချလိုက်ပြီးပြန်ခေါ်ကြည့်ပါ။ message အပြန်အလှန်ပို့တာလည်း ဖြေရှင်းနည်းတစ်ခုပါ။ မိမိအသံမြင့်ပြီးပြောလိုက်တာက အော်ရာရောက်ပြီး အများအမြင်မှာမတင့်တယ်တာမျိုးဖြစ်သွားနိုင်ပါတယ်။

4) Never shout while you are on a phone

Don’t put the blame on the person on the other end just because you are upset at work. If your phone line is bad or you can’t hear so well, you can end your call and call again. Texting is also a good option. Raising your voice shall be considered shouting which is not very polite.

၅) meeting နဲ့ classroom တွေမှာ social media သုံးခြင်းနဲ့ text ပို့ခြင်း

အရှေ့မှာ presentation လုပ်နေတဲ့အချိန် မိမိက ဖုန်းသုံးနေတဲ့အတွက် အရေးကြီးတဲ့ information တွေလွတ်သွားနိုင်ပါတယ်။ မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အထက်အရာရှိတွေက ဒီလိုအပြုအမူမျိုးကို လက်ခံမှာ မဟုတ်သလို မိမိက အထက်အရာရှိဖြစ်နေတဲ့အခါ မကောင်းတဲ့ ပုံရိပ်တစ်ခုကို ချပြနေသလိုဖြစ်နေတတ်ပါတယ်။ အတန်းထဲမှာ ဖုန်းသုံးခြင်းကို ဆရာအချို့ ခွင့်ပြုတာရှိသလို ခွင့်မပြုတဲ့ ဆရာတွေလည်းရှိပါတယ်။ သင်ခန်းစာနဲ့ဆိုင်တဲ့ အရာတွေရှာဖွေဖို့ သုံးတာဖြစ်သင့်ပေမဲ့ တစ်ချိန်လုံး social media အသုံးပြုခြင်း text ပို့ခြင်း ဖုန်းလက်ခံဖြေကြားခြင်းက အတန်းဖော်များကို အနှောင့်အယှက်ဖြစ်စေပါတယ်။

5) Using social media and texting in meeting and classroom

You can miss important information from the presentation because you are paying attention to your phone. Your supervisor and colleagues will not accept this behavior, and it is a bad image if you are in a higher position. Some teachers are okay with using a phone in the classroom, but some are not. It is good to research information related to your study but using social media, texting and answering calls might annoy your classmates.

၆) ဖုန်း silent လုပ်ထားသင့်တဲ့နေရာများ (church, temple, events, fashion runway, cinema, and theatre)

အားလုံးက တစ်စုံတစ်ခုကို အာရုံပြုနေတဲ့အချိန် ရုတ်တရက် ဖုန်းထမြည်လာပါက တော်တော်ကို စိတ်ကသိကအောက်ဖြစ်ကြမှာပါ။ ဘုရားကျောင်းလိုနေရာမျိုး တရားနာချိန် ဝတ်ပြုတဲ့ အချိန်လိုမျိုးတွေမှာ ဖုန်းကို silent or power off လုပ်ကိုလုပ်ထားသင့်ပါတယ်။ Fashion runway တွေမှာ ဓာတ်ပုံပဲလိုက်ရိုက်နေတာမျိုး၊ ဖုန်းပဲသုံးနေတာမျိုးကလည်း တစ်မျိုးရုပ်ဆိုးပါတယ်။ ချပြနေတဲ့အနုပညာတွေကို ခံစားရမဲ့အစား ဖုန်းပဲဦးစားပေးနေမိခြင်းက ယဉ်ကျေးတဲ့ အပြုအမူတစ်ရပ်တော့ မဟုတ်ပါ။ ရုပ်ရှင်ရုံတွေနဲ့ theatre တွေမှာ ဖုန်းပြောတာမျိုး၊ social media သုံးတာမျိုး၊ text ပို့တာမျိုးမလုပ်ဘူးဆိုရင်တောင်မှ ဖုန်း screen လေးလင်းလာတာကတောင် ရိုင်းပြမှုတစ်ခုလို့ ယူဆကြပါတယ်။ တစ်ချို့ classical music တင်ဆက်တဲ့ theatre အချို့မှာ ဖုန်း screen လင်းနေတဲ့ နေရာတွေကို အပေါ်ကနေ red light နဲ့ လှမ်းထိုးပြီး ဖုန်းပိတ်ဖို့ သတိပေးတာတွေရှိပါတယ်။

6) Places where you should silent your phone (Church, Temple, events, fashion runway, cinema, and theatre)

It is considered impolite if a loud noise appears while everybody is concentrating on something. You should keep your phone silent in a place like church when people do good deeds. It also looks ugly in fashion runways if someone keeps taking photos and using phones. Instead of viewing the arts, prioritizing your phone is a bad manner. It is also insolent to answer calls, use social media and text in cinemas and theatres. Even if it is only a dim screen light, you will be warned with a red spotlight.

၇) media law နှင့် smart ဖုန်း

တစ်ချို့သောနေရာတွေမှာ ဖုန်းနဲ့ ဓာတ်ပုံရိုက်ခြင်း video ရိုက်ခြင်းတို့ကို တားမြစ်ထားပါတယ်။ အထူးသဖြင့် ရုပ်ရှင်ရုံတွေမှာပါ။ အားလုံးသိကြသလို ရုပ်ရှင်ကားတွေကို ဖုန်းနဲ့ရိုက်ပြီး ပြန်ဖြန့်တာမျိုး ဇာတ်ဝင်ခန်းတွေကို video clip လေးတွေနဲ့ social media ပေါ်တင်တာက ဥပဒေနဲ့ ညှိစွန်းပါတယ်။

7) Media law and smartphones

Taking photos and videos are prohibited in some places, especially in cinemas. As everybody knows, it violates the copyrights law to take videos of movie scenes and then share and post short clips of the movies on social media.

၈) Public မှာ ဖုန်းပြောတဲ့အခါ

တစ်ခါတစ်ရံလေဆိပ်မှာ ဖုန်းအော်ပြောနေတဲ့သူတွေ၊ အပြင် public လိုနေရာမျိုးမှာ ဖုန်းအော်ပြောတဲ့သူတွေကြုံဖူးပါလား။ ကြည့်တဲ့သူအမြင်မှာ ရယ်စရာကြီးဖြစ်နေတာ ဖုန်းပြောတဲ့သူက မသိလိုက်ပါဘူး။ ကျွန်မတို့ဆို အချင်းချင်းလက်တို့ပြီး တောကတက်လာတာနဲ့ တူတယ်လို့ရယ်စရာပြောမိပါတယ်။ အမှန်က ရွာတွေမှာ တစ်ယောက်နဲ့ တစ်ယောက်ကြားအောင် ဟိုဘက်အိမ် ဒီဘက်အိမ် စကားအကျယ်ကြီး လှမ်းပြောကြတာကိုဆိုလိုတာပါ။

Waiting room တွေ public transportation တွေ events တွေက အများအားဖြင့် လူတွေအစုလိုက် အပြုံလိုက်ရှိနေတတ်တဲ့ နေရာတွေပါ။ ဖုန်းပြောဖို့လိုအပ်ရင် ထသွားပြီး ဆိတ်ငြိမ်တဲ့တစ်နေရာမှာ ဖုန်းပြောတာက အကောင်းဆုံးလို့ပြောချင်ပါတယ်။ public transportation လိုနေရာမျိုးမှာ လူတွေက အများအားဖြင့် စိတ်ဖိစီးမောပန်းနေတဲ့ ဝန်ထမ်းတွေလိုက်ပါစီးနင်းနေကြတာများပါတယ်။ မိမိရဲ့ ကိုယ်ရေးကိုယ်တာတွေ ပူပင်သောကတွေ ကိုဘယ်သူမှစိတ်မဝင်စားသလို သိလည်းမသိချင်ကြပါ။ ဒါကြောင့်မို့လို့ မိမိအသံနှိမ့်ပြောတာဖြစ်စေ အဲလိုနေရာတွေမှာဖုန်းပြောတာရှောင်ခြင်းဖြစ်စေ စတဲ့အချက်ကလေးတွေလိုက်နာလိုက်တာက မိမိကိုယ်ကို ပိုပြီး smart ဖြစ်သွားစေပါတယ်။

8) Phoning in Public

Have you ever experienced some people shouting to their phone in public? They won’t even notice that it will be a joke to the viewers. We often signal our friends and mock at those people. Only people from rural areas do this manner for they have to yell from house to house to let them hear speaking.

Waiting rooms, public transportations, and events are normally crowded places. If you need to answer the calls, you can leave for a quiet and private. In a place like public transportation are mostly full of stressed people. They are stressed by their personal worries and nobody is interested in other’s problems. So you can keep your voice low if you are to speak on the phone. A better option is not to answer the calls.

၉) အခြေခံယဉ်ကျေးမှု

Missed call တွေမြင်ရင် ဖုန်းပြန်ခေါ်မိသလား စဉ်းစားကြည့်ပါဦး။ ကိုယ်က missed call တွေလျစ်လျူရှုတတ်သူဆို အဲ့ဒီအကျင့်ဆိုးလေးကို ပြင်လိုက်ပါ။ တစ်စုံတစ်ယောက်က အရေးကြီးကိစ္စတွေအသိပေးချင်တာ ဖြစ်နိုင်သလို ကိုယ့်အတွက် အလုပ်အခွင့်အလမ်းတွေလည်းဖြစ်နိုင်ပါတယ်။ ဖုန်းကို မိနစ်မခြားဘဲ ဆက်တိုက်ခေါ်ခြင်းကလည်း မလုပ်သင့်တဲ့ အရာတစ်ခုပါ။ တစ်ဖက်လူက မအားတဲ့အချိန် reject လုပ်လိုက်တာကို ဆက်တိုက်ပြန်ခေါ်တာမျိုးလည်း ရှောင်သင့်ပါတယ်။ message တွေ seen ဖြစ်ရဲ့သားနဲ့ စာမပြန်တာက တစ်ဖက်လူကို မလေးစားရာရောက်တဲ့ အတွက် တစ်နိုင်သမျှ reply လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

9) Etiquettes

Do you call back when you see missed calls on screen? If the answer is “No”, you should change this bad habit. The missed call can be a big opportunity for you and also someone called you to give you important information. Nonstop calling is a bad thing too. If your call is rejected because the person you call is busy, you must not call over and over again. Not replying to the messages are considered rude, so you should reply to them ASAP.

ဒီလောက်ဆို ဆောင်ရန်ရှောင်ရန်တွေ အများကြီးကို သိသွားမှာဖြစ်တဲ့အတွက် ဒီအချက်ကလေးတွေလိုက်နာပြီး စမတ်ကျတဲ့ ခေတ်မီတဲ့ ဖုန်းသုံးစွဲသူတစ်ယောက်ဖြစ်ဖို့ မျှဝေလိုက်ပါတယ်။

Well, we think it is more than enough to be a brilliant smart-phone user to know the Do’s and Don’ts of using mobile phones.

words by May Myo Han

english translated by Oakkar Thin

LUSH Magazine MyanmarLUSH March 2019LUSH social etiquette
1
Facebook Twitter Google + Pinterest
Maeve

previous post
MK Fashion Thingyan Promotion
next post
Clinique Thingyan Special Offer

Recommended

လမ်းပေါ်တွင်လိုက်နာသင့်သော အခြေခံစည်းကမ်းများ

June 12, 2019

The Dos and Don’ts of Grooming Yourself in...

August 14, 2019

10 Social Commandments

February 9, 2019

အသက် ၂၀ နှင့် ၃၀ ကြား မဖြစ်မနေ လုပ်ဆောင်သင့်သည့်အချက်များ

August 6, 2019

Save Environment by Practicing 3Rs

March 7, 2019

Dark Side of Social Media

December 26, 2018

Find yourself in the social environment!

January 25, 2019

How to organize your day at your workplace

April 3, 2019

10 Things You Should Know When You Are...

June 19, 2019

Socializing Tips and Tricks

January 3, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem