LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILYSOCIAL ETIQUETTE

Save Environment by Practicing 3Rs

written by Eain Chu March 7, 2019
Save Environment by Practicing 3Rs

အားလုံး သိကြတဲ့အတိုင်း အခုနောက်ပိုင်း နောက်ဖေးလမ်းကြားတွေလည်း သန့်ရှင်းရေး လုပ်လာကြပါပြီ။ ဘာဖြစ်လို့ ဒီလိုမျိုး သန့်ရှင်းရေးတွေ လုပ်ဖို့ လိုအပ်နေတာလဲ? အဖြေကတော့ ရှင်းပါတယ်။ ကိုယ်နေထိုင်တဲ့ သဘာဝပတ်ဝန်းကျင် အမြဲတမ်း စိမ်းလန်းစိုပြေပြီး သာယာလှပဖို့က အဓိကပဲမဟုတ်ပါလား။

အိုဇုန်းလွှာ ပေါက်လို့ ကမ္ဘာကြီး ပိုပြီးပူနွေးလာတယ်၊ ရာသီဥတုတွေ ဖောက်ပြန်လာတယ်။ ဒါတင်မကသေးပါဘူး – သစ်တော ပြုန်းတီးမှုတွေလည်း တစ်နေ့တစ်ခြား များလာသလို ရှားပါးတိရစ္ဆာန်တွေလည်း မျိုးတုန်းပျောက်ကွယ်နေစပြုနေပြီဆိုတဲ့အကြောင်းတွေကို အားလုံးပဲ သတိထားမိကြမယ်ထင်ပါတယ်။

ဒီလိုမျိုးတွေကနေ ဘယ်လိုမျိုး ကာကွယ်နိုင်ကြမလဲ။ တစ်ယောက်တည်းအားနဲ့ မဖြစ်နိုင်တာတော့ အသေအချာပါ။ တစ်ယောက်ကနေ နှစ်ယောက်၊ နှစ်ယောက်ကနေ သုံးယောက် အတူတူ အဖွဲ့လိုက် လုပ်ဆောင်ချက်တွေသာမက မိမိအိမ်နှင့် ပတ်ဝန်းကျင်ကိုလည်း ကိုယ်ထူကိုယ်ထ လုပ်ဆောင်ကာ ကမ္ဘာကြီးကို ကယ်တင်ဖို့ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

 

Reduce – နေ့စဉ်ဘဝမှာ အသုံးပြုတဲ့အရာတွေကို လျှော့ချသုံးစွဲခြင်းပဲဖြစ်ပါတယ်။ ဘယ်လိုမျိုး လျှော့ချသုံးစွဲကြမလဲ။

၁။ Energy-efficient ဖြစ်တဲ့ လျှပ်စစ် အသုံးအဆောင်ပစ္စည်းတွေကို ဝယ်ယူသုံးစွဲပါ။

၂။ ဘယ်နေရာမှာဖြစ်ဖြစ် လိုအပ်မှသာ လျှပ်စစ်မီးကို အသုံးပြုတာက လျှပ်စစ် ချွေတာခြင်း တစ်မျိုးပါပဲ။

၃။ လျှပ်စစ် ပစ္စည်းတွေ ဝယ်ယူတဲ့ နေရာမှာလည်း တစ်မျိုးတည်း အသုံးပြုလို့ရတဲ့ ပစ္စည်းထက် နှစ်မျိုး တစ်ခါတည်း အသုံးပြုလို့ ပစ္စည်းတွေကို ဝယ်ယူပါ။ သက်တမ်းကြာကြာနဲ့ အသုံးပြုလို့ကောင်းမယ့် ပစ္စည်းတွေကို ဝယ်ယူမယ်ဆို ပိုကောင်းပါတယ်။

၎။ ရုံးသုံး၊ ကျောင်းသုံး အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ Print ထုတ်တဲ့အခါကြရင် နှစ်ဖက်လုံး Print ထုတ်ရင် စာရွက်ကုန်လည်း သက်သာသလို အလဟဿမဖြစ်တော့ဘူးပေါ့။

၅။ အတန်း တစ်တန်း အသစ်တက်တော့မယ်ဆိုရင် ကိုယ်ရေးမှတ်ထားတဲ့ မှတ်စုတွေကို နောက် ညီ၊ ညီမ ကို ပြန်ပြီး မျှဝေပေးတာကလည်း သူတို့အတွက် စာရွက်အကုန်အကျ သက်သာပါတယ်။

၆။ အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေကို ဆေးထားတဲ့ရေကို မသွန်လိုက်ဘဲ ပန်းကန်ခွက်ယောက်ဆေးတဲ့အချိန်မှာ ပြန်သုံးမယ်ဆို ရေချွေတာပြီးသားဖြစ်မှာပါ။

၇။ မီးဖိုချောင်သုံး ပစ္စည်းတွေ အသုံးပြုတဲ့နေရာမှာလည်း တစ်ခါသုံးခွက်တွေအသုံးပြုတာကိုလည်း လျော့ချဖို့မမေ့နဲ့ဦးနော်။

Reuse – မိမိအသုံးပြုခဲ့တဲ့ပစ္စည်းတွေကို ပြန်လည်အသုံးပြုခြင်းဖြစ်ပါတယ်။

Recycle – အသုံးပြုပြီးတဲ့ပစ္စည်းတွေကို Recycle လုပ်ဖို့လိုအပ်တာပဲဖြစ်ပါတယ်။

ဘယ်လိုအရာတွေကို ပြန်အသုံးပြုပြီး Recycle လုပ်ကြမလဲ။

၁။ အိမ်မှာ ကုန်သွားတဲ့ ပုလင်းတွေ၊ ဘူးအလွတ်တွေကို မလွှင့်ပစ်ဘဲ ပန်းအိုးအနေနဲ့လည်း ပြန်အသုံးပြုလိုရသလို စုဘူးအနေနဲ့လည်း သုံးလို့ရပါသေးတယ်။

၂။ မဂ္ဂဇင်းအဟောင်းတွေမှာ ပါတဲ့ ရုပ်ပုံတွေကို အိမ်မှာ ရုပ်ပုံကားချပ်အနေနဲ့လည်း အလှဆင်လို့ရပါတယ်။

၃။ သတင်းစာ အဟောင်းတွေကိုလည်း ပစ္စည်းတွေ ထုတ်ပိုးတဲ့နေရာမှာ အသုံးပြုလို့ရပါတယ်။

၎။ ကားတာယာ အဟောင်းတွေကိုလည်း ဒန်းအဖြစ်အသုံးပြုလို့ရသလို အသုံးပြုပြီးသား သစ်သားတွေကို မီးထင်း အတွက်လည်း သုံးလို့ရပါသေးတယ်။

၅။ အစားအသောက်တွေ ဝယ်တဲ့နေရာမှာလည်း ပလတ်စတစ်အိတ်ကို အသုံးမပြုဘဲ အိမ်ကနေ ချိုင့်ယူသွားပြီး ဝယ်ယူတာကလည်း ပလတ်စတစ် အသုံးချမှုကို လျော့ချနိုင်ပါတယ်။

၆။ ဈေးဝယ်ထွက်တဲ့အချိန်မှာ အိမ်မှာရှိတဲ့ အိတ်ကို ယူသွားပြီး ပစ္စည်းတွေကို ဝယ်ခြမ်းသင့်ပါတယ်။ ပလတ်စတစ်အိတ်ကို အသုံးပြုမယ်ဆို ဆွေးမြေ့လွယ်တဲ့ အရာ မဟုတ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကိုကော ပင်လယ်သမုဒ္ဒရာတွေထဲက တိရစ္ဆာန်တွေကိုပါ ထိခိုက်နိုင်လို့ပါ။

အားလုံးပဲ အပေါ်ကအချက်တွေကို အကုန်လုံး လိုက်မလုပ်နိုင်ရင်တောင် ကြိုးစားပြီး လုပ်ဆောင်ကြည့်ရင်း သာယာလှပတဲ့သဘာဝပတ်ဝန်းကျင်ကို အတူတူ ထိန်းသိမ်းကြပါစို့လား။

Editor: Eain Chu

LUSH DAILYLUSH Magazine MyanmarLUSH March 2019LUSH social etiquette
0
Facebook Twitter Google + Pinterest
Eain Chu

previous post
အသက်အငယ်ဆုံး Self-made Billionaire ဖြစ်လာတဲ့ Kylie Jenner
next post
FLO

Recommended

Shine on me: the light in my room

June 12, 2020

Nintendo Switch

May 29, 2020

Giorgio Armani brand ရဲ့ ပထမဆုံးသော global beauty ambassador...

May 30, 2018

Gigi Hadid ရဲ့ပိုင်ဆိုင်မှုတန်ဖိုးထက် ၃ဆပိုများတဲ့ Ariana Grande

June 26, 2018

Victoria’s Secret ရဲ့ Angel အသစ် ဖြစ်လာတဲ့ Leomie Anderson

April 5, 2019

သီချင်းခိုးယူမှုနဲ့ ထပ်မံတရားစွဲဆိုခံနေရတဲ့ American Idol Winner(S4) Carrie Underwood

June 24, 2019

Engagement Rings of TIFFANY & CO.

November 23, 2020

Perfect Bedroom Layout 

July 13, 2020

Coach နဲ့ Selena တို့ရဲ့ ဒုတိယအကြိမ်ပူးပေါင်းထုတ်လုပ်မှု

August 9, 2018

Worst Habits for Belly Fat and How to...

June 10, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem