LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Cover StorySOCIAL ETIQUETTE

10 Social Commandments

written by Lush Editor February 9, 2019
10 Social Commandments

လူတစ်ယောက်က သူရှင်သန်နေထိုင်ခဲ့တဲ့ဘ၀တစ်လျှောက်လုံးမှာ လွှမ်းမိုးခံခဲ့ရတဲ့အရာတွေမူတည်ပြီး ပြောဆိုနေထိုင်မှု social behavior တွေကကွဲပြားသွားပါတယ်။ ဒီလိုကွဲပြားသွားတဲ့အခြေအနေတွေကို စိတ်ပညာရှင်တွေက socialization process လို့ပြောကြပြီး သုတေသနလေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

တကယ်တော့ social behavior တွေက မိဘနဲ့သားသမီးကြားမှာ ၊ ပတ်ဝန်းကျင်မှာ ၊ လုပ်ငန်းခွင်နဲ့ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အမျိုးမျိုးပြောဆိုဆက်ဆံမှုတွေရှိပါတယ်။

အကျယ်ချဲ့ရင်ချဲ့သလောက် ပြောစရာတွေအများကြီးရှိနေတာမို့ ဒီလအတွက်ကတော့ social behavior များစွာထဲကမှ လုပ်ငန်းခွင်နဲ့ပေါင်းသင်းဆက်ဆံရေးမှာ Professional ဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို အချက် (၁၀) ချက်နဲ့ ပြောပြပေးသွားမှာပါ။

(၁) အချိန်မှန်ပါ

တစ်စုံတစ်ယောက်ရဲ့ appointment ချိန်းတဲ့အခါ ကိုယ်ကအမြဲတမ်းအချိန်မှန်ရောက်ဖြစ်သလား ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ Social skill ထဲမှာ ဒီအချက်ကအရေးကြီးဆုံးနဲ့ လိုက်နာအသင့်ဆုံး အချက်တစ်ခုဖြစ်ပါတယ်။ တကယ်လို့ အစည်းအဝေး ဒါမှမဟုတ် appointment တွေမှာ အချိန်မှန်မရောက်တတ်သေးဘူးဆို ဒီအချက်ကို စပြီးပြင်ဆင်ကြည့်ပါ။

(၂) အချိန်အခါနဲ့လိုက်အောင် ၀တ်စားမယ်

ကိုယ်သွားရမယ့်ပတ်ဝန်းကျင် ၊ အခြေအနေအချိန်အခါအလိုက် လိုက်လျောညီထွေအောင်ဝတ်စားတတ်ဖို့လည်း လိုအပ်ပါတယ်။ Professional တစ်ယောက်အဖြစ်အလုပ်လုပ်နေတဲ့သူက Professional တစ်ယောက်လို ၀တ်စားဆင်ယင်တတ်မှလည်း ဖြစ်မှာပါ။

(၃) စကားလုမပြောပါနဲ့

အရေးကြီးတဲ့ကိစ္စ တစ်စုံတစ်ရာမရှိဘဲ တစ်ဘက်ကစကားပြောနေတဲ့အချိန် ၊ အလုပ်လုပ်နေတဲ့အချိန်မှာ ဖြတ်မပြောပါနဲ့။ ဒါက လုပ်ငန်းခွင်မှာတော့ မယဉ်ကျေး ၊ မရင့်ကျက်သေးတဲ့အပြုအမှုဖြစ်ပါတယ်။

(၄) တစ်ဘက်လူ အာရုံစိုက်လာအောင်ချဉ်းကပ်နည်း

        ဒီအချက်ကတော့ ကိုယ်ကဘယ်လောက်ထိ Social skill ကိုနားလည်သူလဲဆိုတာ ပြနိုင်တဲ့အချက်ပါ။ Conversation တစ်ခုစတင်နိုင်အောင်ပျိုးပေးနိုင်တဲ့ချဉ်းကပ်နည်းတွေထဲမှာ အရိပ်အကဲကြည့်တတ်ခြင်း ၊ ပြောတဲ့စကားအပေါ်မှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ၊ အပြုသဘောဆောင်တဲ့မေးခွန်းတွေ မေးတတ်ခြင်းတွေလည်း ပါဝင်ပါတယ်။

(၅) လက်ဆွဲနှုတ်ဆက်ပါ

        Friendship တစ်ခုအစပျိုးဖို့ ဘာကြောင့်လက်ဆွဲမနှုတ်ဆက်နိုင်ရမှာလဲ။ ပထမဆုံးစတွေ့တဲ့အချိန်မှာ သူနဲ့လက်ဆွဲနှုတ်ဆက်ဖို့ ကိုယ့်အတွက်လည်း အပန်းမကြီးနိုင်ပါဘူး။ ခေတ်သစ်ယဉ်ကျေးမှုတစ်ခုလိုဖြစ်နေတဲ့ လက်ဆွဲနှုတ်ဆက်ခြင်းကို စတင်ကျင့်သုံးကြည့်ပါ။

(၆) လုပ်ငန်းခွင်မှာ စကားမများပါနဲ့

        Social skill အကြောင်းလည်း ပြောတယ်။ စကားမများပါနဲ့ဆိုလို့ နားလည်မှုမလွဲစေချင်ပါဘူး။ စကားပြောခြင်းက ကောင်းတယ်ဆိုပေမယ့် လုပ်ငန်းခွင်ထဲမှာ အကြောင်းမရှိအကြောင်းရှာ စကားပြောနေမယ်ဆိုရင်တော့ ပတ်ဝန်းကျင်က အလုပ်လုပ်နေတဲ့သူတွေကို အနှောက်အယှက်ဖြစ်စေနိုင်လို့ပါ။

(၇) လူတော်ကို လေးစားပါ

        ကိုယ့်လုပ်ငန်းခွင်မှာရှိတဲ့ အမြဲတာဝန်ကျေပွန်အောင်အလုပ်လုပ်တတ်သူတွေ ၊ လူတော်တွေတွေ့ရင် ချီးကျူးစကားပြောပေးပါ။ Professional တွေက ချီးကျူးစကားပြောဖို့ဘယ်တော့မှဝန်မလေးတတ်ကြပါဘူး။

(၈) ရိုးသားမှုရဲ့တန်ဖိုး

        တစ်ခါတစ်ရံလုပ်ငန်းခွင်မှာ ကိုယ့်လုပ်ခဲ့တဲ့အလုပ်မဟုတ်ဘဲ လူမှားပြီး ကိုယ့်ကို credit ပေးသွားတာ ရှိတတ်ပါတယ်။ ဒီလိုအချိန်ကျရင် Professional ပီပီသသငြင်းပါ။ ဒါက ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ ရိုးသားမှုရှိတယ်ဆိုတာကိုပြတာနဲ့ အတူတူပါပဲ။

(၉) ခွင့်ပြုချက်မရဘဲ သူများပစ္စည်းတွေမကိုင်ပါနဲ့

        လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့အလုပ်စားပွဲပေါ်က ပစ္စည်းပစ္စယတွေကို ခွင့်ပြုချက်မရဘဲမထိ ၊ မကိုင်တွယ်ဖို့ အရေးကြီးပါတယ်။ အများစုက သူတို့ရုံးပစ္စည်းတွေကိုခွင့်မတောင်းဘဲကိုင်တာ မကြိုက်ကြပါဘူး။

(၁၀) စာများများဖတ်ပါ

        ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်လို့ အမြဲတမ်းသွက်လက်ပြီး social ကျနေဖို့မလိုအပ်ပါဘူး။ အပြန်အလှန် ဆက်ဆံပြောဆိုနိုင်မယ်၊ လိုက်လျောညီထွေဖြစ်အောင်နေနိုင်မယ်ဆိုရင် လုံလောက်ပါပြီ။ Social skill နဲ့ ပက်သက်ပြီး ကိုယ့်မှာအားနည်းချက်တွေရှိတယ်ဆိုရင် စာများများဖတ်ပြီး လေ့ကျင့်နိုင်ပါတယ်။

“Friends and good manners will carry you where money won’t go.”

Margaret Walker (American Writer)

Ref: www.behavioradvisor.com , www.lifehack.org , www.thespruce.com

Words by Lim

LUSH Magazine MyanmarLUSH social etiquette
1
Facebook Twitter Google + Pinterest
Lush Editor

previous post
LUSH INSTYLE | FEBRUARY 2019
next post
Interview with Ko Thu Rayn Kyaw Moe and Ma Theint Zar Maw (Christina Lim)

Recommended

Performance Art

January 11, 2019

LUSH INSTYLE | JANUARY 2019

January 15, 2019

Viktor & Rolf Bridal Fall 2020

November 30, 2020

Chit Thu Wai “Promise” Album Cover Teaser

February 13, 2019

5 Things you don’t know about Phway Phway

October 29, 2019

Nyan Kyal Say; known as the Animator from...

January 21, 2019

LUSH June 2019 Issue Cover Story BTS &...

June 15, 2019

LUXURY’S STATEMENT OF DESIGNER MINN THET SAEN

May 13, 2019

5 Things you don’t know about May

February 8, 2020

Classic Glamour: To Never Go out of Style

December 12, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem