LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LIFELUSH DAILYSOCIAL ETIQUETTE

How not to be a shallow person

written by Maeve April 4, 2019
How not to be a shallow person

အရင်လတုန်းက အပေါ်ယံပေါင်းသင်းဆက်ဆံတတ်တဲ့သူတွေရဲ့အကြောင်း ကို ရေးသားခဲ့ပါတယ်။ တစ်ခါတစ်လေ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ကိုယ်တိုင် အပေါ်ယံပေါင်းတတ်တဲ့သူဖြစ်မှန်းမသိ ဖြစ်နေတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ ကိုယ့်ကိုယ်ကို အပေါ်ယံပေါင်းတတ်တဲ့သူမှန်း သတိထားမိခဲ့ရင်တော့ သင်ဟာ next level ကိုရောက်ရှိလာပါပြီ။ အပေါ်ယံပေါင်းတတ်တဲ့သူမဖြစ်ချင်တော့ဘဲ ဒီအကျင့်ဆိုးတွေကို ပြင်ချင်လာပါပြီ။ ကိုယ့်ကိုယ်ကို self-realized ဖြစ်လာတဲ့အတွက် ဒါဟာ ကောင်းတဲ့လက္ခဏာပါ။ ဒါဆို ဘယ်လိုပြင်ကြမလဲ။

၁. အကျိုးမမျှော်ကိုးပဲ ပေါင်းသင်းပါ။

ကိုယ်က လူတော်တော်များများနဲ့ခင်တယ်၊ ပေါင်းသင်းတတ်တယ်၊ ဒါပေမယ့် ကိုယ့်မှာအရေးကြုံလာရင် ဘယ်သူမှ ကိုယ့်အနားမှာရှိမနေတော့တာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာတာဟာ ကိုယ်က ကောင်းပေမယ့် ကိုယ့်အပေါ်ကောင်းတဲ့သူဘယ်သူမှမရှိတာလား ဒါမှမဟုတ် ကိုယ်ကိုတိုင်ကိုက သူတို့ကို အပေါ်ယံပေါင်းသင်းမိလို့ ကိုယ့်ကိုလှည့်မကြည့်ကြတော့တာလားဆိုတာ တွေးစရာဖြစ်လာပါတယ်။ အပေါင်းအသင်းများတာကောင်းပေမယ့် ဒီလိုအခါမျိုးမှာ ကိုယ်နဲ့ ရင်းရင်းနှီးနှီးပေါင်းလို့ရမယ့်သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းတွေ ရှိဖို့လည်းလိုလာပါလားဆိုတာကို သိလာမှာပါ။ ကိုယ့်မှာအခက်အခဲရှိမှ ငါ့အနားမှာ ဘယ်သူမှမရှိပါလားဆိုပြီး တွေးပြီး ဝမ်းနည်းတာထက် ကိုယ့်အပေါ်ကောင်းတဲ့သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကိုလည်း သူတို့အခက်အခဲရှိလာတဲ့အခါ၊ အကူအညီလိုလာတဲ့အခါ ကူညီတာမျိုးလုပ်ပေးပါ။ လူတွေကို အပေါ်ယံပေါင်းတာထက် စိတ်ထားသန့်သန့်နဲ့ပေါင်းသင်းတာမျိုး၊ အကူညီပေးနိုင်တာမျိုးရှိရင် ဘာကိုမှ မမျော်လင့်ဘဲ အကူအညီပေးတာမျိုးလုပ်ပေးပါ။ အဓိက ကတော့ အပေါင်းအသင်းပေါင်းတဲ့အခါ အကျိုးအမြတ်မျှော်လင့်ပြီးပေါင်းတာမျိုးမလုပ်ပါနဲ့။ ဒီလိုလုပ်တာက ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်းတစ်မျိုးပါပဲ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှ သူများကလည်း တန်ဖိုးထားလာပါလိမ့်မယ်။

၂. တာဝန်ယူတတ်ပါစေ။

စကားမပြောခင် သေချာသုံးသပ်ပါ။ အပြုအမှုတစ်ခုကို မလုပ်ခင်သေချာသုံးသပ်ပါ။ ကိုယ်ပြောလိုက်တဲ့စကားအတွက် တာဝန်ယူပါ။ အမှားလုပ်မိရင် အမှားတွေကနေ သင်ခန်းစာယူပါ။ ကိုယ့်ကိုယ်ကိုရော သူများအပေါ်မှာပါ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းနေထိုင်ပါ။

၃. မိမိကိုယ်ကို ပြန်လည်သုံးသပ်ပါ။

ကိုယ်နဲ့ဆန့်ကျင်ဘက်ပြောတဲ့သူတွေနဲ့ကြုံတွေ့လာရတဲ့အခါ သူတို့ဘက်ကနေမျှတွေးကြည့်ပါ။ သင့်ရဲ့အတွေးတွေ၊ စိတ်ခံစားချက်တွေ၊ အထင်အမြင်တွေ၊ အပြုအမူတွေကိုလည်းတွေးကြည့်ပါ။ ပြီးရင်တော့ သင်မှားနိုင်မယ့်အချက်တွေကို ဆုံးဖြတ်ကြည့်ပါ။ ဒီလို ကိုယ့်ကိုယ်ကို သုံးသပ်ပြီး သူများအပေါ်ကိုလည်း မျှတွေးကြည့်မယ်ဆိုရင် သင်ဟာ တစ်ကိုယ်ကောင်းဆန်တဲ့သူ၊ ကိုယ့်ကိုယ်ကိုပဲ ကြည့်တတ်တဲ့သူတစ်ယောက်ရဲ့အကျင့်တွေ တဖြည်းဖြည်းနဲ့ပျောက်လာမှာသေချာပါတယ်။

၎. စာဖတ်ပါ။ ရုပ်ရှင်တွေကြည့်ပါ။

သင့်ရဲ့အားလပ်ချိန်တွေထဲက အချိန်တစ်ချို့ကို စာဖတ်ဖို့၊ ရုပ်ရှင်တွေကြည့်ဖို့ အချိန်လေးတစ်ခုဖယ်ထားပါ။ တစ်ပတ်မှာ စာအုပ်တစ်အုပ်နှုန်းဖြစ်ဖြစ် ဒါမှမဟုတ် စာတိုလေးတွေဖတ်တာပဲဖြစ်ဖြစ်၊ တစ်ပတ်မှာ ရုပ်ရှင်တစ်ကားနှုန်းဖြစ်ဖြစ် အချိန်လေးပေးပြီး ဖတ်ကြည့်၊ ကြည့်ကြည့်ပါ။ စာအုပ်တွေ၊ ရုပ်ရှင်တွေကနေ ဘဝကိုမြင်ရတဲ့ မတူညီတဲ့ရှုထောင့်တွေကို ရှာဖွေတွေ့ရှိလာပါလိမ့်မယ်။ မတူညီတဲ့ရှုထောင့်တွေကို မြင်ပါများရင် တခြားလူတွေရဲ့အမြင်တွေကိုလည်း အလေးထားလာတတ်ပါလိမ့်မယ်။

၅. တည်နိုင်မယ့်ကတိကိုပဲပေးပါ။

အပေါင်းအသင်းတွေစိတ်ဆိုးမှာစိုးလို့ တစ်ခုခုသွားဖို့၊ လာဖို့ရှိတဲ့အခါ ကိုယ့်အတွက်အဆင်မပြေပေမယ့်လည်း သူတို့စိတ်မဆိုးအောင် သွားဖို့၊ လာဖို့ကို Okay ဆိုပြီး ကတိအလွယ်ပေးမိပြီး အနားကပ်မှ ဖျက်ရတာမျိုးကြုံဖူးကြမှာပါ။ ဒီလိုမျိုးထပ်ခါထပ်ခါကြုံလာတဲ့အခါ ကိုယ်က ကတိအလွယ်ပေးတတ်ပြီး ကတိမတည်တဲ့သူလို့ အထင်ခံလာရပါတယ်။ အဲ့လိုအထင်ခံရတာ ကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒီလိုမဖြစ်အောင် ကတိမပေးခင်သေချာစဉ်းစားပါ။ ဒီကတိကို သေချာပေါက်တည်နိုင်လား၊ ကိုယ်တကယ်ပဲ အဆင်ပြေနိုင်လား တွေးပြီးမှ ကတိပေးပါ။ ကတိတည်နိုင်တဲ့သူဖြစ်မှလည်း ကိုယ့်ရဲ့စကားတွေကို သူများက လေးလေးစားစားရှိနိုင်မှာပါ။

ဒီအချက်လေးတွေကိုလိုက်နာပြီး ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်၊ မိတ်ဆွေကောင်းတွေတိုးအောင် လုပ်လို့ရပါတယ်။

Photos Credit: Unsplash

LUSH April 2019LUSH Magazine MyanmarLUSH social etiquette
2
Facebook Twitter Google + Pinterest
Maeve

previous post
သင်္ကြန်အတွက် ရိုးမသွားနိုင်တဲ့ ကျစ်ဆံမြီးဆံပင်စတိုင်လ်များ
next post
A POET’S DREAM

Recommended

၂၀၂၀ မှာ ခေတ်စားလာနိုင်တဲ့အရောင်များ

February 4, 2020

“အမဓါတ်” စွမ်းအင်ဆိုတာ

June 9, 2023

Best Dresses from Critics’ Choice Awards 2020

January 14, 2020

Coach နဲ့ Selena တို့ရဲ့ ဒုတိယအကြိမ်ပူးပေါင်းထုတ်လုပ်မှု

August 9, 2018

နောက်လဆန်းမှာ ထွက်ရှိလာတော့မယ့် Selena Gomez ရဲ့ Rare beauty

August 24, 2020

Hoop Earrings for this era

June 10, 2020

Paris Fashion Week F/W20 က Best Look များ

March 6, 2020

Empowering women through bakery

May 22, 2018

စက်တင်ဘာလ ၂၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ Coach ရဲ့ Digital Runway...

November 25, 2020

Preserving your Memories through Scrapbooking

June 11, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem