LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILYSOCIAL ETIQUETTE

10 Things You Should Know When You Are In a Coffee Shop

written by Eain Chu June 19, 2019
10 Things You Should Know When You Are In a Coffee Shop

ဒီလိုမိုးရာသီမှာ ကော်ဖီပူပူလေးတစ်ခွက်ရယ် ကိုယ်ကြည့်ချင်တဲ့ရုပ်ရှင်လေးသာ ကြည့်လိုက်ရမယ်ဆိုရင်ဖြင့် ဘယ်လောက်တောင် ကောင်းလိုက်မလဲနော်။ ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ ဘယ်နေရာမှာတွေ့ရမလဲစဉ်းစားနေရင်တော့ ကော်ဖီဆိုင်ကိုပဲ ညွှန်းရမှာပါ။ အခုနောက်ပိုင်း ကော်ဖီဆိုင်တွေမှာလည်း Wi-Fi အသုံးပြုလို့ရနေပြီဆိုတော့ ကွက်တိပဲပေါ့။ သူငယ်ချင်းတွေနဲ့တူတူ hang out လုပ်လို့ရသလို အလုပ်လုပ်မယ့်သူတွေလည်း ကော်ဖီဆိုင်ရဲ့ထောင့်လေးမှာ အေးအေးဆေးဆေး အလုပ်လုပ်လို့ရတာပေါ့။ အခုလိုမျိုး ကော်ဖီဆိုင်မှာ အေးအေးဆေးဆေး အလုပ်လုပ်မယ်ဆိုရင်တော့ သိထားရမည့်အချက်လေးတွေ ပြောပြပေးချင်ပါတယ်။ ဘယ်လိုအချက်လေးတွေလည်းဆိုတော့…


၁။ ကိုယ်က အလုပ်လုပ်ဖို့အတွက်ဖြစ်ဖြစ် ရုပ်ရှင်အေးအေးဆေးဆေးကြည့်ချင်တာပဲဖြစ်ဖြစ် ကော်ဖီဆိုင်မှာ အချိန်ကုန်ဆုံးမယ်ဆိုရင် ကော်ဖီဆိုင်က အစားအသောက်တစ်ခုပဲဖြစ်ဖြစ် ကော်ဖီတစ်ခွက်ပဲဖြစ်ဖြစ် မှာပြီးတော့မှ အလုပ်လုပ်သင့်ပါတယ်။ ဒါကတော့ စောင့်ထိန်းရမည့်ကျင့်ဝတ်တစ်ခုလို့ ထင်မြင်မိပါတယ်။

၂။ ကိုယ်က တစ်ယောက်တည်း ကော်ဖီဆိုင်ကို လာတာဆိုရင် ကိုယ်တစ်ကိုယ်စာ ထိုင်ခုံတစ်ခုံစာ နေရာသာယူပြီး အလုပ်လုပ်တာ ပိုပြီးအဆင်ပြေပါတယ်။ တစ်ခြားသောသူတွေလည်း ကိုယ်လို သူလိုပဲ နေရာတစ်ခုကို လိုအပ်နေတဲ့သူတွေမို့လို့ပါ။

၃။ ကိုယ်က ကော်ဖီစားပွဲမှာ အလုပ်လုပ်နေတာဖြစ်ဖြစ် ရုပ်ရှင်ကြည့်နေတာဖြစ်ဖြစ် စားပွဲတစ်ခုလုံးမှာ စာရွက်စာတမ်းတွေ ပြန့်ကျဲနေတာတို့ ကိုယ်မှာထားတဲ့အစားအသောက်တွေ တစ်နေရာစီဖြစ်နေတာတို့ကို ထိန်းထိန်းသိမ်းသိမ်း ရှင်းရှင်းလင်းလင်း ရှိဖို့လည်း လိုအပ်ပါတယ်။

၎။ ကိုယ်ထိုင်တဲ့နေရာကို သန့်သန့်ရှင်းရှင်းထားပေးပါ။ အမှိုက်တွေ အကုန်လုံးကို တစ်နေရာတည်းမှာ စုထားပြီး ကိုယ်ပြန်ခါနီးမှ အမှိုက်ပုံးထဲကို ထည့်ပြီး စွန့်ပစ်ပေးပါ။ ကြမ်းပြင်မှာ ကျသွားတဲ့ အမှိုက်တွေကိုပါ တစ်စုတစ်စည်းထဲ တစ်ခါတည်း စုပြီး ပစ်ပေးဖို့ မမေ့ပါနဲ့နော်။

၅။ ကိုယ်က Laptop နဲ့အလုပ်လုပ်ဖို့ ကော်ဖီဆိုင်လာတာဆိုရင်တော့ Laptop ကို အားအပြည့်သွင်းပြီးမှ ကော်ဖီဆိုင်ကို လာတာ ပိုအဆင်ပြေပါလိမ့်မယ်။ ဒါပေမယ့်လည်း တကယ်လို့ Laptop အားသွင်းဖို့ လိုအပ်လာမယ်ဆိုရင် ကိုယ်ရဲ့ ထိုင်ခုံနဲ့ အနီးဆုံးမှာရှိတဲ့ Plug ပေါက်မှာ အားသွင်းဖို့ပါ။ ကိုယ်ရဲ့အနီးအနားမှာရှိတဲ့ Plug ပေါက်ကို အသုံးမပြုဘဲ ဝေးတဲ့နေရာက Plug ပေါက်ကို သုံးမယ်ဆိုရင် ကြိုးအရှည်ကနေ လူသွားလမ်းမှာ ခလုတ်တိုက်မိစေနိုင်ပါတယ်။

၆။ အလုပ်ကိစ္စနှင့်ပတ်သက်ပြီး Conference Call ခေါ်ဖို့ရှိရင် အသံကို တတ်နိုင်သမျှတိုးတိုးလေး ပြောပေးဖို့လည်း လိုအပ်ပါတယ်။ ဘေးနားက ရှိနေတဲ့တခြားသောသူတွေကို အနှောင့်အယှက်မဖြစ်အောင်လို့ပါ။

၇။ ရုပ်ရှင်ကြည့်ဖို့ အစီအစဉ်ရှိတယ်ဆိုရင်လည်း နားကြပ်လေးနဲ့ ကော်ဖီလေးတစ်ခွက်နဲ့ အေးအေးဆေးဆေးကြည့်နိုင်ပါသေးတယ်။ နားကြပ်လေးတော့ ယူသွားဖို့ မမေ့ပါနဲ့နော်။

၈။ ဒီိထိုင်ခုံမှာ ကိုယ်ထိုင်နေရာတာပဲ ကိုယ့်ဘာသာ အဆင်ပြေနေရင်ရပါတယ်ဆိုတဲ့အတွေးကို မတွေးသင့်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကိုယ်နဲ့ပတ်ဝန်းကျင်မှာ တခြားသူတွေလည်းရှိနေသေးတယ်ဆိုတာကို မမေ့ဖို့ပါ။ ကိုယ့်ခုံဘေးမှာ ထိုင်တဲ့သူကို စကားစမြည်မပြောဖြစ်ရင်တောင် အပြုံးလေးနဲ့ နှုတ်ဆက်ဖို့မမေ့ပါနဲ့နော်။

၉။ ကိုယ်ထိုင်နေတဲ့ ကော်ဖီစားပွဲကနေ ခဏဖြစ်ဖြစ် သန့်စင်ခန်းသွားဖို့ဖြစ်ဖြစ် လိုအပ်လာပြီဆိုရင် ကိုယ်ရဲ့ပစ္စည်းတွေကို ကော်ဖီကောင်တာမှာ အပ်ထားတာဖြစ်ဖြစ် ကိုယ်နဲ့ပါလာတဲ့သူငယ်ချင်းကို စောင့်ကြည့်ခိုင်းတာဖြစ်ဖြစ် ကော်ဖီဆိုင်က ဝန်ထမ်းကို ခဏစောင့်ကြည့်ခိုင်းထားဖြစ်ဖြစ် လုပ်ပေးပါ။

၁၀။ ကိုယ်က ကော်ဖီဆိုင်မှာ အချိန်အကြာကြီးထိုင်ပြီးမှ ပြန်ဖြစ်တယ်ဆိုရင်တော့ tip money အနည်းငယ် ပေးခဲ့ဖို့ အကြံပေးပါရစေ။

အခုပြောပြသွားတဲ့အချက်တွေကတော့ ကော်ဖီဆိုင် တစ်ဆိုင်မှာ သွားထိုင်ဖြစ်တယ်ဆိုရင် သိသင့်သိထိုက်တဲ့ အချက်လေးတွေမို့လို့ အားလုံးအတွက် အထောက်အကူပြုမယ်လို့ထင်ပါတယ်။ မိုးရာသီမှာ ကျန်းမာရေးဂရုစိုက်ကြပါနော် LUSHers တို့ရေ…

Editor: Eain Chu

LUSH DAILYLUSH June 2019LUSH Magazine MyanmarLUSH social etiquette
0
Facebook Twitter Google + Pinterest
Eain Chu

previous post
Replica တွေသုံးစွဲမှုများရဲ့ နောက်ဆက်တွဲ Logo အမှားများ
next post
Best Fashion Looks of MTV Movie & TV Awards 2019

Recommended

5 travel destinations that are re-opening

June 3, 2020

Justin Bieber ရဲ့ ဒေါ်လာ ၅သိန်းတန်ဖိုးရှိတဲ့ စေ့စပ်လက်စွပ်အကြောင်း

July 21, 2018

Paris Fashion Week F/W20 က Best Look များ

March 6, 2020

Laughter Is The Best Medicine

June 26, 2020

ကမ္ဘာ့မီဒီယာထက်မှာနာမည်ကြီးနေတဲ့ Lady Gaga ရဲ့ ဖက်ရှင်

January 22, 2021

Classic Jeans – Fashion Vocabulary

August 15, 2019

လာမယ့် ၂၀၂၀ မှာ သူမ ရဲ့ထွက်ရှိခဲ့တဲ့ သီချင်း Album ခြောက်ခုကို...

August 23, 2019

Live With LUSH Dec Cover Star | Phway...

December 12, 2017

Soft felt decorations and animals 

June 24, 2020

Giorgio Armani brand ရဲ့ ပထမဆုံးသော global beauty ambassador...

May 30, 2018

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem