LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
AccessoriesLUSH DAILY

Hoop Earrings for this era

written by Lush Editor June 10, 2020
Hoop Earrings for this era

Hoop Earrings တွေဆိုတာ ဟိုးရှေးခေတ်ကတည်းကနေ အခုချိန်ထိ စွဲစွဲမြဲမြဲဝတ်ဆင်နေကြတဲ့ accessories တခုပါပဲ။ ဒီဘက်ခေတ်ထိလည်း ခေတ်စားနေတုန်းပဲပေါ့။ ဒီနှစ်ပိုင်းအတွင်းမှာ ခေတ်စားနေတဲ့ earrings တွေအများကြီးရှိတဲ့ထဲကနေမှ Hoop earrings ကို ရွေးထားပါတယ်။ ဒီနှစ်ပိုင်းတွေမှာ ခေတ်စားလာမယ့် Hoop earrings ဒီဇိုင်းတွေကို ပြောပြပေးချင်ပါတယ်။ Hoop earrings က ဆိုဒ်သေးသေးလေးကနေ အကြီးကြီးထိ နေရာအနေအထား၊ စိတ်အနေအထား၊ ဝတ်တဲ့အဝတ်တွေ အပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲပြီး ဝတ်ဖို့ ရွေးချယ်စရာအများကြီးရှိပါတယ်။

Oversize Hoops

ဆိုဒ်အကြီးကြီးတွေနဲ့ Hoop earrings တွေကို 2020 runways တွေမှာ အားလုံးသတိထားမိကြမှာပါ။ Runway မှာတင်မဟုတ်ဘူး၊ runway တွေရဲ့အပြင်မှာလည်း Hoops ဆိုဒ်ကြီးတွေကို ဝတ်လို့ရတယ်ဆိုတာ oversize Hoops တွေကို ဖက်ရှင်အမိုက်စားတွေနဲ့ တွဲဖက်ဝတ်ဆင်ပြီး သက်သေပြလိုက်ပါ။

Stacked Hoops (Multi-Hoops)

Hoop earrings ကိုမှ layer ထပ်ထားတဲ့ hoops တွေကလည်း ရွေးချယ်သင့်တဲ့ထဲမှာပါပါတယ်။ layer နှစ်ထပ်ဖြစ်ဖြစ်၊ သုံးထပ်ဖြစ်ဖြစ် ထပ်ထားတဲ့ hoop earrings တွေကလည်း ဒီနှစ်ပိုင်းတွေမှာ ခေတ်စားလာနိုင်ချေရှိပါတယ်။

Pearl Hoops

ပုလဲတွေကို အရင်ခေတ်မှာပဲ ဝတ်ရမယ်လို့ တွေးနေရင်တော့မှားမယ်နော်။ ဒီဘက်ခေတ်မှာ ပုလဲတွေကို jewelry တွေကအစ ကလစ်လို accessories လေးတွေအဆုံး တွေ့လာရတာ အားလုံးသတိထားမိကြမယ်ထင်ပါတယ်။ Hoop earrings ကိုလည်း ပုလဲပါတာမျိုး ရွေးဝယ်ကြည့်ကြပါ။ ပုလဲကိုဝတ်ရင် classic ဆန်တဲ့ခံစားမှု၊ elegant ဖြစ်စေတဲ့ခံစားမှုမျိုးကို ခံစားမိမှာပါ။ Pearl Hoops တွေကိုလည်း classic ဆန်တဲ့ ဖက်ရှင်တွေဝတ်ဆင်ရမယ့် နေရာတွေမှာအသုံးချလိုက်ပါ။ သင့်ကို ကြော့ရှင်းတဲ့ခံစားမှုကို ပေးနိုင်မှာအမှန်ပါပဲ။ ပုလဲကို အများကြီးမဟုတ်ဘဲ တစ်လုံးတစ်လေလောက်ပဲပါတဲ့ hoop earrings မျိုးဆို ပေါ့ပေါ့ပါးပါးသွားလာတဲ့အချိန်မှာပါ ဝတ်လို့ရပြီး ဖက်ရှင်ကျနိုင်ပါသေးတယ်။

Geometric Hoops

Hoop earrings တွေကို မြင်နေကြ အဝိုင်းပုံစံမျိုးကနေကွဲထွက်တဲ့ လေးထောင့်ပုံစံ၊ ဘဲဥပုံစံ တွေကလည်း ရှိထားသင့်တဲ့ထဲမှာပါပါတယ်။ geometric shape hoops တွေက ဝတ်တဲ့အခါ Futuristic ဖြစ်တဲ့ look မျိုးရစေတဲ့အတွက် လူငယ်ဆန်တယ်၊ တက်ကြွတယ်၊ ပေါ့ပါးတဲ့အသွင်အပြင်ကို ရစေပါတယ်။

Thick Hoops

မြင်နေကြနဲ့ ကွဲထွက်နေမယ့် Hoop earrings ထူထူတွေကလည်း လူတွေရဲ့အမြင်အာရုံကို ဖမ်းစားနိုင်မှာအသေအချာပါပဲ။ ဒီလို Hoop earrings မျိုးကို ရိုးရှင်းတဲ့ဖက်ရှင်မျိုးနဲ့ တွဲဖက်ဝတ်ဆင်မယ်ဆို လူကြားထဲမှာ ထင်းခနဲဖြစ်နေမှာပါ။ ပွဲတက်ဖို့အတွက် ပွဲမှာ အများနဲ့မတူပေါ်လွင်နေအောင် ဒီလိုနားကပ်မျိုးက စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အဝတ်အစားပိုင်းမှာ တခြား accessories တွေ၊ အမြင်ရှုပ်စေမယ့်ဟာမျိုးတွေနဲ့တော့ မတွဲသင့်ဘူးပေါ့။ ဥပမာ ရွှေရောင် ခပ်ထူထူ Hoops မျိုးကို ရိုးရှင်းတဲ့ dress တစ်စုံနဲ့ တွဲဖက်ဝတ်ဆင်တာမျိုးက သင့်ရဲ့ look ကို လူကြားထဲထင်ပေါ်အောင် လုပ်ပေးနိုင်ပါတယ်။

Editor: Maeve

AccessoriesfashionHoop EarringsLUSH DAILYLUSH June 2020LUSH Magazine Myanmar
1
Facebook Twitter Google + Pinterest
Lush Editor

previous post
The Wonderful World Of Resin Art
next post
Preserving your Memories through Scrapbooking

Recommended

Bucket Hat: Fashion Vocabulary

December 5, 2019

LA ကို Hawkins မြို့အဖြစ်နဲ့ ခံစားနိုင်မယ့် Stranger Things “Drive-Into...

August 21, 2020

BEST FRUITS TO EAT FOR WEIGHT LOSS

April 18, 2019

Foods you need to Avoid to stay healthy...

June 12, 2019

Official “FRIENDS” cookbook to be released later this...

May 31, 2020

Korean Celebrities တွေဆီကနေ နမူနာယူစရာ အသားအရေ ထိန်းသိမ်းနည်းများ

March 29, 2019

Top 5 Floral Fragrances For LUSH Brides

December 14, 2020

Soft felt decorations and animals 

June 24, 2020

လတ်ဆတ်နုပျိုမှုများနဲ့ ကျန်းမာရေးခရီးစဉ်များ

September 26, 2020

Frederique Constant ရဲ့ မော်ဒယ်သစ် Hybrid 

June 19, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem