LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
EATLUSH DAILY

Foods you need to Avoid to stay healthy in Rainy Season

written by Eain Chu June 12, 2019
Foods you need to Avoid to stay healthy in Rainy Season

မိုးရာသီကလည်း တဖြေးဖြေးနဲ့ဝင်လာပြီဆိုတော့ ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ ပိုပြီးလိုအပ်လာပါပြီ။ မိုးရာသီမှာ အဖြစ်အများဆုံးကတော့ ဝမ်းပျက်ဝမ်းလျှောရောဂါပါ။ ဝမ်းပျက်ဝမ်းလျှောရောဂါ ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အဓိက အကြောင်းအရင်းကတော့ ကိုယ်စားသုံးတဲ့အစားအသောက်အပေါ်မှာ များစွာမူတည်နေပါတယ်။ ကိုယ်စားလိုက်တဲ့အစားအသောက်တွေကတဆင့် ဘက်တီးရီးယားပိုးမွှားတွေ ပါဝင်လာနိုင်တာကြောင့် အခုလိုမျိုး မိုးရာသီမှာ ပိုပြီးသတိထားသင့်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ မိုးရာသီမှာ သတိထားပြီး ရှောင်ရှားသင့်တဲ့ အစားအသောက်တွေကို ပြောပြပေးသွားပါမယ်။

၁။ အရွက်ထူထူတွေပါတဲ့ အသီးအရွက်များ

အသီးအရွက်တွေထဲမှာမှ ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ စတဲ့ အပြင်အလွှာအထပ်များများပါတဲ့ အသီးအရွက်တွေကို ဖြစ်နိုင်ရင် မစားပေးတာ အကောင်းဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ အလွှာတစ်လွှာချင်းစီရဲ့အတွင်းဖက်ထဲမှာ အညစ်အကြေးတွေနဲ့ ပိုးကောင်လေးတွေ ကပ်ပါနေတတ်လို့ပါ။ တကယ်လို့ စားမယ်ဆိုရင်လည်း အသီးအရွက်တွေကို သေသေချာချာဆေးကြောပြီး ကျက်အောင် ကြော်ပေးဖို့ မမေ့ကြပါနဲ့နော်။

၂။ လမ်းဘေးအစားအစာများ

ဒါကတော့ အကုန်လုံးသိပြီးသားဖြစ်မှာပါ။ လမ်းဘေးမှာရောင်းချတဲ့အစားအစာတွေက သန့်ရှင်းမှု ရာခိုင်နှုန်းပြည့်မရှိသေးပါဘူး။ ကိုယ်က အပြင်သွားရင်း ဗိုက်ဆာလို့ အခုလိုမျိုးဆိုင်တွေမှာ စားဖြစ်တယ်ဆိုရင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နိုင်ချေက နှစ်ဆလောက်ထိ တိုးမြှင့်သွားနိုင်ပါတယ်။ဘယ်လိုအကြောင်းအရာတွေကြောင့်လည်းဆိုတော့ ဆိုင်က လမ်းဘေးမှာ ဖွင့်ထားတာက တစ်ကြောင်း၊ လေထုထဲမှာရှိတဲ့ မျက်စိနဲ့မမြင်ရတဲ့ ပိုးမွှားတွေ အစားအသောက်မှာ ကပ်ပါလာနိုင်တာက တစ်ကြောင်း၊ ကိုယ့်ဆိုင်ဘေးက ကားဖြတ်သွားတဲ့အချိန် ကားရဲ့အိတ်ဇောပိုက်ကထွက်လာတဲ့ မီးခိုးငွေ့ကတဆင့် အစားအသောက်မှာ ပိုးတွေ ကပ်နိုင်တာကြောင့် ရောဂါဖြစ်ပွားမှုနှုန်းက ထင်ထားတာထက် များနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ ဗိုက်ဆာဗိုက်ဆာ လမ်းဘေးဆိုင်မှာ ထိုင်စားတာထက် အိမ်ဆိုင်တစ်ခုခုမှာဝင်စားတာက ကိုယ့်ကျန်းမာရေးကို ပိုပြီးဂရုစိုက်ရာကျပါတယ်။

၃။ ဆီကြော်များ

အခုလိုမျိုး စိုစွတ်တဲ့ မိုးရာသီမှာ အစာချေဖျက်မှုအားက ပုံမှန်အချိန်တွေထက် နှေးကွေးတဲ့အတွက် အစာကြေမလွယ်တဲ့ ဆီကြော်တွေကို တတ်နိုင်ရင် မစားတာ အကောင်းဆုံးပါပဲ။ အစာကြေလွယ်မှု နှေးကွေးတဲ့အပြင် ဆီကြော်မှာပါဝင်တဲ့ ဆားဓာတ်က ရေပိုမိုငတ်စေနိုင်ပါတယ်။

၎။ အစိမ်းစားလို့ရသော အစားအစာများ

အသားစိမ်း ငါးစိမ်းတွေက ဒီလိုအချိန်မှာ လုံးဝကို မစားသင့်ပါဘူး။ သေချာစင်ကြယ်အောင် သန့်ရှင်းရေးမလုပ်နိုင်ရင် အသားစိမ်း ငါးစိမ်းတွေမှာ ကပ်ပါလာတဲ့ ပိုးမွှားတွေ၊ အပြင်ကနေဝင်လာနိုင်တဲ့ရောဂါပိုးတွေကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှု ပိုမိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အသားစိမ်း ငါးစိမ်းတွေကို သေချာစင်ကြယ်အောင်ဆေးကြောမယ်၊ လုံးဝကျက်တဲ့အထိ ချက်ပြုတ်မယ်၊ အသီးအနှံတွေစားတဲ့အချိန်မှာလည်း မစားခင် သေသေချာချာဆေးကြောပေးမယ်ဆိုရင်တော့ ရောဂါဖြစ်ပွားမှုနှုန်းလျော့ကျနိုင်ပါတယ်။

၅။ နွားနို့ နှင့် အချိုရည်များ

အချိုရည်သောက်သုံးခြင်းအားဖြင့် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ သံဓာတ်ကို ပိုမိုလျော့ကျစေတဲ့အပြင် အပေါ်မှာ ပြောခဲ့သလို မိုးရာသီမှာ အစာချေဖျက်မှုအား နှေးတဲ့အတွက်ကြောင့် အစာမကြေမှုဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် အချိုရည်သောက်မယ့်အစား ရေများများသောက်ပေးပါ။ အမြဲတမ်း ကိုယ့်အနားမှာရေတစ်ဗူး အဆင့်သင့်ထားထားပြီး ရေငတ်တဲ့အချိန်တိုင်း တခြားသော အချိုရည်တွေထက် ရေကို ရွေးချယ်သောက်သုံးပေးပါ။ ဒါမှမဟုတ် ပူပူနွေးနွေးလေးဖြစ်စေမယ့် မိုးရာသီနဲ့လိုက်ဖက်တဲ့ Green Tea၊ Coffee တို့ကိုလည်း သောက်သုံးပေးနိုင်ပါတယ်။

နွားနို့ပူပူလေးတစ်ခွက်သောက်လိုက်ရရင်ဖြင့် အခုလို အုံ့မှိုင်းမှိုင်းဖြစ်နေတဲ့ရာသီဥတုနဲ့ ကွက်တိပဲပေါ့။ ဒါပေမယ့် ကိုယ်တွေ မေ့လျော့နေတဲ့အချက်တစ်ချက်ရှိနေပါတယ်။ အဲဒါဟာဘာလဲဆိုတော့ နွားနို့ပျက်လွယ်တာပါပဲ။ ဈေးထဲကဖြစ်ဖြစ် Supermarket ကပဲဖြစ်ဖြစ် ဝယ်လာတဲ့ နွားနို့ကို သောက်မယ့်အချိန်မှာ ပြန်နွှေးပြီးသောက်တတ်တဲ့သူတွေအတွက် လုံးဝကို သတိထားရမယ့်အချက်ပါ။ နွားနို့ဝယ်လာရင်လည်း တစ်ခါတည်း ဖောက်ပြီးတာနဲ့ကုန်အောင်သောက်ပေးဖို့ မမေ့ပါနဲ့နော်။ Expired ရက်ကိုလည်းသေချာကြည့်ပြီး ဝယ်ကြဖို့ကိုလည်း သတိပေးလိုက်ရပါတယ်နော်။

ဒီလောက်ဆိုရင်တော့ မိုးရာသီမှာ သတိထားပြီး စားသုံးသင့်တဲ့အစားအသောက်တွေကို အကြမ်းဖျင်းသိပြီးသွားပြီလို့ထင်ပါတယ်။ အားလုံးပဲ ကျန်းကျန်းမာမာနဲ့ မိုးရာသီကို ဖြတ်သန်းနိုင်ကြပါစေ။

Editor: Eain Chu

LUSH DAILYLUSH EATLUSH June 2019LUSH Magazine Myanmar
1
Facebook Twitter Google + Pinterest
Eain Chu

previous post
ရန်ငြိုးတွေကို သင်ပုန်းချေလိုက်ကြပြီဖြစ်တဲ့ Taylor Swift နဲ့ Katy Perry
next post
လမ်းပေါ်တွင်လိုက်နာသင့်သော အခြေခံစည်းကမ်းများ

Recommended

Digital Ageing – Solution to blue light effect

June 12, 2020

ဆိုင်ပေါင်း ၂၅၀ ကို အပြီးပိတ်လိုက်တော့မယ့် Victoria’s Secret

May 21, 2020

လာမယ့် ၂၀၂၀ မှာ သူမ ရဲ့ထွက်ရှိခဲ့တဲ့ သီချင်း Album ခြောက်ခုကို...

August 23, 2019

ရန်ကုန်မြို့လယ်က နှစ်ပေါင်း ၁၀၀ ကျော်အဆောက်အအုံ ဒီဆူဇာဆေးဆိုင်ကြီး

September 24, 2020

Down the Ceramic Hole

July 3, 2020

G-Dragon PEACEMINUSONE x Nike AF1 ရဲ့ “Para-Nosie 2.0”

August 12, 2020

Giorgio Armani as the best PR Coverage for...

April 9, 2019

JOOX Myanmar ရဲ့ Shake The World (Myanmar –...

July 6, 2019

Marvel Phase 4: The Eternals မှာ သရုပ်ဆောင်မယ့် တောင်ကိုးရီးယားမင်းသား...

July 26, 2019

Gel လက်သည်းနီကို နည်းမှန်မှန်နဲ့ ဖျက်ဖို့ရာ

February 27, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem