LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILYTRAVEL

လတ်ဆတ်နုပျိုမှုများနဲ့ ကျန်းမာရေးခရီးစဉ်များ

written by Lush Editor September 26, 2020
လတ်ဆတ်နုပျိုမှုများနဲ့ ကျန်းမာရေးခရီးစဉ်များ

ခုချိန်အနားမှာရှိတဲ့ တစ်ယောက်ကို ‌မေးကြည့်လိုက် ဘာလုပ်ချင်လဲလို့။

သူဖြေတဲ့အထဲ ခရီးထွက်ချင်တာပဲ သိတယ်ဆိုတဲ့ အဖြေကို ‌ပေးမှာ ‌သေချာသလောက်ပါပဲ။ တကယ်လည်းခရီးထွက်ရခြင်းရဲ့ အရသာကို နှစ်ခြိုက်မိတာကိုး။ ခရီးတစ်ခုသွားလိုက်ရရင် စိတ်တွေလန်းဆန်းပြီးအလုပ်အတွက် အတွေးသစ်တွေ အားသစ်တွေ ရလာကြတာကို သိကြတဲ့အခါ ကမ္ဘာတဝှမ်းကလူတွေဟာ ခရီးသွားရတဲ့ အရသာကို စွဲလမ်းနှစ်သက်လာကြပါတော့တယ်။

အရင်က ခရီးတစ်ခုကို စိတ်ပြေလက်ပျောက် အပန်းဖြေအဖြစ် သွားကြရာကနေ ‌နောက်ပိုင်းမှာကျန်းမာရေးအစီစဉ်တွေနဲ့ ခရီးတွေကို စီစဉ်လာကြလို့ ကျန်းမာရေးခရီးသွားလုပ်ငန်းတွေ‌ပေါ်လာခဲ့ပါတယ်။ သာမန်ခရီးသွားတာတောင် အကျိုးရှိတဲ့အပေါ် ကျန်းမာရေးအစီစဉ်နဲ့ ခရီးတွေဟာလူသားတွေရဲ့ ကျန်းမာရေးအတွက် ပိုလို့ကောင်းမွန်တဲ့ ခရီးတွေဖြစ်လာပါတော့တယ်။

ပုံမှန်ရှိနေတဲ့ သာယာတဲ့မြို့တွေ နိုင်ငံတွေကို ခရီးသွားလာကြရာကနေ ခွဲထွက်လာကြတဲ့သူတွေဟာ Adventure ခရီးစဉ်တွေကို ကြိုက်နှစ်သစ်လာကြပြန်တယ်။ ဒီလိုခရီးတွေကလည်းစွန့်စားမှုတွေလုပ်ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်နိုင်စွမ်းတွေ တိုးတက်လာသလိုသတိထားတတ်တဲ့ အလေ့အကျင့်ကိုလည်း ‌မွေးမြူပြီးသား ဖြစ်သွားပါတယ်။ အဖွဲ့တွေနဲ့အတူသွားရတဲ့အခါ မတူတဲ့ ဓလေ့စရိုက်တွေကို ‌လေ့လာခွင့်ရသလိုအချင်းချင်းစည်းလုံးမှုတွေရဲ့ အကျိုးခံစားမှုတွေကိုပါ ရတာကြောင့် လူငယ်တွေဟာAdventure ခရီးစဉ်တွေကို ပိုမိုနှစ်ခြိုက်လာကြတာကိုတွေ့ရပါတယ်။

ကျန်းမာရေးခရီးစဉ်တွေကို အမျိုးမျိုး ဝန်ဆောင်မှုတွေနဲ့ လုပ်ဆောင်လာကြတဲ့အတွက် ကိုယ်နှစ်သက်ရာကို ‌ရွေးချယ်ပြီး သွားလို့ရတာကြောင့် ဒီလို ကျန်းမာရေးခရီးတွေကို ပိုပြီးရွေးချယ်လာကြပါတယ်။ ကျန်းမာရေးခရီးစဉ်တွေ အမျိုးမျိုးရှိကြတဲ့အထဲက နှစ်ခြိုက်မှုများတဲ့ ခရီးတွေအကြောင်းကိုပြောပြချင်ပါတယ်။ အဲဒီခရီးတွေထဲက fitness and sport ခရီးစဉ်တွေလို တက်ကြွမှုတွေနဲ့အတူ ခရီးထွက်ရတဲ့အရသာကို ပူးတွဲခံစားရတဲ့ခရီးစဉ်တွေရှိသလို အဲဒီလိုခရီးစဉ်တွေမှာ ကျွမ်းကျင်တဲ့‌ လေ့ကျင့်ရေးခေါင်းဆောင်တွေရဲ့ နည်းပြမှုတွေနဲ့ ကျန်းမာရေးအတွက်အကျိုးရလဒ်အများကြီးရတဲ့ ခရီးတစ်ခုဖြစ်သွားစေပါတယ်။Yoga ခရီးစဉ်တွေဟာလည်း ခုနောက်ပိုင်းမှာ လူငယ်တွေသာမက လူကြီးတွေပါစိတ်ကြိုက်ဖြစ်ပြီး ‌ရွေးချယ်သွားလာနေကြပါပြီ။ လတ်ဆတ်သန့်ရှင်းတဲ့ သဘာဝပတ်ဝန်းကျင်မှာ‌လေ့ကျင့်ခန်းအစီစဉ်တွေအပြင် တရားအားထုတ်တာတွေပါ ပြုလုပ်ကြတာဖြစ်လို့ ခန္ဓာကိုယ်ကျန်းမာရေးအပြင် စိတ်ဖိစီးမှုတွေကိုပါ တစ်ခါတည်းကုသပေးလိုက်သလိုဖြစ်တာမို့အလွန်အကျိုးရှိတဲ့ ခရီးစဉ်တစ်ခုဖြစ်သွားရပါတယ်။

 

Spa ခရီးစဉ်တွေဆိုရင်လည်း အခု အရှေ့တောင်အာရှမှာတောင် ‌ရွေးချယ်မှုများနေတဲ့ခရီးစဉ်တွေဖြစ်လာနေပါပြီ။ တကိုယ်ရည်အလှတရားဖြစ်တဲ့ အသားအရေလှပမှုကိုတပါတည်းထိန်းသိမ်းခွင့်ရတဲ့ ခရီးစဉ်ဖြစ်လို့ အမျိုးသမီးတွေအကြိုက်များမယ် ထင်မိပါတယ်။ ခရီးသွားရာက ပြန်လာရင် အသားအရေကိုပြန်လည်ထိန်းသိမ်းရတဲ့ အခြေအနေကနေလွတ်မြောက်စေတဲ့ ခရီးစဉ်မို့ ကျန်းမာလှပရေးခရီးလို့ ‌ပြောမယ်ဆိုလည်း မမှားပါဘူး။
ဒီခရီးစဉ်မှာဆိုရင် ရပူစမ်းခရီးတွေပါ တွဲပါတတ်တာမျိုးတွေလည်း ရှိပါတယ်။ သဘာဝတရားနဲ့အလှအပကို ထိန်းသိမ်းပေးရာရောက်တဲ့ ခရီးစဉ်တစ်ခုဖြစ်လို့ အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ခရီးစဉ်တစ်ခုဖြစ်မှာ ‌သေချာပါတယ်။ မလှချင်တဲ့ သူလို့ မရှိတဲ့အတွက် ဒီခရီးစဉ်မျိုးက ‌ရေရှည်မှာတိုးတက်လာမယ့် ခရီးစဉ်တစ်ခု ဖြစ်လာမယ်လို့ ထင်မိပါတယ်။

ခရီးသွားနေစဉ်မှာ လတ်ဆတ်တဲ့အစားအသောက်တွေနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကိုကုသပေးသွားတဲ့အစီစဉ်တွေကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။ မြန်မာစကားပုံအရဆိုရင်တော့ အစာလည်းဆေး ၊ ‌ဆေးလည်းအစာ ဆိုသလို လူတစ်ယောက်ရဲ့ကိုယ်ရော စိတ်ပါကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ခရီးစဉ်တလျှောက်စားသောက်စေတာ၊ ခရီးသွားဖော်တွေ အတူတူ ‌ယောဂကျင့်ကြတာမျိုးတွေနဲ့
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ခရီးစဉ်တစ်ခုကို ပုံဖော်လာကြပါတယ်။

ခရီးသွားရတာကို မပျော်တဲ့သူ မရှိသလောက်ပဲမို့ အပျော်ခရီးသက်သက်မဟုတ်ဘဲ မိမိကျန်းမာရေးအတွက်လက်တွေ့ကျကျ အကျိုးရှိတဲ့ ခရီးတွေထွက်ကြရင်း ကမ္ဘာကြီးရဲ့ သဘာဝတွေကိုပိုပြီးချစ်တတ်လာတဲ့စိတ်တွေပိုဝင်လာသလို၊ စိတ်ရောကိုယ်ပါပိုပြီး ကျန်းမာတဲ့ လူသားတွေအဖြစ်ရှင်သန်ကြရမှာ မလွဲပါပဲလေ။

https://lushmagazinemm.com/wp-content/uploads/2020/09/Wellness-of-Tourism-Final-Output.mp4-Google-Drive.mp4
adventure tripLUSH DAILYLUSH Magazine MyanmarLUSH September 2020LUSH TravelWellness Tourism
1
Facebook Twitter Google + Pinterest
Lush Editor

previous post
Alicia Keys ရဲ့ beauty brand အတွက် ၀ယ်ဖို့အဆင့်သင့်ပဲလား?
next post
အာမေးနီးယန်းတွေရှိခဲ့ဖူးတဲ့ ရန်ကုန်

Recommended

Mother of Pearl Furniture can brighten up your...

June 5, 2020

Beret: Fashion Vocabulary

December 26, 2019

Into the Flix

May 31, 2020

January 18 မှာ ဝယ်ယူလို့ရတော့မယ့် Beyoncé ရဲ့ IVY PARK...

January 17, 2020

Jazzing Up the Town

July 28, 2020

Bridal Gowns of Oscar de la Renta

November 9, 2020

ရွှေရတုတိုင် ဆန်းသစ်နေဆဲဖြစ်တဲ့ Tudor

June 25, 2020

How not to be a shallow person

April 4, 2019

မင်္ဂလာဆောင်ဖို့စီစဉ်ထားတဲ့သူတွေ သွားသင့်တဲ့ပွဲတစ်ခု (သို့) Say “Yes” at Chatrium

March 7, 2020

Beauties of Mergui Archipelago

April 20, 2018

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem