LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
AccessoriesCover StoryHEALTH & BEAUTYLUSH DAILY

Top 5 Floral Fragrances For LUSH Brides

written by Thi December 14, 2020
Top 5 Floral Fragrances For LUSH Brides

 

၂၁ ရာစုရဲ့ မော်ဒန်သတို့သမီးလေး တွေအတွက်တော့ ရေမွှေးတွေဟာလဲ မရှိမဖြစ် အရေးပါတဲ့ Wedding Accessory လေးတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်မို့လို့ Wedding ပွဲလေး ကျင်းပတဲ့အချိန်မှာ နှစ်လိုဖွယ်ကောင်းတဲ့ ပန်းရနံ့လေးတွေ ပျံ့လွင့်နေစေဖို့အတွက် အသင့်တော်ဆုံးသော Wedding Fragrance တွေကို Editor’s Pick အနေနဲ့ ရွေးချယ်ဖော်ပြ ပေးလိုက်ပါတယ်။

Flowerbomb Nectar Viktor&Rolf

 

Flowerbomb ဆိုတဲ့ နာမည်နဲ့ လိုက်အောင်ကို ပန်းရနံ့တွေ အပြည့်ထည့်ထားတဲ့ လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲသလို ခံစားရစေမဲ့ Fragrance လေးပါပဲ။

၂၀၁၈ ခုနှစ်မှာ စတင်ဖြန့်ချီခဲ့တဲ့ Oriental Floral အမျိုးအစားဖြစ်ပြီး Top Notes မှာတော့ Gunpowder၊ Cassis နဲ့ Bergamot၊ Middle Notes မှာတော့ Osmanthus၊ Orange Blossom၊ Jasmine Sambac တို့ပါဝင်ပြီး Base Notes တွေအနေနဲ့ Tonka Bean၊ Vanilla၊ Benzoin နဲ့ Patchouli တို့ ပါဝင်ပါတယ်။

ရေမွှေးကို စတင်ဆွတ်လိုက်တဲ့အချိန်မှာတော့ Gunpowder လိုမျိုး Metalic note နဲ့ လန်းဆန်းသွားစေပြီးတဲ့နောက်မှာ Floral ingredients တွေရဲ့ ပန်းနံ့တွေကို ခံစားရစေပြီး Vanilla ရနံ့နဲ့ Dry Down ဖြစ်သွားတဲ့အတွက် Dramatic Wedding Gown လေးတွေကို ရွေးချယ်ဝတ်ဆင်မဲ့ သတို့သမီးလောင်းလေးတွေ သဘောကျစေမဲ့ Fragrance လေးပဲ ဖြစ်ပါတယ်။

Coco Mademoiselle Chanel

 

Chanel Brand ရဲ့ Legacy အတိုင်း Classic Fragrance ကိုမှ Woody နဲ့ Floral ကို စွဲမက်ဖွယ်ကောင်းလောက်အောင် ဖန်တီးထားတဲ့ Fragrance ပဲ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်ကတည်းက စတင်ဖြန့်ချီခဲ့တာဖြစ်ပေမဲ့ ထူးခြားတဲ့ ရနံ့ကြောင့် ယနေ့တိုင် Edition ပေါင်းများစွာ ထုတ်လုပ်နေရဆဲပဲဖြစ်ပါတယ်။ Top Notes အနေနဲ့ Orange၊ Mandrain Orange၊ Orange Blossom နဲ့ Bergamot လို Citrus ဖြစ်တဲ့အနံ့တွေပါဝင်ပြီး Middle Notes မှာတော့ Turkish Rose၊ Jasmine၊ Mimosa နဲ့ Ylang Ylang တို့လို့ ပန်းရနံ့တွေနဲ့ Base Notes မှာတော့ Patchouli၊ White Musk၊ Vanilla၊ Vetiver၊ Tonka Bean နဲ့ Opoponax တို့လို Oriental Notes တွေနဲ့ အဆုံးသတ်ထားပါတယ်။

Citrus ရဲ့ ကြည်လင်လန်းဆန်းတဲ့ ရနံ့နဲ့ Fragrance ကို စတင်ဖွင့်ထားပြီးမှ Romantic Floral ရနံ့ကိုခံစားရစေတဲ့အတွက်ကြောင့် Classic and Modern Bride တွေ နှစ်သက်သဘောကျစေမှာ အမှန်ပါပဲ။

Idole Lancome

 

မနှစ်ကမှ ပူပူနွေးနွေးထွက်ရှိထားပြီး ထူးခြားတဲ့ Packaging Design နဲ့ စွဲမက်ဖွယ်ရာ Floral Musky ရနံ့ကြောင့် ရေမွှေးချစ်သူတွေကြားမှာ နာမည်ကြီးနေတဲ့ Lancome ရဲ့ New Fragrance ပဲ ဖြစ်ပါတယ်။

အမြဲတမ်း Oriental Classic Vibe ကိုပေးတဲ့ ရေမွှေးတွေကို ဦးစားပေးထုတ်လုပ်တတ်တဲ့ Lancome ကတော့ Idole ကိုထုတ်လုပ်ချိန်မှာတော့ New Style ကို စတင်ပြောင်းလဲခဲ့ပါတယ်။ Pear နဲ့ Bergamot တို့က Top Notes၊ Turkish Rose၊ Rose de Mai နဲ့ Indian Jasmine တို့က Middle Notes၊ White Musk နဲ့ Vanilla တို့က Base Notes အနေနဲ့ ပါဝင်ပါတယ်။

Pear ရဲ့ Fruity နဲ့ Bergamot ရဲ့ Citrus လို ဆန့်ကျင်ဘက်နှစ်ခုပေါင်းထားတဲ့ Scent နဲ့ စတင်ဖွင့်ထားပြီးမှ တဖြည်းဖြည်းချင်း Rose နဲ့ Jasmin ရဲ့ ချိုအီတဲ့ ပန်းရနံ့ကို ခံစားရစေမှာဖြစ်ပါတယ်။ Musky နံ့နဲ့ အဆုံးသတ်ထားတဲ့ Floral Musky Fragrance ဖြစ်တဲ့အတွက် Lavish Vibe ကိုရော Classic Vibe ကိုပါ နှစ်သက်တဲ့ သတို့သမီးလောင်းလေးတွေ အကြိုက်တွေ့စေမဲ့ ရနံ့လေးပါ။

Miss Dior Blooming Bouquet

 

2014 ကတည်းက စတင်ဖြန့်ချီခဲ့တဲ့ Blooming Bouquet Fragrance ကတော့ သတို့သမီးတွေနဲ့ အလိုက်ဖက်ဆုံးရေမွှေးတွေထဲက တစ်ခုဖြစ်တယ်လို့ ပြောရင် ငြင်းနိုင်မယ်မထင်ပါဘူး။

နာမည်နဲ့လိုက်အောင် ပန်းရနံ့တွေသင်းပျံ့နေတဲ့ ပန်းစည်းကြီးကို ကိုင်ထားရသလို မွှေးရနံ့တွေရနေစေမဲ့ ဒီ Fragrance ရဲ့ Top Note ကတော့ Sicillian Mandarin ဖြစ်ပြီး Pink Peony၊ Damask Rose၊ Apricot နဲ့ Peach တို့လို Middle Notes တွေနဲ့ White Musk လို Base Note က အဓိကပါဝင်ပါတယ်။

Sicilian Mandarin ရဲ့ Essence ပါဝင်ကာ Peony ပန်းနံ့နဲ့ စတင်ဖွင့်လှစ်ထားတာကြောင့် Elegant vibe ကို စတင်ခံစားရစေမဲ့ ဒီ Fragrance လေးဟာ ဆွတ်လိုက်ပြီး အချိန်အနည်းငယ်ကြာလာတာနဲ့အမျှ နှင်းဆီနဲ့ အခြားအသီးရနံ့တွေ ရောနှောထားတဲ့ ချိုမြိန်တဲ့ရနံ့မျိုးကို နှစ်လိုဖွယ်ကောင်းစွာ ပိုင်ဆိုင်ထားနိုင်မှာပဲဖြစ်ပါတယ်။ Elegant & Romantic ဖြစ်ချင်တဲ့ Bride လေးတွေအတွက်တော့ Highly Recommend Item လေးတစ်ခုပါပဲ။

Love Story Chloe

 

Chloe ရဲ့ Love Story ကတော့ ချိုမြိန်ကြည်လင်တဲ့ ပန်းရနံ့တွေ ရရှိခံစားစေမဲ့ Floral-fruity Fragrance လေးတစ်ခုပဲဖြစ်ပါတယ်။

၂၀၁၄ မှာပဲ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ယနေ့တိုင်း အမျိုးသမီးများ အသည်းစွဲ Romantic Fragrance တစ်ခုအနေနဲ့လဲ နာမည်ကြီးပါသေးတယ်။ Top Notes မှာတော့ Neroli၊ Pear၊ Bergamot၊ Grapefruit၊ Lemon တို့ပါဝင်ကာ Orange Blossom၊ Stephanotis၊ Rose၊ Peach၊ Black Currant စတဲ့ Middle Notes တွေနဲ့အတူ Musk၊ Cedar၊ Cashmirwood နဲ့ Patchouli စတဲ့ Base Notes တွေနဲ့ ဖွဲ့စည်းထားပါတယ်။

Clean and fresh ဖြစ်တဲ့ Neroli၊ Orange Blossom နဲ့ Madagascar ရဲ့ Jasmin တို့ ပါဝင်ဖွဲ့စည်းထားတာပြီး ကျကျနန blend လုပ်ထားတာကြောင့် အေးဆေးတည်ငြိမ်တဲ့ Sophisticated Bride လေးတွေရဲ့ Signature Scent ဖြစ်နေရတာပါပဲ။

Editor’s pick အဖြစ် ဖော်ပြပေးခဲ့တဲ့ Floral Fragrance တွေကို LUSH ပရိတ်သတ်ကြီးများ သဘောကျမယ်လို့ထင်ပါတယ်။

နောက်ထပ်တင်ဆက်ပေးသွားမဲ့ Fashion and Styling Tips လေးတွေကိုလဲ စောင့်မျှော်ဖတ်ရှုပေးကြပါဦး။

LUSH X Thi’s Fashion Alliances Collaboration

Reference:

https://www.fragrantica.com/

ChanelChloeDIORFragranceLancomeLUSH December 2020LUSH Magazine MyanmarThi's Fashion AlliancesViktor&RolfWedding Fair
0
Facebook Twitter Google + Pinterest
Thi

previous post
Classic Glamour: To Never Go out of Style
next post
ကိုရီးယား မင်းသမီး Bae Suzy ရဲ့ အလှဆုံး Red Carpet ဝတ်စုံများ

Recommended

မင်္ဂလာဆောင်ဖို့စီစဉ်ထားတဲ့သူတွေ သွားသင့်တဲ့ပွဲတစ်ခု (သို့) Say “Yes” at Chatrium

March 7, 2020

LUSH INSTYLE | JANUARY 2019

January 15, 2019

Victoria’s Secret ရဲ့ Angel အသစ် ဖြစ်လာတဲ့ Leomie Anderson

April 5, 2019

Worst Habits for Belly Fat and How to...

June 10, 2019

Giorgio Armani brand ရဲ့ ပထမဆုံးသော global beauty ambassador...

May 30, 2018

အခုချိန်ထိ လူကြိုက်အများဆုံး Vanilla အနံ့ ရေမွှေးများ

August 18, 2023

How to be efficient at workplace

March 21, 2019

Crystal-covered wings

November 10, 2018

Keep You on Track For Better Health All...

January 22, 2019

ရန်ကုန်မြို့က စကော့တလန်ဒီဇိုင်းနဲ့ အဆောက်အအုံများ

June 26, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem