LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYLUSH DAILY

Korean Celebrities တွေဆီကနေ နမူနာယူစရာ အသားအရေ ထိန်းသိမ်းနည်းများ

written by SuYiHtet March 29, 2019
Korean Celebrities တွေဆီကနေ နမူနာယူစရာ အသားအရေ ထိန်းသိမ်းနည်းများ

အခုနောက်ပိုင်းဆိုရင် မိန်းကလေး တော်တော်များများက အသားအရေ ထိန်းသိမ်းနည်းတွေ တော်တော်များများကို စိတ်ဝင်တစားရှိလာပြီဖြစ်သလို သူတို့ကိုယ်တိုင်လည်း စနစ်တကျ လိုက်လုပ်ကြည့်လာတာ တွေ့ရမှာပါ။ အသားအရေ ထိန်းသိမ်းနည်းတွေနဲ့ ပတ်သက်လို့ အာရှက ကောင်မလေးတွေ လိုက်လေ့လာ အတုယူကြတာကတော့ ကိုရီးယားငွေကြယ်ပွင့်တွေပေါ့။ အသားအရေ ထိန်းသိမ်းနည်းနဲ့ ပတ်သက်လို့ရှိရင် သူတို့ရဲ့ ပုံစံလေးတွေက လိုက် နမူနာယူချင်စရာဖြစ်တဲ့အတွက် မိန်းကလေး အများစုက K-Cele တွေရဲ့ Skincare Step တွေကို လိုက်ပြီး လုပ်လေ့ရှိကြပါတယ်။ ဒီအတွက်ကြောင့် Skincare လုပ်ရတာကို နှစ်သက်သူတွေအတွက် နာမည်ကျော် K-Cele တွေရဲ့ Skincare လျှို့ဝှက်ချက်တွေကို ပြောပြပေးလိုက်ပါတယ်နော်။
Song Hye Kyo

အခုချိန်ထိ အရွယ်တင် နုပျိုလှပနေဆဲဖြစ်တဲ့ Song Hye Kyo ရဲ့ အသားအရေ ထိန်းသိမ်းနည်း လျှို့ဝှက်ချက်ကတော့ DIY Mask လေးတွေပါ။ သူမအနှစ်သက်ဆုံး Recipe ကတော့ ကြက်ဥအကာကို ပျားရည်စစ်စစ်နဲ့ ရောစပ်ထားတဲ့ Mask ဖြစ်ပါတယ်။ ဒီ Mask ကို Song Hye Kyo က သူမရဲ့ မျက်နှာပေါ်မှာ လုံးဝ ခြောက်သွားလုနီးပါး ထားပြီး ရေနွေးနွေးလေးနဲ့ ပြန်မျက်နှာသစ်လေ့ရှိပါတယ်။ ပျားရည်ဟာ ဘက်တီးရီးယားတွေကို သက်သာလျော့ပါးစေသလို မျက်နှာကို အစိုဓာတ်ရစေပြီး အသက်အရွယ်ကြောင့် အရေးအကြောင်းထင်တာတွေကို သက်သာစေပါတယ်။ ကြက်ဥအကာကတော့ အသားအရေကို တင်းရင်းစေပြီး ချွေးပေါက်တွေကို ကျဉ်းစေတာပါ။

Ha Ji Won

Ha Ji Won ဟာ ထိပ်တန်းနာမည်ကျော် မင်းသမီးတစ်လက်ဖြစ်သလို သူမရဲ့ အသက်ကလည်း မငယ်တော့ပါဘူး။ ဒါပေမယ့် သူမကို ကြည့်ရင်ဆယ်ကျော်သက်လေးတစ်ယောက်လိုကို နုပျိုလှပနေတာတွေ့ရမှာပါ။ လျှိ့ဝှက်ချက်က ဘာလဲဆိုရင် Ha Ji Won ဟာ အသားအရေအတွက် အစိုဓာတ်ကို ဦးစားပေးတာဖြစ်ပြီးတော့ သူမကိုယ်တိုင်ရဲ့ Skincare Tips တွေကို သေချာ ဂရုစိုက်တယ်လို့ ဆိုပါတယ်။ Ha Ji Won ဟာ သူမမျက်နှာကို ၃ စက္ကန့်ထက် ပိုပြီး အခြောက်မထားသလို မျက်နှာသစ်ပြီးပြီဆိုတာနဲ့ မျက်နှာကို Jelly Pack ကပ်ထားလေ့ရှိပါတယ်။ ဒါ့အပြင် သူမရဲ့ အိတ်ထဲမှာ Facial Mist တစ်ခု အမြဲဆောင်ထားတယ်လို့ ဆိုပါတယ်။

Song Joong Ki

“The Descendants of the Sun” ရဲ့ မင်းသားဖြစ်တဲ့ Song Joong Ki ကို ကြည့်လိုက်ရင် အသားအရေက အမြဲ နုဖပ်နေတာကို တွေ့ရမှာပါ။ အဲဒီလို ဖြစ်နေရတဲ့ လျှို့ဝှက်ချက်က Song Joong Ki  က ညအိပ်ခါနီးတိုင်း နွားနို့နဲ့ မျက်နှာသစ်လို့ ဖြစ်ပါတယ်။ ဒီနည်းက ကြားရတာ နည်းနည်းတော့ ထူးဆန်းနေပေမယ့် နွားနို့ရဲ့ အစွမ်းက တကယ်ကို ထက်ပါတယ်။ အသားဖြူဖွေးအောင် နွားနို့နဲ့ ရေချိုးတာတို့ ဘာတို့တောင်ရှိတယ် မဟုတ်လား။ Dermatologist တွေကတော့ နွားနို့ဟာ မျက်နှာမှာ ရှိနေတဲ့ အဆီပိုတွေနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပြီး ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နေလောင်တာတွေ၊ အသားအရေ မညီညာတွေအတွက် ကောင်းမွန်ပြီး နွားနို့အစိမ်း ဒါမှမဟုတ်ရင် ပေါင်းသတ်ထားတဲ့ နွားနို့ကို သုံးတာ သင့်တော်ပါတယ်တဲ့။

Suzy

အဆိုတော်၊မင်းသမီးလေး Suzy ကတော့ 424 Method ကို သုံးတယ်လို့ဆိုပါတယ်။ 424 Method က ဘာလဲဆိုရင် စစချင်း လေးမိနစ်မှာ မျက်နှာကို Cleansing Oil နဲ့ သေချာ အချိန်ပေး ဖျက်ရတာပါ။ ပြီးရင် နောက်နှစ်မိနစ်မှာ အမြှပ်ထတဲ့ Foaming Cleanser နဲ့ မျက်မှာကို သေချာလိမ်း၊နောက်ဆုံးကျန်တဲ့ လေးမိနစ်ကို ရေနဲ့ ပြောင်စင်အောင် သန့်စင်ရတာပါ။ ဒီနည်းကို “Double Cleansing” လို့လည်း ခေါ်ပြီး မျက်နှာမှာ ကပ်ငြိကျန်နေတဲ့ အဆီတွေ၊ ဖုန်မှုန့်တွေနဲ့ မိတ်ကပ်တွေကို လုံးဝပြောင်စင်စေတယ်လို့ဆိုပါတယ်။ဒါ့အပြင် ချောမွေ့တဲ့အသားအရေတွေကို ရရှိစေသလို ၀က်ခြံတွေဖြစ်တာကိုလည်း လျော့ပါးစေပါတယ်။

Krystal Jung

ကိုရီးယားငွေကြယ်ပွင့် နတ်သမီးတစ်ပါးဖြစ်တဲ့ Krystal ရဲ့ အသားအရေ ထိန်းသိမ်းနည်းကတော့ အိပ်ယာမ၀င်ခင် မိတ်ကပ်တွေ အကုန်ပြောင်စင်အောင် ဖျက်လိုက်တာပါ။ သူမအနေနဲ့ အိပ်ယာမ၀င်ခင် မိတ်ကပ်တွေ ပြောင်စင်အောင် ဖျက်ပြီး အသားအရေကို အစိုဓာတ်ရစေမယ့် Cream တစ်ုခုကို လိမ်းပေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူမက အသားအရေအတွက် ရေများများ သောက်ပေးပါတယ်တဲ့။

Pony

နာမည်ကျော်အလှအပ ထိပ်တန်းဂုရုဖြစ်တဲ့ Blogger “Pony”ကတော့ သူမရဲ့ မျက်နှာကို သန့်စင်တဲ့အခါမှာ Green Tea ကို သုံးတယ်လို့ဆိုပါတယ်။ Pony က မျက်နှာ မသစ်ခင်ရေနွေးနွေးလေးထဲမှာ Green Tea  အထုပ်လေးတွေ စိမ်ပြီးမှ အဲ့ဒီရေနဲ့ မျက်နှာသစ်တာပါ။ ဒီလို ဘာကြောင့်လုပ်ရသလဲဆိုရင် Green Tea က အသားအရေနီရဲရောင်ယမ်းတာတွေသက်သာစေတဲ့အတွက် ဖြစ်ပြီးတော့ Pony က ဒီနည်းကို တစ်ပတ်မှာ နှစ်ခါ သုံးပါတယ်။

Hyelin

EXID အဖွဲ့က Hyelin ကတော့ သူမရဲ့ Skincare Routine နဲ့ ပတ်သက်ရင် ပစ္စည်းတစ်မျိုးပဲ သုံးပါတယ်တဲ့။ အဲဒါကတော့ “Vaseline” ပါ။ Hyelin ပြောတာကတော့ သူမအတွက် Vaseline က Cystic Acne တွေကို သက်သာစေတဲ့အတွက် တစ်ခုတည်းကို သီးသန့်သုံးတယ်လို့ဆိုပါတယ်။

Ref: Allure

Editor:Su Yi Htet

LUSH beautyLUSH DAILYLUSH March 2019
1
Facebook Twitter Google + Pinterest
SuYiHtet

previous post
Limited Edition Branded Bags
next post
Let’s celebrate Myanmar New Year with PENSHOPPE Thingyan Fashion!

Recommended

L’Oréal Paris ရဲ့ Skin Care Products တွေအကြောင်း တစေ့တစောင်း

January 9, 2019

Gel Manicure တွေကို အိမ်မှာပဲ ဖျက်ကြရအောင်

July 29, 2023

သင်္ကြန်အတွက် ရိုးမသွားနိုင်တဲ့ ကျစ်ဆံမြီးဆံပင်စတိုင်လ်များ

April 4, 2019

Seoul Fashion Week Fall 2019 က အမိုက်စားဖက်ရှင်ပုံရိပ်များ

March 21, 2019

ဒီလထဲမှာ မြင်တွေ့ရတော့မယ့် Kim Kardashian နဲ့ Kylie Jenner တို့ရဲ့...

November 19, 2018

အခုချိန်ထိ လူကြိုက်အများဆုံး Vanilla အနံ့ ရေမွှေးများ

August 18, 2023

Meal Kits: Healthy ingredients right at your door

June 9, 2020

၆၁ နှစ်ပြည့် သွားပြီဖြစ်တဲ့ Pop ဘုရင်မ Madonna

August 19, 2019

10 Things You Should Know When You Are...

June 19, 2019

LUSH Beauty Program – Less is more EP4...

March 20, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem