LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
EATLIVINGTRAVEL

ကော်ဖီချစ်သူတိုင်းအတွက် ဟိုချီမင်းမြို့က Cafe Apartment

written by Lush Editor January 19, 2024
ကော်ဖီချစ်သူတိုင်းအတွက် ဟိုချီမင်းမြို့က Cafe Apartment

ဗီယက်နမ်နိုင်ငံ ဆိုသည်မှာ ကော်ဖီအမျိုးမျိုးနှင့် အာရှတစ်ခွင်မှာ နာမည်ကြီးတဲ့ နိုင်ငံတစ်ခုပဲ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ ဘယ်မြို့ကိုဖြစ်ဖြစ် ရောက်တဲ့အခါ ကျွန်တော်ကတော့ ကော်ဖီဆိုင်လေးတွေ ထိုင်ကြည့်ဖို့ အကြံပေးချင်တယ်။ ကော်ဖီဆိုင်ဆိုတာလည်း သူတို့ဆီမှာ လမ်းဘေးဆိုင်ကအစ ကြီးကျယ်ခမ်းနားတဲ့ ကော်ဖီဆိုင်ကြီးတွေအထိ အစားစား ရှိတယ်။

ကျွန်တော် ဗီယက်နမ်ရောက်ပြီဆို Cafe Hopping လုပ်ဖို့ အတွက်ကို သီးသန့် တစ်ရက် အချိန်ပေးလေ့ ရှိတယ်။ ကျွန်တော် လွန်ခဲ့တဲ့ လေးနှစ်ကျော်လောက်က ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ကို ရောက်တော့ ကျွန်တော် အရမ်း သွားလေ့လာချင်တဲ့ နေရာလေး တစ်ခုမှာ Cafe Hopping လုပ်ဖြစ်ခဲ့တယ်။ အဲဒီနေရာလေးကတော့ Cafe Apartment ပါတဲ့။

သူက တကယ်တော့ ဟိုချီမင်းမြို့ရဲ့ မြို့လယ်ခေါင်က အထပ် (၉) ထပ် ရှိတဲ့ အဆောက်အအုံဟောင်းကြီးတစ်ခု ဖြစ်ပြီးတော့ ထူးခြားတာက ဒီအဆောက်အအုံဟောင်းကြီးတစ်ခုလုံးက ကော်ဖီဆိုင်တွေချည်းပဲ သီးသန့်ဖွင့်ထားတာပါ။ ဒီလို နေရာတစ်နေရာတည်းမှာ စီးပွါးတူတွေချည်း စုနေတယ် ဆိုတော့ ကိုယ့်အတွက်တော့ တော်တော်လေး ထူးဆန်းတယ်။

အရင်က ဒီအဆောက်အအုံဟောင်းကြီးက အစိုးရဝန်ထမ်းတွေနေတဲ့ အဆောက်အအုံကြီးလို့ ပြောပါတယ်။ အခုကျတော့ လူနေအိမ်တွေကနေ ကော်ဖီဆိုင်ပေါင်း (၃၀) ကျော်အဖြစ် ပြောင်းပြီး စည်ကားလျက်ရှိပါတယ်။ ဒီအဆာက်အအုံကြီးထဲမှာ အများစုက ကော်ဖီဆိုင်ဖြစ်ပေမယ့် တစ်ခြားဆိုင်တွေ၊ co-working space တွေပါ တွေ့ခဲ့ရပါတယ်။

ကျွန်တော်ဆို အဲထဲမှာ ဆိုင်တွေပတ်ထိုင်ရင်းနှင့်တင် တစ်နေကုန်သွားတယ်။ ဘယ်ဆိုင်ထိုင်မလဲ လိုက်ရှာရတာကတော့ အချိန်တစ်ဝက်လောက် ပိုကုန်တာပေါ့နော်။ ဟိုချီမင်းမြို့ရဲ့ old vibes ကို ဒီဘက်ခေတ်လူငယ်တွေရဲ့ cafe culture နှင့် ရောထားတော့ ကျွန်တော်တို့လို ခရီးသွားတွေအတွက်ကတော့ Hip Spot ပဲ။ ကျွန်တော်ကတော့ အဲနေ့တုန်းက ဆိုင်နှစ်ဆိုင် ထိုင်ဖြစ်ခဲ့တယ်။ ပထမဆိုင်မှာက ဗိုက်ဆာလို့ ဗိုက်ဝမယ် ထင်တဲ့အစားအစာ စားတယ်။ ဂဏန်းနှင့် လုပ်ထားတဲ့ Pho လို့ ပြောတာပါပဲ။ ကျွန်တော်ကတော့ သိပ်မကြိုက် …

 

 

ဒုတိယဆိုင်ရောက်တော့ အုန်းသီးကော်ဖီရယ်၊ ကြက်ဥကော်ဖီရယ်ကို ဇိမ်လေးနှင့် သောက်တယ်။ နောက်တစ်ခါ ရောက်ရင်တော့ ဝရံတာပါတဲ့ ဆိုင်လေး ရွေးထိုင်ပြီး လမ်းမကြီးပေါ် ငေးရင် chill မယ်လို့ စိတ်ကူးထားမိတယ်။ ဒါနှင့် အဲဒီ Apartment ကြီးရဲ့ လိပ်စာကတော့ .. 42 Nguyen Hue Street ဆိုတဲ့ ဟိုချီမင်းမြို့ရဲ့ နာမည်ကြီး walking street ကြီးကို မျက်နှာမူထားတာမို့ အဲလမ်းကိုသာ ရောက်အောင်သွားလိုက် . Cafe Apartment ကြီးကို ဟီးနေအောင် တွေ့ရလိမ့်မယ်။

ကဲ … ဒါဆို ခရီးတွေထွက်လို့ ဟိုချီမင်းမြို့ကို ရောက်လို့ရှိရင် Cafe Apartment မှာ ဗီယက်နမ်ကော်ဖီလေး သွားရောက်မြည်းစမ်းရင်း ကော်ဖီဆိုင်လှလှလေးတွေကို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် Cafe Hopping လုပ်ကြဖို့ မမေ့နှင့်နော်။ စာဖတ်သူများအားလုံး ပျော်ရွှင်တဲ့ခရီးတွေ ပိုင်ဆိုင်နိုင်ပါစေ။

FoodLUSH TravelVietnam
1
Facebook Twitter Google + Pinterest
Lush Editor

previous post
2024 မှာခေတ်စားလာမယ့် Beauty Trend များ
next post
Golden Globes 2024 ပွဲမှာ တွေ့ခဲ့ရတဲ့ အထင်ရှားဆုံး Jewelry များ

Recommended

Coolest Places For New Year Eve

December 23, 2019

ပဟေဠိဆန်တဲ့ ယုံကြည်ကိုးကွယ်မှုတွေနှင့် ဂျော့ဂျာကာတာမြို့

December 15, 2023

Meal Kits: Healthy ingredients right at your door

June 9, 2020

Merguri or An Untouched Paradise

November 29, 2019

Bridge hotel opens in South Africa

July 14, 2020

Bacalar – Maldives of Mexico

March 11, 2019

ရုံးပိတ်ရက်တွေမှာ လောလောလတ်လတ် UNESCO အမွေအနှစ်စာရင်းဝင်ထားတဲ့ “ပုဂံ” သွားကြမယ်

July 15, 2019

Stress-busting foods

May 25, 2019

မိုးရာသီခံစားမှုနဲ့ကမ်းခြေကို ခရီးဆန့်မလား

July 2, 2019

ဘန်ကောက်မြို့နားက ချစ်စရာကမ်းခြေမြို့လေး ဟွာအင်း

December 8, 2023

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem