LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LIVINGTRAVEL

Myanmar”s Most Beautiful Boutique Hotels

written by Thi October 14, 2026
Myanmar”s Most Beautiful Boutique Hotels

မြန်မာနိုင်ငံဟာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ၊ ဗိသုကာလက်ရာတွေနဲ့ သဘာဝ ပင်လယ်ကမ်းခြေတွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်လျက်ရှိပါတယ်။
ထူးခြားဆန်းသစ်ပြီး အမှတ်တရဖြစ်စေမယ့် ခရီးစဥ်ကို ရှာဖွေနေသူများအတွက် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဟိုတယ် တွေထဲကမှ အကောင်းဆုံး (၁၀) ခုကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

၁။ The Strand Hotel (ရန်ကုန်မြို့)

ရန်ကုန်မြစ်ကမ်းဘေး အမှတ် (၉၂)၊ ကမ်းနားလမ်းမှာ ဆောက်လုပ်ထားတဲ့ The Strand Hotel က ၁၉၀၁ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တဲ့ ကမ္ဘာကျော် သမိုင်းဝင် အဆောက်အအုံကြီးတစ်ခုဖြစ်ပါတယ်။ နာမည်ကြီး Sarkies တည်ထောင်ခဲ့တဲ့ ဒီဟိုတယ်ဟာ ကိုလိုနီခေတ် ဗိသုကာလက်ရာတွေ၊ကျွန်းသစ်တွေနဲ့ ထည်ဝါစွာ မွမ်းမံတည်ဆောက်ထားတာဘဲဖြစ်ပါတယ်။ အခန်းတိုင်းကို All-Suite အဆင့်မြင့်ခန်းတွေအဖြစ် ပြင်ဆင်ထားပြီးတော့ ၂၄ နာရီပတ်လုံး ကိုယ်ပိုင်Private Butler ဝန်ဆောင်မှုဖြင့် ကမ္ဘာ့အဆင့်မီ ဧည့်ဝတ်ပြုမှုကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့ နေရာတစ်ခုလဲဖြစ်ပါတယ်။

၂။ Bagan Thande Hotel (ပုဂံမြို့ )

ကန်တော့ပလ္လင် (Gawdawpalin) ဘုရားအနီး ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိနေပြီး Bagan Thande Hotel က သဘာဝအလှတရားတွေ ပေါင်းစပ်နေတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒီဟိုတယ်မှာ ၁၉၂၂ ခုနှစ်က အင်္ဂလန်အိမ်ရှေ့မင်းသား (Prince of Wales) လာတုန်းက တည်းခိုခဲ့တဲ့ တော်ဝင်ကျွန်းသစ်အဆောက်အအုံ ရှိနေဆဲဖြစ်ပါတယ်။ ဟိုတယ်ရဲ့ခရီးသွားဧည့်သည်တွေသဘောအကျဆုံးအချက်ကတော့ ဧရာဝတီမြစ်ပြင်ကျယ်ကြီးအပေါ် ဖြာကျလာတဲ့ လှပသောနေဝင်ချိန်ရှုခင်းကို တိုက်ရိုက်ကြည့်ရှုနိုင်ပြီး သက်တမ်းရင့် အပင်ကြီးတွေရဲ့ အရိပ်အောက်မှာ လေညင်းခံရင်း ညစာသုံးဆောင်နိုင်တဲ့ အတွေ့အကြုံတွေဘဲဖြစ်ပါတယ်။

၃။ Aureum Palace Hotel & Resort (အင်းလေးကန်)

ရှမ်းပြည်နယ်၊ မိုင်းသောက်ရွာအနီးမှာရှိတဲ့ Aureum Palace Inle က အင်းလေးကန်ရဲ့ ရေပြင်ပေါ်မှာတိုက်ရိုက်ဆောက်လုပ်ထားတဲ့ အဆင့်မြင့် ရေပေါ်ဗီလာ (Water Villas) ဖြစ်ပါတယ်။ ကျယ်ဝန်းလှပတဲ့ ကျွန်းသစ်ဗီလာတွေ၊ ကိုယ်ပိုင်လသာဆောင်တွေနဲ့ အခန်းတွင်း (Jacuzzi) များ ပါဝင်တဲ့အတွက်ကြောင့် သီးသန့်အနားယူလိုသူများအတွက် အထူးသင့်လျော်ပါတယ်။ အခန်းထဲမှာပြီး အင်းလေးကန်နဲ့ ရှမ်းရိုးမတောင်တန်းကြီးရဲ့ ရှုခင်းကို မြင်တွေ့နိုင်ပြီးတော့ နံနက်ခင်းမှာ အင်းသားတို့ရဲ့ ခြေတစ်ဖက်လှေလှော်ခတ်တာတွေ၊ ရေပေါ်စိုက်ခင်းတွေကို အနီးကပ် လေ့လာနိုင်ပါတယ်။

၄။ Candacraig Hotel / Thiri Myaing Hotel (ပြင်ဦးလွင်မြို့)

အနော်ရထာလမ်းမှာ ဖွင့်လှစ်ထားတဲ့ သီရိမြိုင်ဟိုတယ် (Candacraig) သည် ၁၉၀၁ ခုနှစ်ဝန်းကျင်က Bombay-Burma Trading Corporation ရဲ့ဌာနချုပ်ဟောင်းအဖြစ် ဆောက်လုပ်ခဲ့တဲ့ ဗြိတိသျှခေတ် အဆောက်အအုံကြီးဖြစ်ပါတယ်။ Scottish Castle Architecture style ဆောက်လုပ်ထားပြီး နာမည်ကြီးစာရေးဆရာ Paul Theroux ရဲ့ စာအုပ်တွေမှာ Tripadvisor Review Insights အရ မှတ်တမ်းတင်ခံခဲ့ရပါတယ်။ မြူနှင်းဝေနေတဲ့ တောင်ပေါ်လေညင်းနဲ့အတူ လှလှပပ စိုက်ပျိုးထားတဲ့ နှင်းဆီဥယျာဉ်ကြီးက လာရောက်တည်ခိုတဲ့ ဧည့်သည်တွေကို ဥရောပမှာရှိတဲ့ ရဲတိုက်တစ်ခုထဲ ရောက်သွားသလိုခံစားရစေပါတယ်။

၅။ Wa Ale Island Resort (မြိတ်ကျွန်းစု)


မြန်မာနိုင်ငံတောင်ပိုင်း မြိတ်ကျွန်းစုအတွင်းမှာရှိတဲ့ အမျိုးသားဥယျာဉ်ထဲမှာ တည်ဆောက်ထားတာကတော့ Wa Ale Resortပါ။ ဒီ Resort ဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ အဆင့်မြင့် အပန်းဖြေစခန်းတစ်ခုဖြစ်ပါတယ်။ ကမ်းခြေနဲ့ သစ်ပင်ကြီးတွေအပေါ်မှာ ဆောက်လုပ်ထားတဲ့ Luxury တဲအိမ်ဗီလာ (Tented Villas) တွေနဲ့ သစ်ပင်အိမ် (Tree Houses) တွေနဲ့ ဖွဲ့စည်းထားတာပါ။ သဲသောင်ပြင်၊ သန္တာကျောက်တန်းတွေ၊ လိပ်ထိန်းသိမ်းရေးစခန်းတွေနဲ့ လတ်ဆတ်တဲ့အော်ဂဲနစ်အစားအစာများကြောင့် ကမ္ဘာ့အလှဆုံး hotel ကျွန်းတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

၆။ Keinnara Hpa-An (ဘားအံမြို့)

Myanmar”s Most Beautiful Boutique Hotels

ကရင်ပြည်နယ် အထင်ကရ ဇွဲကပင်တောင်တန်းကြီးရဲ့အောက်ခြေမှာ ဆိတ်ငြိမ်စွာ ဆောက်လုပ်ထားတဲ့ Keinnara Hpa-An ကတော့ တောတောင်သဘာဝကို အပြည့်အဝ ခံစားလိုသူများအတွက် အကောင်းဆုံးနေ ရာတစ်ခု ဖြစ်ပါတယ်။ ဒေသထွက် ကျောက်တုံးများနနဲ့ သဘာဝပစ္စည်းများကို အသုံးပြုပြီး ကရင်ရိုးရာ ဒီဇိုင်းအငွေ့အသက်နဲ့ အဆောက်အအုံးများကို အလှဆင်ထားတာကိုလည်းတွေ့ရပါတယ်။ မနက်ခင်းမှာကရင်ပြည်နယ်ရဲ့ တောင်ကုန်းကြီးတွေ၊ စိမ်းလန်းစိုပြေတဲ့ လယ်ကွင်းပြင်ကျယ်ကြီးများကို အခန်းတွင်းကနေပြီး တိုက်ရိုက်အပန်းဖြေနိုင်ပါတယ်။

 

၇။ Sandoway Resort (ငပလီကမ်းခြေ)

ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေမှာ တည်ရှိသတဲ့ Sandoway Resort ဟာဆိုရင် မြန်မာ့ရိုးရာလက်မှုဒီဇိုင်းကို ခေတ်မီဇိမ်ခံစနစ်နဲ့ ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဝါးရက်လက်ရာတွေ၊ ကျွန်းသစ်ထည်တွေနဲ့ကမ်းခြေကျောက်တုံးတွေနဲ့ အနုပညာမြောက်အောင် ဆောက်လုပ်ထားပြီးတော့ Resort အတွင်းမှာလည်း ကိုယ်ပိုင်ရုပ်ရှင်ရုံတစ်ခု ထည့်ပေးထားတာကြောင့်ဧည့်သည်တွေအနေနဲ့ အပန်းဖြေအနားယူရင်း ရုပ်ရှင်ကြည့်ရှုနိုင်ပါတယ်။

၈။ Mountain Top Hotel (ကျိုက်ထီးရိုး)

 

မွန်ပြည်နယ်၊ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီး ရှိတဲ့ တောင်ထိပ်ပေါ်မှာ တည်ရှိ​တဲ့ Mountain Top Hotel က ကုသိုလ်ယူရင်း တောင်ပေါ်ရှုခင်းကို တစ်ဝကြီးခံစားရယူနိုင်မယ့်ထိပ်တန်းဟိုတယ်ဖြစ်ပါတယ်။ မနက်ခင်း နဲ့ ညနေခင်းအချိန်တွေမှာလည်း တောင်ပတ်လည်မှာ လွင့်မျောနေတဲ့ တိမ်တိုက်ကြီးများနဲ့ သပ္ပာယ်လှတဲ့ ဆံတော်ရှင်စေတီတော်၏ တောက်ပမှုကို အခန်းပြတင်းပေါက်မှ တိုက်ရိုက် ကြည့်ရှုကြည်ညိုနိုင်ပါတယ်။

၉။ Hotel by the Red Canal (မန္တလေးမြို့)

Hotel by the Red Canal ဟာဆိုရင် မြို့ပြကြီးထဲမှာရှိတဲ့ ဆိတ်ငြိမ်အေးချမ်းလှတဲ့ အိုအေစစ်ငယ်လေးတစ်ခုဖြစ်ပါတယ်။ ဟိုတယ်ရဲ့ ထူးခြားချက်ကတော့ အခန်းတွေကို ရှမ်း၊ ကချင်၊ ကရင်၊ ချင်း စတဲ့ မြန်မာ့တိုင်းရင်းသားရိုးရာ အဆင်တန်ဆာများနဲ့အတူ အနုပညာလက်ရာများနဲ့ သီးသန့်ခွဲခြားပြီး အလှဆင်ထားတာဘဲဖြစ်ပ်တယ်။ အိန္ဒိယရိုးရာဟင်းလျာတွေနဲ့ နွေးထွေးဖော်ရွေတဲ့ ဝန်ဆောင်မှုကြောင့်လည်း လူသိများပါတယ်။

၁၀။ Hsipaw Resort (သီပေါမြို့)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ ရှေးဟောင်းစော်ဘွားနယ်မြေမှာ တည်ရှိတဲ့ Hsipaw Resort က ဒုဋ္ဌဝတီမြစ်ကမ်းဘေးမှာ ဆောက်လုပ်ထားထားတာဖြစ်ပြီး သဘာဝဆန်ဆန် ဘူတစ်အပန်းဖြေစခန်းတစ်ခု ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်ဖက်ညီတဲ့ နှစ်ထပ်စတိုင် ကျွန်းသစ်ဘန်ဂလိုများနဲ့ ဖွဲ့စည်းထားတာပါ။ မြစ်ပြင်ကျယ်ကြီးအတွင်းမှာ စက်လှေစီးတာတွေ၊ ရှမ်းရိုးရာကျေးရွာတွေကို လမ်းလျှောက်လည်ပတ်လို့ရပြီး နေဝင်ချိန်အလှကိုလည်း ခံစားနိုင်မယ့်နေရာတစ်ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ဒီ Boutique Hotels & Resorts တွေကခရီးသွားတွေအတွက် တည်းခိုနားနေဖို့အတွက်သာ မဟုတ်ဘဲ၊ သဘာဝပတ်ဝန်းကျင်အလှတရားတွေကို ထိတွေ့ခံစားနိုင်မယ့် ထူးခြားသော နေရာတွေဘဲဖြစ်ပါတယ်။ ခရီးစဉ်တစ်ခုကို ရိုးရှင်းတဲ့အလည်အပတ်ခရီးတစ်ခုထက် ပိုပြီး တစ်သက်တာမမေ့နိုင်မယ့် အမှတ်တရ အတွေ့အကြုံကောင်းတွေ ဖန်တီးပေးနိုင်မှာအသေအချာပါဘဲ။

Editorial Direction & Final Approval: Ariel Thi

Article Research & Writing: Ariel Thi”s Team

LUSHLUSH LivingLUSH October 2026LUSH TravelLUSHMyanmar
0
Facebook Twitter Google + Pinterest
Thi

previous post
THE CHANGING OF THE GUARD: HOW NEW CREATIVE VOICES ARE SHAPING PARIS FASHION WEEK SS27

Recommended

ကော်ဖီချစ်သူတိုင်းအတွက် ဟိုချီမင်းမြို့က Cafe Apartment

January 19, 2024

Norway The Land of Beautiful Landscapes

December 29, 2018

Virtual Tour of National Parks and Attractions

May 29, 2020

AirAsia unveils ‘AirAsia Unlimited Pass’

July 2, 2020

သီရိလင်္ကာနိုင်ငံ ရဲ့ Sigiriya ရှေးဟောင်းမြို့အား ရှာဖွေခြင်း

November 23, 2023

Rent an island in the Maldives – for...

June 25, 2020

COVID19 ကြောင့် ခရီးသွားဖို့အတွက် ရွေးချယ်မှုတစ်ခုဖြစ်လာတဲ့ Private Jet များ

March 20, 2020

Three Destinations for Travel in April

April 10, 2019

ရုံးပိတ်ရက်တွေမှာ လောလောလတ်လတ် UNESCO အမွေအနှစ်စာရင်းဝင်ထားတဲ့ “ပုဂံ” သွားကြမယ်

July 15, 2019

ကမ္ဘာတဝှမ်း ဖွံ့ဖြိုးလာတဲ့ Wellness Tourism ယဉ်ကျေးမှု

June 24, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem