နွေရာသီကလည်း အိုက်စပ်စပ် ခရီးကလည်း ထွက်ချင်၊ Local ကိုလည်း မရွေးချင်၊ Oversea Trips ထွက်ချင်ကြတဲ့ LUSHers တို့အတွက် ဘယ်လိုနေရာလေးတွေကို သွားပြီး အပန်းဖြေလို့ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။
1. Japan
Japan လို့ ဆိုလိုက်တာနဲ့ Modernity နဲ့ Tradition နှစ်ခု ပေါင်းစပ်ထားတဲ့နေရာလို့ မြင်ကြမယ်ဆိုတာ ထင်မိပါတယ်။ တစ်မြို့လုံး မီးရောင်စုံတွေကြား လျှောက်လည်လို့ ကောင်းပြီး ဘုရားကျောင်းတွေရဲ့ အငွေ့အသက်တွေကလည်း နေရာအနှံရှိတဲ့အတွက် တကယ်ကို လည်ပတ်သင့်တဲ့ နိုင်ငံ တစ်နိုင်ငံ ထဲ ပါဝင်ပါတယ်။ Hiroshima ဒဏ်ကြောင့် နိုင်ငံရဲ့ တစ်ချို့သော အလှအပတွေ ပျက်စီသွားပေမယ့် Japan နိုင်ငံရဲ့ သမိုင်းကြောင်းကို ရေးသားဖော်ပြထားတဲ့ Peace Park ကိုတော့ မဖြစ်မနေ သွားရောက်သင့်ပါတယ်။ Fuji တောင်ပေါ်ကို မြန်ဆန်လှတဲ့ ကျည်ဆန်ရထားလေးစီးပြီး လှပတဲ့ သဘာဝရှုခင်းတွေနဲ့အတူ မေ့မရနိုင်တဲ့ အမှတ်တရတွေကိုလည်း ဖန်တီးနိုင်မှာပါ။ Sushi ကိုတော့ မဖြစ်မနေ စားဖို့ မမေ့နဲ့နော်။ နောက်တစ်ခု အရမ်းကို အရေးကြီးတာကတော့ ခုလို April လမှာသာ Japan နိုင်ငံကို သွားရောက်လည်ပတ်မယ်ဆိုရင် Hanami Cherry Blossom Festvial နဲ့ ကြုံကြိုက်မှာဖြစ်ပါတယ်။ တစ်ကိုယ်တော် ခရီးထွက်တာပဲဖြစ်ဖြစ် သူငယ်ချင်း မိသားစု အဖွဲ့လိုက် ခရီးထွက်မယ့်သူတွေအတွက်တော့ တကယ့်ကို အခွင့်အရေးကောင်းမို့လို့ လက်မလွှတ်သင့်တဲ့ ပွဲတော် တစ်ခုဆိုလည်း မမှားပါဘူး။
2. Namibia
တောင်အာဖရိက နိုင်ငံမှာ ရှိတဲ့ Namibia မြို့လေးမှာ ထုးခြားမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ စွန့်စွန့်စားစား ခရီးထွက်ချင်သူတွေအတွက်တော့ ထည့်သွင်းစဉ်းစားသင့်တဲ့ နေရာတစ်ခုပါ။ Skeleton ပုံစံ ကမ်းခြေ၊ ကျယ်ပြန့်လှသော Fish River Canyon၊ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သွားတဲ့ သစ်ပင်တွေနဲ့ လုပ်ထားတဲ့ နေရာတွေ နဲ့ ပြည့်နှက်နေတဲ့ မြို့တစ်မြို့ပါ။ မိုးခေါင်တဲ့ မြို့ဖြစ်ပေမဲ့ ရာသီဥတုအခြေအနေအရ သမမျှတပြီး စိမ်းစိမ်းစိုစိုရှိတာ မို့လို့ သဘာဝအလှတရားကို တဝကြီးခံစားနိုင်မှာပါ။ ဘယ်လိုနေရာတွေ သွားပြီးလည်ပတ်ကြမလဲ။ Etosha National Park မှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေသာမက သဘာဝရှုခင်းတွေကို ကြည့်ရှုနိုင်ပါတယ်။ ဂျာမန် ကိုလိုနီ အာဖရိက မြို့တွေဖြစ်တဲ့ Swakopmund နဲ့ Windhoek ကိုလည်း သွားရောက်လည်ပတ်သင့်ပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့ အရှည်ဆုံး စမ်းချောင်း မှာလည်း ကနူးလှေလှော်ခတ်ပြီး Orange River ရဲ့ ရုပ်ပုံကားချပ်သဖွယ် ရင်သက်ရှုမောဖွယ်ကောင်းသော မြစ် တစ်စင်းရဲ့ အလှကိုလည်း ခံစားနိုင်မှာပါ။ ဒါ့အပြင် Namibia မြို့ရဲ့ နာမည်ကြီးခဲ့တဲ့ Rock ပန်းချီကားချပ်တွေနဲ့ ကျောက်စာတွေကိုလည်း Twyfelfontein မှာ လေ့လာသိရှိနိုင်ပါတယ်။
3. Portugal
ကမ်းခြေတွေသွားပြီး အပန်းဖြေနားယူပြီးတဲ့သူတွေအတွက် လေကောင်းလေသန့်လည်း ရှုနိုင်မယ် သဘာဝအလှတွေကို ခံစားစေနိုင်မယ့် Portugual နိုင်ငံ ကို အလည်အပတ်အဖြစ် ခေါ်သွားချင်ပါတယ်။ Portugual နိုင်ငံက ဒီလိုအချိန်မှာဆို Almond အပင်တွေနဲ့ပြည့်နှက်နေမှာဖြစ်ပြီး ရာသီဥတုအခြေအနေကလည်း 20 Degreee Celcius ပဲရှိတာကြောင့် ဒီအချိန်က သွားလို့အကောင်းဆုံးအချိန်ပါပဲ။ Portugo မြို့ရဲ့ အထင်ကရဖြစ်တဲ့ Dom Luís I တံတား – ကမ်းရိုးတန်းမြို့လေးကို လည်ပတ်ဖို့ကိုလည်း မှာချင်ပါတယ်။ နောက်တစ်နေရာ အနေနဲ့ Lagos ပြည်နယ်ရဲ့ တောင်ဘက် အိမ်နံရံအဟောင်းလေးတွေကို ဆင်တူဆေးရောင်လေးတွေခြယ်ထားပြီး အိမ်လှလှလေးတွေကို နောက်ခံထားကာ ဓာတ်ပုံတွေလည်း အများကြီး ရိုက်လို့ရပါတယ်။
အားလုံးပဲ နွေရာသီမှာ ချစ်ရတဲ့သူတွေနဲ့ ပျော်ရွင်စရာ ခရီးစဉ်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။