LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
BALANCELIFE

နေ့စဉ်ဘဝ ဟန်ချက်ညီနေဖို့

written by Orchid April 19, 2023
နေ့စဉ်ဘဝ ဟန်ချက်ညီနေဖို့

နေ့စဉ်ဘဝ ဟန်ချက်ညီနေဖို့

လူဆိုတာ မွေးလာကတည်းက အငိုနဲ့ စခဲ့ကြတဲ့သူကြီးပါပဲ။ နေ့စဉ်ဘဝဟာလည်း အေးအေးလူလူ ဖြစ်တယ်ဆိုတာ ရှားပါတယ်။ စိတ်ချမ်းသာစရာကောင်းတဲ့ အကြောင်းအရာက နည်းပါးပြီး စိတ်ရှုပ်စရာ ပြဿနာတွေက ပိုများပါတယ်။ ဒီပြဿနာတွေကို သေသေချာချာ ကောင်းကောင်းမကိုင်တွယ်နိုင်ရင် မလိုလားအပ်ဘဲ ကြီးမားလာတတ်တယ်။ 

ဒါဆို ဘယ်လို ကိုယ့်ကိုယ်ကိုယ် ကိုင်တွယ်လို့ရမလဲ။ 

အခု ဖတ်ရမယ့်အရာတွေကတော့ စာရေးသူကိုယ်တိုင် များသောအားဖြင့် ကျင့်သုံးနေတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ 

(၁) ကိုယ်မပြောင်းလဲနိုင်တဲ့ အရာတွေကို လက်ခံရမယ်။ 

Stress Less While You Work From Home | Sapling

 

အဓိက အရေးကြီးဆုံးကတော့ ခေါင်းကြောမမာဖို့ပါပဲ။ ကိုယ်ဖြစ်ချင်သလိုသာ အရာရာတိုင်းက ဖြစ်နေမယ်ဆိုရင် လောကကြီးက အရမ်းပျော်စရာကောင်းပြီး သာယာနေမှာပေါ့။ ဒါပေမဲ့ ဒါဟာမဖြစ်နိုင်ဘူးလေ။ အကောင်းဆုံးကတော့ ကိုယ်မျှော်လင့်ထားတဲ့အတိုင်း မဖြစ်လာတဲ့အခါ တင်းခံမနေဘဲ ဒီအရာတွေက ကိုယ့်လက်ထဲမှာမဟုတ်ဘူးဆိုတာကို နားလည်ပြီး စိတ်ကလေးလျော့ပြီး နေတတ်ရမယ်။ “ထားလိုက်ပါ၊ ရှိပါစေတော့” လို့ တွေးတတ်ရမယ်။ 

(၂) မမျှော်လင့်ထားတာတွေကို ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ထားရမယ်။ 

 

လူဆိုတာ အရာရာတိုင်းကို ကိုယ်ဖြစ်စေချင်တဲ့အတိုင်း၊ ကိုယ်မျှော်လင့်ထားတဲ့အတိုင်း ဖြစ်စေချင်ကြတဲ့ သူတွေချည်းပဲ။ ဒါပေမဲ့လည်း တခါတလေ ကိုယ်ထင်ထားတဲ့အတိုင်း ဖြစ်မလာတာတွေ ရှိတတ်ပါတယ်။ 

ဒီလိုအချိန်ဆို မျှော်လင့်ချက်ကြီးရင် ကြီးသလောက် သောကများရတယ်။ ဒီလို နေ့စဉ်ဘဝမှာ အပူပေါ် အပူမဆင့်ဖို့အတွက် ကိုယ့်လက်ထဲမှာ မရှိတဲ့အရာတွေအပေါ် စိတ်ထားတတ်ဖို့ လိုပါတယ်။ ဘယ်လို စိတ်ထားရမလဲဆိုရင် ဘယ်အချိန်မဆို မမျှော်လင့်ထားတာတွေ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ရမယ်။

(၃) အရာရာပြီးပြည့်စုံတယ်ဆိုတာ လောကမှာ မရှိတာကို နားလည်လက်ခံရမယ်။ 

Tiến sĩ Bùi Trân Phượng: Tự do phải đi kèm lý trí - Báo Công an Nhân dân điện tử

 

အရာရာကို အကောင်းဆုံး၊ အခမ်းနားဆုံး၊ အပြည့်စုံဆုံး ဖြစ်ရမယ်လို့ မျှော်လင့်နေသမျှတော့ ဘာအကျိုးမယ်မယ်ရရမှ မရဘဲ အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။ ကိုယ်လုပ်နေတဲ့ အရာတခုခုကို အကောင်းဆုံး ကြိုးစားအားထုတ်ပြီး ပြီးမြောက်အောင် လုပ်နိုင်ခြင်းကသာလျှင် ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်မှု အမှန်တကယ် ရရှိစေနိုင်တာ ဖြစ်ပါတယ်။ 

(၄) အချိန်ကို အထိရောက်ဆုံး အသုံးချနိုင်ရမယ်။ 

Tapeta Budzik, Zegar, Dial HD: Widescreen: High Definition: FullsCreen

 

အလုပ်၊ မိသားစု၊ ကိုယ်ပိုင်အချိန်ကို သေသေချာချာ ခွဲခြားပြီး ကျွမ်းကျင်လိမ္မာစွာ ကိုင်တွယ်တတ်လာပြီဆိုရင် ကိုယ့်ရဲ့ ဘဝဟာ ညီညွတ်မျှတနေပြီး စိတ်ကလေး ပိုပြီး တည်ငြိမ်လာနိုင်မှာ ဖြစ်တယ်။ 

လုပ်စရာရှိသမျှ အလုပ်တွေကို စာရင်းပြုစုထားပြီး ဘယ်အရာကို အရင်ဦးစားပေးလုပ်ရမယ်၊ ဘယ်တခုကတော့ ဘယ်နေ့မှာ အပြီးလုပ်ရမယ် ဆိုပြီး ကိုယ့်ရဲ့ အလုပ်ဇယားကို စနစ်တကျ လုပ်ဆောင်တတ်ရမယ်။ ကိုယ်တိုင်လုပ်စရာမလိုတဲ့အရာတွေကို တခြားသူတွေအပေါ် တာဝန်လွှဲပေးတတ်ရမယ်။ ဒါမှသာ ကိုယ့်အတွက် အသက်ရှူနိုင်ဖို့ အချိန်ပိုထွက်လာမှာ ဖြစ်တယ်။ 

(၅) ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်။ 

Pure lake Hover we love reading initiative jordan Warship disk combine

 

ဘဝမှာ ဟန်ချက်ညီစွာ နေထိုင်နိုင်ဖို့ဆိုရင် ပထမဦးဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်။ ကိုယ်ရော၊ စိတ်ရော၊ ခံစားချက်တွေရော ညီညွတ်မျှတနေမယ်။ 

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားရမယ်။ အိပ်ရေးဝအောင် အိပ်ရမယ်။ နေ့ဓဒူဝ ဖိစီးမှုတွေကို လျော့ချပေးနိုင်တဲ့ လေ့ကျင့်ခန်းတမျိုးမျိုး ဒါမှမဟုတ် စိတ်ငြိမ်လေ့ကျင့်ခန်း ပြုလုပ်ပေးရမယ်။ ဒီလိုမျိုး အချိန်မရလို့ မလုပ်နိုင်ရင်တောင်မှ အနည်းဆုံး ဂျာနယ် ( ကိုယ်ရေးမှတ်တမ်း) ရေးပေးရပါမယ်။ ဒါမှသာ ကိုယ်ဖြစ်နေတာတွေ၊ ကိုယ်ခံစားနေရတာတွေကို ကိုယ်တိုင်သိမြင်ခွင့်ရပြီး ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ စဉ်းစားဆင်ခြင်လို့ရနိုင်ပါတယ်။ 

ဒီအချက်(၅)ချက်ကတော့ နေ့စဉ်ဘဝမှာ အလုပ်နဲ့ဘဝဟန်ချက်ညီနေဖို့၊ စိတ်လေးအဆင်ပြေနေစေဖို့အတွက် လိုအပ်နေတဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။ 

LifeLife BalanceLifeStyle
1
Facebook Twitter Google + Pinterest
Orchid

previous post
Pantone Color of the Year ကို လေ့လာကြည့်ခြင်း။
next post
မြန်မာပြည်၊ အထူးသဖြင့် အပူပိုင်းဒေသတွေမှာ ခေတ်စားနိုင်တဲ့ ဆံပင်ပုံစံတွေ

Recommended

NEON DREAMS with BUNNY PHYOE

June 12, 2018

Braving The F&B Industry

April 20, 2018

Body Of An Angel

July 13, 2018

ကျန်းမာရေးအတွက် ရတနာဖက်ရှင်

September 8, 2020

The Lost Treasure : Alexander McQueen

July 18, 2018

Beauties of Mergui Archipelago

April 20, 2018

Love Melody of A Big Day

October 14, 2017

လူသားတွေဟာ အရောင်အသွေးစုံလင်စွာ ဖြစ်တည်နေတာပါ။

June 30, 2023

Classics Art Déco Round: A new ode to...

April 20, 2020

ကိုယ့်ရဲ့ အတွင်းထဲက အသံကို ကြားနိုင်ဖို့ အခြေခံလိုအပ်ချက် အချက် (၆) ချက်

May 17, 2023

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem