LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HAIR & NAILSHEALTH & BEAUTY

မြန်မာပြည်၊ အထူးသဖြင့် အပူပိုင်းဒေသတွေမှာ ခေတ်စားနိုင်တဲ့ ဆံပင်ပုံစံတွေ

written by Maeve April 27, 2023
မြန်မာပြည်၊ အထူးသဖြင့် အပူပိုင်းဒေသတွေမှာ ခေတ်စားနိုင်တဲ့ ဆံပင်ပုံစံတွေ

မြန်မာနှစ်သစ်နဲ့အတူ ရာသီဥတုပူပူလေးကလည်း ကပ်ပါလာတာနဲ့အညီ ရှေ့လျှောက် မိုးရာသီ၊ ဆောင်းရာသီတွေကိုဖြတ်သန်းရဦးမှာဆိုပေမဲ့ အပူပိုင်းဒေသတွေမှာတော့ အပူဒဏ်လေးကလည်း အဲ့ဒီရာသီတွေမှာပါ လာသက်ရောက်နေမှာတော့အသေအချာပါပဲ။ ဆိုတော့ ဒီနှစ်သစ်မှာ hair cut အသစ်တွေကို ထားဖို့ကတော့ စဉ်းကိုစဉ်းစားထားသင့်ပြီ။ ဆိုတော့ New Year, New Hair Cut ထားဖို့အတွက် ကမ္ဘာအနှံ့မှာ trend ဖြစ်နေတာတွေကိုလည်း သိထားပြီး စဉ်းစားလို့ရအောင် ဒီ post လေးကနေ ကူညီမျှဝေပေးသွားပါမယ်။ 

အခု hair trend မှာ မှန်းထားလို့ရတာတခုကတော့ လွန်ခဲ့တဲ့ နှစ် ၂၀-၃၀ ဝန်းကျင်က trend တွေသေချာပေါက်ပါလာမှာကိုပါပဲ။ စာဖတ်သူတို့တော့ မသိဘူး။ စာရေးသူတော့ အဲ့ခေတ်က trend တွေ တပတ်ပြန်လည်လာတာဝမ်းသာတယ်။ ဘာလို့ဆို စာရေးသူငယ်ဘဝက လှချင်ပေမဲ့ မလှခဲ့ရတဲ့ trend တွေကို အခုပြန်အသုံးချလို့ရတော့မှာမို့လို့လို့ ပြောရမယ်။

ကဲ… ပူပူလောင်လောင်ရာသီနဲ့လည်းကိုက်ပြီး ဖက်ရှင်ကျကျလှနိုင်မယ့် Hair Trend တွေအကြောင်းကို အခုပဲ ဖတ်လိုက်ကြတာပေါ့။

The “Job” a.k.a The Chin-Length Bob

နှစ်တိုင်းရဲ့ trend ထဲမှာမပါမဖြစ် Bob တွေထဲ ဒီနှစ်ခေတ်စားလာမယ့် Bob ကတော့ မေးစိနားထိပဲရှည်တဲ့ Bob တွေပါ။ ပူအိုက်တဲ့ရာသီဥတုနဲ့အလိုက်ဖက်ဆုံး၊ ဖက်ရှင်အကျဆုံးထဲမှာပါတဲ့ ဒီThe Chin-Length Bob တွေက ဒီနှစ်တွေမှာ သေချာပေါက်ခေတ်စားလာပါလိမ့်မယ်။ ဒီဆံပင်ပုံစံက ဆံလုံးသေးတဲ့သူတွေနဲ့ဆို ပုံသွင်းလို့အကောင်းဆုံး၊ အလိုက်ဆုံးထဲမှာ ပါပါတယ်။ ဆံပင်ပုံစံကိုက အထာကျပြီးသားမို့လို့ Hair Stylist ကောင်းကောင်းနဲ့သာ ညှပ်မယ်ဆို ပုံသွင်းစရာတောင် ထွေထူး လိုမှာမဟုတ်ပါဘူး။ 

The Rachel Cut

Friends series ထဲက Jennifer Aniston သရုပ်ဆောင်ခဲ့တဲ့ “Rachael Green” character ရဲ့ ဆံပင်ပုံစံက အဲ့ခေတ်အဲ့အခါတုန်းက မိန်းကလေးတိုင်း လိုက်ညှပ်တဲ့အထိကို နာမည်ကြီးခဲ့တာလည်းဖြစ်ပါတယ်။ နာမည်ကြီးလည်းကြီးချင်စရာကောင်းလောက်အောင်ကို ဆံပင်ပုံစံက တော်တော်မိုက်ခဲ့တာပါ။ ဒီဆံပင်ပုံစံက အလွှာအထပ်ထပ်နဲ့ ပုံကျပြီး ဘယ်လိုနေနေကို ကြည့်ကောင်းနေတဲ့ပုံမျိုးပါ။

ပြောရရင် ‘satchel cut’ နဲ့ ‘shag’ ကိုရောထားတဲ့ပုံစံမျိုးပေါ့။ ဒီဆံပင်ပုံစံက ဘယ်သူတွေနဲ့လိုက်လဲဆိုရင် ဆံပင်ပါးပြီး ဆံသားသေးတဲ့သူတွေနဲ့ အလိုက်ဖက်ဆုံးလို့ပြောလို့ရပါတယ်။ ဆံပင်ပါးတဲ့သူတွေဆို ဒီ Rachel Cut ကိုညှပ်ရင် အလွှာတွေအများကြီးကြောင့် volume ရှိသလိုဖြစ်တာဆိုတော့ thin hair ပိုင်ရှင်တွေအတွက် must try hair style လေးပါပဲ။ 

The Italian Bob

ဟုတ်… နောက်ထပ်ခေတ်စားလာမယ့် Bob ကတော့ Italian Bob လို့ခေါ်တဲ့ လွန်ခဲ့တဲ့ 90’s တုန်းက အရမ်းကိုရေပန်းစားခဲ့တဲ့ အလွှာလေးတွေနဲ့ ခပ်တိုတိုဆံပင်စတိုင်လ်လေးပေါ့။ အလွှာတွေက ဒီနှစ်ပိုင်းတွေမှာ အရမ်းအရမ်းကို ခေတ်စားလာပြီး အဲ့ trend က မရပ်သွားပဲ ဆက်ပြီးရှိနေဦးမှာသေချာတယ်နော်။ ဒီ Italian Bob က Chin Bob လောက်လည်း မတိုပဲ ပုခုံးအပေါ်လောက်နားထိရှည်တဲ့အရှည်ကိုမှ အလွှာတွေနဲ့ညှပ်ရတာမို့လို့ ဆံပင်အရမ်းတိုတာလည်းမကြိုက်ဘူးဆို ဒီစတိုင်လ်လေးကို try ကြည့်သင့်တယ်။  

Prom Updos

ဆံပင်တိုတွေကြီးပဲ ခေတ်စားမယ်ပြောနေလို့ ဆံပင်ရှည်တဲ့သူတွေ ဝမ်းမနည်းပါနဲ့။ ဆံပင်ရှည်တဲ့သူတွေအတွက် ကွက်တိဖြစ်တဲ့ trend တွေလည်းရှိသေးပါတယ်။ ဥပမာ အခုလို Prom Updos လို့ခေါ်တဲ့ Year 2000s (Y2K) မှာ ခေတ်စားခဲ့တဲ့ ဆံပင်ကို သေချာသေသေသပ်သပ်စည်းပြီး ဆံထုံးကိုမှ ကပိုကယိုနဲ့ မြင့်မြင့်ထုံးထားတဲ့ hair style ကစောင့်လို့နေပါတယ်။ ဒီဆံပင်အတွက် Inspo (Inspiration) ကြည့်ဖို့ဆို ဝေးဝေးလံလံလိုက်ရှာနေစရာမလိုပါဘူး။ Dua Lipa ကိုသာ တချက်ကြည့်ကြည့်လိုက်ပါ။

All Tied Up

ပူတဲ့အချိန်မှာ ဆံပင်ရှည်တဲ့သူတွေရဲ့ဒုက္ခကလည်း တကယ်ကိုမသေးမှန်း ဆံပင်ရှည်ထားဖူးတဲ့သူတိုင်း ခံစားဖူးကြမှာပါ။ ဒါပေမဲ့လည်း ဖက်ရှင်ကျကျ မိမိုက်လို့ရတဲ့နည်းတွေက ရှိနေလို့ စိတ်တော့ညစ်စရာမလိုပါဘူး။

ဆံပင်အရှည်မို့လို့ ဒီတိုင်း ရိုးရိုးပဲ ဆံပင်စည်းတာ၊ Bun လေးထုံးထားတာနဲ့ပဲ မရပ်လိုက်ပါနဲ့။ တခြားလှလှပပ ဖက်ရှင်ကျကျ ဆံပင်သိမ်းလို့ရတဲ့နည်းလေးတွေ ရှိသေးတယ်နော်။ ပြောချင်တာက ဆံပင်စည်းဖို့လှတဲ့ hair accessories လှလှလေးတွေနဲ့ look ကို brighten up လုပ်လို့ရပါတယ်။ 

Bedhead Hair 

ဒီ trend ကတော့ မကြိုက်တဲ့သူမရှိဘူးထင်တယ်။ ဆံပင်တိုတို၊ ရှည်ရှည် ဒီ trend က join လို့ရတယ်နော်။ Bedhead hair ဆိုတဲ့အတိုင်းပဲ အိပ်ရာကထလာသလို ရှုပ်ရှုပ်ပွပွဆံပင်စတိုင်လ်က လွန်ခဲ့တဲ့ 90’s ခေတ်တုန်းက အရမ်းကိုခေတ်စားခဲ့တာပါ။ ဒီ trend က ပြင်ရဆင်ရတာမကြိုက်တဲ့သူတွေ၊ grunge အထာတွေကိုကြိုက်တဲ့သူတွေကြားမှာ ပိုပြီး ခေတ်စားနိုင်ပါတယ်။ 

ဆိုတော့ ဒီ trend တွေထဲမှာ ဘယ်ပုံစံကိုလိုက်လုပ်ဖို့ စိတ်ကူးထားမိလဲ၊ စာဖတ်သူတို့ရဲ့အမြင်လေးတွေကိုလည်း မျှဝေပေးသွားပါဦး။

Maeve

Beauty TrendsHair TrendsHairstyle
0
Facebook Twitter Google + Pinterest
Maeve

previous post
နေ့စဉ်ဘဝ ဟန်ချက်ညီနေဖို့
next post
ကိုယ့်ရဲ့ အတွင်းထဲက အသံကို ကြားနိုင်ဖို့ အခြေခံလိုအပ်ချက် အချက် (၆) ချက်

Recommended

The Iconic Evening Fashion Show – Versace Jeans...

October 26, 2019

ပထမဆုံး Mascara နဲ့ Pencil Eyeliner ထွက်ရှိလာတဲ့ Fenty Beauty

January 16, 2020

Party/Holiday Makeup Looks 2018

December 15, 2018

Halo Shine Lipstick ရော Lip gloss ပါ ပါတဲ့...

February 15, 2020

The skin for ages

May 16, 2018

ဒီလထဲမှာ မြင်တွေ့ရတော့မယ့် Kim Kardashian နဲ့ Kylie Jenner တို့ရဲ့...

November 19, 2018

Pride Month ကျင်းပဖို့အတွက် Creative ဖြစ်တဲ့ Makeup Look များ

June 16, 2023

Best Hair and Makeup Looks from Golden Globes...

January 7, 2020

Sims4 နဲ့ MAC တို့ collaborate လုပ်ထားတဲ့ Sims4 customized...

June 27, 2020

2023 မှာ ဖောက်ကြည့်သင့်တဲ့ piercing တွေ

June 2, 2023

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem