LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LIFESHORT STORIES

ကမ်းဆင့်မေတ္တာဖျန်းပေးပါ

written by Lush Editor July 20, 2023
ကမ်းဆင့်မေတ္တာဖျန်းပေးပါ

တစ်မြန်နေ့က နယူးယော့ခ်မှာ သူငယ်ချင်းနဲ့အတူ တက္ကစီ စီးပြီး နေရာတစ်ခုကို ကျွန်တော် သွားခဲ့တယ်။ သွားမယ့်နေရာရောက်လို့ ကားပေါ်ကဆင်းတော့ သူငယ်ချင်း က ကားဒရိုင်ဘာကို ” ကျေးဇူးပဲ။ ခင်ဗျားက ကားမောင်းတာ အရမ်းကျွမ်းကျင်တာပဲကိုး..”

ကားဒရိုင်ဘာက ခဏလောက် အံအားသင့်သွားပြီးမှ

“ ခင်ဗျားက ဘာလဲ။ ဆရာကြီးလား”

သူငယ်ချင်းက “ ဘာမှမဟုတ်ပါဘူး ကိုယ့်လူရာ၊ ခင်ဗျားကို နောက်ပြောင်နေတာမဟုတ်ပါဘူး” “ ဒီလောက် ရှုပ်ထွေးလှတဲ့ လမ်းပေါ်မှာ ခင်ဗျား အေးအေးသက်သာမောင်းလာတာကို တကယ်ပဲ သဘောကျမိလို့ပါ” “ သြော်၊သြော်… ဒီလိုဆိုရင်တော့…ကျေးဇူးပါပဲ” ဒရိုင်ဘာက ပြောပြောဆိုဆိုနဲ့ ကားမောင်းထွက်သွားပါတယ်။

ကျွန်တော်က “ ဘာတွေလဲဗျ။ ခင်ဗျား၊ ဘာတွေလုပ်နေတာတုန်း”

သူငယ်ချင်းကို မေးလိုက်တယ်။ သူက “ ကျွန်တော်ကနယူးယော့ခ် မြို့ကြီးကို ချစ်မေတ္တာတွေဖြန့်ပေးဖို့ ကြိုးစား နေတာပါ” “ ဒီနည်းကပဲ မြို့ကို ကယ်နိုင်မယ်လို့ ကျုပ် ယုံတယ်”

“ခင်ဗျားတစ်ယောက်ထဲက နယူးယော့ခ်မြို့ကြီးကို ဘယ်လိုကယ်မှာလဲ၊ပြောပါဦး” “ကျုပ်တစ်ယောက်ထဲ မဟုတ်ပါဘူး။ ခုပဲ ကျုပ်က တက္ကစီ ဒရိုင်ဘာကို သူ့နေ့ဖြစ်အောင် လုပ်လိုက်ပြီလေ” “ ဆိုပါစို့ ဒီနေ့ အဖို့ သူအတွက် ပါဆင်ဂျာ အယောက် နှစ်ဆယ် ရတယ်ထား၊ သူက ဒီ ခရီးသည်တွေအပေါ် ကောင်းကောင်းမွန်မွန် ပြောဆို ဆက်ဆံတော့မယ်လေ။ ဘာ့ကြောင့်လဲ ဆိုတော့ သူ့ကို တစ်ဦးတစ်ယောက်ဖြစ်တဲ့ ကျုပ်က အဲ့ သည်လိုမျိုး ဆက်ဆံခဲ့တာကိုး” “အဲ့ ဒီ ပါဆင်ဂျာတွေကလည်း ပြန်ပြီး သူတို့ရဲ့ အလုပ်ရှင်တွေ၊ စားသောက် ဆိုင်ရှင်တွေ၊ ဝိတ်တာတွေ၊ အနည်း ဆုံး သူတို့ မိသားစုတွေအပေါ် ဒီလိုပဲ ပြန် ဆက်ဆံလိမ့်မှာပေါ့” “နောက်ဆုံး ဒီစိတ် ကောင်း၊ စေတနာကောင်းလေးက အနည်းဆုံး လူတစ်ထောင်လောက်ဆီ ပျံ့နှံ့သွားကောင်း သွားနိုင်တယ်လေ။ ဒါဆို ဘယ်ဆိုးမလဲ။ မဟုတ်ဘူးလား”

“ဒါပေမဲ့၊ ခင်ဗျား ရဲ့ ခုလို စိတ်စေတနာကောင်းကို တခြားသူတွေဆီ လက်ဆင့်ကမ်းဖို့ က သည်ဒရိုင်ဘာ တစ်ယောက် အပေါ် မှီခိုလွန်းအားကြီးမနေဘူးလား” “သူတစ်ယောက်တည်းအပေါ် မမှီပါဘူး” သူငယ်ချင်းက ပြန်ပြောတယ်။ “ အဲ့ဒါက လုံးဝဥဿုံ စိတ်မချရလို့ ကျုပ်က နေ့တိုင်းမှာ မတူညီတဲ့ လူ ဆယ်ယောက်နဲ့ ခုလိုမျိုး

ဆက်ဆံသွားမှာပါ။ ဒီထဲက သုံးယောက်ကို ကျွန်တော် က ပျော်ရွှင်အောင် လုပ်နိုင်ပြီ ဆိုရင်တော့ နောက်ထပ် လူသုံးထောင်လောက်ရဲ့ စိတ်သဘောထားကို သွယ်ဝိုက်ပြီး လွှမ်းမိုးနိုင်ပြီပေါ့ဗျာ”

“စာတွေ့မှာ အရမ်းကောင်းတာကို လက်ခံရမှာဖြစ်ပေမယ့် လက်တွေ့မှာ အလုပ်ဖြစ်မဖြစ် မသေချာလှပါဘူး” ကျွန်တော်ကပြောတော့ “ အလုပ်ဖြစ်ဖြစ်မဖြစ်ဖြစ် အရှုံးကတော့မရှိပါဘူး။ ဒီလူကောင်းတာတွေလုပ်နေတယ် ဆိုတာကိုပြောဖို့၊ချီးကျူးဖို့ ကျုပ်အတွက် အချိန်ပိုကုန်သွားတာမှမဟုတ်ပဲ။ သူ့အနေနဲ့လဲ ဘောက်ဆူး များများ ဖြစ်ဖြစ်၊နည်းနည်းဖြစ်ဖြစ် ရတာလဲမဟုတ်ပါဘူး”

“ခင်ဗျားစကားကို သူ စိတ်မဝင်စားရင်၊ လစ်လျှုရှုရင်ကော ဘာဖြစ်မလဲ”

သူဆက်ပြောပါတယ်။

“မနက်ဖြန်မှာတွေ့မယ့် တခြား ဒရိုင်ဘာတစ်ယောက်ကို ပျော်သွားအောင် ကျုပ်ထပ်လုပ်မယ်လေ”

“ခင်ဗျားက လူထူးလူဆန်းတစ်ယောက်ပဲ”

သူက “ခင်ဗျားစကားထဲမှာကို မောင်ရင်တို့ဟာ ဘယ်လိုအတ္တ ဆန်လာကြသလဲ ဆိုတာကိုပြနေတယ်။ ကျုပ်က ဒါကိုလေ့လာထားတာဗျ”

“ဥပမာ၊ ကျုပ်ပြောပြမယ်။ ကျုပ်တို့ စာတိုက် အလုပ်သမားတွေမှာ ငွေရေးကြေးရေးအပြင် ဘာတွေ လိုအပ်ချို့တည့်နေပုံ ရသလဲ ဆိုတာ…။ သူတို့ခမျာ ဘယ်လောက်တောင်ကောင်းမွန်အကျိုးပြုတဲ့ အလုပ်ကိုလုပ်ကိုင်နေကြသလဲ ဆို တာကို ဘယ်သူကမှ မပြောဆို မချီးကျူးကြတာပဲ”

“သူတို့ကလဲအလုပ်ကိုကောင်းကောင်းမှမလုပ်ကြတဲ့ဟာကို”

“ဘယ်ကောင်းကောင်းလုပ်နိုင်ပါ့မလဲ။ သူတို့ လုပ်လုပ်မလုပ်လုပ် ဘယ်သူကမှ အရေးမစိုက်ဘူးလေ”

“တစ်စုံတစ်ယောက်ကများ သူတို့ကို အကြင်နာစကား၊ချီးကျူးတဲ့စကားလေးများ ပြောမကြည့်သင့်ဘူးလား..”။

ဒီလိုနဲ့ ကျွန်တော်တို့ ဆောက်လက်စ အဆောက်အဦးခပ်ကြီးကြီးတစ်ခုကိုကျော်လာပါတယ်။ ကွက်လပ်တစ်ခုမှာ နေ့လည်စာ စုစားနေတဲ့ အလုပ်ကြမ်းသမား ငါးယောက်ရှေ့အဖြတ်မှာ မိတ်ဆွေက ရပ်လိုက် ပြီး “ အား..ပါးပါး။ တကယ် ကြီး ကျယ်တဲ့ အလုပ် တစ်ခုကို ခင်ဗျားတို့ လုပ်ခဲ့ကြတာပါလား။ ဒီအလုပ်က သိပ်ခက်ခဲပြီး အန္တရာယ်လဲများပါဘိသနဲ့” အလုပ်သမားတွေက သူ့ကို မယုံကြည်ဖွယ် အံ့အားတသင့် မျက်လုံးတွေ နဲ့ လှမ်းကြည့်တယ်။

မိတ်ဆွေက “ စကားမစပ်၊ ဒီအဆောက် အဦးကြီးက ဘယ်တော့ လောက်ပြီးမှာလဲဗျ”

တစ်ယောက်ကခပ်ပြတ်ပြတ်လေသံနဲ့ “ ဇွန်လ” “ အိုး… အံသြဖို့ ကောင်း လိုက်တာ။ ခင် ဗျားတို့ အားလုံး အတွက် ဂုဏ်ယူစရာပဲနော်” လို့ပြောရင်း သူတို့ကို လက်မထောင်ပြပြီး နှုတ် ဆက်တော့ သူတို့ထဲက နှစ်ယောက် က ပြုံးပြီး ပြန်လက်ပြရင်းနှုတ်ဆက်ပါတယ်။

ဆက်လျှောက်လာရင်း ဒီနေရာကနေ တော်တော်လေးကျော်လာတော့ ကျွန်တော်က သူ့ကို “ခင်ဗျားလိုလူမျိုး ကိုကျုပ်တော့ ခုနောက်ပိုင်း တစ်ယောက်မှ မတွေ့ဘူးသေးဘူး” လို့ပြောလိုက်တယ်။

“ဒီလူတွေအားလုံး ကျုပ် စကားလုံးတွေကို သာ သေသေချာချာ အလေးထား စဥ်းစားမိရင် ကျေနပ်သွားကြမှာ အမှန်ပဲ။ အဲ့ဒီအခါ သူတို့ပျော်သွားကြမယ်။သူတို့ပျော်ရွှင်မှုက မြို့တော်ကြီးကို တစ်နည်းနည်းနဲ့တော့ အကျိုးပြု စေမယ်လို့ ကျုပ်တထစ်ချယုံတယ်။”

ကျွန်တော်က ထပ်ပြီး ကန့်ကွက်သံနဲ့ “ ဒါပေမဲ့ ခင်ဗျား အားလုံးကိုတော့ လိုက် လုပ်နိုင်မယ်မထင်ဘူး။ ခင်ဗျားက တစ်ယောက်ထဲလေ”

“အရေးကြီးဆုံးက စိတ်ပျက်မသွားဖို့ ၊ စိတ်လျှော့မသွားဖို့ပဲ”

“မြို့ကလူတွေကို ကြင်နာစိတ်၊ ကူညီစိတ်တွေပြန် ရှိအောင် လုပ်ပေးဖို့ကတော့ သိပ်လွယ်တဲ့ အလုပ်တော့ မဟုတ်ဘူး”

“ဒါပေမဲ့ ကျုပ်ရဲ့ ခုလို ရည်မှန်းချက်ကောင်းတစ်ခုအတွက် စည်းရုံးလှုံ့ဆော်ပေးမှုကို အဖွဲ့လေးနဲ့ဖြစ်ဖြစ်၊ လူများများနဲ့ လုပ်နိုင်ရင်တော့…။

“ခုပဲ ဟောဟိုက မျက်နှာပေါက်ဆိုးဆိုးနဲ့ အမျိုးသမီးကြီးကိုတော့ ခင်ဗျား မျက်စိတစ်ဘက်ပဲ မှိတ်ရုံမှိတ်ပြပြီး နှုတ်ဆက်လိုက်တယ်နော်”

“ဟုတ်တယ်လေ။ကျုပ် သိတာပေါ့” “ သူသာ ကျောင်းဆရာမကြီးဆိုရင်တော့ ဒီနေ့ သူ့ အတန်း က ပျော်ရွှင်စရာ စာသင်ခန်းတစ်ခု ဖြစ်တော့မှာ သေချာပြီပေါ့ဗျာ…”

xxxxx

Ref: Love and the Cabbie by Art Buchwald

Short Stories
1
Facebook Twitter Google + Pinterest
Lush Editor

previous post
အံ့ဩဖွယ်ဖြစ်ရပ်လေးတစ်ခု (ဘာသာပြန်ရသ)
next post
အရှိန်မပြယ်သေးတဲ့ 80s Fashion Trend များ

Recommended

Home at the heart of Inya

October 12, 2017

စကားများကြတဲ့အခါ ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်းဆုံး ဖြေရှင်းကြမလဲ။

March 5, 2019

Old Town Road Decor

July 2, 2020

Chef Xavier Fauvel

April 10, 2020

Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

June 9, 2023

ဂျပန်မှာဆူရှီဘယ်လိုစားကြမလဲ

September 6, 2019

98 Wireless Residences

January 31, 2020

Life and Nutrition

April 10, 2020

The Steel Magnolia

May 21, 2018

May Myat Warso—She who modernizes tradition

April 3, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem