LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LIFELIVINGTRAVEL

သီရိလင်္ကာနိုင်ငံ ရဲ့ Sigiriya ရှေးဟောင်းမြို့အား ရှာဖွေခြင်း

written by Lush Editor November 23, 2023
သီရိလင်္ကာနိုင်ငံ ရဲ့ Sigiriya ရှေးဟောင်းမြို့အား ရှာဖွေခြင်း

သီရိလင်္ကာနိုင်ငံ ကို ကိုယ် စ စိတ်ဝင်စားပြီး သွားချင်စိတ်တွေ ဖြစ်လာခဲ့တာ ဒီ ကျောက်တောင်ကြီးကြောင့်လို့ ပြောရင် မမှားဘူး။ ပထမ ဒီ ကျောက်ဆောင်ပေါ်က နန်းတော်ကြီးက သီရိလကာၤမှာ ရှိနေမှန်းတောင် မသိခဲ့ဘူး။ ကိုယ် ဒီအတိုင်း ခရီးသွားစာတွေ လိုက်ရှာဖတ်ရင်းနှင့် သီရိလကာၤ ဒေသခံ တွေနှင့် လူတစ်ချို့က အင်တာနက်ပေါ်မှာ ရှစ်ခုမြောက် ဖြစ်လာမယ့် ကမ္ဘာ့အံဖွယ်ရယ်လို့ တင်စားကြတာတွေ့တော့ စိတ်ဝင်စားသွားပြီး သူ့အကြောင်းတွေ ရှာဖတ်ဖြစ်ခဲ့တယ်။ အဲဒီမှာတင် ဒီနေရာလေးကို သွားချင်လာခဲ့ပြီး အရောက်သွားဖို့ ဖြစ်လာတာပေါ့ …

ရုတ်တရက် ကြည့်လိုက်ရင်တော့ ဒီ ကျောက်တောင်ကြီးက ဘာကြီးလဲပေါ့ … ဘာမှလဲ မထူးခြားဘူးပေါ့ ။ ဒီလိုမျိုး နေရာတွေ ကမ္ဘာပေါ်မှာ အများကြီး ရှိတယ် ဘာညာ ပြောကြနိုင်ပေမယ့် သမိုင်းကြောင်းကို လိုက်ဖတ်ကြည့်မှ သူတို့ရဲ့ ရှေးခေတ်ဗိသုကာ ပညာကိုပါ တွဲပြီး မြင်တွေ့ရတာမို့ ထူးဆန်းတယ်လို့ ဆိုရခြင်းပါ။ သမိုင်းကြောင်းကလည်း တော်တော်စိတ်ဝင်စားစရာ ကောင်းတာမို့ သမိုင်းကြောင်းလေးကနေ အရင် စလိုက်ရအောင်

SIGIRIYA ANCIENT CITY ( စီဂိရိယာ ရှေးဟောင်းမြို့တော် )

Sigiriya ဆိုတာ သီရိလင်္ကာနိုင်ငံရဲ့ Matale ဒေသ၊ Dambulla ပြည်နယ် အတွင်းမှာ တည်ရှိတဲ့ ရှေးဟောင်းမြို့ပျက်တစ်ခုပါ။ ဒါပေမယ့် သူ့ မြို့ပျက်က ဘာလို့ ထူးဆန်းတာလဲ ဆိုတော့ ကျောက်ဆောင်ပေါ်မှာ နန်းတော်တည်ပြီး ဆောက်ထားတဲ့ မြို့ပျက်မို့လို့ပါဘဲ။ Sigiriya rock ဆိုတာ ကျွန်တော် တို့ မြန်မာနိုင်ငံမှ ပုပ္ပါးကျောက်ကလပ် လိုဘဲ မီးတောင်သေတစ်ခုရဲ့ ချောရည် တွေကြောင့် အနီးအနားပတ်ဝန်းကျင် တောကြီးမျက်မည်းအလယ် မီတာ ၂၀၀ ကျော် ထီးထီးကြီး ဖြစ်တည်နေတဲ့ ကျောက်ကလပ် ဖြစ်ပါတယ်။ အဲဒီ ကျောက်ကလပ်ပေါ်မှာ နန်းတော်ပျက်၊ မြို့ပျက် ကြီးရဲ့ အကြွင်းအကျန်တွေ နှင့်တကွ ဒီကျောက်ကလပ် ပတ်ပတ်လည်မှာ တံတိုင်းတွေ၊ နန်းတော်ရာထဲမှာ ရေကန်၊ ရေပန်း နှင့်တကွ တော်ဝင် ဥယျာဉ် အကြွင်းအကျန်တွေပါ တည်ရှိနေတဲ့ မြို့ပျက်ကြီး တစ်ခုပေါ့။

Sigiriya Ancient City ရဲ့ သမိုင်းကြောင်း

သမိုင်းကြောင်းအရ ပြန်ကြည့်ရမယ်ဆိုရင် 3th Century မှာ sigiriya ကျောက်ကလပ် ဟာ ဘုန်းကြီးတွေ၊ ရဟန်းတွေရဲ့ နားခိုရာ၊ တရားအားထုတ်ရာ နှင့် သီတင်းသုံးရာ နေရာတစ်ခု အဖြစ် ယူဆရပါတယ်။ အဲဒီနောက်ပိုင်း 5th Century နှောင်းပိုင်းလောက်ရောက်တော့ ဘုရင်ကြီး Kashyapa က အဲဒီကျောက်ကလပ်ကြီးကို သူ့ရဲ့ နန်းတော်ရာ အဖြစ် ပြောင်းလဲ တည်ဆောက်ခဲ့ပါတယ်။ ဘုရင်ကြီး Kashyapa ဟာ တကယ်တော့ ထီးနန်းအရိုက်အရာ ဆက်ခံရမယ့် မင်းသားတစ်ပါး မဟုတ်ပါဘူးတဲ့။ သူဟာ သူ့ရဲ့ အဖေရင်း ဘုရင်ကြီး Dhatusena ကို အရှင်လတ်လတ် မြေမြှပ်ပြီး ထီးနန်းကို လုယူထားသူ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ထီးနန်းအရိုက်အရာ ဆက်ခံခွင့်ရမယ့် မင်းသား Mogallana က Kashyapa ကြောင့် အိန္ဒိယနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာမို့ Kashyapa က ထီးနန်းရခဲ့တာပါတဲ့။

အဲဒီနောက် ဘုရင်ကြီး Kashyapa ဟာ သူ့ရဲ့ နန်းတော်ရာအဖြစ်ရော ကိုယ်လုပ်တော်တွေနှင့် ပျော်ပါးရာနေရာအဖြစ် ဒီနေရာကို တည်ဆောက်ခဲ့တာပါတဲ့။ ဒါပေမယ့် သူဟာ စည်းစိမ်ကို ကြာကြာ မခံစားခဲ့ရပါဘူး။ သူ့ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ မင်းသား Mogallana ဟာ အိန္ဒိယ မှာ တပ်အင်အားစုပြီး သူ့ကို ပြန်တိုက်ခိုက်ခဲ့တဲ့အချိန်မှာတော့ သူဟာ အဖေကို သတ်ခဲ့တဲ့ ဘုရင်မို့ ပြည်သူတွေရဲ့ ထောက်ခံခြင်း၊ အကာအကွယ်ပေးခြင်းကို မရရှိခဲ့တဲ့အတွက် စစ်ရှုံးနိမ့်မှာ ကြိုသိလို့ ကိုယ့်ဘာသာ အဆုံးစီရင်ခဲ့ပါတယ်တဲ့။

အဲဒီနောက် နန်းမွေနန်းခံ ကို ဆက်ခံခဲ့တဲ့ ဘုရင်ကြီး Mogallana က Sigiriya ကို အရင်ကလို ဘုန်းကြီးတွေ ရဟန်းတွေရဲ့ သီတင်းကျင့်သုံး၊ တရားအားထုတ်ရာ နေရာအဖြစ် ဘုန်းကြီးတွေ ရဟန်းတွေဆီ ပြန်လည် အပ်နှင်းခဲ့ပါတယ်။ ဒါပေမယ့် 14th Century နှောင်းပိုင်းလောက်အထိတော့ သူဟာ မြို့ပျက်တစ်ခု အဖြစ်သာ မထင်မရှား ရှိခဲ့တာပါ။

Sigiriya Rock ရဲ့ ထင်ရှားတဲ့ အမှတ်အသားများ

? Lion Paw ( ခြင်္သေ့ခြေသည်း အကြွင်းအကျန်)

Sigiriya ကို တစ်ချို့တွေက Lion Rock ( ခြင်္သေ့ ကျောက်ဆောင် ) လို့လည်း ခေါ်ကြပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ နန်းတော်ထဲ ဝင်ပေါက်ဝမှာ ခြင်္သေ့ခြေသည်း ကျောက်ထု အကြွင်းအကျန်တွေ ယနေ့တိုင် တွေ့ရသေးလို့ပါ။ နန်းတော်ရဲ့ ဝင်ပေါက်ဟာ ခြင်္သေ့ကျောက်ရုပ်ရဲ့ ပါးစပ်ပေါက်ကနေတစ်ဆင့် ဝင်ရတယ်လို့ ပြောစမှတ် ရှိတယ်တဲ့။ အခုတော့ ပြိုကျပျက်စီးကုန်ပြီမို့ ခြင်္သေ့ ခြေသည်း အကြွင်းအကျန်သာ ရှိပါတော့တယ်။ တစ်ချို့တွေကလည်း သိမ်းငှက်ခြေသည်းလို့ ပြောကြတာ ရှိပါတယ်။

? နံရံဆေးရေးပန်းချီ

ကျောက်ဆောင်ကြီးရဲ့ အမြင့်ပေ ၁၄၀ မီတာအမြင့်မှာ ဘုရင်ကြီးရဲ့ ကိုယ်လုပ်တော်တွေအကြောင်း နံရံဆေးရေးပန်းချီတွေကို ဒီနေ့အချိန်အထိ တွေ့ရမှာပါ။ ကိုယ်လုပ်တော်တွေရဲ့ နေ့စဉ်ဘဝကို အဓိက ရေးဆွဲထားပြီး ဓာတ်ပုံရိုက်ကူးခွင့်တော့ မရှိပါဘူး။

? Mirror Wall

ဘုရင်ကြီးဟာ ကျောက်ဆောင်ပေါ်က နန်းတော်ကြီးကို တက်ရင် နံရံမှာ ကိုယ့်ကိုကိုယ် ပြန်မြင်ရဖို့ မှန်လို ဖြစ်နေအောင် ပွတ်တိုက်ထားတဲ့ နံရံတစ်ခုပါ။ ရှေးခေတ်ကဗျာတွေပါ တွေ့မြင်ရနိုင်တဲ့ နေရာလို့ ပြောကြပါတယ်။ 7th – 14th Century မှာ လာလေ့လာခဲ့တဲ့ သူတွေရဲ့ လက်ရေးနှင့် ရေးထားတဲ့ ကဗျာအပုဒ်ပေါင်း ၁၀၀၀ ကျော်ကို အဲဒီ mirror wall ပေါ်မှာ မြင်ကြရမှာပါ။

? နန်းတော်ပျက်ရဲ့ အကြွင်းအကျန်

ကျောက်ဆောင်ရဲ့ ထိပ်ဆုံးပိုင်းကို ရောက်ရင်တော့ နန်းတော်ပျက်ရဲ့ အကြွင်းအကျန် တစ်ချို့ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ တော်ဝင် နန်းတော်ကြီး နှင့်တကွ နန်းတော်ရာ ရဲ့ အကြွင်းအကျန် ရေကန်တွေကိုပါ မြင်တွေ့ရပါတယ်။

? တော်ဝင်ဥယျာဉ်

နန်းတော်ရာထဲ ဝင်ဝင်ချင်းမှာ sigiriya ကျောက်ဆောင်ဆီ မရောက်ခင် တော်ဝင်ဥယျာဉ်ကို အရင် ဖြတ်ရမှာဖြစ်ပါတယ်။ အဲဒါအပြင် နန်းတော်ရာကြီးကို ကာရန် ထားတဲ့ တူးမြောင်းကြီးကိုလည်း မြင်တွေ့ကြရမှာပါ။

? Pidurangala Rock

Sigiriya ကိုနောက်ခံထားတဲ့ နေထွက်ချိန်ကို ကြည့်ချင်တဲ့ သူတွေအတွက် မနက်စောစောမှာ Pidurangala ကို တက်သင့်ပါတယ်။ သူကလည်း မီးတောင်က ပေါက်ထွက်လာတဲ့ ချော်ရည်တွေကြောင့် ဖြစ်လာတဲ့ ကျောက်တောင်တစ်ခုပါဘဲ။ ဘုန်းကြီးတွေ သီတင်းသုံးရာနေရာလို့ သိခဲ့ရပြီး ကံဆိုးချင်တော့ ကိုယ်တွေ တောင်ပေါ်တက်တဲ့ အချိန် မြူတွေ ပိတ်ပြီး ဘေးပတ်ဝန်းကျင်ကို သေချာတောင် မမြင်ခဲ့ရပါ။ Sigiriya Rock ကိုတောင် ပြန်ဆင်းခါနီးမှ ရေးရေးလေးသာ မြင်ခဲ့ရတယ်။ အဲဒီတောင်ပေါ်တက်ရင် အလှူငွေ 3 USD ထည့်ရပါတယ်။

ခရီးလမ်းကြောင်း

ခရီးလမ်းကြောင်းအနေနှင့် ပြောရမယ် ဆိုရင် သူဟာ သီရိလကာၤ နိုင်ငံရဲ့ အလယ်ဗဟို ချက်ကျကျ မှာ ရှိတာမို့ နေရာတော်တော်များများကနေ သွားလို့ရပါတယ်။ မြို့တော် ကိုလံဘိုကနေ Day trip အနေနှင့် သွားလို့ ရသလို Anuradhapura Ancient City မှာ ဘုရားဖူးရင်း အပြန် သို့မဟုတ် အသွားကို ဝင်လို့လည်း ရပါတယ်။

ကျွန်တော်တို့ကတော့ အဲဒီမှာ နားချင်တာမို့ Anuradhapura မြို့ကနေ အပြန်ကို ကားငှားပြီး အဲဒီကို တန်းသွားခဲ့ပါတယ်။ အဲဒီမြို့မှာဘဲ ညအိပ်ခဲ့ကြပီး နောက်နေ့ကျမှ Sigiriya တောင်ပေါ်ကို တက်ခဲ့တာပါ။

အဲဒီမြို့ရောက်ရင် မနက်ဘက်ကို သူ့အရှေ့က Pidurangala Rock ပေါ်တက်ပြီး Sigiriya view နှင့် နေထွက်တာကို ကြည့် ၊ ပြီးရင် ဟိုတယ်ပြန်နား ညနေဘက်မှ Sigiriya တောင်ပေါ်တက်ဖို့ အကြံပေးပါရစေ။

Sigiriya Rock ပေါ်ကို ဝင်ကြေးအနေနှင့်ကတော့ နိုင်ငံခြားသားတစ်ဦးကို USD 30 ဆိုတော့ ဈေးကြီးတယ် လို့ ဆိုရမှာပါ။ တကယ်လို့ ရှေးခေတ်ဗိသုကာနှင့် သမိုင်းကို စိတ်မဝင်စားရင်ဖြစ်ဖြစ် မတန်ဘူးထင်ရင်ဖြစ်ဖြစ် စိတ်ထဲခံစားနေရရင်တော့ တက်မကြည့်ဘဲ အောက်ကနေဘဲ ဓာတ်ပုံရိုက်လို့ရပါတယ်။ ကိုယ်ကတော့ ကိုယ့်ရဲ့ Bucketlist ဖြစ်နေတာရော၊ သမိုင်းကို စိတ်ဝင်စားတာရော၊ အဲဒိ ပိုက်ဆံတွေနှင့် ဒီနေရာကို သေချာထိန်းသိမ်းပေးနေတာ မြင်ရတာရောကြောင့် တန်တယ်လို့ ယူဆပါတယ်။ ပြီးတော့ တစ်ချို့လူကြီးတွေအတွက်ကျ ဒီ Sigiriya အပေါ်တက်တာက နည်းနည်းခက်ခဲမယ်လို့ ထင်ပါတယ်။

တောင်ပေါ်တက်မယ်ဆို weather forecast လေး ကြည့်စေချင်ပါတယ်။ မိုးရွာရင် အပေါ်မှာ မြို့ပျက်ကြီးသာ ရှိတာမို့ အမိုးအကာမရှိပါဘူး။ တောင်တက်ရမှာမို့ သက်တောင့်သက်သာ အဝတ်အစား နှင့် ဖိနပ်ကို စီးစေလိုပါတယ်။ တောင်ပေါ်မှာ ဘာမှမရှိတာမို့ ရေသန့်ဗူး ကြိုဆောင်သွားစေချင်ပါတယ်။

ဘယ်မှာတည်းပြီး ဘယ်မှာ စားမလဲ ?

ကျွန်တော်တို့ကတော့ Kashyapa kingdom View Home ဆိုတဲ့ Guest Home လေးမှာ နေခဲ့တာပါ။ တစ်ညကို USD 30 လောက် ပေးရပြီး မနက်စာလည်း ပါတော့ အဲဒါကိုဘဲ ရွေးလိုက်တာပါ။ အဓိက အကျဆုံးကတော့ စပါးခင်းကြီးရယ် sigiriya ကျောက်ဆောင်ရယ်ကို မြင်ရတဲ့ နေရာလေး မို့လို့ပါ။

စားသောက်ဆိုင်ကတော့ များများစားစား မရှိပါဘူး။ ဆိုင်တော်တော်များများကလည်း အရက်သေစာ မရောင်းတာမို့ သောက်ဖို့ အတွက် ရှာမယ်ဆိုရင်တော့ နည်းနည်း ခက်ခဲတဲ့ နေရာလေးပါ။

အချုပ်အားဖြင့် ဆိုရမယ် ဆိုရင် Sigiriya Ancient City ဟာ ၁၉၈၂ ခုနှစ်မှာ UNESCO Heritage Site အဖြစ် သတ်မှတ်ခံရပြီး Ancient Urban Planning ရဲ့ အကောင်းဆုံး ဥပမာတွေက တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။

ရှေးခေတ်သီရိလကာၤ နိုင်ငံရဲ့ ဗိသုကာ ပညာကိုပါ ဖော်ပြနေပြီး မြန်မာတွေ သီရိလကာၤ နိုင်ငံကို ဘုရားဖူးထွက်ရင် သွားနေကျ မြို့တွေ ဖြစ်တဲ့ Kandy, Dambulla နှင့် Anuradhapura မြို့တွေ ကြားထဲ ရှိတာမို့ လေ့လာချင်တယ်ဆို လေ့လာနိုင်အောင် သမိုင်းကြောင်း နှင့်တကွ ရေးပေးလိုက်ပါတယ်နော်။

အားလုံး ပျော်ရွှင်တဲ့ ခရီးလေးတွေ ပိုင်ဆိုင်နိုင်ပါစေ။

LUSH TravelSIGIRIYA ANCIENT CITY
1
Facebook Twitter Google + Pinterest
Lush Editor

previous post
Remembering Chandler a.k.a. One of the greatest TV characters of all time
next post
Slicked-Back Bun ရဖို့ ဘယ်လို Styling လုပ်မလဲ?

Recommended

Coolest Places For New Year Eve

December 23, 2019

ကမ်းဆင့်မေတ္တာဖျန်းပေးပါ

July 20, 2023

Ladies’ Luxe Ride

May 21, 2018

Classics Art Déco Round: A new ode to...

April 20, 2020

Stars to your heart

August 1, 2020

Bacalar – Maldives of Mexico

March 11, 2019

Virtual Tour of National Parks and Attractions

May 29, 2020

World Cup 2018 Where To Watch Your Favourite...

June 11, 2018

Turn to Beer Yoga!

September 25, 2017

Will-power ကျစေတဲ့အရာတွေကို အဝေးကိုပစ်လိုက်ပါ

June 11, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem