LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Accessories

Frederique Constant ရဲ့ မော်ဒယ်သစ် Hybrid 

written by Lush Editor June 19, 2020
Frederique Constant ရဲ့ မော်ဒယ်သစ် Hybrid 

Luxury ပစ္စည်းတွေကိုကြိုက်နှစ်သက်သူတွေအတွက် အရည်အသွေးမြင့်တဲ့ ဆွစ်ဇာလန်နာရီတွေကို ထုတ်လုပ်ဖို့ Peter နဲ့ Aletta Stas တို့စုံတွဲက ၁၉၈၈ မှာ Frederique Constant ကို စတင်တည်ထောင်ခဲ့ပါတယ်။ Frederique Constant ဟာ ဆွစ်ဇာလန်နိုင်ငံက smartwatches များရဲ့ ရှေ့ဆောင်ဖြစ်ပြီးတော့ ဆွစ်နာရီထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းမှာ အမြဲဆန်းသစ်တဲ့နည်းပညာနဲ့ နာရီတွေကို ထုတ်လုပ်နေတာပါ။ ၂၀၁၆ ခုနှစ်မှာ ဂျပန်နိုင်ငံသားအုပ်စုနဲ့ ပူးပေါင်းလိုက်တဲ့နောက်မှာတော့ Luxury watches တွေကို ပိုပြီးတော့ ထုတ်လုပ်ရောင်းချဖို့ ဖြစ်လာပါတော့တယ်။ Frederique Constant ဟာ နာရီတစ်လုံးဆိုတာထက်ပိုတဲ့ ဂုဏ်တွေနဲ့ ယနေ့တိုင် ရပ်တည်နေဆဲပါပဲ။

ခု Frederique Constant ရဲ့ မော်ဒယ်သစ် Hybrid ရဲ့ ထူးခြားမှုတွေကိုပဲ အရင်ပြောပြချင်မိတယ်။ Hybrid ရဲ့ ထူးခြားတဲ့ ဒီဇိုင်း ၃ မျိုးက အမျိုးသားတို့ရဲ့ဖက်ရှင်ကို အထောက်ပံ့ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ ပထမဆုံး မျက်လုံးထဲ ဝင်လာတဲ့ ဒီဇိုင်းကတော့ ဘယ်တော့မှ မရိုးတဲ့ ငွေရောင်ကာလာဒီဇိုင်းနဲ့ Hybrid (FC-750V4H6) အကြောင်း ပြောပြချင်မိတယ်။ 

တောက်ပတဲ့ stainless steel နှစ်ထပ်ကာရံထားပြီးတော့  အချင်း ၄၂ မီလီမီတာရှိတဲ့ sapphire crystal မျက်နှာပြင်အခုံးနဲ့ နာရီတစ်လုံးကို မြင်မိတာနဲ့ ချက်ချင်းဆွဲဆောင်ခံသွားရမှာပဲ။ ကြည်လင်တောက်ပတဲ့ ငွေရောင်မျက်နှာပြင်ရဲ့အတွင်းက Rose Gold အမှတ်အသားလေးတွေကို ကြည့်ရတာဟာ သိပ်ပြီး ပနံရနေတာပဲလေ။ နေ့စွဲကို လိုသလိုချိန်ညှိလို့ရသလို jewels ၃၃ လုံးနဲ့အလှဆင်ထားတဲ့အပြင် 38 hours power reserve ပါတာတွေ့ရတယ်။ 

Perlage & de Genève နဲ့ အလှဆင်ထားပြီး အညိုရင့်ရောင်မိကျောင်းသားရေကြိုးနဲ့ တင့်တယ်လွန်းနေရုံသာမက ရေစိုခံနိုင်အား 5 ATM ရှိတယ်ဆိုတော့ မီတာ ၅၀ ရေစိုခံနိုင်အားနဲ့မို့ နေရာမရွေး စိတ်ချလက်ချ ဝတ်ဆင်နိုင်တာပေါ့။ 

နောက်ထပ် Hybrid Series တစ်ခုက Rose Gold ကာလာအနားသတ်မှာ ငွေရောင်နာရီမျက်နှာပြင်နဲ့ ထူးခြားခန့်ထည်နေတဲ့ Hybrid (FC-750V4H4) ပါ။ သူကတော့ မြင်လိုက်တာနဲ့ ရွှေရောင်ရဲ့ ခမ်းနားမှုနဲ့ ဆွဲဆောင်နေပြီးတော့ တောက်ပတဲ့ မျက်နှာပြင်ကနေ Rose Gold ကာလာနဲ့ အမှတ်အသားလေးတွေက guillochet နဲ့ အနုစိတ်အလှဆင်ထားတဲ့ ငွေရောင်မျက်နှာပြင်မှာ ကြွတက်ပြီး ထင်ရှားလှပနေပါတယ်။ ၆ နာရီပြမှာရှိနေတဲ့ အနက်ရောင်နေ့ရက်အမှတ်အသားလေးတွေရယ် ၁၂ နာရီပြနေရာမှာ နီလာရောင်လေးနဲ့ တစ်နေ့တာပြအမှတ်အသားတွေရဲ့ ရှင်းလင်းပြတ်သားမှုကလည်း ခန့်ညားမှုအပြည့်နဲ့ဒီဇိုင်းကို ဖြည့်စွက်လိုက်ပြန်ပါတယ်။ အမျိုးသားတို့အတွက် ပြီးပြည့်စုံတဲ့ ဖက်ရှင်ဖြစ်အောင် ထောက်ပံ့ပေးမယ့် Hybrid ဖြစ်နေမှာ မလွဲမသွေပါပဲ။

မဖြစ်မနေ မျက်လုံးထဲ ချက်ချင်းရောက်လာတဲ့ ကာလာနဲ့ အလန်းစားဒီဇိုင်း Hybrid (FC-750N4H4) ကတော့ အပြာရင့်ရောင်လေးနဲ့ပါ။ အချင်း ၄၂ မီလီမီတာရှိတဲ့ Rose Gold ကာလာအနားသတ်ထားတဲ့ အလယ်မှာ တောက်ပတဲ့ Navy ရောင်မျက်နှာပြင်က ဖမ်းစားလွန်းနေပါတယ်။ အနုစိတ်ဖန်တီးထားတဲ့ Perlage ဒီဇိုင်းပေါ်က Hybrid စာလုံးလေးတွေ၊ Rose Gold ကာလာ နာရီလက်တံလေးနဲ့ အမှတ်အသားလေးတွေကို အပြောရင့်ရောင် မိကျောင်းသားရေလက်ပတ်ကြိုးက ခမ်းနားပြီးပြည့်စုံတဲ့ ဒီဇိုင်းအဖြစ် ထပ်မံ ပံ့ပိုးလိုက်တာမို့ ဂန္ဓဝင်ဆန်လှပတဲ့ Hybrid ဖြစ်လို့နေပါတယ်။ 

ဒီဒီဇိုင်းမှာလည်း Perlage & de Genève နဲ့ အလှဆင်ထားသလို ရေစိုခံနိုင်အား 5 ATM ရှိတယ်ဆိုတော့ မီတာ ၅၀ ရေစိုခံနိုင်အားနဲ့မို့ နေရာမရွေး စိတ်ချလက်ချ ဝတ်ဆင်နိုင်ပါတယ်။ Hybrid နာရီတွေမှာ USB ကြိုးနဲ့ အလွယ်တကူအားသွင်းနိုင်တဲ့အားသာချက်လည်း ထူးထူးခြားခြား ပါဝင်တာပါ။ 

Hybrid နာရီတွေမှာ တမူထူးခြားတဲ့ အချက်တွေရှိပါသေးတယ်။ Hybrid နာရီက နာရီတစ်လုံးရဲ့ အင်္ဂါရပ်ဖြစ်တဲ့ နာရီ၊ မိနစ်၊ နေ့စွဲတွေအပြင် 38 hours power reserve ပါဝင်သလို နာရီတစ်လုံးလို့ သတ်မှတ်တာထက်ကျော်လွန်တဲ့ အချက်တွေလည်း ရှိနေပါသေးတယ်။ မိမိရဲ့ လှုပ်ရှားမှုများကို မှတ်တမ်းတင်ပေးတာ၊ တစ်နေ့တာအတွက် ခြေလှမ်းများသတ်မှတ်ပေးတာ၊ ပြည့်ဝတဲ့ အိပ်စက်မှုကို ရရှိစေအောင် သတ်မှတ်တာတွေကိုပါ လုပ်ဆောင်ပေးတာကြောင့် မိမိကျန်းမာရေးအထောက်အကူပြု ပစ္စည်းအဖြစ်လည်း အလွန်သုံးဝင်နေပါသေးတယ်။ ဒီလို စွမ်းရည်တွေနဲ့ ဆွစ်ဇာလန်နိုင်ငံက Frederique Constant ကထုတ်လုပ်တဲ့ Hybrid Series နာရီတွေကို မြန်မာနိုင်ငံမှာလည်း ကမ္ဘာ့နိုင်ငံများနည်းတူ ဝယ်ယူလို့ရနေတာဟာ အလွန်ဝမ်းသာစရာတစ်ခု ဖြစ်လို့နေပါပြီ။

Frederique ConstantLUSH AdvertorialLUSH DAILYLUSH June 2020LUSH Magazine MyanmarSwiss Made Luxury WatchesSwiss Time Square
1
Facebook Twitter Google + Pinterest
Lush Editor

previous post
ငယ်ငယ်က ကိုယ်ကျပ်အင်္ကျီတွေ ဝတ်ခဲ့တာဟာ “ယုံကြည်မှုအားနည်းခဲ့တဲ့ လက္ခဏာ” လို့ ပြောခဲ့တဲ့ Victoria Beckham
next post
ဗြိတိန်မြောက်ပိုင်းကနေ မြန်မာပြည်ထိ စီးဆင်းနေတဲ့ အေးရိပ်ဆာယာ ဝင်ဒါမီယာ

Recommended

Dr. Martens 1460 remastered project မှာပါ၀င်လာတဲ့ Marc Jacobs

September 18, 2020

မိုးရာသီမှာလည်း ဖက်ရှင်ကျကျဝတ်ဆင်နိုင်မယ့် ဖိနပ်များ

June 5, 2020

New Normal Business Casual for Rainy Season

June 15, 2020

မြန်မာငွေ ငါးသိန်းဝန်းကျင်တန် Louis Vuitton ရဲ့ Air Pods Earrings

July 22, 2020

Georgina Rodríguez’s Diamonds on Her Wedding Day

August 27, 2026

Blackpink Jennie x Gentle Monster opened “Jentle Home”...

May 13, 2020

Premium ဖြစ်တဲ့ ခံစားမှုမျိုးကို ရရှိနိုင်မယ့် “PRADA FOR ADIDAS” 

September 8, 2020

လူစိတ်ဝင်စားမှု များနေတဲ့ Dior x Nike Air Jordan 1...

July 8, 2020

Top 5 Floral Fragrances For LUSH Brides

December 14, 2020

ရွှေရတုတိုင် ဆန်းသစ်နေဆဲဖြစ်တဲ့ Tudor

June 25, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem