LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
AccessoriesLUSH DAILY

ရွှေရတုတိုင် ဆန်းသစ်နေဆဲဖြစ်တဲ့ Tudor

written by Lush Editor June 25, 2020
ရွှေရတုတိုင် ဆန်းသစ်နေဆဲဖြစ်တဲ့ Tudor

အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ကမ္ဘာကြီးရဲ့ အရေးကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံးထဲမှာ အချိန်ဆိုတာကလည်း အရေးကြီးတဲ့ တစ်ထောင့်တစ်နေရာက ပါဝင်ပါတယ်။ အချိန်ကို တန်ဖိုးထားတဲ့လူတစ်ယောက်ဟာ သူကိုယ်တိုင်လည်း တန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးပမ်းနေလေ့ရှိကြပါတယ်။ ဒီလိုလူတွေက အချိန်အတွက်ဆို ထူးခြားပြီးပြည့်စုံတဲ့ ဒီဇိုင်းနဲ့ အရည်သွေးမြင့် နာရီတွေကိုပဲ ရွေးချယ်တတ်ကြပါတယ်။ အဲဒီလို ရွေးချယ်မှုတွေထဲမှာ Swiss Watch Brand တစ်ခုဖြစ်ပြီး နှစ်ပေါင်း ၅၀ တိုင် ထူးခြားဆန်းသစ်နေဆဲ ဂန္ထဝင်ဆန်တဲ့ ဒီဇိုင်းတွေနဲ့ Tudor လည်း ပါဝင်ပါတယ်။

Tudor Chronograph နာရီများကို ၁၉၇၀ ပြည့်နှစ်က စတင်ခဲ့တာမို့ အခု ၂၀၂၀ ပြည့်နှစ်မှာ နှစ်သက်တမ်း ၅၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ၁၉၇၀ မှာ Tudor က Oysterdate Series 7000 (Homeplate) ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ Oysterdate နာရီများဟာ mechanical sports နာရီအမျိုးအစားဖြစ်ခဲ့ပါတယ်။ ပုံမှန်ထက်သာလွန်ပြီး ခန့်ညားတဲ့ အမျိုးသားတို့နှစ်သက်တဲ့ ဒီဇိုင်းနဲ့ Oysterdate နာရီများဟာ  မီတာ ၁၀၀ အထိ ရေစိုခံတဲ့အပြင် နာရီမျက်နှာပြင်ရဲ့ မီးခိုးရောင်နဲ့ အနက်ရောင်ကာလာနှစ်မျိုးမှာ လိမ္မော်ရောင်ဂဏန်းအမှတ်အသားနဲ့ စက္ကန့်လက်တံတို့ရဲ့ ထူးခြားတဲ့ ဒီဇိုင်းကြောင့် Tudor ဟာ အဲဒီဘက်ခေတ်မှာ ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ ကျော်ကြားခဲ့ပါတယ်။

Oysterdate Series ကို ၁၉၇၀ က Rally ပြိုင်ကားမောင်းသူ Tim Wheatley နဲ့ ထူးထူးခြားခြား ကြော်ငြာခဲ့တဲ့ Tudor ရဲ့ဒီဇိုင်းဟာ အားကစားသမားများ၊ ရေငုပ်သူများ အကြိုက် ဒီဇိုင်းတွေဖြစ်သလို ဂန္ထဝင်ဆန်ခြင်း၊ ရိုးရာများကိုဆန်းသစ်ခြင်းတွေကို ကြိုက်နှစ်သက်သူတွေ လက်မလွတ်ချင်ကြတဲ့ ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းတွေပါပဲ။ လွန်ခဲ့တဲ့နှစ် ၅၀ က အဲဒီ Oysterdate မော်ဒယ်ဒီဇိုင်းဟာ ခေတ်ရှေ့ပြေးဒီဇိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။

Tudor ရဲ့ ဒုတိယမျိုးဆက်အနေနဲ့ ထုတ်လိုက်တဲ့ ကာစီနိုကစားဝိုင်းရဲ့ဘီးနဲ့တူတဲ့ဒီဇိုင်းကို “Monte Carlo” လို့ အမည်ပေးခဲ့ပါတယ်။ အဲဒီမော်ဒယ်ကိုတော့ ၁၉၇၁ မှာ ထုတ်လုပ်ခဲ့ပြီးတော့ ၁၉၇၇ ထိကို ၆ နှစ်တိုင်တိုင် ခေတ်စားခဲ့တဲ့ ဒီဇိုင်းဖြစ်ပါတယ်။ အရောင်ပေါင်းစပ်မှုတွေနဲ့ ထူးခြားတဲ့ ဒီဇိုင်းတွေကို “Monte Carlo” မှာ တွေ့ရပြန်ပါတယ်။ Tudor ရဲ့ Signature ဖြစ်တဲ့ အပြာရောင်၊ အပြာနဲ့ မီးခိုးပေါင်းစပ်မှုတွေနဲ့အတူ Blue bezel နှစ်မျိုးပါဝင်တဲ့ ဒီဇိုင်းအသစ်ကိုကြိုဆိုတဲ့သူတွေအဖို့ အကြိုက်ဖြစ်ခဲ့ပြန်ပါတယ်။ 

၁၉၇၆ မှာ Tudor ကထုတ်ကုန်အသစ်တစ်ခုနဲ့ ကမ္ဘာကိုမိတ်ဆက်ခဲ့ပြန်ပါတယ်။ ဒီတစ်ခါ ထုတ်လုပ်လိုက်တဲ့ “Big Block” လို့အမည်ရတဲ့ Prince Oysterdate နာရီသည် ပထမဆုံး Tudor Chronograph နာရီ ဖြစ်ပြီး self-winding movements တပ်ဆင်ထားပါသည်။ “Big  Block” ရဲ့ ထူးခြားမှုတွေက နာရီမျက်နှာပြင်တွေမှာတင် အဖြူရောင်၊ အနက်ရောင်နဲ့ ငွေရောင်တို့ ပေါင်းစပ်ထားတဲ့ ထူးခြားလင်းလက်မှုကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ နေ့ရက်တွေကို နာရီရဲ့ ၃ နာရီနေရာမှာထည့်သွင်းထားတဲ့ ရှင်းလင်းတဲ့ မျက်နှာပြင်တစ်ခုနဲ့ ဗိသုကာလက်ရာတစ်ခုလို ထူးခြားတဲ့ဒီဇိုင်းကြောင့် “Big  Block” ဟာ ထင်ရှားတဲ့ နာရီအမျိုးအစားတစ်ခု ဖြစ်ခဲ့တာပါပဲ။

၁၉၉၅ မှာတော့ ရှေ့က ထုတ်လုပ်ခဲ့တဲ့ Prince Oysterdate မှတ်တမ်းများကို Update လုပ်ထားတဲ့ ဒီဇိုင်းနဲ့  “ Sapphire Chronograph” ထွက်ပေါ်လာခဲ့ပါတယ်။ Sapphire crystal ကိုစတင်မိတ်ဆက်လိုက်တဲ့ ဒီမော်ဒယ်မှာတော့ ရှေ့ကဒီဇိုင်းတွေထက်ပိုမိုကောင်းမွန်လာမှုတွေကို တွေ့ရှိလာပြီးတဲ့အခါ ပိုမိုကျော်ကြားတဲ့ ဒီဇိုင်းဖြစ်လာပါတယ်။

ရင်သပ်ရှုမောဖွယ်ဒီဇိုင်းတွေကိုတော့ ၂၀၁၀ မှာ ထုတ်လိုက်တဲ့ 2010 TUDOR Heritage Chrono မှာ တွေ့လာရပြန်ပါတယ်။ ဒီ “Heritage Chrono” မှာ ၁၉၇၀ က မူရင်းဒီဇိုင်းတွေရယ် နောက်အလယ်မှာထုတ်ခဲ့တဲ့ ဒီဇိုင်းတွေရယ်တွေကို ပေါင်းစပ်ထားတဲ့ ဂန္ထဝင်ဆန်တဲ့ ရိုးရာဟန်ပန်တွေကို ထူးထူးခြားခြား တွေ့ရပြန်ပါတယ်။ နာရီရဲ့ မျက်နှာပြင်ကိုကြည့်လိုက်တာနဲ့  3D ပုံစံနာရီအမှတ်အသားများ၊ လိမ္မော်ရောင် ချစ်စဖွယ်နံပါတ်လေးများနဲ့ ရှင်းလင်းပြတ်သားဟန်အထင်းသားရှိနေတဲ့ စက္ကန့်ပြလိမ္မော်ရောင်လက်တံလေးက Tudor ရဲ့ ထင်ရှားတဲ့ သင်္ကေတဖြစ်ခဲ့ပါတယ်။ 

၂၀၁၃ မှာ အသစ်ထွက်ပေါ်လာတဲ့ Tudor ဒီဇိုင်းအသစ်အကြောင်းကိုလည်း ပြောပြချင်ပါသေးတယ်။ သူကတော့ ခါတိုင်းဒီဇိုင်းတွေထဲက ခွဲထွက်ပြီးတော့ ဆွဲဆောင်မှုအပြည့်ဖြစ်တဲ့ အနက်ရောင်ကြွေထည်အောက်ခံထားတဲ့ အဖြူရောင် အမှတ်အသားများပေါ်မှာ တရွေ့ရွေ့သွားနေတဲ့ စက္ကန့်ပြလက်တံ အဖြူရောင်လေးက ထူးထူးခြားခြား ခန့်ထည်နေပြီးတော့ အနက်ရောင် လက်ပတ်သားရေကြိုးနဲ့ ရိုးရိုးရှင်းရှင်းဖန်တီးလိုက်တဲ့ “ Fastrider Black Shield” ပါပဲ။

Tudor က ၂၀၁၇ မှာထပ်မံထုတ်လုပ်လိုက်တဲ့ “ Black Bay Chrono” ကတော့ ရေငုပ်နာရီလို့ နာမည်တွင်ခဲ့ပါတယ်။ မီတာ ၂၀၀ ရေအနက်ထိ ရေငုပ်နိုင်ပြီး နာရီ ၇၀ ကြာ power reserve ရှိမှု ခေတ်မီပြီး လုံခြုံစိတ်ချရမှုတို့ကြောင့်သူ့ကို အမြတ်တနိုး ဝတ်ဆင်ကြပါတယ်။ Swiss Official Chronometer Testing Institute က တရားဝင်အသိအမှတ်ပြု လက်မှတ်ရရှိထားပြီး Heritage Black Bay Chrono ၏ အကောင်းဆုံးစွမ်းဆောင်မှုကိုပေးစွမ်းနိုင်သော Manufacture calibre chronograph MT5813 ကြောင့် Tudor Black Bay ဂုဏ်သတင်းကို မွှေးစေပါတယ်။ Grand Prix d’Horlogerie de Genève ကချီးမြှင့်တဲ့ Swiss Francs 8,000 အောက်နာရီမှာ အကောင်းဆုံးဆုရရှိခဲ့ပါတယ်။

အောင်မြင်တဲ့အားကစားသမားတွေရဲ့ အကြိုက်ဖြစ်လာတဲ့ “ Black Bay Chrono” မှာတော့ ၆ နာရီပြမှာ နေ့ရက်တွေကိုထည့်သွင်းထားတာက ကျန်ဒီဇိုင်းတွေနဲ့ ခွဲထွက်လိုက်တဲ့ သပ်ရပ်တဲ့ဒီဇိုင်းဖြစ်ခဲ့ပါတယ်။ ကမ္ဘာကျော် Brand ဖြစ်တဲ့ Tudor ရဲ့ Brand Ambassadors တွေကို သိလိုက်မယ်ဆိုရင် Tudor ကို ရှင်းရှင်းလင်းလင်း မြင်နိုင်မှာဖြစ်ပါတယ်။ ဖက်ရှင်နဲ့ အထင်ကရဖြစ်တဲ့ ကမ္ဘာကျော် အဆိုတော် Lady GaGa၊ ကမ္ဘာကျော်ဘောလုံးသမား David Beckham၊ ကမ္ဘာကျော် ထိုင်ဝမ်ဂီတပညာရှင် တေးရေးဆရာ၊ ရုပ်ရှင်ထုတ်လုပ်သူ၊ သရုပ်ဆောင်နဲ့ ဒါရိုက်တာ Jay Chou၊ ၂၀၁၁ နဲ့ ၂၀၁၅ Rugby ကမ္ဘာ့ဖလားရရှိခဲ့တဲ့ နယူးဇီလန်အမျိုးသားရပ်ဂ်ဘီအသင်းကိုယ်စားပြု All Blacks၊ နယူးဇီလန် ရပ်ဘီအသင်းက နာမည်ကျော်ကစားသမား Besuden John Barrett တို့ပဲဖြစ်ပါတယ်။

ဒီလို ကမ္ဘာ့အထင်ကရပုဂ္ဂိုလ်တွေလည်း ဝတ်ဆင်ကြသလို ကမ္ဘာမှာ နာမည်ကြီး ရေတပ်တွေ စစ်တပ်တွေကလည်း လုံခြုံစိတ်ချမှုအပြည့်နဲ့ ဝတ်ဆင်တဲ့ Tudor ကို မြန်မာနိုင်ငံမှာလည်း ဝယ်ယူဝတ်ဆင်လို့ ရနေတာမို့ ဂုဏ်ယူစွာဝတ်ဆင်ချင်သူတွေ ရွေးချယ်နိုင်ပြီပဲ ဖြစ်ပါတယ်။ 

AccessoriesLUSH AdvertorialLUSH DAILYLUSH June 2020LUSH Magazine MyanmarTudor
0
Facebook Twitter Google + Pinterest
Lush Editor

previous post
ကမ္ဘာတဝှမ်း ဖွံ့ဖြိုးလာတဲ့ Wellness Tourism ယဉ်ကျေးမှု
next post
Rent an island in the Maldives – for $35,000 a night

Recommended

မနာလိုစရာကောင်းလောက်အောင်ကို တိလေးတွေကို ချစ်တတ်ကြတဲ့ Celebrities များ

July 11, 2019

62nd Annual Grammy Awards တက်ရောက်လာကြသူတွေရဲ့ Fashion များ

January 28, 2020

ဗြိတိန်မြောက်ပိုင်းကနေ မြန်မာပြည်ထိ စီးဆင်းနေတဲ့ အေးရိပ်ဆာယာ ဝင်ဒါမီယာ

June 21, 2020

Sockers – Fashion Vocabulary

August 8, 2019

FANTASY PUPPET SHOW BY MOSCHINO FOR SPRING SUMMER...

November 4, 2020

ဂရိတ်ဦးဖိုးစိန်နဲ့ ယနေ့ချိန်ထိ လင်းနေဆဲ အောက်လင်းဓါတ်မီးများ

June 16, 2020

2019 Oscars ဆုပေးပွဲရဲ့ ကော်ဇောနီလျှောက်လမ်းပေါ်က အမိုက်ဆုံးဖက်ရှင်များ

February 25, 2019

Balenciaga ရဲ့  New Face ဖွဈလာတဲ့ Cardi B

September 4, 2020

Civil Rights Lawyer အပြင် Style Icon တစ်ဦးလည်းဖြစ်တဲ့ Amal...

May 28, 2018

Board Games to Peek Your Interests

June 3, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem