LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYLUSH DAILY

ဝက်ခြံကပြောပြနေတဲ့ သင့်အကြောင်း (အပိုင်း ၂)

written by Maeve July 21, 2020
ဝက်ခြံကပြောပြနေတဲ့ သင့်အကြောင်း (အပိုင်း ၂)

အရင်တစ်ပတ်က ဆံစပ်နဲ့နားထင်မှာပေါက်တဲ့ ဝက်ခြံ နဲ့ ပါးပေါ်မှာပေါက်တဲ့ ဝက်ခြံတွေရဲ့ အကြောင်းအရင်းတွေကို မျှဝေပြီးပြီဆိုတော့ ဒီတစ်ခါ မေးရိုး နဲ့ T-zone လို့ခေါ်ကြတဲ့ နဖူး နဲ့ နှာခေါင်းတစ်ဝိုက်မှာ ပေါက်တဲ့ ဝက်ခြံတွေရဲ့ အကြောင်းအရင်းကို ပြောပြပေးမယ်နော်…

မေးရိုးမှာ ပေါက်တဲ့ ဝက်ခြံ

သုတေသနပညာရှင်တွေက မေးရိုးမှာ ဝက်ခြံပေါက်ရတဲ့အကြောင်းအရင်းက ဟော်မုန်း မညီမျှလို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကို တချို့ သုတေသီတွေကတော့ ဒီလို ဟော်မုန်းမညီမျှတာနဲ့ဆိုင်တယ်လို့ သက်သေပြနိုင်တဲ့အထောက်အထား ရေရေရာရာမရှိတဲ့အတွက်  လက်မခံကြပါဘူး။

ယောကျာ်းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကျောက်ကပ်အနီးမှာရှိတဲ့ အဒရီနယ်ဂလင်းကနေ DHEA-S လို့ခေါ်တဲ့ ဟော်မုန်းထုတ်ပါတယ်။ လေ့လာမှုတစ်ခုအရဆို အသက် ၂၅ နှစ်ကျော်မှာ ဝက်ခြံပေါက်တတ်တဲ့ မိန်းကလေးတစ်ယောက်မှာ ဒီ ဟော်မုန်း level က အနည်းနဲ့အများမြင့်ကြတယ်လို့ သိရပါတယ်။ နောက်ပြီး ဝက်ခြံပေါက်တတ်တဲ့ မိန်းကလေး ၃၉-၈၅% လောက်က ရာသီမလာခင်ရက်ပိုင်းမှာ ဝက်ခြံပိုပေါက်တတ်ကြတယ်လို့လည်း သုတေသနပြုချက်အရ သိရပါတယ်။ ရာသီလာတဲ့အချိန် ဒါမှမဟုတ် ရာသီမလာခင် တစ်ပတ်လောက်မှာ ဟော်မုန်း level မြင့်တတ်ပါတယ်။ နောက်ပြီး သန္ဓေတားဆေးတွေစသောက်တဲ့အခါမျိုး ဒါမှမဟုတ် ပြောင်းသောက်တဲ့အခါမျိုးမှာပေါ့။

ဟော်မုန်းမညီမျှတာက စားသောက်မှုပုံစံနဲ့လည်းဆိုင်နိုင်ပါသေးတယ်။ ဒါပေမဲ့ လေ့လာချက်အချို့အရတော့ ဒီအချက်က မှန်ကန်တယ်လို့ပြောလို့ မရသေးဘူးလို့လည်း ဆိုပါတယ်။ တချို့ သုတေသီတွေကတော့ အူကျန်းမာရေးက ဝက်ခြံထွက်တာ၊ မထွက်တာအပေါ် သက်ရောက်နိုင်တယ်လို့ဆိုပါတယ်။ အကြောင်းရင်းကတော့ အူကျန်းမာရေးက ဟော်မုန်း level ကို ပြောင်းလဲနိုင်တာကိုး။ အဲ့တော့ ကိုယ့်ရဲ့နေ့စဉ်စားသောက်မှုပုံစံမှာ သကြား၊ ပေါင်မုန့်အဖြူ၊ အသင့်စားအစားအစာတွေ နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ကြည့်ပြီး ဝက်ခြံထွက်တာ သက်သာသွားမလားဆိုတာ လေ့လာကြည့်လို့ရပါတယ်။

T-zone: နဖူး၊ နှာခေါင်း မှာပေါက်တဲ့ဝက်ခြံ

T-zone မှာ ဝက်ခြံတွေထွက်တယ်ဆို အဆီထွက်တာ နဲ့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဝက်ခြံပေါက်တတ်တဲ့လူငယ်တွေမှာဆို U-zone လို့ခေါ်တဲ့ ပါး နဲ့ မေးစေ့တဝိုက်မှာ ဝက်ခြံပိုထွက်ပါတယ်။ အဆီထွက်တဲ့ဂလင်းတွေက sebum ဆိုတဲ့ အစိုဓာတ်ကိုထိန်းပေးတဲ့အဆီကို ထုတ်ပေးပြီးတော့ အရေပြားကို ကာကွယ်ပေးပါတယ်။ အဲ့ sebum ထွက်တာများလာပြီဆို ဝက်ခြံထွက်လာတတ်ပါတယ်။  အဆီပိုတွေက T-zone လိုနေရာမျိုးမှာ ပိုထွက်တတ်ပြီးတော့ ဝက်ခြံပေါက်လာစေပါတယ်။ ဝက်ခြံရှိတဲ့ လူပေါင်း ၉၁၄ ယောက်ကို လေ့လာစမ်းသပ်တဲ့အခါမှာ sebum ထုတ်တာနဲ့ T-zone မှာ ဝက်ခြံပေါက်တာက ဆက်စပ်နေတဲ့အကြောင်းကို လေ့လာတွေ့ရှိခဲ့ပါတယ်။

နောက်ပြီး စိတ်ဖိစီးမှုဖြစ်တာက အဆီပိုပြန်တာမျိုးမဖြစ်နိုင်ပေမဲ့ ဝက်ခြံတွေကို ပိုပြီးထွက်စေနိုင်တယ်လို့ လေ့လာချက်တစ်ခုအရ သိရပါတယ်။ အိပ်ရေးမဝတဲ့သူတွေမှာလည်း T-zone မှာ ဝက်ခြံပိုထွက်တတ်တယ်လို့ဆိုပါတယ်။ ဆိုတော့ စိတ်ဖိစီးမှုနဲ့ အိပ်စက်ခြင်းက ဝက်ခြံကို အဆက်မပြတ်တလှည့်စီထွက်စေတဲ့ အကြောင်းအရင်းလို့ ပြောလို့ရပါတယ်။ ကိုယ့်မှာ အဲ့လိုမျိုးဖြစ်တာကို သတိထားမိခဲ့ရင် မအိပ်ခင် တရားထိုင်တာတို့၊ အိပ်ချိန်မှန်အောင် ကြိုးစားတာတို့ လုပ်ကြည့်ပါ။ သီချင်းနားထောင်တာ၊ လေ့ကျင့်ခန်းလုပ်တာ (တစ်မိနစ်လောက်ပဲဖြစ်ဖြစ်) တွေကလည်း စိတ်ဖိစီးမှုကို သက်သာနိုင်တဲ့ သဘာဝနည်းလမ်းတွေပါပဲ။

မျက်နှာကို ကိုင်တာမျိုးကိုလည်း ရှောင်ဖို့သတိထားပါ။ ပုံမှန်အားဖြင့် လူတစ်ယောက်က သူရဲ့မျက်နှာကို တစ်နေ့ အကြိမ်တစ်ရာလောက်ထိ ကိုင်မိပါတယ်။ ဒီလိုလုပ်တာက ချွေးပေါက်ထဲကို အညစ်အကြေးတွေနဲ့ အဆီတွေပြန့်စေပါတယ်။ အကယ်လို့ ကိုယ်က အဆီပြန်တဲ့အသားအရေပိုင်ရှင်ဆိုရင် salicylic acid ပါတဲ့မျက်နှာသစ်မျိုးနဲ့သစ်တာက အဆီပြန်တာကို သက်သာစေမှာပါ။ အရေးကြီးတာတစ်ခုကတော့ ကိုယ့်ရဲ့အသားအရေပေါ်မူတည်ပြီး မှန်ကန်တဲ့ပစ္စည်းကို ဝယ်နိုင်ဖို့ပါပဲ။ 

ဝက်ခြံထွက်တာက ကြာနေပြီ မပျောက်သေးဘူးဆိုရင်တော့ ဆေးမြီးတိုနဲ့ဖြစ်ဖြစ်၊ ကြားဖူးနားဝကောင်းမယ်ထင်တာမျိုးနဲ့ဖြစ်ဖြစ် ကုတာထက် ကျွမ်းကျင်တဲ့ဆရာဝန်ဆီမှာပဲ ကုသမှုခံယူဖို့ အကြံပြုပါရစေ။ အားလုံးပဲ ဝက်ခြံကင်းပြီး လှပကြည်လင်တဲ့အသားအရေလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

Source: Healthline, MedicalNewsToday

AcneAcne Face MapLifeStyleLUSHLUSH Beauty & SoulLUSH DAILYLUSH July 2020LUSH Magazine MyanmarOily SkinSalicylic AcidT-zone
1
Facebook Twitter Google + Pinterest
Maeve

previous post
JOHNNIE WALKER TO LAUNCH PAPER BOTTLES
next post
Colours Of The World

Recommended

Retinol မသုံးခင် သိကိုသိထားသင့်တဲ့အချက်များ

July 13, 2023

Alexander McQueen releases Tread Slick

November 20, 2019

ဒီနွေရာသီအပြင် မိုးရာသီနဲ့ပါ လိုက်ဖက်မယ့် လက်သည်းနီအရောင်များ

May 19, 2020

62nd Annual Grammy Awards တက်ရောက်လာကြသူတွေရဲ့ Fashion များ

January 28, 2020

တခုလောက်တော့ ရှိကိုရှိထားသင့်တဲ့ လူကြိုက်များတဲ့ Hair Tools များ

September 8, 2023

Men Long Hair Trend 2019

November 9, 2019

Live With LUSH Dec Cover Star | Phway...

December 12, 2017

Replica တွေသုံးစွဲမှုများရဲ့ နောက်ဆက်တွဲ Logo အမှားများ

June 18, 2019

FANTASY PUPPET SHOW BY MOSCHINO FOR SPRING SUMMER...

November 4, 2020

စက်တင်ဘာလ ၂၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ Coach ရဲ့ Digital Runway...

November 25, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem