Moschino ရဲ့ creative director ဖြစ်တဲ့ (Jeremy Scott) ကနွေဦးရာသီဒစ်ဂျစ်တယ်ဖက်ရှင်ပြပွဲမှာဆန်းသစ်တီထွင်မှုတစ်ခုကို ပြောင်းလဲခဲ့ပါတယ်။ အဓိကအချက်ကတော့ဒီနှစ်အတွင်းမှာ cov-19 ကပ်ရောဂါကြောင့်လူစုလူဝေးမလုပ်နိုင်တာပါဘဲ။ ဒါကြောင့် နွေဦးရာသီရဲ့ဖက်ရှင်ပြပွဲကိုရုပ်သေးကြိုးဆွဲဖက်ရှင်ပြပွဲလေးအဖြစ်ဖန်တီးတင်ဆက်လိုက်ပါတယ်။ အရုပ်ကလေးများရဲ့စိတ်ကူးယဉ်ကမ္ဘာနဲ့ Haute Couture Fashion ရဲ့ဂန္တဝင်မြောက်သောဖက်ရှင်အနုပညာဖန်တီးမှုတို့ကိုပေါင်းစပ်ပြီးဖက်ရှင်ကမ္ဘာအသေးစားလေးကိုခံစားနိုင်အောင်ဖန်တီးထားပါတယ်လို့ “Scott” ကဆိုခဲ့ပါတယ်။ ရုပ်သေးဖက်ရှင်ပွဲလေးကိုတော့ Moschino SS/21 Collection Digital Runway Fashion Show မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
SS21 ဒစ်ဂျစ်တယ်ဖက်ရှင်ပြပွဲလေးဟာဆိုရင်အီတလီ Luxury brand တစ်ခုဖြစ်တဲ့ Moschino ရဲ့ဖက်ရှင်ပြပွဲတစ်ခုပင်မဟုတ်ဘဲ ဝတ်စုံဒီဇိုင်းနဲ့ရုပ်သေးမော်ဒယ်တွေအပြင် “Anna Wintour , Edward Enninful , Anna Dello Russo” အစရှိတဲ့နာမည်ကျော် ဧည့်သည်တော်ရုပ်သေးရုပ်များလဲပါဝင်ပါသေးတယ်။ ဒီဒစ်ဂျစ်တယ်ပြပွဲလေးကိုတော့ traditional salonတစ်ခုမှာရိုက်ကူးခဲ့ပြီး Uber-Kitschy နောက်ခံဒီဇိုင်းများနဲ့တွဲဖက်တင်ဆက်ခဲ့ပါတယ်။ ခုံတွေ ၊ မီးဆိုင်းတွေကအစပုံစံတူအသေးစားအရွယ်လေးတွေအဖြစ်ဖန်တီးထားခဲ့တာတွေ့ရပါတယ်။
Jim Henson ရဲ့ရုပ်သေးမော်ဒယ်လေးများဟာဆိုရင်လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အချိုးအစားကိုအချိုးချပြီးလက်မ၃၀အရွယ်ရုပ်သေးကြိုးဆွဲလေးတွေအဖြစ်ဖန်တီးထားတာပဲဖြစ်ပါတယ်။ ဖက်ရှင်ဝတ်စုံတွေမှာဇာပဝါပါးတွေ၊ Feather အမွှေးတွေ၊ ဘရိုကိတ်အမျိုးအစား Fabric Material တွေကိုအသုံးပြုထားတဲ့ A line gown dress ဂါဝန်တွေကိုပြင်ပမှ corset နဲ့တွဲဖက်ဆင်မြန်းထားတာတွေ့ရပါတယ်။ Biker collar တွေကိုလည်းဖက်ရှင်ဒီဇိုင်းများအဖြစ်ထည့်သွင်းအသုံးပြုထားတဲ့အပြင် Cocktail Gown Dress တွေကိုလည်း Soft Color Palette ထဲက (fairytale blues , pink , green and gold) စရှိတဲ့အရောင်နုနုလေးတွေကိုဆင်ယင်ထားတာဟာ ရုပ်သေးရုပ်ကလေးတွေဟာစိတ်ကူးယဉ်ပုံပြင်ထဲကမင်းသမီးလေးများပမာခံစားမိရပါတယ်။ SS21 Collection ရဲ့ဖက်ရှင်ဒီဇိုင်းအမျိုးအစားပေါင်း ၄၀ ပါဝင်တဲ့အဆင့်မြင့်ဂန္တဝင်မြောက်နွေဦးဖက်ရှင်ဒီဇိုင်းလေးများကို Moschino SS21 COLLECTION ထဲကပုံလေးတွေကိုကြည့်ရင်းခံစားကြည့်လိုက်ရအောင်နော်…