Alexander McQueen က Fall/Winter 2018 တုန်းကထွက်ရှိခဲ့တဲ့ ဖိနပ်အမြင့်နည်းနည်းထူတဲ့ Tread boots ကိုမှ update လုပ်ထားတဲ့ Tread Slick model တွေကိုပွဲထုတ်လိုက်ပါတယ်။ ဒီ Tread Slick တွေက Spring/ Summer 2020 ရဲ့ sneaker trends မှာပါလာတဲ့ Chunky Shoes တွေရဲ့အငွေ့အသက်ကို ပိုပြီးအသက်ဝင်လာအောင် အားဖြည့်ပေးလိုက်သလိုပါပဲ။ ဖိနပ်တွေကတော့ Low-top ရော Calf-length ပါထွက်ရှိထားပါတယ်။ ဖိနပ်တွေအကုန်လုံးကို နှစ်လက်မအထူလောက်ရှိတဲ့ oversized ရာဘာဖိနပ်ခုံတွေကို အသုံးပြုထားပါတယ်။ ဖိနပ်တွေကတော့ အရောင်တောက်တောက်ထဲက အပြာ နဲ့ အနီရောင်တို့ရှိပြီး neutral colors တွေဖြစ်တဲ့ အဖြူ နဲ့ အနက်ရောင်တို့လည်း ထွက်ရှိထားပါတယ်။ Tread Slick Lace-Up တွေကို $650 USD, Tread Slick boots တွေကိုတော့ $690 USD နဲ့ Alexander McQueen ရဲ့ website မှာ ဝယ်ယူလို့ရနေပါပြီ။
Ref: Hypebeast
#LUSHmagazineMyanmar #LUSHitRight #LUSHdaily #LUSHfashion #AlexanderMcQueen #Treadboots #Treadslick