LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYLUSH DAILY

ဝက်ခြံကပြောပြနေတဲ့ သင့်အကြောင်း

written by Maeve July 13, 2020
ဝက်ခြံကပြောပြနေတဲ့ သင့်အကြောင်း

မျက်နှာပေါ်မှာပေါက်တဲ့ဝက်ခြံရဲ့နေရာပေါ်မူတည်ပြီး ခန္ဓာကိုယ်တွင်းမှာ ဘာတွေဖြစ်နေလဲဆိုတာကို ခန့်မှန်းတဲ့ acne face map လို့ခေါ်ကြတဲ့ ပညာရပ်က တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ရိုးရာဆေးပညာရပ်တစ်ခုပါ။ သိပ္ပံနည်းအရတော့ ဒီလို ဝက်ခြံထွက်တဲ့နေရာက ခန္ဓာကိုယ်တွင်းအင်္ဂါတွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့သီအိုရီက မှန်ကန်တယ်ဆိုတာ သက်သေပြနိုင်တဲ့အချက်အနည်းငယ်ပဲ ရှိပါသေးတယ်။

လေ့လာသူတချို့ကတော့ မျက်နှာပေါ်မှာ ဝက်ခြံထွက်တဲ့နေရာကိုကြည့်ပြီး တိကျတဲ့အကြောင်းအရင်းတွေ ထုတ်နိုင်တယ်လို့ ပြောကြပါတယ်။  ဘယ်လိုအကြောင်းအရင်းတွေလည်းဆိုတာ လေ့လာကြည့်ရအောင်။

ဝက်ခြံဆိုတာကတော့ dead skin cells တွေနဲ့ အဆီတွေက ချွေးပေါက်မှာပိတ်စို့တဲ့အခါ ဖြစ်ပေါ်လာတဲ့အရာပေါ့။ ရလဒ်ကတော့ whitehead တွေ၊ blackhead တွေဖြစ်လာတာပါပဲ။ နောက်ပြီး Propionibacterium acnes လို့ခေါ်တဲ့ ဘတ်တီးရီးယားက ရောင်ရမ်းမှုကိုဖြစ်စေတဲ့အတွက် ဝက်ခြံတွေမှာ အနီဖုလိုမျိုးဖြစ်လာစေပါတယ်။ ဝက်ခြံတွေ မျက်နှာရဲ့မတူတဲ့နေရာတွေမှာ ထွက်လာတယ်ဆိုတာလည်း အကြောင်းအရင်းတွေရှိပါတယ်။

ဆံစပ်နဲ့ နားထင်

ဆံစပ်နဲ့နားထင်နားမှာ ဝက်ခြံတွေပေါက်လာပြီဆို ဒါက ဆံပင်အတွက်သုံးတဲ့ပစ္စည်း (hair products) တွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုဝက်ခြံမျိုးကို pomade acne လို့ခေါ်ကြပါတယ်။ pomade တွေက အများအားဖြင့်ဆို mineral oil အခြေခံပြီး ထုတ်ထားတဲ့ပစ္စည်းတွေပါ။ အဲ့ mineral oil က ဆံပင်ရဲ့ မွေးညင်းပေါက်ကနေ ထွက်တဲ့ သဘာဝအလျောက်ထွက်တဲ့အဆီ တနည်းအားဖြင့် sebum ကို မထွက်အောင် လုပ်ပါတယ်။ ဆိုတော့အဲ့လိုကနေ ဝက်ခြံလေးတွေထွက်လာတတ်ပါတယ်။

အဲ့လို ဆံစပ်နဲ့ နားထင်နားမှာ ဝက်ခြံထွက်လေ့ရှိတယ်ဆို pomade သုံးတာကိုရပ်တာမျိုး ဒါမှမဟုတ် သုံးပြီးတဲ့နောက်မှာ မျက်နှာကိုသေချာသစ်တာတို့၊ ခေါင်းကိုသေချာလျော်တာတို့ကို သေသေချာချာလေးလုပ်ကြည့်ပါ။ ပြီးတော့ hair spray တွေ၊ dry shampoo တွေသုံးတဲ့အခါမှာလည်း မျက်နှာကို လက်နဲ့ကာတာမျိုး အဝတ်နဲ့ကာတာမျိုးလုပ်ပြီး သုံးပေးသင့်ပါတယ်။

အဆီတို့ ဖယောင်းတို့ပါတဲ့ ဆံပင်ပစ္စည်းတွေနဲ့ မျက်နှာအရေပြားကို ထိမိရင်လည်း ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်တာမျိုးဖြစ်နိုင်ပါတယ်။ တစ်ချို့ အလှကုန်ပစ္စည်းတွေ၊ ဆံသားကို ချောမွေ့အောင်လုပ်ပေးတဲ့ပစ္စည်းတွေမှာ ပါတဲ့ ပါဝင်ပစ္စည်းတွေကလည်း ဝက်ခြံထွက်စေပါတယ်။ အဲ့လိုဖြစ်စေတဲ့ ပါဝင်ပစ္စည်းတွေကတော့ 

  • Cyclopentasiloxane
  • dimethicone
  • PVP/DMAPA
  • acrylates
  • panthenol
  • silicone
  • quaternium-70
  • oils
  • Petrolatum  တို့ပေါ့။ 

ဒီလို ပါဝင်ပစ္စည်းတွေကို ရှောင်ပြီးသုံးမယ်ဆိုရင်တော့ ဆံစပ်နဲ့ နဖူးနားမှာ ဝက်ခြံထွက်တာတွေကို ကာကွယ်နိုင်မှာပါ။ နောက်ပြီး အဆီပါဝင်တဲ့ဆံပင်ပစ္စည်းတွေကို မျက်နှာနဲ့ထိမိတာမျိုးမဖြစ်အောင် ဆင်ခြင်ဖို့လည်းလိုပါတယ်။

ပါးပေါ်မှာပေါက်တဲ့ ဝက်ခြံ

ပါးမှာ ဝက်ခြံပေါက်ရတဲ့အကြောင်းအရင်းကတော့ ပါးကိုပွတ်မိတာမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဖုန်းပြောတဲ့အချိန် ဖုန်းနဲ့ပါးကို ပွတ်မိတာတို့၊ အိပ်တဲ့အခါ ခေါင်းအုံးနဲ့ ပါးကို ပွတ်မိတာတို့ပေါ့။ နောက်ပြီး ဖုန်းမှာကပ်နေတဲ့ ပိုးမွှားတွေ၊ မသန့်ရှင်းတဲ့ခေါင်းအုံးစွပ်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဆိုတော့ ဖုန်းကို ပိုးသတ်ဆေးအဝတ်နဲ့သုတ်တာမျိုး၊ ခေါင်းအုံးစွပ်ကို တစ်ပတ်တစ်ကြိမ်လဲပေးတာမျိုးလုပ်မယ်ဆို ပါးမှာဝက်ခြံပေါက်တာတွေ သက်သာလာမှာပါ။ အကယ်လို့ ကိုယ်ကဖုန်းခဏခဏပြောနေရတဲ့သူမျိုးဆို Bluetooth နားကြပ်ဖြစ်ဖြစ်သုံးတာမျိုးက အဆင်ပြေပါလိမ့်မယ်။ ခေါင်းအုံးစွပ်တစ်ပတ်တစ်ခါလဲရတာအဆင်မပြေဘူးဆိုရင်လည်း ခေါင်းအုံးပေါ် အဝတ်သန့်သန့်လေးတစ်ထည်ခင်းပြီး အဝတ်ကိုပဲ တစ်ပတ်တစ်ခါလဲအိပ်တာကလည်း အဆင်ပြေမှာပါ။

ကဲ… စာကလည်းရှည်သွားပြီဆိုတော့ နောက်တစ်ပတ်ကျရင် မေးရိုး နဲ့ T-zone လို့ခေါ်တဲ့ နဖူး နဲ့ နှာခေါင်းတဝိုက်မှာပေါက်တတ်တဲ့ဝက်ခြံတွေ အကြောင်းဆက်ပြီး မျှဝေပေးသွားပါမယ်။

Source: MedicalNewsToday, Healthline

AcneAcne Face MapLUSH Beauty & SoulLUSH DAILYLUSH July 2020LUSH Magazine MyanmarPimple
3
Facebook Twitter Google + Pinterest
Maeve

previous post
Perfect Bedroom Layout 
next post
Uber to acquire Postmates for $2.65 billion

Recommended

Fanny Pack တွေရဲ့ အလွန်မှာ ခေတ်စားလာနိုင်တဲ့ လည်ဆွဲအိတ်များ (သို့မဟုတ်) Necklace...

April 9, 2019

adidas Originals ရဲ့ Superstar adilette Slide

July 3, 2020

ဒီနွေရာသီအပြင် မိုးရာသီနဲ့ပါ လိုက်ဖက်မယ့် လက်သည်းနီအရောင်များ

May 19, 2020

Boyfriend Jeans – Fashion Vocabulary

October 31, 2019

Lady Gaga ရဲ့ Haus Laboratories Makeup Line စတင်မိတ်ဆက်

July 11, 2019

Sneakers – Fashion Vocabulary

July 18, 2019

မနာလိုစရာကောင်းလောက်အောင်ကို တိလေးတွေကို ချစ်တတ်ကြတဲ့ Celebrities များ

July 11, 2019

Louis Vuitton Spring-Summer 2021 Menswear collection by Virgil...

October 17, 2020

Foods you need to Avoid to stay healthy...

June 12, 2019

L’Oreal Paris ရဲ့ မျက်နှာသစ် Global Brand Ambassador ဖြစ်လာတဲ့...

April 3, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem