LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Accessories

သူမတူ ထူးခြားတဲ့ ဒီဇိုင်းတွေနဲ့ FRANCK MULLER

written by Lush Editor July 17, 2020
သူမတူ ထူးခြားတဲ့ ဒီဇိုင်းတွေနဲ့ FRANCK MULLER

ဖက်ရှင်ဒီဇိုင်းတွေကို ရိုးရိုးရှင်းရှင်း ကြိုက်ကြသူတွေရှိသလို ကြည့်လိုက်တာနဲ့ သတိထားမိလောက်တဲ့ ရောယှက်တဲ့ ဒီဇိုင်းတွေကိုလည်း ကြိုက်ကြသူတွေ ရှိကြပါတယ်။ ဒါကို ဘာကသက်သေပြနေသလဲဆိုတော့ ကမ္ဘာကျော် နာရီတွေထွက်တဲ့ ဆွစ်ဇာလန်က FRANCK MULLER နာရီတွေပါပဲ။ အများနဲ့ကွဲပြားတဲ့ ဒီဇိုင်းတွေကို တမူထူးခြားစွာ ပိုင်ဆိုင်ထားတဲ့ FRANCK MULLER ပဲ ဖြစ်ပါတယ်။ FRANCK MULLER ကတော့ ဆွစ်ဇာလန်နာရီထုတ်လုပ်သူတွေထဲမှာ ဒီဇိုင်းပါရမီထူးသူလို့ ချီးကျူးရမယ့် ဒီဇိုင်းတွေကိုပဲ တောက်လျှောက် ထုတ်လုပ်နေသူဆိုရင်လည်း မမှားပါဘူး။ Tourbillon လို ကမ္ဘာကျော်ဒီဇိုင်းနဲ့ နာရီအမျိုးအစားပေါင်း ၃၀ ကျော်ကို ထုတ်လုပ်ခဲ့တဲ့ FRANCK MULLER ဟာ ၁၉၅၈ ခုနှစ်က ဆွစ်ဇာလန်မှာမွေးဖွားခဲ့တဲ့ FRANCK MULLER ဆိုသူက သူ့အသက် ၂၅ နှစ်အရောက် ၁၉၈၃ ခုနှစ်မှာ သူ့နာမည်အတိုင်းပဲ FRANCK MULLER ကိုအသုံးပြုပြီး နာရီထုတ်လုပ်တာကိုစတင်ခဲ့တာပဲဖြစ်ပါတယ်။ ထို့နောက် 1992 ခုနှစ်မှာတော့ FRANCK MULLER ဟာ သူ့ရဲ့ ကိုယ်ပိုင်ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။

FRANCK MULLER ရဲ့ ဒီဇိုင်းလက်ရာတွေဟာ ရိုးရာနည်းစနစ်တွေကို ဆန်းသစ်ထားတဲ့ ဒီဇိုင်းတွေနဲ့ အနုပညာလက်ရာတစ်ခုလို ဖန်တီးထားတဲ့ နာရီတွေပဲ ဖြစ်ပါတယ်။ ဒီလို နာရီတွေကြောင့် FRANCK MULLER ကို “philosopher of time” ဆိုပြီး တင်စားလိုက်ကြရသည်အထိပါပဲ။ ပြောလောက်စရာဖြစ်အောင်လည်း FRANCK MULLER နာရီတွေရဲ့ ဒီဇိုင်းတွေဟာ သူမတူထူးခြားလွန်းပါတယ်။ နာရီတစ်လုံးကိုမြင်လိုက်ရုံနဲ့ FRANCK MULLER လို့ ချက်ချင်းသိနိုင်သည်ထိ သူ့ရဲ့ ဒီဇိုင်းတွေဟာ ထူးခြားမှုနဲ့ပင်ကိုယ်ဟန်ကို ရရှိခဲ့တာပါပဲ။

FRANCK MULLER ကိုယ်တိုင်ကလည်း ယန္တရားတွေရဲ့ လှုပ်ရှားမှုကို ငယ်စဉ်ကတည်းက စိတ်ပါဝင်စားခဲ့ပြီး ထူးချွန်ဆုတွေ အများကြီးကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဘွဲ့ရပြီးတဲ့ခါ သူ့ဖောက်သည်တွေအတွက် ရှားပါးထူးဆန်းတဲ့နာရီတွေကို စတင်တီထွင်ခဲ့ရာက FRANCK MULLER ဖြစ်ပေါ်လာခဲ့တာဆိုတော့ သူ့ဒီဇိုင်းတွေ ကမ္ဘာကျော်ခဲ့တာဟာ သူ့ရဲ့ ရူးသွပ်မှုနဲ့ ကြိုးစားအားထုတ်မှု ပါရမီတွေကြောင့်ဆိုတာ အသေအချာပါပဲ။

ဒီလိုဆန်းပြားတဲ့ ဒီဇိုင်းတွေကို ထုတ်လုပ်နေတဲ့ FRANCK MULLER Watch Land ကတော့ ခမ်းနားထင်ရှားတဲ့ Mont Blanc နဲ့ လှပလွန်းတဲ့ ဂျီနီဗာရေကန်တို့အနီးက ဆိတ်ငြိမ်သာယာတဲ့ Genthod တောင်ကုန်းမှာ ရှိနေပါတယ်။ ၁၉၈၆ ခုနှစ်က ကမ္ဘာကျော်နာရီကိုထုတ်လုပ် မိတ်ဆက်ခဲ့ပြီးတဲ့ နောက်ပိုင်းကနေစပြီး ဒီကနေ့အချိန်ထိ ဆန်းသစ်တဲ့ ဒီဇိုင်းတွေကို တမူထူးခြားပြီး ထုတ်လုပ်နေဆဲပဲ ဖြစ်ပါတယ်။

“Master of complications” ဆိုတဲ့ စာလုံးကို FRANCK MULLER ရဲ့ နာရီနောက်ဘက်မှာ ထင်ထင်ရှားရှားတွေ့ရတာကလည်း သူ့ရဲ့ ထူးခြားတဲ့ ဂုဏ်ပုဒ်တစ်ခုဖြစ်နေပါတယ်။ သမရိုးကျဒီဇိုင်းတွေကို အမြဲစိန်ခေါ်နေတဲ့ဒီဇိုင်းတွေနဲ့ ကမ္ဘာပေါ်က နာရီဝါသနာအိုးတို့ကို ဆွဲဆောင်ထားတဲ့ FRANCK MULLER နာရီများဖြစ်ပါတယ်။

နာရီထုတ်လုပ်မှုတိုင်းမှာ ကျွမ်းကျင်လက်မှုအနုပညာရှင်များပါဝင်တာကြောင့် ထုတ်လုပ်သမျှနာရီတိုင်းဟာ အင်မတန်ကို အသေးစိတ်လှပြီး အံ့အားသင့်စရာဖြစ်ခဲ့ရတာချည်းပါပဲ။ ဥပမာ Cintree Curvex နာရီကို ကြည့်ရင်လည်း သိနိုင်ပါတယ်။ Cintree Curvex ကတော့ စထွက်ကတည်းက လူကြိုက်များခဲ့တဲ့ နာရီဖြစ်ပြီး နောက်ပိုင်းမှာ FRANCK MULLER ရဲ့ သင်္ကေတတစ်ခုအဖြစ်ပါ လူကြိုက်များလာစေတာဖြစ်ပါတယ်။ နာရီအမှတ်အသားတွေကတော့ FRANCK MULLER ရဲ့ သီးသန့်ဒီဇိုင်းဆိုတာ မြင်ရုံနဲ့ ချက်ချင်းသိနိုင်တဲ့ ဒီဇိုင်းက ဆွဲဆောင်မှုအပြည့်နဲ့ရှိနေသလို တင့်တယ်မှုကို ဆောင်ကြဉ်းပေးနေတာကြောင့် ကမ္ဘာကျော်ဒီဇိုင်းတို့ရဲ့ ပြီးပြည့်စုံမှုနဲ့ လှပနေပါတော့တယ်။ FRANCK MULLER ရဲ့ သီးသန့် ဒီဇိုင်းဖြစ်တဲ့  Cintree Curvex နာရီကို ဒေါ်လာ 20000 ကျော်ကနေ ဒေါ်လာ 60000 ကျော်အထိ အမျိုးအစားလိုက် ဈေးသတ်မှတ်ထားတာမို့ နှစ်ခြိုက်သလို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

နောက်ထပ် ကမ္ဘာကျော်ဒီဇိုင်းတစ်ခုကိုလည်း မိတ်ဆက်ပေးချင်ပါတယ်။ FRANCK MULLER ရဲ့  Croco series ပဲ ဖြစ်ပါတယ်။ ဆန်းသစ်တဲ့ ဒီဇိုင်းက မြင်ရုံနဲ့ အံ့သြမင်သက်သွားအောင် ဆွဲဆောင်နိုင်တဲ့ Croco series များပါပဲ။ Gold Croco၊ Iron Croco နဲ့ Black Croco ဆိုပြီး ရွေးခြယ်စရာ ၃ မျိုးရဲ့ မတူခြားနားတဲ့ ဒီဇိုင်းတွေကလည်း ရင်သပ်ရှုမောဖွယ်အတိနဲ့ပါ။ ဒီဇိုင်းအဆန်းနဲ့ နာရီမျက်နှာပြင်တွေကို ကြည့်ရုံနဲ့ ဘာကိုရွေးချယ်ရမှန်းမသိအောင် ဆွဲဆောင်မှုရှိလွန်းပါတယ်။ ထိတွေ့မှုမှာ ခံစားရမယ့် ရသက FRANCK MULLER  ရဲ့ဆန်းသစ်တီထွင်မှု၊ ဖန်တီးမှုများထဲမှတစ်ခုဖြစ်နေတဲ့ ထူးခြားမှုပါပဲ။ ရဲရင့်ခိုင်မာတဲ့ ဒီဇိုင်းတွေနဲ့ Croco series တွေမှာ ၄၂ နာရီ အရံပါဝါ ပါရှိပြီးတော့ Côtes de Genève ဒီဇိုင်းနဲ့ အလှဆင်ထားတဲ့အပြင် အနက်ရောင် မိကျောင်းသားရေကြိုးရဲ့ ခန့်ထည်မှုကိုပါ ထပ်ပေါင်းဖြည့်စွက်ထားတဲ့  FRANCK  MULLER ရဲ့ Croco series တွေက နည်းပညာနဲ့ ဆန်းသစ်တီထွင်မှုတွေကို သက်သေပြနေပါတယ်။ FRANCK  MULLER ရဲ့ ထူးခြားတဲ့ ဒီဇိ်ုင်းအလန်းများနဲ့ Croco series တွေမှာ ဒေါ်လာ 10000 ကျော်ကနေ ဒေါ်လာ 50000 ကျော် စသဖြင့် အမျိုးအစားပေါ်မူတည်ပြီး ဈေးသတ်မှတ်ထားတာမို့ စိတ်ကြိုက်ရွေးချယ်ကာ ဝယ်လို့ရနေပါပြီ။

FRANCK MULLER ဟာ ၁၈ ရာစုမှဂန္ထဝင်ကိရိယာတွေနဲ့  ခေတ်မီစက်ကိရိယာတွေရဲ့ပေါင်းစပ်မှုကြောင့် ရိုးရာလက်ရာတွေဟာ ခမ်းနားတင့်တယ်နေပါတော့တယ်။ အမြဲဆန်းသစ်တဲ့ ဒီဇိုင်းတွေကို ဖန်တီးထုတ်လုပ်ထားတဲ့ FRANCK MULLER ရဲ့ နာရီတွေကို ကမ္ဘာတဝှမ်းက နာရီမြတ်နိုးသူတွေနဲ့ထပ်တူ မြန်မာပြည်မှာလည်း အလွယ်တကူဝယ်ယူလို့ရနေတာကလည်း ဂုဏ်ယူစရာပဲဖြစ်ပါတယ်။

FRANCK MULLER ဟာ ခေတ်အဆက်ဆက် ကမ္ဘာကျော်သန်းကြွယ်သူဌေးတွေ၊ ကမ္ဘာကျော် အားကစားသမားတွေ၊ ကမ္ဘာကျော်ဆယ်လီဘရစ်တွေရဲ့ အမြတ်တနိုးဝယ်ယူစုဆောင်းကြရတဲ့ တကယ့်ကို ဂုဏ်သိက္ခာကြီးမြင့်တဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ မြန်မာပြည်မှာ FRANCK MULLER ကို ဘယ်မှာရနိုင်မလဲ? ဘယ်သူတွေရောင်းနေတာလဲ၊ စိတ်ကောချရရဲ့လား? ဒီမေးခွန်းဖြေဖို့တောင်မလိုအပ်ဘူးထင်ပါတယ်။ သေချာပါတယ်။ ဘယ်သူရှိဦးမလဲ၊ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်က Swiss Time Square ပဲပေါ့။ Luxury Watch Brand တွေပတ်သက်ရင်တော့ Swiss Time Square က လုံးဝကို ယုံကြည်စိတ်အချရဆုံးပါပဲ။ FRANCKMULLER နာရီဝယ်သူတွေအတွက် After Service ပိုင်းမှာလည်း စိတ်ချရတဲ့ အတွေ့အကြုံရင့်သော နည်းပညာရှင်တွေလည်းရှိတဲ့အတွက်  စိတ်ချလက်ချ ဝယ်ယူအားပေးလို့ရပါပြီ။

fashionFranck MullerLUSHLUSH AdvertorialLUSH July 2020LUSH Magazine MyanmarSwiss MadeSwiss Made Luxury WatchesSwiss Time Square
0
Facebook Twitter Google + Pinterest
Lush Editor

previous post
ဂျပန် အငွေ့အသက်တွေပါတဲ့ New Balance ရဲ့ “Modern Classic” Collection
next post
KOENIGSEGG MAKES SHORT FILM DURING LOCKDOWN

Recommended

LONGCHAMP X POKÉMON COLLECTION

December 2, 2020

Wedding shoes recommendations for BRIDES

December 7, 2020

Top 5 Jewelry Brands For Every Types of...

November 16, 2020

ခေတ်စားလာမယ့် Jewelry တွေကဘာဖြစ်မလဲ

June 17, 2020

Flyleather sneaker with psychedelic prints “Nike X Ruohan...

December 11, 2020

Coca-Cola နဲ့ BAPE တို့ပူးပေါင်းထားတဲ့ Collection အပြည့်အစုံထွက်ရှိလာ

July 24, 2020

လူစိတ်ဝင်စားမှု များနေတဲ့ Dior x Nike Air Jordan 1...

July 8, 2020

ဂျပန် အငွေ့အသက်တွေပါတဲ့ New Balance ရဲ့ “Modern Classic” Collection

July 16, 2020

ရိုးရှင်းတဲ့ စွဲမက်ဖွယ်ဒီဇိုင်းသစ်နဲ့ Elle

October 19, 2020

BAIT x Pixar Toy Story x Reebok တို့...

June 11, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem