Saturday LUSH styling tips ကနေ ပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ပါတ်အတွက် ရွေးချယ်ထားတဲ့ အကြောင်းအရာကတော့ Shining ဖြစ်တဲ့ Feeling ကို သဘောကျတဲ့ LUSHER လေးတို့အတွက် Glam look ကို အလွယ်တကူရရှိစေမဲ့ ဖိနပ်လေးတွေအကြောင်းပဲ ဖြစ်ပါတယ်။
Fashion Stylist and Costume Designer တစ်ဦးဖြစ်တဲ့ Mel Ottenberg ပြောဖူးတဲ့ စကားလေးတစ်ခွန်းရှိပါတယ်။ ” Shoes; they can make or break and outfit” ဆိုတာပဲဖြစ်ပါတယ်။ အဲ့ဒီ စကားလေးလိုပါပဲ။ ကိုယ်လိုချင်တဲ့ Style နဲ့ သင့်လျော်ပြီး မှန်ကန်တဲ့ ဖိနပ်ကို ရွေးချယ်နိုင်မှသာ Perfect Look ကို ရရှိပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဘယ်လိုဖိနပ်တွေကိုတော့ Glam Look ရဖို့ ရွေးချယ်သင့်တယ်ဆိုတာကို ဆက်ပြီး ကြည့်လိုက်ရအောင်။
Stilettos
Stiletto တွေကတော့ Glam Look အတွက် အလိုက်ဖက်ဆုံး ဖိနပ်တွေပဲဖြစ်ပါတယ်။ အနည်းဆုံး ၃ လက်မခွဲအမြင့်ကနေ စရှိတတ်တဲ့ Stiletto တွေထဲမှာမှ Studded Stiletto တွေနဲ့ Strapped Stiletto တွေကတော့ လူကြိုက်များတဲ့ Glam item လို့ ပြောရင်တော့ မှားမယ်မထင်ပါဘူး။ Polish Look ကိုရဖို့ ဘယ်လိုဖိနပ်ကို ရွေးရမှန်းစဥ်းစားရခက်နေရင် Stiletto လေးကိုသာ ရွေးလိုက်မယ်ဆိုရင် အလွယ်ကူဆုံး Glam look လေးကို ပိုင်ဆိုင်နိုင်မယ်ဆိုတာ အသေအချာပါပဲ။
Gemstone Sandals
Glam Look အတွက် မပါမဖြစ်တဲ့ Gemstone လေးတွေစီထားတဲ့ Sandal ဖိနပ်ကလေးကတော့ Feminine Glam look ကိုသဘောကျတဲ့ မိန်းကလေးတွေနဲ့တော့ အလိုက်ဖက်ဆုံးပါပဲ။ Attention to detail ဆိုတဲ့အတိုင်း အခုလိုမျိုး ကျောက်စီထားတဲ့ Sandals လေးတွေကို ရွေးချယ်ဝတ်ဆင်ခြင်းကလဲ အမျိုးသမီးလေးတွေကို ပိုပြီး Glam up ဖြစ်စေမှာပါ။
Platform Heels
“It is all about attitude” ဆိုတဲ့အတိုင်းပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းဟာလဲ Glamour ဖြစ်စေဖို့ လိုအပ်တဲ့အချက်တစ်ခုပါ။ ဒါကြောင့်မို့လို့ Confidence လဲ တိုးစေပြီး Luxurious vibe ကိုလဲ ရရှိစေတဲ့ Platform Heels တွေဟာလဲ Glam Chic လေးတွေ ဆောင်ထားသင့်တဲ့ Heel type တစ်ခုပဲ ဖြစ်ပါတယ်။
Animal-printed Boots
Leather နဲ့ Animal Skin Texture တွေဟာ Glam Category ထဲမှာ ပါတယ်ဆိုတာတော့ ရှေ့အပါတ်က Tips တွေထဲမှာလဲ ပြောပြခဲ့ပြီးပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ Animal skin printed Boots တွေကို ရွေးချယ်မယ်ဆိုရင်လဲ အရမ်းကို Style ကျကျနဲ့ မိုက်နေတဲ့ Glam Chic လေး ဖြစ်နေမှာ အမှန်မို့ Wardrobe ထဲမှာ ရှိထားသင့်တဲ့ Footwear အမျိုးအစားလေးတစ်မျိုးပဲ ဖြစ်ပါတယ်။
Metallic Color
Gold, Silver နဲ့ Shining Feeling ကိုရစေတဲ့ Metal color တွေကို Accessory အနေနဲ့သာမက Matching Footwear လုပ်ပြီး ဝတ်ဆင်မယ်ဆိုရင်လဲ Overall look လေးဟာ Polish and Glam up ဖြစ်နေမှာမို့ Metallic Color ပါတဲ့ footwear တွေကိုလဲ Option တစ်ခုအနေနဲ့ ထည့်သွင်းစဥ်းစားသင့်ပါတယ်။
နောက်အပါတ်တွေမှာ ဘယ်လို Styling Tips လေးတွေကို မျှဝေပေးသွားမယ်ဆိုတာကိုလဲ စောင့်မျှော်ကြည့်ရှုပေးကြပါဦး……….