LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
EAT

10 Anti-Aging Food to Support Your Body

written by Maeve June 8, 2019
10 Anti-Aging Food to Support Your Body

ကိုယ်ရဲ့နေထိုင်စားသောက်မှုပေါ်မှာမူတည်ပြီး အသားအရေလှပမှု၊ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်မှု အစရှိတဲ့အရာတွေအားလုံး ပြောင်းလဲဖြစ်တည်နေပါတယ်။ လေ့လာတွေ့ရှိမှုတွေအရ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်များ စားသုံးခြင်းက အိုမင်းရင့်ရော်မှုကို ကာကွယ်နိုင်ဖို့ အကောင်းဆုံးသော ကျန်းမာရေးအထောက်အကူပြု စားသုံးစရာတွေအဖြစ် ပြောပြထားကြပါတယ်။ ပြီးတော့ အသီးအရွက်တွေဆိုတာ နေရာဒေသမရွေး ပေါများပြီးရှာဖွေရလွယ်ကူတာရယ်ကတော့ အပိုဆုတစ်ခုပါပဲ။ ဒါကြောင့် ဒီလမှာတော့ ရပ်တန့်လို့မရတဲ့ အိုမင်းရင့်ရော်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်တွေကို ကြိုတင်ကာကွယ်နိုင်တဲ့ အသီးအနှံ (၁၀) မျိုးကို ရွေးချယ်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။

Glowing skin, body fitness all changes are dependent on the way we eat. Researchers have even concluded that eating fruits and veggies is the healthiest way to recover anti-aging. As we can find fruits and veggies easily everywhere, it is a reward for us to be healthier. And so, we are highlighting with 10 best anti-aging foods to nourish your body for a glow that comes from within.

၁။ သေဘာၤသီး

သေဘာၤသီးမွာ ပါဝင်တဲ့ papain ဆိုတဲ့ enzyme က အိုမင်းရင့်ရော်မှုကို ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် Vitamin A, C, K, E, Calcium အစရှိတဲ့ antioxidants, vitamins နဲ့ သံဓာတ်တွေ ပါဝင်တာကြောင့် အိုမင်းရင့်ရော်မှုကို ဟန့်တားထားနိုင်ပါတယ်။ သဘောင်္သီးကို စားပေးလို့ရနိုင်တဲ့အကျိုးကျေးဇူးတွေကတော့ အသားအရေ ကြည်ကြည်လင်လင်လေးဖြစ်ပြီး၊ အသက်အရွယ်ကြောင့်ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းတွေကိုလည်း လျော့နည်းအောင် ပြုလုပ်ပေးနိုင်တဲ့အတွက် စားပေးသင့်ပါတယ်။

Papaya

Papaya contains an enzyme called papain, which provides additional anti-aging benefits. Moreover, this delicious fruit is rich in a variety of antioxidants, calcium, and vitamins such as Vitamin A, C, K and E that delay signs of aging in your skin. Eating papaya may help to minimize the appearance of fine lines and wrinkles, leaving you with glowing and vibrant skin. What a wonder that papaya can work for your skin!

၂။ ထောပတ်သီး

ထောပတ်သီးမှာ အများဆုံးပါဝင်တဲ့ Vitamin A ဓာတ်က မျက်နှာပေါ်မှာရှိတဲ့ dead skin cells တွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေ ကြည်ကြည်လင်လင်လေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ထောပတ်သီးမှာ Carotenoid ပါဝင်တဲ့အတွက် နေရောင်ခြည်အလင်းတန်း ထိတွေ့မှုများခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အရေပြား ထိခိုက်မှုကို ကာကွယ်နိုင်သလို၊ အရေပြားကင်ဆာရောဂါ ဖြစ်မှုကိုပါ လျော့နည်းစေနိုင်ပါတယ်။ ထောပတ်သီးကို စားသုံးခြင်းအားဖြင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်သလို ရောင်ရမ်းမှုတွေကိုလည်း ကာကွယ်နိုင်ပါတယ်။

Avocado

The high content of vitamin A in avocados can help shed dead skin cells and thus you can possess your glow skin. Their carotenoid content may also protect from sun’s rays and against skin cancer. Avocados assist in the anti-aging process as well as fight inflammation to boosting your immune system and entire body.

၃။ ကီဝီသီး

အိုမင်းရင့်ရော်မှုသင်္ကေလို့သတ်မှတ်ထားကြတဲ့ အရေးအကြောင်းတွေ၊ အမည်းစက်တွေကို ကီဝီသီးမှာ အများဆုံး ပါဝင်တဲ့ Vitamin C နဲ့ Vitamin E ဓာတ်က ကာကွယ်ပေးနိုင်ပါတယ်။ Antioxidant အများဆုံး ပါဝင်တဲ့အတွက်ကြောင့်လည်း အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေနိုင်ပါတယ်။

Kiwi

Rich in Vitamin C and E, Kiwi fruit can reduce skin damage due to radicals. The strong antioxidant compounds in the Kiwi scavenges to delay the signs of aging like wrinkles, age spots, and fine lines.

၎။ မုန်လာဥနီ

မုန်လာဥနီမှာ အများဆုံးပါဝင်တဲ့ Vitamin A က ပျက်စီးသွားတဲ့ Collagen ကို ပြန်လည်ထိန်းသိမ်းပေးနိုင်သလို အသားအရေ တင်းရင်းမှုကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေမှာလည်း မုန်လာဥနီက ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့အသီးအနှံတစ်မျိုးဖြစ်ကြောင်းလည်း ပြောပြထားပါတယ်။

Carrot

The high content of Vitamin A helps to regenerate damaged collagen and restore the elasticity of skin cells. Researchers also suggest that carrots contain incredible cancer-fighting properties.

၅။ ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းကို ကလေးအရွယ်တုန်းက မကြိုက်ကြဘူးမှတ်လား။ ဒါပေမဲ့ ပန်းဂေါ်ဖီစိမ်းရဲ့ အကျိုးအာနိသင်တွေကိုသာ သိမယ်ဆိုရင် စားမှာပဲလို့ပြောကြမှာပါ။ ပန်းဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့ Lutein ဟာ ဦးနှောက် မှတ်ဥာဏ်ဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်ပါတယ်။ Vitamin C, Vitamin K တွေ ပါဝင်တဲ့အပြင် အမျှင်ဓာတ်လည်း ပါဝင်တဲ့အတွက် အသားအရေ ကောင်းမွန်စေတဲ့ Collagen တွေ ပေးစွမ်းနိုင်တဲ့ စူပါပါဝါရှိတဲ့အသီးအနှံတစ်မျိုးလည်းဖြစ်ပါတယ်။

Broccoli

You may not have liked broccoli as a kid, but if you know about the advantages of broccoli, this will be a good reason to eat it as an adult. Lutein, the plant pigment found in the broccoli leads to better mental cognition and perform tasks that require intelligence. Packed with anti-aging powerhouse: Vitamin C, K, Fiber, it helps to give collagen for our skin strength and elasticity.

၆။ အောင်မဲညို

အောင်မဲညိုအရွက်ကို အခုနောက်ပိုင်း မိန်းကလေးတွေအများစုအတွက် ကျန်းမာရေး အထောက်အကူပြုတာတွေရှိတဲ့အတွက် စားကြတဲ့သူတွေ ရှိလာကြပါပြီ။ အောင်မဲညိုအရွက်က ပြင်ပကဝင်ရောက်နိုင်တဲ့ infection တွေကို ဟန့်တားနိုင်တဲ့ အစွမ်းသတ္တိပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး – ဝက်ခြံထွက်တာတွေ မျက်နှာမှာ အရေးအကြောင်းဖြစ်ပေါ်မှုတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။ မျက်လုံးအတွက်လည်း အားကောင်းစေသလို ဦးနှောက်ဖွံ့ဖြိုးကြီးထွားမှုကိုလည်း များစွာ အထောက်အကူပြုနိုင်ပါတယ်။

Butterfly Pea

Lately, since there are many pros of eating butterfly pea, there are ladies who eat this to maintain their health. It helps your body lower risk of infections, not only that it helps reduce inflammation in the body as well as symptoms such as breakouts or rashes. Moreover, it helps with common eye issues and induces brain health.

၇။ Dark Chocolate

Dark Chocolate ကို ပုံမှန်စားသုံးခြင်းအားဖြင့် အိုမင်းရင့်ရော်မှုကို လျော့ကျစေနိုင်ပါတယ်။ Dark Chocolate မှာ ပါဝင်တဲ့ Nitric oxide က နှလုံးကျန်းမာရေးကိုလည်း အထောက်အကူပြုနိုင်ပါတယ်။ ပုံမှန် chocolate ထက် ကိုကိုးမှုန့် ပါဝင်မှု ပိုများပြီး သကြားပါဝင်မှုလျော့နည်းတဲ့အတွက် သွေးလည်ပတ်မှုကိုလည်း ပုံမှန်လည်ပတ်စေနိုင်ပါတယ်။ နေရောင်ခြည်ကြောင့် အသားအရေပျက်စီးမှုတွေကိုလည်း Flavones ဓာတ် ကနေ တဆင့် ကာကွယ်ပေးနိုင်တာကြောင့် Dark Chocolate ကို Dessert တစ်ခုအနေနဲ့ စားသုံးသင့်ပါတယ်။

Dark Chocolate

Regular consumption of dark chocolate has many positive effects on your body, especially in the anti-aging realm. With the release of nitric oxide, it helps to protect your heart and promote your heart health in general. With a higher percentage of cocoa and less sugar than other variety of chocolate, it circulates the blood system well. As Flavones absorb UV radiation and protect your skin from damaging effects of the sun, you should eat dark chocolate as a dessert.

၈။ သံလွင်ဆီ

သံလွင်ဆီကို အသုံးပြုခြင်းအားဖြင့် အသက်ကြီးလာတာနှင့်အမျှ မျက်နှာမှာ ဖြစ်တတ်တဲ့ အရေးအကြောင်းတွေ၊ အမည်းစက်တွေကို လျော့နည်းစေနိုင်ပါတယ်။ သံလွင်ဆီမှာ ပါဝင်တဲ့ Nitro Fatty Acids ကလည်း သွေးလည်ပတ်မှုကို ကောင်းမွန်စေတဲ့ အစွမ်းအာနိသင်ရှိတဲ့အတွက် အစားအသောက်ချက်ပြုတ်တဲ့နေရာမှာ ထောပတ်ဆီ ထက် သံလွင်ဆီကို ပိုပြီးအသုံးပြုပေးတာက ကျန်းမာရေးနဲ့ ပိုပြီး ညီညွှတ်သလို ရောဂါဘယလည်း ကင်းဝေးနိုင်ပါတယ်။

Olive Oil

By using olive oil in your daily life, it can prevent blemishes and wrinkles caused by old age. The abundance of nitro fatty acids in olive oil can stabilize blood pressure and using this as a substitute for butter is healthier than other oils.

၉။ ဒိန်ချဉ်

ကယ်လ်ဆီယမ်ဓာတ်တွေ အများကြီးပါဝင်နေတာကြောင့် အရိုးသန်မာစေနိုင်သလို အသက်အရွယ် အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အစာချေဖျက်မှုအားကိုလည်း ပိုမိုမြှင့်တင်ပေးတဲ့အပြင် အပေါ်မှာ ပြောပြခဲ့တဲ့ အသီးတွေနဲ့လည်း တွဲဖက်စားသုံးနိုင်တာကြောင့် ပိုပြီးတော့ အကျိုးအာနိသင် သက်ရောက်စေမှာပါ။

Yogurt

The high content in calcium, it can help to maintain strong bones and prevent anti-aging. Yogurt also helps to digest your food and it really pairs well with fruits mentioned above.

၁၀။ Red Wine

Red Wine ကို ဆေးအဖြစ် မှီဝဲလို့ ရတယ်ဆိုတာ သိပြီးကြပြီလား။ တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း အရမ်းအများကြီးတော့ သောက်လို့မရဘူးပေါ့နော်။ ခန္တာကိုယ်တွင်းမှာရှိတဲ့ Chelosterol ဓာတ်ကို ထိန်းပေးထားနိုင်သလို သွေးကျဲရောဂါကိုလည်း ကာကွယ်နိုင်ပါတယ်။ သွေးလည်ပတ်မှုလည်း ကောင်းပြီး နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းကိုလည်း လျော့ချပေးနိုင်ပါတယ်။

Red Wine

Red wine should never be left off of an anti-aging list. It helps to reduce bad cholesterol in your body and prevent blood clots. As well as it makes ease your blood pressure, and it is known as a heart-healthy food. However, don’t drink too much red wine, just one drink a day for women is enough.

words by Eain Chu

LUSH EATLUSH Magazine MyanmarLUSH May 2019
1
Facebook Twitter Google + Pinterest
Maeve

previous post
LUST FOR LUSH
next post
Worst Habits for Belly Fat and How to Overcome these Habits

Recommended

Foods you need to Avoid to stay healthy...

June 12, 2019

Uber to acquire Postmates for $2.65 billion

July 14, 2020

Chef Xavier Fauvel

April 10, 2020

Good Times, Good Food

December 28, 2018

ပုဂံအပြန် လက်ဆောင်ဖြစ်လာမယ့် ပုန်းရည်ကြီးကိတ်

August 31, 2023

Stress-busting foods

May 25, 2019

ပုဂံရောက်တုန်း အကြော်စုံ ပူပူလေး စားကြမယ်။

August 11, 2023

ကော်ဖီချစ်သူတိုင်းအတွက် ဟိုချီမင်းမြို့က Cafe Apartment

January 19, 2024

10 superfoods every healthy man should eat

July 8, 2019

Official “FRIENDS” cookbook to be released later this...

May 31, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem