LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Cover StoryEAT

Good Times, Good Food

written by Lush Editor December 28, 2018
Good Times, Good Food

တစ်နှစ်ပတ်လုံး ခက်ခဲပင်ပန်းစွာနဲ့ ဖြတ်သန်းခဲ့တဲ့အချိန်တွေကို ဖြေပျောက်ပေးနိုင်တာကတော့ ကိုယ်ချစ်ရတဲ့ မိသားစုနဲ့အတူတကွ စားသောက်တဲ့အချိန်လေးတွေပါ။ အနောက်နိုင်ငံတွေမှာဆို ခရစ်စမတ်တို့လို ၊ နှစ်သစ်ကူးအချိန်မှာ ပျော်ပျော်ပါးပါး မိသားစုတွေ့ဆုံစားပွဲတွေ ပြုလုပ်ကြပါတယ်။ ဒါကြောင့်မို့လည်း ခရစ်စမတ်မတိုင်ခင် မိသားစုဝင်ထဲက အဝေးရောက်နေတဲ့သူတွေအကုန်လုံး မဖြစ်မနေအိမ်အရောက်ပြန်လာကြတာပေါ့။

နယူးယောက်မှာ New Year ကြိုဆိုပွဲအနေနဲ့ ကမ္ဘာကျော် Times Square မှာ အကောင်းဆုံး စားဖိုမှုးကြီးတွေရဲ့လက်ရာတွေကိုစားသုံးရင်း ၊ ရှန်ပိန်သောက်ရင်းနဲ့ မင်္ဂလာရှိတဲ့နှစ်သစ်ကူးအချိန်ကို ကြိုဆိုကြဖို့ကို ကမ္ဘာအရပ်ရပ်က တကူးတကလာရောက်ကြတဲ့သူတွေတောင်ရှိပါတယ်။ တချို့ဆိုရင် နှစ်သစ်ကူးအတွက် သီးသန့် Special package နဲ့ ခရီးသွားအစီအစဉ်တွေ ၊ Countdown Festival တွေ စီစဉ်ပေးပြီး နိုင်ငံတကာက ခရီးသွားဧည့်သည်တွေကို စွဲဆောင်တာမျိုးတွေလည်းရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ နှစ်သစ်ကူးဆိုတာနဲ့ ကိုယ်ချစ်ရတဲ့မိသားစုတွေ ၊ ချစ်တဲ့သူတွေနဲ့အတူတူ ကုန်ဆုံးပြီး နှစ်တစ်နှစ်ရဲ့အစကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းရင်း တစ်နှစ်လုံးပျော်ရွှင်ရစေမယ်ဆိုတဲ့ အနောက်ပိုင်းယဉ်ကျေးမှုက အခုဆို မြန်မာနိုင်ငံကိုသာမက တစ်ကမ္ဘာလုံးမှာပါ ကူးစက်နေပါပြီ။ ဒါပေမဲ့ နေရာဒေသ၊ ရိုးရာယုံကြည်မှုနဲ့ လူမျိုးအလိုက် နှစ်သစ်ကူးမှာစားသောက်ကြတဲ့ပုံစံတွေကတော့ တစ်နေရာနဲ့ တစ်နေရာကွဲပြားမှုလေးတွေတော့ ရှိကြပါတယ်။

တောင်အမေရိကန်ကားမှာဆို နှစ်သစ်ကူးအချိန်စားသုံးတဲ့အစားအစာတွေထဲမှာ အစိမ်းရောင်ပဲအမျိုးမျိုး ၊ အစိမ်းရောင်ပေါင်မုန့်နဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးကြပါတယ်။ သူတို့အတွက်ကတော့ နှစ်ကူးမှာ ဒီအစိမ်းရောင် အစားအသောက်တွေစားမှ တစ်နှစ်ပတ်လုံးအတွက် ကံကောင်းခြင်းတွေသယ်ဆောင်လာမယ်လို့ ယူဆကြလို့ပါ။

 စပိန်နဲ့ မက္ကစီကိုမှာဆိုရင် ည ၁၂ နာရီထိုးပြီးတာနဲ့ စပျစ်သီး ၁၂ လုံးကိုစားတဲ့ ယုံကြည်မှုဓလေ့ရှိပါတယ်။ ဘာကြောင့်စပျစ်သီးကိုစားရလဲဆိုတော့ စပျစ်သီးတစ်လုံးချင်းစီက လပေါင်း ၁၂ လကို ကိုယ်စားပြုပြီး တစ်နှစ်ပတ်လုံး ကံကောင်းခြင်းတွေ ဖြစ်စေအောင်လို့ပါပဲ။

နောက်ပြီး တရုတ်နဲ့ ဥရောပဘက်မှာဆို နှစ်သစ်ကူးမှာ ငါးကို မပါမဖြစ်စားကြပါတယ်။ ငါး ဟင်းလျာတွေက စားသုံးတဲ့သူတွေကို ကံကောင်းခြင်းတွေ သယ်ဆောင်လာမယ်လို့ သူတို့အနေနဲ့ ယုံကြည်ကြလို့ပါ။ ဒါကြောင့်လည်း တရုတ်နှစ်ကူးလိုပွဲမှာ ငါးမန်းတောင်ဟင်းချိုက တကယ့်ကိုအထူးအစားအစာပါပဲ။

ငွေကြေးတတ်နိုင်သူတွေအနေနဲ့ကတော့ New Year ပါတီအတွက် Luxury ဆန်ဆန် အပြင်အဆင် အစားအသောက်မျိုးလေးတွေနဲ့ ဖြတ်သန်းကြပါတယ်။ ညစာကို Dinner Cruise ပေါ်မှာ တန်ဖိုးကြီးအသားတွေနဲ့ ဟင်းလျာတွေကိုစားသုံးရင်း၊ နှစ်သစ်ကူးမီးပန်းအလှအပတွေကိုကြည့်ရင်း နှစ်ဟောင်းကိုကုန်ဆုံးကြတာမျိုးပေါ့။

 အရေးကြီးတာက နှစ်သစ်ကူးအစားအသောက်အကြောင်းပြောရင် ရှန်ပိန်ကလည်း ဖယ်ထားလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ နှစ်သစ်ကူးနဲ့ ရှန်ပိန်က အတွဲအညီဆုံးနဲ့ အလိုက်ဖက်ဆုံးနော်။ ၀ိုင်ကတော့ ခရစ်စမတ်ပါတီတွေနဲ့ ပိုလိုက်ဖက်ပါတယ်။ ၀ိုင်နဲ့ ကြက်ဆင်သား ၊ Steak နဲ့ဆိုရင် အကောင်းဆုံးတွဲဖက်ပေါ့။

ခရစ်စမတ်လို မိသားစုတွေ့ဆုံပွဲတွေမှာ အမေရိကန်နိုင်ငံသားတွေကတော့ ၀က်ပေါင်ခြောက်နဲ့ ကြက်ဆင်သားလို အသားတွေကို အများဆုံးစားသောက်ကြပါတယ်။ သမရိုးကျ ခရစ်စမတ်ညစာစားပွဲမှာ ပါတာတွေကတော့ ၀က်ပေါင်ခြောက်ကိုပုံစံမျိုးမျိုးချက်ထားတဲ့ဟင်းလျာ ၊ သိုးနို့ဒိန်ခဲနဲ့သုပ်ထားတဲ့ အသီးအရွက်သုပ် ၊ မုန်လာဥနီအသေးလေးတွေကို ဂျင်းနဲ့ရောကြော်ပြီး ပျားရည်နဲ့ပြန်သုပ်စားတဲ့အချိုပွဲလေးတွေပါ။

နောက်ထပ် အဓိကစားကြတဲ့အသားတွေကတော့ ကြက်ဆင်သား ၊ အမဲသား ၊ သိုးသားနဲ့ ကြက်သားတွေပဲ ဖြစ်ကြပါတယ်။ အမဲသားကြိုက်နှစ်သက်တဲ့သူတွေကတော့ Import သွင်းထားတဲ့ အမဲရဲ့အကောင်းဆုံး အစိတ်အပိုင်းတွေကို မိသားစုညစာစားပွဲမျိုးမှာ စားကြပါတယ်။

ဒါဆို နှစ်တစ်နှစ်ရဲ့အပျော်ရွှင်ရဆုံး အကူးအပြောင်း ၊ အဓိပ္ပါယ်အရှိဆုံးနေ့ရက်၊ ချစ်ရဆုံးသူတွေနဲ့ အတူတူရှိနေတဲ့အချိန် တကယ်လိုအပ်နေတာကတော့ ကမ္ဘာပေါ်က အကောင်းဆုံးအစားအသောက်တွေပါပဲ။

Ref: www.dish.allrecipes.com . www.allthingschristmas.com . www.foodandwine.com

Words by Lim

LUSH EAT
0
Facebook Twitter Google + Pinterest
Lush Editor

previous post
5 Things you don’t know about Aung Ye Lin
next post
Norway The Land of Beautiful Landscapes

Recommended

Performance Art

January 11, 2019

Giorgio Armani as the best PR Coverage for...

April 9, 2019

ကမ္ဘာအနှံ့အပြားက ထူးခြားဆန်းပြားတဲ့ တန်ဖိုးကြီးအစားအစာများ

July 30, 2019

Norway The Land of Beautiful Landscapes

December 29, 2018

The future of luxury motor yachts

July 14, 2020

Flyleather sneaker with psychedelic prints “Nike X Ruohan...

December 11, 2020

SEPTEMBER လမှာထွက်ရှိခဲ့တဲ့ BRANDON MAXWELL ရဲ့ 5TH ANNIVERSARY COLLECTIONS

November 11, 2020

The Bridge x LUSH

January 23, 2019

10 superfoods every healthy man should eat

July 8, 2019

New Trendy Style of R&B star Mabel

November 18, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem