LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
EATLIFELUSH DAILY

ဂျပန်မှာဆူရှီဘယ်လိုစားကြမလဲ

written by Maeve September 6, 2019
ဂျပန်မှာဆူရှီဘယ်လိုစားကြမလဲ

ဂ်ပန္မွာဆူရွီဘယ္လိုစားၾကမလဲ

ဆူရှီလို့ ပြောလိုက်တာနဲ့ ဂျပန်တွေရဲ့အစားအစာလို့ မျက်လုံံးထဲတန်းပြီး မြင်မိကြမှာပါ။ တကယ်တမ်းကျတော့ ဆူရှှီကမဲခေါင်မြစ်ဝှမ်းတစ်လျှောက်မှာ စတင်စားသုံးရာကနေတရုတ်နိုင်ငံကနေတဆင့် ဂျပန်ပြည်ထဲကိုရောက် လာတာပဲဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ ဆူရှီကို HanyaYohei ခေါ်တဲ့ ဂျပန်လူမျိုးတစ်ယောက်က ‘အဲဒို’ ခေတ်မှာစပြီးဖန်တီးခဲ့ တယ်လို့ သိထားကြပါတယ်။

ဆူရွီလို႔ ေျပာလုိုက္တာနဲ႔ ဂ်ပန္ေတြရဲ႕အစားအစာလို႔ မ်က္လုံံးထဲတန္းၿပီး ျမင္မိၾကမွာပါ။ တကယ္တမ္းက်ေတာ့ ဆူရွီွကမဲေခါင္ျမစ္ဝွမ္းတစ္ေလွ်ာက္မွာ စတင္စားသုံးရာကေနတရုတ္နိုင္ငံကေနတဆင့္ ဂ်ပန္ျပည္ထဲကိုေရာက္ လာတာပဲျဖစ္ပါတယ္။ ဒီဘက္ေခတ္မွာေတာ့ ဆူရွီကို HanyaYohei ေခၚတဲ့ ဂ်ပန္လူမ်ိဳးတစ္ေယာက္က ‘အဲဒို’ ေခတ္မွာစၿပီးဖန္တီးခဲ့ တယ္လို႔ သိထားၾကပါတယ္။

သင်ဆူရှီစားတဲ့အခါ လွယ်လွယ်ကူကူအမှုအမှတ်မဲ့စားလိုက်ကြတာပဲမဟုတ်လား။ တကယ်တမ်း ဂျပန်တွေကတော့ ဆူရှီကိုအထက်တန်းကျကျ၊ နည်းလမ်းမှန်မှန်ကန်ကန် နဲ့စားဖို့နည်းတွေကို သတ်မှတ်ထားပြီးသားပါ။ ကဲ ..ဆူရှီကိုမှန်မှန်ကန်ကန် စားနည်းလေးတွေကိုလေ့လာကြရအောင်နော်။

သင္ဆူရွီစားတဲ့အခါ လြယ္လြယ္ကူကူအမႈအမွတ္မဲ့စားလိုက္ၾကတာပဲမဟုတ္လား။ တကယ္တမ္း ဂ်ပန္ေတြကေတာ့ ဆူရွီကိုအထက္တန္းက်က်၊ နည္းလမ္းမွန္မွန္ကန္ကန္ နဲ႔စားဖို႔နည္းေတြကို သတ္မွတ္ထားၿပီးသားပါ။ ကဲ ..ဆူရွီကိုမွန္မွန္ကန္ကန္ စားနည္းေလးေတြကိုေလ့လာၾကရေအာင္ေနာ္။

၁။ ဆူရှီတွေကဈေးသက်သက်သာသာနဲ့ စားလို့ရတဲ့အစားအစာတစ်မျိုးပါ

ဟိုအရင်တုန်းကတော့ ဆူရှီဆိုတာကအခုလိုဈေးကြီးကြီးပေးပြီးဝယ်စားနေရတာမျိုးမဟုတ်ပါဘူး။ အခုခေတ် ရုပ်ရှင်ကြည့်ရင်း အပျင်းပြေစားတဲ့ ပေါက်ပေါက်စားသလို ပြဇာတ်ကြည့်ရင်းလွယ်လွယ်ကူကူစားကြတာမျိုးပါ။

၁။ ဆူရွီေတြကေစ်းသက္သက္သာသာနဲ႔ စားလို႔ရတဲ့အစားအစာတစ္မ်ိဳးပါ

ဟိုအရင္တုန္းကေတာ့ ဆူရွီဆိုတာကအခုလိုေစ်းႀကီးႀကီးေပးၿပီးဝယ္စားေနရတာမ်ိဳးမဟုတ္ပါဘူး။ အခုေခတ္ ရုပ္ရွင္ၾကည့္ရင္း အပ်င္းေျပစားတဲ့ ေပါက္ေပါက္စားသလို ျပဇာတ္ၾကည့္ရင္းလြယ္လြယ္ကူကူစားၾကတာမ်ိဳးပါ။

၂။ အခုဆူရှီတွေနဲ့ စားနေတဲ့ ဝါဆာဘီတွေကတကယ့်ဝါဆာဘီအစစ်တွေနဲ့ လုပ်ထားတာမဟုတ်ပါဘူးနော်

အခုကျွန်မတို့  ငါးအစိမ်းနဲ့ တွဲစားနေတဲ့ဝါဆာဘီဆိုတာတွေကတကယ်တော့ သင်္ဘောဒန့်သလွန်အမြစ်နဲ့ အစိမ်းရောင်ဆိုးထားတဲ့ မှိုတစ်မျိုးနဲ့ လုပ်ထားတဲ့ဝါဆာဘီအတုတွေဆိုတာသိထားဖို့လိုပါမယ်နော်။ တကယ့် ဝါဆာဘီအစစ်ကိုတော့ ဂျပန်နိုင်ငံမှာပေါက်တဲ့ japonica  အပင်ကနေရတာဖြစ်ပြီးဂျပန် နိုင်ငံရဲ့ အထင်ကရ စားသောက်ဆိုင်ကြီးတွေနဲ့ ဝါဆာဘီသီးသန့် ရောင်းတဲ့ ဆိုင်တွေမှာမြည်း စမ်းကြည့်နိုင် ပါတယ်။

ပူပြီးစပ်တဲ့အရသာရှိတဲ့ ဝါဆာဘီအစစ်ကတော့ ပင်လယ်စာမှာပါတဲ့ ကပ်ပါးပိုးနဲ့ ဘတ်တီးရီယားတွေကို သေစေနိုင်တဲ့အတွက် ဝါဆာဘီကိုပင်လယ်စာအစိမ်းတွေနဲ့ တွဲစားတာက လူကိုအန္တရာယ်ကင်းစေတာပေါ့နော်။

၂။ အခုဆူရွီေတြနဲ႔ စားေနတဲ့ ဝါဆာဘီေတြကတကယ့္ဝါဆာဘီအစစ္ေတြနဲ႔ လုပ္ထားတာမဟုတ္ပါဘူးေနာ္

အခုကၽြန္မတို႔  ငါးအစိမ္းနဲ႔ တြဲစားေနတဲ႔ဝါဆာဘီဆိုတာေတြကတကယ္ေတာ့ သေဘၤာဒန္႔သလြန္အျမစ္နဲ႔ အစိမ္းေရာင္ဆိုးထားတဲ့ မႈိတစ္မ်ိဳးနဲ႔ လုပ္ထားတဲ့ဝါဆာဘီအတုေတြဆိုတာသိထားဖို႔လိုပါမယ္ေနာ္။ တကယ့္ ဝါဆာဘီအစစ္ကိုေတာ့ ဂ်ပန္ႏိုင္ငံမွာေပါက္တဲ့ japonica  အပင္ကေနရတာျဖစ္ၿပီးဂ်ပန္ ႏိုင္္ငံရဲ႕ အထင္ကရ စားေသာက္ဆိုင္ၾကီးေတြနဲ႔ ဝါဆာဘီသီးသန္႔ ေရာင္းတဲ့ ဆိုင္ေတြမွာျမည္း စမ္းၾကည္႔ႏိုင္ ပါတယ္။

ပူၿပီးစပ္တဲ့အရသာရွိတဲ့ ဝါဆာဘီအစစ္ကေတာ့ ပင္လယ္စာမွာပါတဲ့ ကပ္ပါးပိုးနဲ႔ ဘတ္တီးရီယားေတြကို ေသေစႏိုင္တဲ့အတြက္ ဝါဆာဘီကိုပင္လယ္စာအစိမ္းေတြနဲ႔ တြဲစားတာက လူကိုအႏၱရာယ္ကင္းေစတာေပါ႔ေနာ္။

၃။ ဆူရှီထမင်း

ဆူရှီထဲက ထမင်းတွေကိုစားလေ့မရှိပါဘူး။ အရင်တုန်းကတော့ ဆူရှီထမင်းဆိုတာကလွှာထားတဲ့ ငါးအသားလွှာကို ပတ်ဖို့အတွက် ထမင်းကိုအချဉ်ဖောက်ကာလိပ်ထားပြီးတော့မှ ငါးအသားလွှာ လေးသပ်သပ်ကိုပဲ ရွေးပြီးစားတာမျိုးပါ။ ငါးအသားလွှာရဲ့အရသာကိုတိုးစေဖို့ ၊ ငါးကိုပုတ်သိုးမသွားစေဖို့နဲ့ ယင်တွေ မနားစေဖို့ထမင်းကိုအချဉ်ဖောက်ထားတဲ့ သဘောပါပဲ။ အခုနောက်ပိုင်းမှာတော့ ငါးအသားလွှာနဲ့ လိပ်ထားတဲ့ဆူရှီထမင်းလိပ်ကိုတောင် သီးသန့်စားနေကြပါပြီ။

၃။ ဆူရွီထမင္း

ဆူရွီထဲက ထမင္းေတြကိုစားေလ့မရွိပါဘူး။ အရင္တုန္းကေတာ့ ဆူရွီထမင္းဆိုတာကလႊာထားတဲ့ ငါးအသားလႊာကို ပတ္ဖို႔အတြက္ ထမင္းကိုအခ်ဥ္ေဖာက္ကာလိပ္ထားၿပီးေတာ့မွ ငါးအသားလႊာ ေလးသပ္သပ္ကိုပဲ ေရြးၿပီးစားတာမ်ိဳးပါ။ ငါးအသားလႊာရဲ႕အရသာကိုတိုးေစဖို႔ ၊ ငါးကိုပုတ္သိုးမသြားေစဖို႔နဲ႔ ယင္ေတြ မနားေစဖို႔ထမင္းကိုအခ်ဥ္ေဖာက္ထားတဲ႔ သေဘာပါပဲ။ အခုေနာက္ပိုင္းမွာေတာ့ ငါးအသားလႊာနဲ႔ လိပ္ထားတဲ့ဆူရွီထမင္းလိပ္ကိုေတာင္ သီးသန္႔စားေနၾကပါၿပီ။

၄။ Nori

မြန်မာလိုလွယ်လွယ်ခေါ်နေတဲ့ရေညှိပြားကိုဂျပန်လိုတော့ Nori လို့ခေါ်ပါတယ်။ အရင်တုန်းတော့ Nori ရဖို့ အတွက်လှေမှာကပ်နေတဲ့ ရေညှိဖတ်တွေကိုခွာ၊ အနှစ်ဖြစ်အောင် နယ်၊ သစ်သားပြား ပေါ်မှာ နေလှမ်းပြီး အခြောက်ခံထားရတာမျိုးပါ။ အခုတော့ Nori ရဖို့အတွက် အဲဒီလိုခက်ခက်ခဲခဲတွေ လုပ်စရာ မလိုတော့ပါဘူး။ ပင်လယ်ကရတဲ့ ရေညှိပင်တွေကိုစီးပွားဖြစ် စိုက်ပျိုး ထားပြီး နည်းပညာ အကူအညီတွေနဲ့ လုပ်ထားတဲ့ Nori ကိုနေရာတိုင်းမှာလွယ်လွယ်ကူကူဝယ်လို့ရနေပါပြီ။

၄။ Nori

ျမန္မာလိုလြယ္လြယ္ေခၚေနတဲ့ေရညွိျပားကိုဂ်ပန္လိုေတာ့ Nori လို႔ေခၚပါတယ္။ အရင္တုန္းေတာ့ Nori ရဖို႔ အတြက္ေလွမွာကပ္ေနတဲ႔ ေရညွိဖတ္ေတြကိုခြာ၊ အႏွစ္ျဖစ္ေအာင္ နယ္၊ သစ္သားၿပား ေပၚမွာ ေနလွမ္းၿပီး အေျခာက္ခံထားရတာမ်ိဳးပါ။ အခုေတာ့ Nori ရဖို႔အတြက္ အဲဒီလိုခက္ခက္ခဲခဲေတြ လုပ္စရာ မလိုေတာ့ပါဘူး။ ပင္လယ္ကရတဲ့ ေရညွိပင္ေတြကိုစီးပြားျဖစ္ စိုက္ပ်ိဳး ထားၿပီး နည္းပညာ အကူအညီေတြနဲ႔ လုပ္ထားတဲ့ Nori ကိုေနရာတုိင္းမွာလြယ္လြယ္ကူကူဝယ္လို႔ရေနပါၿပီ။

၅။ MakiZushi

ဂျပန်မှာဆိုရင်တော့ ဆူရှီကိုဆူရှီလို့မခေါ်ဘဲနောက်တစ်မျိုးအနေနဲ့ Zushi လို့လည်းခေါ်ပါသေးတယ်။ Makizushi ကိုအမြဲတမ်းတော့ရေညှိနဲ့ တွဲလိပ်လေ့မရှိပေမဲ့ ရေညှိနဲ့ တွဲလိပ်ထားတာကိုပဲပိုပြီးစားကြပါတယ်။

၅။ MakiZushi

ဂ်ပန္မွာဆုိရင္ေတာ့ ဆူရွီကိုဆူရွီလို႔မေခၚဘဲေနာက္တစ္မ်ိဳးအေနနဲ႔ Zushi လို႔လည္းေခၚပါေသးတယ္။ Makizushi ကိုအၿမဲတမ္းေတာ့ေရညွိနဲ႔ တြဲလိပ္ေလ့မရွိေပမဲ့ ေရညွိနဲ႔ တြဲလိပ္ထားတာကိုပဲပိုၿပီးစားၾကပါတယ္။

၆။ Fugu

ဆူရှီလုပ်ဖို့ အတွက် အန္တရာယ်အရှိဆုံး ငါးကတော့ ငါးပူတင်းပါပဲ။  ဂျပန်မှာတော့ ငါးပူတင်းကို Fuguလု့ိ ခေါ်ပါတယ်။ ငါးပူတင်းရဲ့ အသားကလူ့အသက်ကိုသေစေနိုင်လောက်တဲ့ အဆိပ်အတောက်တွေ ပါနေတဲ့ အတွက် ငါးပူတင်းကို အသုံးပြုပြီးတော့ ဆူရှီလိပ်တာကိုတော့ ဂျပန်စားဖိုမှူး တော်တော်များများ ကရှောင်လေ့ ရှိပါတယ်။

၆။ Fugu

ဆူရွီလုပ္ဖို႔ အတြက္ အႏၱရာယ္အရွိဆုံး ငါးကေတာ့ ငါးပူတင္းပါပဲ။  ဂ်ပန္မွာေတာ့ ငါးပူတင္းကို Fuguလု႔ိ ေခၚပါတယ္။ ငါးပူတင္းရဲ႕ အသားကလူ႔အသက္ကိုေသေစႏိုင္ေလာက္တဲ့ အဆိပ္အေတာက္ေတြ ပါေနတဲ့ အတြက္ ငါးပူတင္းကို အသုံးျပဳၿပီးေတာ့ ဆူရွီလိပ္တာကိုေတာ့ ဂ်ပန္စားဖိုမွဴး ေတာ္ေတာ္မ်ားမ်ား ကေရွာင္ေလ့ ရွိပါတယ္။

၇။ ဆူရှီစားတဲ့အခါလက်ကိုအသုံးပြုပါ

ဒီမှာဆိုရင်တော့ဆူရှီလိပ်ကိုစားရင် တူနဲ့ အကုန်လုံးကိုယူပြီးစားလေ့ရှိပါတယ်။ တကယ့် ဆူရှီစားနည်း စစ်စစ်ကတော့ ဆူရှီထမင်းလိပ်ကိုလက်နဲ့ ယူစားပြီးတော့ဆူရှီရဲ့ ပေါ်မှာပါတဲ့ ငါးအသားလွှာပါတဲ့ ဆူရှီကိုပဲတူနဲ့ စားကြတာမျိုးပါ။

၇။ ဆူရွီစားတဲ့အခါလက္ကိုအသုံးျပဳပါ

ဒီမွာဆိုရင္ေတာ့ဆူရီွလိပ္ကိုစားရင္ တူနဲ႔ အကုန္လုံးကိုယူၿပီးစားေလ့ရွိပါတယ္။ တကယ့္ ဆူရွီစားနည္း စစ္စစ္ကေတာ့ ဆူရွီထမင္းလိပ္ကိုလက္နဲ႔ ယူစားၿပီးေတာ့ဆူရွီရဲ႕ ေပၚမွာပါတဲ့ ငါးအသားလႊာပါတဲ့ ဆူရွီကိုပဲတူနဲ႔ စားၾကတာမ်ိဳးပါ။

၈။ ဆူရှီစားတဲ့ အခါ ပဲငံပြာရည်ကိုမှန်မှန်ကန်ကန် အသုံးပြုပါ

ဆူရှီစားတဲ့အခါ မှာထားတဲ့အစားစာတွေကိုကုန်အောင်မစားတာနဲ့ ပဲငံပြာရည်ခွက်ထဲမှာ ဆူရှီထဲက ထမင်းလုံးတွေ ကျန်ခဲ့တာကဆိုရွားတဲ့အပြုအမူဖြစ်တယ်ဆိုတာကိုသတိပြုဖို့ လိုပါတယ်နော်။ ဒါကြောင့် ဆူရှီစားတဲ့အခါ ပဲငံပြာရည်ခွက်ထဲကိုဆူရှီနှစ်ပြီးစားတာထက်စာရင် တူလေးနဲ့ ဆူရှီပေါ်ကိုတို့ စားတာက ပိုပြီးအဆင်ပြေမှာပါ။ ဂျပန်မှာဆိုရင်တော့ ပဲငံပြာရည်ခွက်ထဲမှာ ဆူရှီထမင်းတွေကျန်ခဲ့မယ်ဆိုရင် သင်ဟာ ယဉ်ကျေးမှု မရှိတဲ့သူလို့ သတ်မှတ်ခံရမှာပါပဲနော်။ ဒါကြောင့် ဂျပန်မှာ ဆူရှီစားမယ် ဆိုရင်တော့ ပဲငံပြာရည်ကို လိုသလောက် လေးပဲထည့်စားဖို့ အကြံပေးချင်ပါတယ်။

၈။ ဆူရွီစားတဲ့ အခါ ပဲငံျပာရည္ကိုမွန္မွန္ကန္ကန္ အသုံးျပဳပါ

ဆူရွီစားတဲ့အခါ မွာထားတဲ့အစားစာေတြကိုကုန္ေအာင္မစားတာနဲ႔ ပဲငံၿပာရည္ခြက္ထဲမွာ ဆူရွီထဲက ထမင္းလုံးေတြ က်န္ခဲ့တာကဆိုရြားတဲ့အျပဳအမူျဖစ္တယ္ဆိုတာကိုသတိျပဳဖို႔ လိုပါတယ္ေနာ္။ ဒါေၾကာင့္ ဆူရွီစားတဲ့အခါ ပဲငံျပာရည္ခြက္ထဲကိုဆူရွီႏွစ္ၿပီးစားတာထက္စာရင္ တူေလးနဲ႔ ဆူရွီေပၚကိုတို႔ စားတာက ပိုၿပီးအဆင္ေျပမွာပါ။ ဂ်ပန္မွာဆိုရင္ေတာ့ ပဲငံျပာရည္ခြက္ထဲမွာ ဆူရွီထမင္းေတြက်န္ခဲ့မယ္ဆိုရင္ သင္ဟာ ယဥ္ေက်းမႈ မရွိတဲ့သူလို႔ သတ္မွတ္ခံရမွာပါပဲေနာ္။ ဒါေၾကာင့္ ဂ်ပန္မွာ ဆူရွီစားမယ္ ဆိုရင္ေတာ့ ပဲငံၿပာရည္ကို လိုသေလာက္ ေလးပဲထည့္စားဖို႔ အၾကံေပးခ်င္ပါတယ္။

၉။ Nigiri ဆူရှီကိုဘယ်လိုစားကြမလဲ

Nigiri ဆူရှီကိုစားတော့မယ်ဆိုရင် အထက်အောက်လှန်ပြီးတော့မှ စားသင့်တယ်လို့ ဆူရှီကျွမ်းကျင်သူတွေက ထောက်ခံပေးထားပါတယ်။ ပထမဆုံးဆူရှီကိုလက်နဲ့ယူ၊ ပဲငံပြာရည်ထဲနှစ်ကာ ဆူရှီပေါ်က ငါးအသားလွှာကိုလျှာပေါ်အရင်တင်ပြီးထမင်းကိုစားတာကအမှန်ကန်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

အရသာပြီးပြည့်စုံတဲ့ဆူရှီထမင်းလိပ်တစ်ခုကိုဖန်တီးနိုင်တာကဆူရှီပညာရှင်တွေရဲ့ အားစိုက်ထုတ်မှု တစ်ခုကို ဖော်ပြခြင်းပဲဖြစ်သလိုဆူရှီထမင်းလုံးလေးကိုပုံမပျက်သွားအောင်စားနိုင်တာကလည်းဆူရှီစားသူတွေ လိုက်နာ သင့်တဲ့ ကျင့်ဝတ်တစ်ခုဖြစ်တာမိုလို့ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် လေးစားမှုရှိတာက ဆူရှီရဲ့ ယဉ်ကျေးမှုပါပဲနော်။

၉။ Nigiriဆူရွီကိုဘယ္လိုစားၾကမလဲ

Nigiriဆူရွီကိုစားေတာ့မယ္ဆိုရင္ အထက္ေအာက္လွန္ၿပီးေတာ့မွ စားသင့္တယ္လို႔ ဆူရွီကၽြမ္းက်င္သူေတြက ေထာက္ခံေပးထားပါတယ္။ ပထမဆုံးဆူရွီကိုလက္နဲ႔ယူ၊ ပဲငံျပာရည္ထဲႏွစ္ကာ ဆူရွီေပၚက ငါးအသားလႊာကိုလွ်ာေပၚအရင္တင္ၿပီးထမင္းကိုစားတာကအမွန္ကန္ဆုံးနည္းလမ္းတစ္ခုျဖစ္ပါတယ္။

အရသာၿပီးျပည္႔စုံတဲ့ဆူရွီထမင္းလိပ္တစ္ခုကိုဖန္တီးနိုင္တာကဆူရွီပညာရွင္ေတြရဲ႕ အားစိုက္ထုတ္မႈ တစ္ခုကို ေဖာ္ျပျခင္းပဲျဖစ္သလိုဆူရွီထမင္းလုံးေလးကိုပုံမပ်က္သြားေအာင္စားနိုင္တာကလည္းဆူရွီစားသူေတြ လိုက္နာ သင့္တဲ့ က်င့္ဝတ္တစ္ခုျဖစ္တာမိုလို႔ တစ္ဦးနဲ႔ တစ္ဦး အျပန္အလွန္ ေလးစားမႈရွိတာက ဆူရွီရဲ႕ ယဥ္ေက်းမႈပါပဲေနာ္။

၁၀။ ဆူရှီစားနည်းကို မှန်မှန်ကန်ကန် ပြောပြပေးနိုင်မယ့် စားဖိုမှူးတစ်ယောက်ကို ငှားရမ်းပြီး ဆူရှီ ဘယ်လို စားရမှလဲ ဆိုတာကို လေ့လာနိုင်ပါတယ်

စားဖိုမှူးရဲ့ အနီးအနားမှာဆူရှီစားတဲ့အခါသတိထားရမှာကစားဖိုမှူး ဓားအသုံးပြုနေတဲ့အချိန် စကားသွား မပြောမိဖို့နဲ့ တကယ်လို့ သူလုပ်ပေးထားတဲ့ဆူရှီကိုသဘောကျတယ်ဆိုရင်တောင် နောက်ဆုံးမှာ ဘောက်ဆူး ပေးတာမျိုးလုံးဝမလုပ်ဖို့ မှာချင်ပါတယ်နော်။ ဂျပန်အယူအရဆိုရင်တော့ဒါကအင်မတန်ကိုရိုင်း တဲ့ အပြုအမူ ဖြစ်ပါတယ်။ တကယ်လို့ သူကလက်ခံတယ်ဆိုရင်တော့အရက်ခွက် အတူသောက်ပြီး ဂုဏ်ပြုတာ လောက်တော့ လုပ်လို့ရပါတယ်နော်။

၁၀။ ဆူရီွစားနည္းကို မွန္မွန္ကန္ကန္ ေျပာျပေပးနိုင္မယ့္ စားဖိုမွဴးတစ္ေယာက္ကို ငွားရမ္းၿပီး ဆူရွီ ဘယ္လို စားရမွလဲ ဆိုတာကို ေလ့လာနိုင္ပါတယ္

စားဖိုမွဴးရဲ႕ အနီးအနားမွာဆူရွီစားတဲ့အခါသတိထားရမွာကစားဖိုမွဴး ဓားအသုံးျပဳေနတဲ႔အခ်ိန္ စကားသြား မေျပာမိဖို႔နဲ႔ တကယ္လို႔ သူလုပ္ေပးထားတဲ့ဆူရွီကိုသေဘာက်တယ္ဆိုရင္ေတာင္ ေနာက္ဆုံးမွာ ေဘာက္ဆူး ေပးတာမ်ိဳးလုံးဝမလုပ္ဖို႔ မွာခ်င္ပါတယ္ေနာ္။ ဂ်ပန္အယူအရဆိုရင္ေတာ့ဒါကအင္မတန္ကိုရိုင္း တဲ့ အျပဳအမူ ျဖစ္ပါတယ္။ တကယ္လို႔ သူကလက္ခံတယ္ဆိုရင္ေတာ့အရက္ခြက္ အတူေသာက္ၿပီး ဂုဏ္ၿပဳတာ ေလာက္ေတာ့ လုပ္လို႔ရပါတယ္ေနာ္။

Editor: Cherry

LUSH DAILYLUSH EATLUSH Magazine MyanmarLUSH September 2019
0
Facebook Twitter Google + Pinterest
Maeve

previous post
LUSH PICK EP.2
next post
NEW YORK FASHION WEEK အထိ သူမရဲ့အနုပညာလှုပ်ရှားမှုတွေကို ခြေဆန့်လာနိုင်တဲ့ Beauty

Recommended

BLACKPINK’s Jennie Chanel Look-book

November 6, 2020

Top 5 Asia countries to visit with your...

May 22, 2018

Good Times, Good Food

December 28, 2018

Underrated British Shows that are Binge-watch Worthy

June 16, 2020

Bike Shorts (Cycling Shorts): Fashion Vocabulary

December 12, 2019

အသစ္ထပ္မံထြက္ရွိလာတဲ့ Miley Cyrus နဲ႔ Converse တို႔ရဲ႕ Collaboration Collection

November 30, 2018

Da Vinci’s Vision 

July 7, 2020

Seoul Fashion Week Fall 2019 က အမုိက္စားဖက္ရွင္ပံုရိပ္မ်ား

March 21, 2019

Dishes of Prosperity

February 2, 2019

Sapphire – Fashion Vocabulary

September 12, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem