LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Fashion PerspectiveLUSH DAILY

Replica တွေသုံးစွဲမှုများရဲ့ နောက်ဆက်တွဲ Logo အမှားများ

written by SuYiHtet June 18, 2019
Replica တွေသုံးစွဲမှုများရဲ့ နောက်ဆက်တွဲ Logo အမှားများ

အခုနောက်ပိုင်း Brand တွေရဲ့ ဖက်ရှင်ကျမှု၊ လူတွေကြား တွင်ကျယ်လာမှုနဲ့ ရေပန်းစားမှုတို့ပေါ်မှာ လိုက်ပြီး Replica မျိုးစုံ ထွက်ရှိလာတာ တွေ့ရမှာပါ။

အထူးသဖြင့် ဒီနှစ်ပိုင်းတွေအတွင်း Branded ပစ္စည်း သုံးစွဲမှုရေစီးကြောင်းက လူတွေကြားမှာ အရမ်းခေတ်စားလာ
ပြီးနောက်မှာတော့ Brandတစ်ခုက ပစ္စည်းသစ်တစ်ခု ထုတ်လိုက်ပြီဆိုတာနဲ့ နောက်က လိုက်တုပမယ့် အတုတွေကလည်း များစွာ ပေါ်ထွက်လာပါတယ်။

အဲ့ဒီလို Replica တွေ ထွက်လာတဲ့နောက်မှာတော့  နောက်ဆက်တွဲအနေနဲ့ ဖြစ်လာတာကတော့ Brand Logo အမှားတွေကို တွေ့လာရတာပါပဲ။ ဒီလို Logo အမှားတွေကို သုံးစွဲနေရမှုဟာ Replica တွေ ဖန်တီးမှုနဲ့ Brand တွေကို တုပပြီး စာလုံးပြောင်းလဲမှုတွေ၊ Logo အစစ်အတိုင်း မထုတ်ထားတာတွေ အပေါ် အခြေခံပါတယ်။ ဥပမာ- Coach က Logo ကို Hermes’ စာလုံးနဲ့ တွဲတာမျိုး၊ Chanel ကို Channel လို့ စာလုံးပေါင်းထားတာမျိုး၊ Gucci မှာ C တစ်လုံး ကျန်ခဲ့တာမျိုး စသည်ဖြင့်ပေါ့။

Replica သုံးစွဲတယ်ဆိုတာ Brand ကိုဈေးကြီးပေးမဝယ်ချင်လို့၊ ငွေခြွေတာချင်လို့၊ တကယ့်အစစ် မဝယ်နိုင်သေးလို့ စသည်ဖြင့် အမျိုးမျိုးရှိကြပေမယ့် တကယ်တမ်းမှာက Replica ဆိုတာ အစစ်ကို မှီနိုင်တဲ့ Quality နဲ့ ပုံစံမရှိပါဘူး။ ဒီလို Logo အမှားတွေနဲ့ Replica တွေကို သုံးတဲ့အခါ ပထမဦးဆုံး ဖြစ်လာမှာကတော့ ကိုယ့်ရဲ့ ပင်ကိုယ် စတိုင်လ်နဲ့ Image ကို ထိခိုက်စေတာပါပဲ။ Logo အလွဲကြီးကို သုံးနေ၊ဝတ်နေတာဖြစ်တဲ့အတွက် အပြင်သွားလာတဲ့အချိန်မှာ သူများကြည့်တာခံရနိုင်သလို ကိုယ်တိုင်မှာ အစစ်ကို သုံးနေသလောက် စိတ်လုံခြုံမှုမရနိုင်ပါဘူး။ အဲ့ဒီအတွက် ကိုယ့်ရဲ့ Personal Style ကို ထိခိုက်စေနိုင်မှာပါ။


နောက်တစ်ခုက Replica ဖြစ်တဲ့အတွက် Authentic ရဲ့ Quality ကို မှီမှာမဟုတ်သလို အချိန်ကြာလာတာနဲ့အမျှ ပေးရတဲ့ ပမာဏနဲ့ မကိုက်ညီဘဲ မြန်မြန်စုတ်လွယ်၊ ပျက်ဆီးလွယ်တာ၊ အရောင်ကျမြန်တာတွေပါ ဖြစ်တတ်ပါတယ်။ ဒီအတွက် Replica ကို နှစ်ခါ၊ သုံးခါလောက် ပြောင်းလဲ သုံးမယ့်အစား ပိုက်ဆံနည်းနည်းထပ်စုပြီး လုံးဝကောင်းမွန်တဲ့ Authentic  Brand ကိုပဲ တစ်ခါလောက် ရင်းနှီးမြှပ်နှံကြည့်ပါ။

Brand တစ်ခုလို့ဆိုတဲ့အခါမှာ လုံးဝသိန်းကျော်တဲ့ ဒိတ်ဒိတ်ကြဲ Brand တွေကိုသုံးမှ ကောင်းမယ်ဆိုလိုတာမျိုး မဟုတ်ပါဘူး။ Logo အလွဲတွေ၊ စာလုံးပေါင်းအမှားတွေနဲ့ ပစ္စည်းတွေကို သုံးစွဲတာထက်စာရင် ဈေးသင့်ပြီး ရွေးချယ်ရလွယ်တဲ့ Mid-End Brand တွေအများကြီးရှိပါတယ်။ ဥပမာပြောရရင် Zara တို့၊ Forever 21 တို့၊ H&M နဲ့ Uniqlo တို့လို့မျိုး ဈေးသင့်သလို Up to date လည်းဖြစ်တဲ့ Brand တွေ ရွေးချယ်လို့ရပါတယ်။ ဒါက Replica တွေကို ဈေးနှုန်းတစ်ခုထိ ပေးပြီးသုံးစွဲတာထက်စာရင် အများကြီး ကောင်းမွန်ပါတယ်။

ပြီးရင် ကိုယ်က Replica တွေကို ရှောင်ပြီး Brand သုံးဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် Brand တွေ ဘယ်အချိန်မှာ Discount ချတတ်လဲဆိုတာ အမြဲရှာဖွေပါ။ Brand တွေဆိုတာ Season အလိုက် Sale တွေ ရှိတတ်တဲ့အတွက် ပုံမှန်ဝယ်မယ့်အချိန်ထက် Sale ချချိန်က ပိုတန်တတ်ပါတယ်။ Sale ချချိန်မှာ ဝယ်လိုက်ပြီဆိုရင် Brand လည်းရ၊ ပိုက်ဆံလည်း ချွေတာပြီးသား ဖြစ်သွားပါပြီ။

Editor:Su Yi Htet

 

 

 

0
Facebook Twitter Google + Pinterest
SuYiHtet

previous post
MK Fashion “Monsoon” Promotion
next post
10 Things You Should Know When You Are In a Coffee Shop

Recommended

ဂျပန်မှာဆူရှီဘယ်လိုစားကြမလဲ

September 6, 2019

တကျော့ပြန် ရှင်သန်လာတော့မယ့် သိုးမွေးဖက်ရှင် (သို့) crochet fashion

August 28, 2020

L’Oreal Paris ရဲ့ မျက်နှာသစ် Global Brand Ambassador ဖြစ်လာတဲ့...

April 3, 2019

Chuck Taylors – Fashion Vocabulary

November 14, 2019

Renovating your kitchen to be fabulous

June 19, 2020

Save Environment by Practicing 3Rs

March 7, 2019

ဂီတလောကရဲ့ အချမ်းသာ အကြွယ်ဝဆုံး အမျိုးသမီးအဆိုတော်ဖြစ်လာတဲ့ Rihanna

June 5, 2019

Valentine’s Day အမီထွက်ရှိလာတဲ့ Hershey’s နဲ့ Etude House တို့ရဲ့...

January 22, 2020

ဝက်ခြံကပြောပြနေတဲ့ သင့်အကြောင်း

July 13, 2020

PUMA ရဲ့ Training shoe အသစ်နဲ့အတူတွေ့ရမယ့် Selena

June 4, 2018

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem