LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILY

တကျော့ပြန် ရှင်သန်လာတော့မယ့် သိုးမွေးဖက်ရှင် (သို့) crochet fashion

written by Maeve August 28, 2020
တကျော့ပြန် ရှင်သန်လာတော့မယ့် သိုးမွေးဖက်ရှင် (သို့) crochet fashion

မြန်မာလိုဆိုရင်တော့ သိုးမွေးလို့ အကြမ်းဖျင်းခေါ်လိုက်လို့ရပေမဲ့ crochet ရဲ့ အဓိပ္ပါယ်ကတော့ သိုးမွေးတစ်ချောင်းထိုးခြင်းပေါ့။ Crochet fashion ကို သတိထားမိသလောက်ဆို 2019, 2020 Fashion Week တွေမှာကတည်းက Dolce & Gabbana, Fendi, Celine, Altuzarra တို့လို brand တွေရဲ့ runway fashion look တွေမှာ‌ တွေ့နေရပါပြီ။ Celebrities တွေထဲမှာဆိုလည်း Harry Styles တို့ Dua Lipa တို့ရဲ့ crochet fashion တွေကို တွေ့ကြမှာပါ။ 

တလောက Harry Styles ၀တ်ခဲ့တဲ့ JW Anderson ရဲ့ $1,890 တန် အရောင်စုံ cardigan ဆိုရင်လည်း Tik Tok မှာ ကိုယ့်ဖာသာပြန်ထိုးကြတာတို့ DIY လုပ်တာတို့နဲ့ trend ဖြစ်ခဲ့ပါသေးတယ်။ အဲ့တုန်းက JW Anderson ကတောင် ၀မ်းသာအားရ အားပေးတဲ့အနေနဲ့ pattern တောင် ထုတ်ပေးခဲ့ပါတယ်။ 

နောက်ပြီး Watermelon sugar MV ထဲမှာ Harry Styles ၀တ်ခဲ့တဲ့ crochet vest, 80’s vibe တို့ရဲ့ မေမေ လို့ တင်စားလို့ရတဲ့ Dua Lipa ရဲ့ crochet fashion တွေက crochet fashion ကို trend ဖြစ်လာဖို့ ဦးတည်နေပါတယ်။ crochet fashion က သိုးမွေးထိုးတတ်တဲ့သူ၊ လက်မှုပညာတတ်တဲ့သူတို့အတွက် လိုက်လုပ်ဖို့ကလည်း အဆင်ပြေတော့ challenge သဘောမျိုးလိုက်လုပ်လို့ရကြတော့ viral ဖြစ်တာကလည်း မြန်တာပေါ့။ 

ဒီနေ့လေးတင် ပူပူနွေးနွေးထွက်ထားတဲ့ Selena Gomez နဲ့ Blackpink တို့ရဲ့ “Ice Cream” သီချင်းထဲမှာဆိုလည်း crochet fashion တွေကို အားရပါးရတွေ့ကြမှာပါ။ အရောင်တွေကလည်း retro ဆန်ဆန် အရောင်တောက်တောက်လေးတွေနဲ့ပေါ့။ ဆိုတော့ မြန်မာနိုင်ငံလို Kpop လွှမ်းမိုးမှုများတဲ့နိုင်ငံမှာ သေချာပေါက် crochet fashion က trend ဖြစ်လာမှာပါ။ ရန်ကုန်လို ပူတဲ့ရာသီဥတုမှာဆို crochet croptop လေးတွေ၊ Harry Styles ၀တ်သလို vest လေးတွေက အဆင်ပြေတယ်။ crochet ထိုးတတ်တဲ့ အသိရှိရင်တော့ ကိုယ်လိုချင်တဲ့ပုံလေးပြပြီး ပူဆာလိုက်တော့နော်။ ကိုယ်တိုင်ထိုးတတ်ရင်တော့ အမြန်လေးထိုးပြီးသာ ၀တ်လိုက်တော့။

ဒီ crochet fashion ခေတ်စားလာရင်တော့ သိုးမွေးထိုးတဲ့လုပ်ငန်းကို လူပိုသိလာပြီး mainstream ပေါ်ရောက်လာနိုင်တဲ့အတွက် လက်မှုပညာလုပ်တဲ့သူတွေလည်း နေရာတစ်နေရာရလာနိုင်လို့ ဒီ fashion trend သာ ဒီမှာခေတ်စားလာရင်တော့ လှိုက်လှိုက်လှဲလှဲကို ကြိုဆိုလက်ခံသင့်ပါတယ်။ လက်မှုပညာတွေ မှေးမှိန်နေတဲ့ ကျွန်မတို့လို မြန်မာနိုင်ငံမှာ ဒီလို ဖက်ရှင်မျိုး ခေတ်စားတာကလည်း ကောင်းတဲ့လက္ခဏာတစ်ရပ်ပါပဲ။ 

BlackpinkCrochet Fashion TrendsDua LipafashionHarry StylesLUSH August 2020LUSH DAILYLUSH Magazine MyanmarSelena Gomez
0
Facebook Twitter Google + Pinterest
Maeve

previous post
Selpink in your area
next post
MTV VMAs 2020 က best hair and makeup look များ

Recommended

L’Oreal Paris Red Carpet (၆) နှစ်ပြည့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး

July 8, 2019

Limited Clothing Line ကို Freak City နဲ့တူတူထုတ်လိုက်တဲ့ Billie...

July 22, 2019

Giorgio Armani brand ရဲ့ ပထမဆုံးသော global beauty ambassador...

May 30, 2018

ဆောင်းရာသီမှာ အသားရေဘယ်လိုထိန်းသိမ်းကြမလဲ။

November 21, 2018

Board Games to Peek Your Interests

June 3, 2020

Coach ရဲ့ Fall 2018 campaign မှာပါဝင်ခဲ့တဲ့ Selena Gomez 

July 3, 2018

Best Looks of SAG Awards 2019

January 29, 2019

Inside Fashion’s Most Powerful Room: Julie Kegels Wins...

September 5, 2026

Men Belt – Fashion Vocabulary

October 10, 2019

LUSH PICK EP.2

September 6, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem