LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
GET FIT & WELLNESSLIFE

Turn to Beer Yoga!

written by Maeve September 25, 2017
Turn to Beer Yoga!

တစ်နေ့တာအလုပ်တွေပြီးသွားချိန်မှာ Gym သွားမလား၊ Yoga သွားဆော့ရင်ကောင်းမလား၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ဘီယာသောက်ပြီး Hangout လုပ်ရင်ကောင်းမလားဆိုပြီး ရွေးရခက်နေလား။ အိုကေ…။ အခုတော့ ဒီနှစ်ခုလုံးကို တွဲပြီး လုပ်နိုင်မယ့် နည်းလမ်းတွေ့သွားပါပြီ။ အဲ့ဒါကတော့ Beer Yoga ပါတဲ့။

ဘီယာသောက်ရင်း ယောဂလေ့ကျင့်နိုင့်မယ့် နည်းလမ်းအသစ်လေးပေါ့။ ဒီ Beer Yoga က ကမ္ဘာမှာ ခေတ်စားနေတဲ့ နည်းလမ်းသစ်လေးဖြစ်လို့ LUSH fan တွေကို LUSH team က သိထားသလောက်ပြောပြချင်ပါတယ်။ ဒီ Beer Yoga ဘယ်လိုစတင်ခဲ့တာလဲ၊ ဘယ်နိုင်ငံတွေမှာတော့ ဘယ်လိုအတန်းတွေဖွင့်နေလဲ..စတာ စတာတွေပေါ့။

Beer Yoga ကို ဂျာမနီနိုင်ငံမှာစခဲ့တယ်၊ ပြီးတဲ့အခါ သြစတြေးယားနဲ့ ထိုင်းနိုင်ငံတွေမှာပါ ခေတ်စားလာတယ်လို့ Wiki မှာ ဖော်ပြထားပါတယ်။ အဲ့ဒီမှာ တချို့ Fitness expert တွေကတော့ ဒီ Beer Yoga က marketing ထွင်လုံးတစ်ခုပါပဲ။ ကျန်းမာရေးအတွက် မကောင်းဘူးဆိုပြီး ဝေဖန်နေကြတာလည်းရှိပါသတဲ့။

ဂျာမနီနိုင်ငံက Bier Yoga ယောဂစတူဒီယိုတည်ထောင်သူတွေက ဒီ Beer yoga ကို burning man မှာ စတွေဲ့ခဲ့တယ်လို့ ဆိုပါတယ်။ Burning Man ဆိုတာက Nevada သဲကန္တာရမှာ နှစ်စဉ်ကျင်းပတဲ့ အနုပညာပွဲတော် (Arts Festival) ပါ။ ဒါပေမဲ့ ဒီ Trend က ဂျာမနီမှာစပြီး ပေါက်ဖွားတာက အံ့သြစရာတော့မရှိပါဘူး။ ဘာကြောင့်ဆို ဂျာမနီဘီယာက ကမ္ဘာ့အဆင့်မီဖြစ်တယ်၊ ဂျာမန်တွေက ဘီယာချက်တဲ့အပေါ်မှာလည်း တကယ်ကို စိတ်ဝင်တစားရှိကြတယ်။

Beer yoga အတန်းတွေက ပျော်စရာတွေ၊ ရယ်သံတွေနဲ့ ပြည့်နေမယ်။ အထူးသဖြင့် ပထမဆုံး ဘီယာသောက်ပြီးချိန်မှာပေါ့။ ဒါပေမဲ့ ရည်ရွယ်ချက်က ယောဂလေ့ကျင့်တာကို ပေါ့ပေါ့ပျက်ပျက်လုပ်ဖို့မဟုတ်ပါဘူး။ ယောဂဆိုတာ ခန္ဓာကိုယ်နဲ့ စိတ်ကို ဆက်သွယ်ပေးတာဖြစ်ပြီး အရသာဆိုတာကတော့ ယောဂလေ့ကျင့်ချိန်မှာ ပစ္စုပန်ဆိုတာကို မှတ်ဖို့ပဲဖြစ်ပါတယ်။ Bier yoga ယောဂစတူဒီယိုတည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ Jhula က ယောဂရဲ့အနုပညာဆန်မှုနဲ့ အရသာရှိတဲ့ဘီယာကိုခံစားရတဲ့စိတ်ကျေနပ်မှုက မိမိရဲ့သတိကပ်မှုကို အမြင့်ဆုံးအဆင့်ကို ရောက်ရှိစေမယ်လို့ ဆိုပါတယ်။

နောက်ထပ်တွေ့ရတဲ့ Beer Yoga အတန်းကတော့ Hops and Hatha Class ဖြစ်ပါတယ်။ ဒီအတန်းကတော့ တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ Greenville မြို့က Quest Brewing Company မှာလုပ်တာပါ။ ယောဂစလေ့ကျင့်သူတွေအတွက် craft beer ကို မြည်းစမ်းသောက်သုံးရင်း ယောဂလေ့ကျင့်နိုင်ဖို့ တီထွင်ထားတဲ့အတန်းပါ။ အဓိကက ဘီယာကြိုက်ပြီး ယောဂကို စိတ်မဝင်စားခဲ့တဲ့သူတွေအတွက်ပါ။ ဒီအတန်းတက်တဲ့သူတွေက စိတ်ကျေနပ်မှုတော်တော်ရတယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ ဘီယာပုလင်းကို ပထမဆုံးအကြိမ်မော့ဖို့ Asanas လေ့ကျင့်စဉ်ပြီးတဲ့အထိတော့ စောင့်ရမှာပါ။ ဘာလင်က BierYoga ယောဂစတူဒီယိုမှာတော့ Asanas အဆင့်တိုင်းမှာ ဘီယာတစ်ကြိုက်မော့ရင်း ယောဂကျင့်နိုင်အောင်ချိတ်ဆက်လေ့ကျင့်ပေးပါတယ်။ ဒီတော့ ဘီယာပုလင်းကို လက်မှာကိုင်ရင်း ယောဂကျင့်စဉ်တစ်ဆင့်ချင်းကိုလုပ်နိုင်ပြီပေါ့။ ဒါမှမဟုတ်လည်း Tree pose မှာ ဘီယာပုလင်းကို ခေါင်းပေါ်မှာ ဟန်ချက်ညီအောင်ထိန်းပြီး လေ့ကျင့်နိုင်တာပေါ့။

ဆစ်ဒနီမြို့မှာလည်း Beer yoga အထူးအတန်းနှစ်တန်းကို ဖွင့်လှစ်ခဲ့ပြီး Asana Yoga ကို ဘီယာနဲ့တွဲဖက်ခဲ့ပါတယ်။ အဲ့ဒီအတန်းမှာ သင်တန်းသားတွေက ယောဂကျင့်စဉ်တွေကို ဘီယာလည်းသောက်ရင်းဘီယာပုလင်းတွေကို ခေါင်းပေါ်မှာငြိမ်အောင်ထားဖို့ ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းတာကိုပါ သင်ကြားခွင့်ရပါတယ်။ ဒီအတန်းကိုတက်ဖို့အတွက် ယောဂကျင့်တဲ့အတွေ့အကြုံမလိုပါဘူးတဲ့၊ စိတ်ကိုဖွင့်ထားပြီး ဘီယာကို ကြိုက်ဖို့ပဲလိုပါတယ်တဲ့။ ဒီအတန်းကိုတော့ bieryoga.de/english/ မှာ တွေ့နိုင်ပါတယ်။

လန်ဒန်မြို့မှာလည်း ဘီယာအေးအေးလေးကို နည်းနည်းချင်းစီစုပ်သောက်ရင်း Vinyasa Yoga ကျင့်နေကြပါပြီ။ ဒီယောဂအတန်းတွေကို FunzingUK က ရှေးအစဉ်အလာအငွေ့အသက်တွေရှိတဲ့ အင်္ဂလိပ်ဘားဆိုင်ငယ်လေးတွေမှာ စတင်စီစဉ်တာဖြစ်ပါတယ်။ သူတို့အဖွဲ့က Beer Yoga ဟာဘီယာသောက်တဲ့အခါ ရရှိတဲ့ပျော်ရွှင်မှုနဲ့ယောဂကျင့်တာရဲ့ စိတ်တည်ငြိမ်သတိကပ်မှုကို တွဲဖက်ထားတာလို့ဆိုပါတယ်။ နောက်ပြီး ဒီနည်းလမ်းက ပိုပြီးတော့ အပန်းပြေစေဖို့ ဖန်တီးဖြည့်စွက်ထားတယ်လို့ ယောဂဆရာမ Guzel Mursalimova က Business Insider UK ကို ရှင်းပြခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ Beer Yoga ကျင့်ဖို့လာတဲ့ လူအများစုက စိတ်တင်းကြပ်ဖိစီးမှုတွေ များနေတာကြောင့်ပါလို့ ပြောပြပါတယ်။ အဓိကရည်ရွယ်ချက်က လူတွေကို စိတ်ဖိစီးမှုကင်းအောင်၊ အပန်းပြေအောင်၊ ပျော်ရွှင်အောင် လုပ်ဖို့ ဖြစ်တဲ့အတွက် ဘီယာနဲ့တွဲဖက်တာက သိပ်ကိုအိုကေတယ်၊ ပိုပြီးတော့ အားတက်စေတယ်လို့ ထပ်ဖြည့်ပြောပါတယ်။ ဒီတစ်နာရီကြာတဲ့ ယောဂအတန်းက ၁၂ စတာလင်ပေါင်ကျသင့်မှာဖြစ်ပြီး ဘီယာတစ်ပုလင်းနဲ့ဖျာတစ်ချပ် ပေးပါတယ်။ ဒီယောဂအတန်းက ဘယ်လိုများလဲဆိုတာကို သိချင်ရင်တော့ uk.funzing.com/ မှာ ရှာကြည့်နိုင်ပါတယ်။

words by anna

LUSH get fitLUSH Magazine MyanmarLUSH September 2017
2
Facebook Twitter Google + Pinterest
Maeve

previous post
LUSH September 2017 beauty Icon Nay Chi Oo’s BTS
next post
High Traveller

Recommended

The future of award shows

September 4, 2020

LGBT ျဖစ္ရတာ ရွက္စရာမဟုတ္ပါ။

June 28, 2019

ကိုဗစ်ကာလ လူငယ်တို့ရဲ့ Gym ယဉ်ကျေးမှု

June 23, 2020

Fashion Plus Speed

July 16, 2018

Acting Legend Tom Hanks

January 1, 2020

Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

June 9, 2023

The Lost Treasure : Alexander McQueen

July 18, 2018

အရက်နာကျတာ သက်သာစေဖို့ ဘာလုပ်ကြမလဲ .. ?

August 31, 2023

Hollywood Celebrities With Depression

September 17, 2020

Bringing in bright colours

May 29, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem