LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
BALANCELIFE

ဝေးသွားတာ မှားလား

written by Lush Editor June 9, 2020
ဝေးသွားတာ မှားလား

တစ်စုံတစ်ယောက်နဲ့ ဝေးသွားတယ်လို့ ခံစားမိလာတဲ့အခါတွေ ရှိနေမှာပါ။ ဝေးတော့မယ်လို့ ကြိုသိတဲ့ စိတ်တွေရှိနေချိန်ကို မသိချင်ယောင်ဆောင်ရင်း အဝေးခံလိုက်တာတွေ ရှိကြသလို ပြန်လည်နီးစပ်ဖို့ ကြိုးစားတာလည်း လုပ်ကြတာပဲ။ တကယ်ဆို တစ်စုံတစ်ယောက်နဲ့ နီးဖို့ ကြိုးစားရတာမလွယ်ကူသလို ဝေးဖို့ကြိုစားရတာလည်း ခက်ခဲတာပဲ။ တစ်စုံတစ်ယောက်နဲ့ နီးဖို့ သူဘာလိုချင်သလဲ၊ သူဘာဖြစ်ချင်လည်းဆိုတာ တတ်အပ်သိဖို့ အမြဲ မလွယ်ကူဘူး။ တစ်ခါတရံဆို သူမကြိုက်တာတွေ လုပ်မိတာမျိုးတောင် ရှိနိုင်တယ်။ လူတိုင်းဟာ ကွဲပြားတဲ့ ဆန္ဒတွေနဲ့ နေထိုင်ကြတာမို့ အကြိုက်ကို သိဖို့လိုသလို မကြိုက်တာကိုလည်း သိဖို့လိုအပ်တာပါပဲ။ တစ်စုံတစ်ယောက်ဟာ ကိုယ့်ဘဝအတွက် လိုအပ်တဲ့သူသာဖြစ်နေရင်တော့ ဝေးမသွားဖို့ကို အလိုအလျောက် ကြိုးစားမိနေမှာပါပဲ။

သူ့ရင်တွင်းကိုဝင်ကြည့်ပါ

သူပြောသမျှစကားတွေဟာ သူ့စိတ်တွေရဲ့ အများဆုံးအပိုင်းပါပဲ။ နားထောင်ပေးပြီး သူ့အပေါ်နားလည်ပေးနိုင်မယ်ဆိုရင် သူ့ရင်ထဲကို မြင်နိုင်သလို ကိုယ်လည်း သိစေချင်တာကို ပြောပြလို့ရပါမယ်။ လွယ်ကူမယ်ထင်ပေမဲ့ စိတ်ရင်းနဲ့သေချာကြိုးစားပေးဖို့ လိုပါမယ်။

ရိုးသားမှုနဲ့ ဆက်ဆံပါ

တစ်ယောက်နဲ့တစ်ယောက် တစ်စုံတစ်ခု ကာထားသလို ဆက်ဆံနေရင် ဒီဆက်ဆံရေးဟာ ဘယ်လိုမှ ရေရှည်မတည်မြဲနိုင်ပါဘူး။ ဒါဟာ ရိုးသားမှု နည်းပါးနေလို့ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် အရိုးရှင်းဆုံး ဆက်ဆံမယ်၊ စိတ်ပိုင်းဆိုင်ရာဆက်နွယ်မှုတွေ ရိုးသားနေမယ်ဆိုမှ “နားလည်မှု” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်က ပြည့်စုံလာမှာပါ။ တစ်စုံတစ်ယောက်ကို အစစ်အမှန်မပေးရင်တော့ ကိုယ်ရလာတဲ့ “အတု” ကို စိတ်ဆိုးနေလို့ မသင့်တော့ဘူးပေါ့။ ဒါကြောင့် ပတ်သက်မှုကောင်းကို လိုချင်ရင်တော့ ရိုးသားပေးပါ။ စိတ်ရင်းနဲ့ ရိုးသားပေးပါလို့ ပြောချင်ပါတယ်။ တစ်ချို့ကပြောကြတယ်။ ရိုးသားရင် အလိမ်ခံရတယ်၊ အနှပ်ခံရတယ်လို့ အသိလွဲနေတဲ့အခါ ကိုယ်ကစပြီး ရိုးသားဖို့ကို ခေတ်နောက်ကျပြီထင်ပြီး လွယ်လွယ်နဲ့ လွှင့်ပစ်လိုက်တတ်ကြတယ်။ ဒီအခါမှာ ရိုးသားမှုတွေ လွင့်ပြယ်နေတဲ့ ဝန်းကျင်မှာ ပတ်သက်မှုကောင်းတွေ ရှားပါးလာတော့တာပေါ့။

အခြားသူများကိုပါ လေးစားမှုထားပေးပါ

ကိုယ့်ကိုယ်ပဲ လေးစားမှုထားနေပြီး အခြားသူတွေအပေါ် လေးစားမှုကင်းမဲ့နေတဲ့သူတစ်ယောက်ကို ပတ်သက်ဖို့ အတော်စွန့်စားရမှာပါ။ ကိုယ်ကိုယ်တိုင်လည်း တစ်စုံတစ်ယောက်ထဲအပေါ်မှာ ရှင်းရှင်းပြောရရင် မိမိနဲ့ ပတ်သက်နေသူကိုသာ လေးစားမှုနဲ့ ဆက်ဆံနေမယ်ဆိုရင်လည်း အဆင်ပြေတဲ့ ပေါင်းသင်းဆက်ဆံမှုတွေ ရှားပါးလာပါလိမ့်မယ်။ လူတိုင်းက သူတို့ဘဝတွေကို အလေးနက်ထားတတ်ကြတယ်ဆိုတာကို သိထားလိုက်ရင် သူတို့နဲ့ ပတ်သက်ဆက်ဆံတဲ့အခါ အဆင်ပြေပြေဆက်ဆံနိင်ပါလိမ့်မယ်။ ကိုယ့်အပေါ် မလေးစားတဲ့ ဘယ်လိုသူတစ်ယောက်ကိုမဆို အဆင်ပြေပြေဆက်ဆံပေးဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် မိမိနဲ့ ပတ်သက်နေသူကိုသာမက သူ့ပတ်ဝန်းကျင်နဲ့ ဆက်စပ်နေသူများကိုလည်း လေးစားမှုနဲ့ ဆက်ဆံပေးဖို့ လိုပါတယ်။

ယုံကြည်ရသူအဖြစ် ရှိနေပေးပါ

ကိုယ့်အတွက် လုံခြုံစိတ်ချရမှုမရှိတဲ့ သူတစ်ယောက်ကို ဘယ်လိုယုံကြည်မှုပေးမလဲ။ ဘယ်လို ဆက်ဆံပေါင်းသင်းရမလဲ ဆိုတာ တွေးယူလို့တောင်မရတဲ့အရာပါ။ ဒါကြောင့် ကိုယ်နဲ့ ပတ်သက်နေသူအတွက် ကိုယ်ဟာ ယုံကြည်ရသူ၊ စိတ်လုံခြုံမှုပေးနိုင်သူတစ်ယောက်ဖြစ်အောင် နေပေးဖို့ လိုပါတယ်။ ဒီယုံကြည်မှုက ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာအောင် ဆွဲခေါ်သွားမှာ သေချာပါတယ်။

တန်ဖိုးထား ဆက်ဆံပေးပါ။

ကိုယ့်အပေါ် တန်ဖိုးမထားတဲ့သူတစ်ယောက်ကို ဘယ်သူမှ မဆက်ဆံချင်ကြပါဘူူး။ ဒါကြောင့်ပဲ ကိုယ့်ရဲ့လက်တွဲဖော်၊ မိတ်ဆွေအပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက် အားလုံးကို တန်ဖိုးထားဆက်ဆံပေးဖို့ လိုပါတယ်။ တစ်စုံတစ်ယောက်နဲ့ ပတ်သက်မှု ဝေးကွာရခြင်းရဲ့ အကြောင်းအရင်းထဲမှာ တန်ဖိုးမထားမှုက ထိပ်ဆုံးက ဖြစ်နေတာပါ။ ကိုယ့်အပေါ် တန်ဖိုးမထားသူတစ်ယောက်၊ ကိုယ်ကလည်း တန်ဖိုးမထားမိသူတစ်ယောက်နဲ့ အချင်းချင်းဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ကိုယ့်နဲ့ဝေးကွာသွားတဲ့သူတွေရဲ့အကြောင်းကို ပြန်တွေးကြည့်မယ်ဆိုရင် ကိုယ်က တန်ဖိုးမထားမိတာ၊ ဒါမှမဟုတ် ကိုယ်ကတန်ဖိုးထားမခံရတာတွေ များလာတဲ့အခါ ပတ်သက်မှုတွေလည်း ဝေးကွာလာပါတော့တယ်။ ဒါကြောင့် ဆက်ဆံရေးကောင်းတွေအတွက် တန်ဖိုးထား ဆက်ဆံ ပေးဖို့ပြောချင်ပါတယ်။

အမှားတွေလုပ်မိရင် စောစောဖွင့်ပြောပါ၊ သံသယမဖြစ်ပါစေနဲ့

လူတိုင်းက အမှားတစ်ခုလုပ်မိရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ကြပါတယ်။ ကာကွယ်ရင်း ကာကွယ်ရင်းနဲ့ အမှားကို ဖုံးရာရောက်လာသလို သံသယတွေကို အားပေးရာရောက်လာပါတော့တယ်။ သံသယဖြစ်စရာမရှိအောင် ရိုးသားပွင့်လင်းပေးပါ။ ရိုးသားပွင့်လင်းတဲ့ ဆက်ဆံရေးကို ယုံကြည်မှုနဲ့ ထပ်ပေါင်းပါ။ သံသယကို အလည်မခေါ်မိပါစေနဲ့။ တကယ်လို့ သံသယဖြစ်ခဲ့ရင်လည်း စောစောဖွင့်ပြောပါ။ သံသယကတော့ ဆက်ဆံရေးတွေကို ဝေးစေတဲ့ အဓိကအကြောင်းအရာတစ်ခုဖြစ်တာကြောင့် သူ့ကို ကြီးထွားခွင့် လုံးဝမပေးသင့်ပါဘူး။
တစ်စုံတစ်ယောက်နဲ့ ဝေးသွားခဲ့ရင် မှားသွားလားလို့ ဘယ်တော့မှ မတွေးမိပါနဲ့တော့။ အလေးပေးမှု၊ တန်ဖိုးထားမှု၊ ရိုးသားမှု၊ ယုံကြည်မှု၊ လုံခြုံစိတ်ချရမှုတွေ ပျောက်ဆုံးလာခဲ့ရင် ပတ်သက်မှုတွေက ဝေးကွာသွားတာ ထုံးစံပဲမို့ပါ။

Editor: Aye Myat Khin

Body & SoulLifeStyleLUSH DAILYLUSH June 2020LUSH Magazine MyanmarRelationship
0
Facebook Twitter Google + Pinterest
Lush Editor

previous post
5 ways to amaze your guest by your decorated wall
next post
Chromatica is the name, Slaying is her game

Recommended

Classics Art Déco Round: A new ode to...

April 20, 2020

LGBT ျဖစ္ရတာ ရွက္စရာမဟုတ္ပါ။

June 28, 2019

Table Manner

October 12, 2017

Interview with Sunrise 18

November 2, 2019

ဂျပန်မှာဆူရှီဘယ်လိုစားကြမလဲ

September 6, 2019

Idol Of K-Pop 

July 16, 2018

Great Gatsby Styling

August 11, 2020

FKA Twigs: The Groundbreaking Style Icon

May 15, 2018

The future of award shows

September 4, 2020

ကျန်းမာရေးအတွက် ရတနာဖက်ရှင်

September 8, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem