LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYLUSH DAILY

ဆံပင်ပုံဆိုးဆိုးဝါးဝါးမရစေဖို့ Hair Salon မှာ ဘာတွေ သတိထားပေးရမလဲ။

written by SuYiHtet May 29, 2019
ဆံပင်ပုံဆိုးဆိုးဝါးဝါးမရစေဖို့ Hair Salon မှာ ဘာတွေ သတိထားပေးရမလဲ။

ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီး အမြဲစမတ်ကျ လှပနေဖို့ ဆံပင်ပုံစံကလည်း အများကြီး အကူအညီပေးနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်နဲ့ လိုက်ဖက်ပြီး ကိုယ့်ရဲ့ ဖက်ရှင်တွေ၊ ပင်ကိုယ်စတိုင်လ်တွေနဲ့ပါ အပ်စပ်နေမယ့် ဆံပင်ပုံစံကို သေချာရွေးချယ်ဖို့ လိုသလို ဒီလိုရွေးချယ်တဲ့နေရာမှာ မဖြစ်မနေ သိထားရမယ့် အချက်လေးတွေရှိနေတဲ့အတွက် ဂရုတစိုက် သတိထားပေးရမှာပါ။ ဘယ်လိုအချက်လေးတွေလဲဆိုရင်…

၁- ပွင့်ပွင့်လင်းလင်းရှိပါ။

ကိုယ်က ဆံပင်ညှပ်တော့မယ်ဆိုရင် ကိုယ့်ဆံပင်အခြေအနေနဲ့ ပတ်သက်ပြီး Hair Stylist ကို ပွင့်ပွင့်လင်းလင်းပြောပြပါ။ ကိုယ့်အနေနဲ့ ရှေ့သုံးလမှာ ဆံပင်ကောက်ထားတာတို့၊ အရောင်ချွတ်တာတို့၊ ဦးရေပြားအဆီပြန်တာတို့ စသည်ဖြင့် ကိုယ့်ဆံပင်နဲ့ ပတ်သက်ပြီး မချွင်းမချန်ပြောပြပါ။ ဒါမှ Hair Stylist က အသင့်တော်ဆုံးနဲ့ အဆင်ပြေဆုံး ဆံပင်စတိုင်လ်၊ ဆံပင်နဲ့ပတ်သက်တဲ့ အကြံဥာဏ်
တွေကို ပေးနိုင်မှာဖြစ်ပါတယ်။

၂-ကိုယ့်ရဲ့ Lifestyle ကိုလည်း သေချာပြောပြပါ။

ကိုယ့်ရဲ့ Lifestyle ၊ Career တွေကိုလည်း သေချာပြောပြပါ။ ကိုယ်က နေ့တိုင်း ခေါင်းလျှော်တတ်တဲ့သူလား၊ ဆံပင်ကို ပုံမှန်ဆံထုံးထုံးသွားရတဲ့သူလား၊ ဆံပင်ပြင်ဆင်ဖို့ အချိန်မပေးနိုင်သူလား စတဲ့ ကိုယ့်ရဲ့ Lifestyle နဲ့ ပတ်သက်တဲ့ အချက်လေးတွကို ပြောပြလိုက်အားဖြင့် Hair Stylist က ကိုယ့်ရဲ့ပတ်ဝန်းကျင်၊လုပ်ငန်းခွင် စတာတွေနဲ့ပါ ကိုက်ညီအဆင်ပြေမယ့် ဆံပင်စတိုင်လ်တွေကို ပိုပြီးကောင်းမွန်အောင် ဖန်တီးပေးလိုက်နိုင်ပါတယ်။

၃- ကိုယ်လိုချင်တာကိုပြောပြတာထက် နမူနာများများပြပါ။

တစ်ခါတလေမှာ ကိုယ်ကပြောပြတာနဲ့ တစ်ဖက်က Hair Stylist နဲ့ကြားမှာ နားလည်မှု လွဲသွားတာမျိုး ဖြစ်တတ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် ကိုယ်လိုချင်တာကို ပြောပြတာထက်စာရင် ဖုန်းထဲကနေ ကိုယ်လိုချင်တဲ့ ပုံစံတွေကို ပြပြီး နမူနာအနေနဲ့ ကိုယ်နဲ့ လိုက်ဖက်လား မလိုက်ဖက်လား၊ ကိုယ့်ဆံပင်နဲ့ အဆင်ပြေနိုင်မလားပါ သိရအောင် လုပ်ပါ။ ကိုယ်သဘောကျတဲ့ပုံတွေစုထားပြီး ဘယ်လိုမျိုးလိုချင်တယ်ဆိုတာ သေချာပြောပြပါ။

၎- တစ်ဆင့်ချင်းသွားပါ။

ဆံပင်ပုံစံဆိုတာ ကိုယ့်ကို အခြားသူတစ်ယောက်လို လုံးဝပြောင်းလဲသွားအောင် ဖန်တီးနိုင်တာမို့ ဆံပင်ပုံစံ ရွေးတဲ့နေရာမှာ မလောပါနဲ့။ အတိုညှပ်ပြီးမှ ချက်ချင်းပြန်ရှည်ဖို့ မလွယ်သလို အရှည်ကနေ အတိုကိုပြောင်းမယ်ဆိုလည်း ချက်ချင်းကြီး တိခနဲ ညှပ်ပစ်တာမျိုးထက်စာရင် တဖြည်းဖြည်းချင်း ကိုယ်ရဲ့ လိုက်ဖက်တဲ့အတိုလောက်ထိ တဖြည်းဖြည်းပြောင်းလဲကြည့်တာပိုကောင်းပါတယ်။ မလောပါနဲ့ တစ်ဆင့်ချင်းစီ သေချာပြောင်းလဲကြည့်ပါ။

၅- မှန်ဘက်ကို Attention ရှိပါ။

တစ်ချို့က ဆံပင်နဲ့ ပတ်သက်ရင် Hair Stylist ကိုပဲ လုံးဝပုံအပ်လိုက်တာမျိုးရှိတတ်ပါတယ်။ အဲဒီလို အချိန်မျိုးမှာ ကိုယ်က ညှပ်ပြီးမှ သဘောမကျတာ၊အဆင်မပြေတာတွေ ဖြစ်ရင် ပြန်ပြင်ဖို့လည်း မလွယ်ပါဘူး။ အဲ့ဒီအတွက် ညှပ်နေချိန်မှာမှန်ကနေ ကြည့်ပြီး ကိုယ်အဆင်မပြေတာ၊ကိုယ်လိုချင်တာ၊ တိုချင်တာ၊ရှည်ချင်တာ စတာတွေကို ပြောပါ။ မှန်ထဲကနေ ကိုယ့်ဆံပင်အပေါ် အာရုံစူးစိုက်မှုလေး ထားကြည့်ပါ။

ဒီအချက်လေးတွေကိုသာ ကိုယ် Hair Salon သွားတိုင်းသတိထားပေးမယ်ဆိုရင် Bad Haircut ဘယ်တော့မှ ရမှာမဟုတ်ပါဘူး။ သတိထားဖို့ မမေ့နဲ့နော်။

Editor: Su Yi Htet

LUSH beautyLUSH DAILYLUSH May 2019
1
Facebook Twitter Google + Pinterest
SuYiHtet

previous post
Miley Cyrus ရဲ့ “She Is Coming” EP Album အသစ်ထွက်ရှိတော့မယ်
next post
A Girl’s Dream Comes True with A Day Full of Surprises

Recommended

Shine on me: the light in my room

June 12, 2020

ဒီနှစ်ဆောင်းတွင်းမှာ ခေတ်စားမယ့် ဆံပင်အရောင်တွေ

October 27, 2023

Best Fashion Looks of MTV Video Music Awards...

August 27, 2019

မြန်မာငွေ ငါးသိန်းဝန်းကျင်တန် Louis Vuitton ရဲ့ Air Pods Earrings

July 22, 2020

5 ways to amaze your guest by your...

June 9, 2020

Optimising your decor with clocks

June 26, 2020

Bedroom Products To Boost Your Sleep 

June 29, 2020

ကိုယ်တိုင် Makeup လိမ်းချယ်နေတဲ့ Meghan Markle

July 16, 2018

Sunrise 18 တို့ရဲ့ Yangon

October 10, 2019

Getting Workloads Done Faster

April 21, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem