LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTY

2019 Fall Fashion Runway က အမိုက်စား မိတ်ကပ်ပြင်ဆင်မှုများ

written by Lush Editor March 1, 2019
2019 Fall Fashion Runway က အမိုက်စား မိတ်ကပ်ပြင်ဆင်မှုများ

2019 Fall Fashion Week တွေကို  ဖေဖော်ဝါရီလမှာတည်းက ကျင်းပလာလိုက်တာ အခုဆို Paris Fashion Week ကိုတောင် ရောက်ရှိလို့ လာခဲ့ပါပြီ။ Fashion Week တို့ ထုံးစံအတိုင်း တစ်နှစ်ထက် တစ်နှစ်ဆန်းပြားသော ဖက်ရှင်တွေ၊ အပြင်အဆင်တွေနဲ့ New York Fashion Week ၊ London Fashion Week၊ Milan Fashion Week နဲ့ Paris Fashion Week ဆိုပြီး တစ်ခုချင်းစီ လှည့်လာခဲ့တာပါ။ Fashion Week တို့ ထုံးစံအတိုင်း ဘာတွေခေတ်စားသလဲကြည့်ရမယ်ဆိုရင် အရင်ဆုံး မြင်မိမှာကတော့ သူတို့ရဲ့Runway  Makeup Looks တွေ ဖြစ်ပါတယ်။ ပုံမှန် ပြင်ဆင်မှုတွေနဲ့ မတူဘဲ ဆန်းပြားသလို ခေတ်ရှေ့ပြေးပြီး Trend အသစ်တွေဖန်တီးလို့ရတဲ့ Makeup Look တွေက Fashion Week ကပဲ အစပြုတာပါ။ ဒီနှစ်ရဲ့ Fall Fashion Week ကရော ဘယ်လိုတွေပြင်ဆင်ကြမှာလဲ သင်ရော မသိချင်ဘူးလား။

Smokey Eyes

Smokey Eyes တွေကတော့ Runway ရဲ့ မပါမဖြစ်တွေဆိုတော့ ဒီနှစ်ရဲ့ Fall Runway မှာလည်း ထပ်မံမြင်တွေ့ရဦးမှာပါ။ Tom Ford ၊ Versace ကစတဲ့ နာမည်ကျော် Brand တွေရဲ့ ပြင်ဆင်မှုမှာလည်း Smokey Eye က နေရာယူထားသလို ခပ်နက်နက် ခြယ်ထားတဲ့ Smokey Eyes ၊ မျက်လုံးအောက်ကို အသားပေးထားတဲ့ Smokey Eyes စသည်ဖြင့် အသွင်မတူအောင် တွေ့ရမှာဖြစ်ပါတယ်။

Glitter Lids

မျက်ခွံပေါ်မှာ Glitter တွေ အပြည့် ခြယ်ထားတဲ့ပုံစံကလည်း ဒီနှစ် Fall Runway မှာ မြင်တွေ့ရတဲ့ ပြင်ဆင်မှုတစ်ခုပါ။ မျက်ခွံအပြည့် ခြယ်သမှုတွေရှိသလို Disco Ball လို Glitter တွေ မျက်နှာအနှံ့ ခြယ်ထားတဲ့ Look တွေလည်း တွေ့ရမှာပါ။

Graphic Line

အနက်ရောင် Liner ကိုမှ Cat Eye ပုံစံတွေ၊ Winged Liner ပုံစံတွေ ဆွဲထားတဲ့ ပြင်ဆင်မှုတွေကိုတော့ Erdem ၊Zimmermann ၊ Saint Laurent တို့ရဲ့ Runway မှာတွေ့နိုင်ပြီး မရိုးနိုင်တဲ့ Eye Liner အမျိုးမျိုးကို ခံစားရမှာဖြစ်ပါတယ်။

Pink & Purple Lids

ဒီနှစ်ကတော့ ပန်းရောင်နဲ့ ခရမ်းရောင်ကို တော်တော်မြင်တွေ့ရဦးမယ့်နှစ်ပါ။ ပန်းရောင် ၀တ်စုံတွေကို ကော်ဇောနီပေါ်မှာ ထပ်နေအောင် မြင်ရပြီးဖြစ်သလို အခုလည်း Fall Runway မှာ ပန်းရောင် Eyeshadow တွေကို သုံးထားတာ တွေ့ရမှာဖြစ်ပါတယ်။ ပန်းရောင်တစ်ရောင်ထဲ ခြယ်သတဲ့ ပြင်ဆင်မှုတွေ ရှိသလို ပန်းရောင်နဲ့ ခရမ်းရောင်ကို ရောစပ်ထားတဲ့ Look တွေကိုလည်း မြင်ရမှာပါ။ Anna Sui တို့၊ Jeremy Scott တို့က နမူနာကောင်းတွေပေါ့။

Neon Plays

နီယွန်အရောင်တွေကလည်း ၂၀၁၉ ရဲ့ Trend တွေထဲက တစ်ခုဆိုတော့ Runway Look မှာ သူပါလာတာ မဆန်းပါဘူး။ အနီရောင်၊ အပြာ၊ အ၀ါ၊ အစိမ်း စသည်ဖြင့် နီယွန်အရောင်တွေကို သုံးပြီး ဖန်တီးထားတဲ့ ပြင်ဆင်မှုတွေဟာ သိပ်ကို ဆန်းသစ်ပါတယ်။ United Colors of Benetton နဲ့ Iceberg တို့ရဲ့ Look တွေမှာ ကြည့်နိုင်မှာပါ။

Coming Up Roses

ဒီပြင်ဆင်မှုကတော့ နှင်းဆီပန်းလေး ပွင့်ဖူးလာတဲ့ အသွင်ပေါ့။ No Makeup Look လို ပါးပါးလျလျ ပြင်ဆင်မှုလေးမှာကိုမှ ပါးနီနဲ့ Eyeshadow ကို ပန်းရောင်အသားပေး ခြယ်ထားတဲ့ ပြင်ဆင်မှုဖြစ်ပါတယ်။ ဒီပုံစံက Runway မှာတင် မဟုတ်ဘဲ  နေ့စဉ်ပြင်ဆင်မှုမှာပါ ထည့်သွင်းလို့ရပြီးတော့ ကောင်မလေးအတော်များများ နှစ်ခြိုက်ကြမယ့် ပုံစံပါ။

Ombre Lips

နှုတ်ခမ်းနီကို နှစ်ရောင်စပ်ဆိုးထားတဲ့  Ombre Lips တွေက ဒီနှစ် 2019 Fall Fashion Week မှာ ပြန်လည်နေရာယူလာပါပြီ။ 2019 Fall Runway မှာတော့ ပုံမှန်နှစ်ရောင်စပ်ဆိုးထားတဲ့ အရောင်ဖျော့ဖျော့မျိုးမဟုတ်ဘဲ အရောင်ရင့်ရင့် ပုပ်ပုပ်တွေနဲ့ ဖန်တီးထားတဲ့ Ombre Lips တွေကို မြင်ရမှာပါ။

Editor- Su Yi Htet

fashionLUSH Beauty & SoulLUSH DAILY
1
Facebook Twitter Google + Pinterest
Lush Editor

previous post
Skating
next post
စကားများကြတဲ့အခါ ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်းဆုံး ဖြေရှင်းကြမလဲ။

Recommended

THE BEAUTY BAR

December 20, 2018

THE MAN

June 11, 2019

Body shaming လုပ်တဲ့သူတွေကို short film တခုနဲ့ တုံ့ပြန်ခဲ့တဲ့ Billie...

May 28, 2020

သင်ကိုယ်တိုင် မသိလိုက်တဲ့ Mask တွေရဲ့ နောက်ဆက်တွဲ ပြဿနာများ

October 2, 2020

Gym Make Up

December 13, 2018

Friends TV Show Inspired Eyeshadow palette

November 15, 2019

လက်တလောမှာ ရေပန်းစားလာတဲ့အလှကုန်ပစ္စည်းအသစ် Bio-Oil® Dry Skin Gel

December 24, 2019

The Iconic Evening Fashion Show – Mr Jet...

October 27, 2019

ပထမဆုံး Mascara နဲ့ Pencil Eyeliner ထွက်ရှိလာတဲ့ Fenty Beauty

January 16, 2020

The Iconic Evening Fashion Show – Designer Won...

October 26, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem