LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILYRewind

ရန်ကုန်မြို့က စကော့တလန်ဒီဇိုင်းနဲ့ အဆောက်အအုံများ

written by Lush Editor June 26, 2020
ရန်ကုန်မြို့က စကော့တလန်ဒီဇိုင်းနဲ့ အဆောက်အအုံများ

ခုလို မိုးရာသီ အုံ့ပြပြကောင်းကင်ကြီးအောက်မှာ ထင်ထင်ရှားရှားနဲ့ လွမ်းမောဖွယ်အတိတ်ကို ခေါ်ဆောင်နိုင်တဲ့ အရာတွေ ရန်ကုန်မြို့မှာ အများကြီးရှိနေတယ်။ အဲဒီအထဲက မြန်မာပြည်မှာ လာရောက်နေထိုင်တဲ့ ဥရောပလူမျိုးရဲ့ ၈၀ ရာခိုင်နှုန်းလောက်ရှိတဲ့ စကော့လူမျိုးတွေရဲ့ ဗိသုကာလက်ရာနဲ့ အဆောက်အအုံတွေလည်း ထိပ်ဆုံးမှာ ပါဝင်တယ်။

၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုအစောပိုင်း ရန်ကုန်က ထိတ်ထိတ်ကြဲ ကုမ္ပဏီအများစုက စကော့တလန်လူမျိုးတွေ ပိုင်ခဲ့ကြတာပဲလေ။ ခုချိန်ထိ ဂေါက်သီးရိုက်အားကစားနဲ့ ဝီစကီအရက်ရှိနေတာကိုက စကော့တလန်ရဲ့ ယဉ်ကျေးမှုဓလေ့တွေ ကျန်နေသေးတာကို ပြတာဖြစ်မယ်လို့ ထင်မိလာအောင်ပါပဲ။

ရန်ကုန်မြို့က အဆောက်အအုံတွေကို အင်္ဂလိပ်ခေတ်က အဆောက်အအုံတွေမို့ အင်္ဂလိပ်စတိုင်လ်လို့ ခပ်ရိုးရိုးတွေးလိုက်တာ မှားတယ်လို့ မဆိုသာပေမဲ့ တကယ်တမ်းမှာ စကော့စတိုင်လ်တွေလည်း အများကြီးရှိနေတာပါပဲ။ အသိသာဆုံးနာမည်တစ်ခုကိုပြောရင် မှတ်မိကြလောက်မယ်ထင်ပါတယ်။ ဘုံဘေဘားမားကုမ္ပဏီပေါ့။ ဒီအမည်ကိုတော့ မြန်မာတိုင်းလိုလို သိကြလိမ့်မယ်ထင်ပါတယ်နော်။ စကော့တလန်ဗိသုကာလက်ရာနဲ့ ဘုံဘေဘားမားကုမ္ပဏီဟာ ခုချိန်ထိ ရန်ကုန်မြို့မှာ ရှိနေပါသေးတယ်။ Myanmar International Airways အဖြစ်နဲ့ ကမ်းနားလမ်းကအဆောက်အအုံကြီးဟာ တစ်ချိန်က မြန်မာပြည်သမိုင်းမှာ အထင်ကရဖြစ်ခဲ့တဲ့ ဘုံဘေဘားမားကုမ္ပဏီကြီးပေါ့။

နောက်ထပ် မှတ်မိလွယ်မယ့် အဆောက်အအုံကြီးတွေလည်း ရှိသေးတယ်။ အဲဒါတွေကတော့ ဧရာဝတီမြစ်ထဲမှာ လှေအစီး ၆၀၀ ကျော်နဲ့ ဧရာဝတီဖလော့တေလာကုမ္ပဏီလေ။ အဲဒီအဆောက်အအုံကတော့ မဟာဗန္ဓုလလမ်းနဲ့ ကုန်သည်လမ်းကြား ပန်းဆိုးတန်းလမ်းမပေါ်မှာ ရှိနေပါသေးတယ်။

နောက် ဘိလပ်ရည်လို့ ခေါ်တဲ့ အချိုရည်ကို မှတ်မိကြသေးရဲ့လား။ ဘိလပ်ရည်လို သောက်စရာအချိုရည်ကို မြန်မာနိုင်ငံမှာ စရောင်းချခဲ့တဲ့ အေစကော့ကုမ္ပဏီကလည်း စကော့တလန်လူမျိုးပိုင်ဆိုင်တဲ့ နာမည်ကြီးကုမ္ပဏီတစ်ခုပါပဲ။ ခုထိကုန်သည်လမ်းမပေါ်မှာ သုံးထပ်အဆောက်အအုံအဖြစ် ရှိနေသေးတာကလည်း မြန်မာတို့အတွက် အမွေအနှစ်တစ်ခုကျန်ရှိနေသေးသလို ဝမ်းသာရမှာပါ။

ရန်ကုန်မြို့ရဲ့ အထင်ကရရုပ်ရှင်ရုံဖြစ်တဲ့ သမ္မတရုပ်ရှင်ရုံရှေ့က ဘုရားကျောင်း Scots Kirk (Scottish Presbyterian Church) ဟာလည်း စကော့ဒီဇိုင်းလက်ရာအဆောက်အအုံတစ်ခုဖြစ်ပါတယ်။ ထူးထူးခြားခြား စကော့တလန်လက်ရာ အဆောက်အအုံတွေ အခုထိရှိနေတဲ့ ရန်ကုန်မြို့ဟာ ရှေးဟောင်းမြို့တော်တစ်ခုလို ဂန္တဝင်ဆန်လှပနေဆဲပါပဲလေ။

Ref: lostfootsteps, Alister McCrae ၏ ‘Scots in Burma’

Editor: Aye Myat Khin

LUSH DAILYLUSH June 2020LUSH Magazine MyanmarLUSH RewindScottish Design Building
1
Facebook Twitter Google + Pinterest
Lush Editor

previous post
Rent an island in the Maldives – for $35,000 a night
next post
Optimising your decor with clocks

Recommended

5 ways to amaze your guest by your...

June 9, 2020

Marvel Phase 4: The Eternals မှာ သရုပ်ဆောင်မယ့် တောင်ကိုးရီးယားမင်းသား...

July 26, 2019

Fashion Vocabulary: Tiered skirt

February 6, 2020

တိရစ္ဆာန်အမွေးတွေ၊ သားရေတွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေ ရောင်းချမှုကို ban တော့မယ့် Nordstrom

September 30, 2020

စက်တင်ဘာလမှာ ကျင်းပသွားမယ့် New York Fashion Week

August 27, 2020

ခေတ်စားလာမယ့် Jewelry တွေကဘာဖြစ်မလဲ

June 17, 2020

အမေဇုံကို ကယ်တင်ပါ။

August 26, 2019

Hoop Earrings for this era

June 10, 2020

မိုးရာသီမှာလည်း ဖက်ရှင်ကျကျဝတ်ဆင်နိုင်မယ့် ဖိနပ်များ

June 5, 2020

adidas Originals ရဲ့ Superstar adilette Slide

July 3, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem