LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
EAT

The Juicy One for Summer or Mango

written by Maeve April 23, 2019
The Juicy One for Summer or Mango

နွေရာသီရောက်ပြီဆိုတော့ ပူပူလောင်လောင်ရာသီဥတုထဲမှာ ရင်အေးစေမယ့် အသီးအနှံလေးတွေကို စားသုံးရတာ တော်တော်များများ နှစ်ခြိုက်ကြမှာပါ။ နွေရာသီမှာ အသီးအနှံလေးတွေစားသုံးပေးတာက  စိတ်ကို လန်းဆန်းစေပြီးတော့ အသားအရေအတွက်လည်း အထောက်အကူဖြစ်တယ်လေ။ နွေရာသီထဲမှာ စားစရာ အသီးအနှံလို့ဆိုလိုက်တာနဲ့ ကျွန်မတို့မြန်မာတွေအနေနဲ့ အရင်ဆုံး ရွေးချယ်မိမှာကတော့ သရက်သီးပါ။

We are sure you will be craving for some fruits that can cool down your body in such hot season. Eating fruits can keep you energized and also be beneficial for your skin. For us in Myanmar, the fruit for the hot summer is Mango.

မြန်မာမှန်ရင်တော့ သရက်သီး မကြိုက်တဲ့သူမရှိသလောက်ရှားသလို ရှေးလူကြီးတွေက “အသီးမှာ သရက်” လို့ ဆိုရလောက်အောင် သရက်သီးရဲ့ အရသာက ပြည့်စုံပါတယ်။ သရက်သီးအထွက်များသလို စီးပွားရေးအရ စိုက်ပျိုးတာကတော့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၊ ဧရာဝတီတိုင်းနဲ့ တောင်ဘက်ပိုင်းဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ် စတဲ့နေရာတွေပါ။

There is a saying “Mango is the elite fruit” in the country and it is rare to find a person in Myanmar who does not like mangoes. Mangoes are commercially produced in the middle part of Myanmar, Ayerwaddy Division and the southern part of Shan state.

သရက်သီးက နွေရာသီမှာ ပေါပေါများများ စားရတဲ့ အသီးဖြစ်သလို  မြန်မာနို်င်ငံမှာ အထွက်များတဲ့ အသီးအနှံဖြစ်လို့ မြန်မာ့အသည်းစွဲ အသီးအနှံလို့တောင် ဆိုလို့ရပါတယ်။ မတူကွဲပြားတဲ့ သရက်သီး အမျိုးအစားဟာ ကမ္ဘာမှာ ၄၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံမှာဆိုရင် မျိုးပေါင်း ၁၀၀ ထက်မနည်း ရှိပါတယ်။ ပုံစံ၊အရသာနဲ့ အနံ့သာ ကွဲပြားသွားတာပါ။ မချစ်စု၊ စိန်တလုံး၊မြကျောက်၊ ရင်ကွဲသီးနဲ့ ရွှေဟင်္သာတို့ကတော့ လူသိများတဲ့ သရက်သီးအမျိုးအစားတွေဖြစ်ပြီး သရက်သီး စပေါ်တဲ့အချိန်ကတော့ ဆောင်းအကုန် နွေရာသီစတင်တဲ့ ဖေဖော်ဝါရီလမှာ ဖြစ်ပါတယ်။ သရက်သီးထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ထားကြတာကတော့ စိန်တလုံးဖြစ်ပြီးတော့ သူ့ရဲ့ ရနံ့၊အရသာနဲ့ အရည်ရွှမ်းမှုတွေကြောင့် လူတွေကြားထဲ အကြိုက်ဆုံး၊အကောင်းဆုံး ဖြစ်နေတာပါ။ ဈေးနှုန်းအားဖြင့်လည်း စိန်တလုံးက အခြားသရက်သီးတွေထက် ပိုဈေးမြောက်သလို သရက်သီးထဲမှာဆို Luxury ဖြစ်တဲ့ သရက်သီးလို့တောင် ဆိုနိုင်ပါတယ်။

Mango is mostly produced and consumed fruit in the country. It is even dubbed as the most loved fruit as well. There are more than 400 types of Mango in the world. Myanmar has more than 100 variants with differences in shape, taste, and scent. Ma Chit Su, Sain Ta Lone, Mya Kyaut, Yin Kwal Thee and Shwe Hintha are the popular varieties in the country and you can get them from the beginning of February. Sein Ta Lone is deemed as the best due to its aroma, tastiness and the juiciness. Pricewise, Sein Ta Lone is much more expensive than other mangoes and you can even call it a Luxury mango.

တကယ်တမ်းပြောရမယ်ဆိုရင် သရက်သီးရဲ့ ဘယ်အစိတ်အပိုင်းကမှ အသုံးမ၀င်ဘူးဆိုတာမရှိပါဘူး။ စစချင်း အဖူးလေးတွေဖြစ်တဲ့အချိန်ကစ သရက်သီး ဖြစ်လာတဲ့အဆုံး အကုန်စားလို့ရပါတယ်။ သရက်ဖူး၊ သရက်ရွက်အစိမ်းလေးတွေဆိုရင် မြန်မာ့စားစရာ ငါးပိရည်နဲ့ တို့စားလို့ရသလို သရက်သီး ပင်စည်ကို ပြုတ်လို့ရတဲ့ အရည်က သွားကိုက်တာကို သက်သာစေပါတယ်။ ဒါ့အပြင် သရက်ပင်ရဲ့ အသားကို ပရိဘောဂပစ္စည်းတွေ ဖန်တီးလို့လည်းရပါသေးတယ်။

It is hard to deem any part of mango fruit to be useless. You can eat it from the first sprout to the ripe fruit. The sprouts and the leaves are eaten with Myanmar traditional fish paste. You can boil the mango stems and use the water for toothache. You can use the wood from Mango tree as furniture.

သရက်သီးဟာ အရသာရှိရုံတင်မကပါဘူး Vitamin A Lutein Zeaxanthin  စတဲ့ ဓာတ်တွေ ပြည့်ဝသလို Vitamin C Vitamin B နဲ့ Vitamin E တို့ ပါပါဝင်ပါတယ်။ အမျှင်ဓာတ်လည်း ပြည့်ဝသလို သတ္တုဓာတ်တွေလည်း ပါဝင်လို့ နှလုံးရောဂါ၊ အရွယ်မတိုင်မှီ အိုမင်းရင့်ရော်တာ၊ ကင်ဆာ စတဲ့ ရောဂါတွေကိုလည်း ကာကွယ်နိုင်စွမ်းရှိပါတယ်။

ကျွန်မတို့ မြန်မာတွေအနေနဲ့ကတော့ သရက်သီးကို မှည့်မှသာ စားတာမျိုး မဟုတ်ဘဲ သရက်သီးကို မျိုးစုံ လုပ်စားတတ်ကြပါတယ်။ သရက်သီးနဲ့ပတ်သက်လို့ အစားအသောက် အမယ်အမျိုးစုံသလို အခြားနေရာမှာ မရနိုင်တဲ့ အစားအစာတွေလည်း သရက်သီးကပဲ ထုတ်ပါတယ်။ အဲဒါတွေက ဘာတွေဖြစ်မလဲဆိုတော့

The fruit is not only tasty but also full of nutrition such as Vitamin A, Lutein Zeaxanthin, Vitamin C, Vitamin B and Vitamin E. With its fiber and iron nutrients, it can prevent illnesses such as heart diseases, aging, and cancer.

For Myanmar people, we do not eat the mango only when it is ripe, we can eat it in many ways. We have many mango products that are unique to the country. They are

သရက်သီးသနပ်

သရက်သီးသနပ်ကတော့ ထမင်းနဲ့ပါ တွဲဖက်စားလို့ မြန်မာ့အစားအစာ တစ်မျိုးပါ။ သရက်သီးကို အတုံးသေးသေးလေးတွေ တုံး၊ အရင်ဆုံး ဆားရေစိမ်ပြီး သရက်သီးကို တစ်ညသိပ်ရမှာပါ။ နောက်ရက်မှာတော့ စိမ်ထားတဲ့ သရက်သီးတွေကို အရောင်တင်ငရုတ်သီး၊ ဇီယာ၊ ကရဝေး၊ သနပ်မဆလာ၊ ဖာလာ၊ လေးညှင်း တို့နဲ့ သရက်သီးကို ဆီသတ်ပြီးမှ သနပ်မဆလာ၊ သကြား၊ ဆားထည့်မွှေပြီး နောက်ဆုံးမှာ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ ထည့်၊ အအေးခံပြီးနောက် ဖန်ပုလင်းထဲသို့ ပြောင်းထည့်ပြီး ဆီကို သနပ်တွေ အားလုံးမြုပ်သည်အထိ လေလုံအောင် ပိတ်ကာ နှပ်ထားတဲ့နောက် နေပူ၅ရက် သို့ ၇ ရက်ပြပြီး သရက်သီး သနပ်ရရှိမှာပါ။ အိမ်မှာလည်း ကိုယ်တိုင် လုပ်လို့ရသလို ဈေးကွက်ထဲမှာလည်း အသင့်စား သရက်သီး သနပ်တွေလည်း ရှိပါတယ်။

Mango Pickle

It is a very suitable pairing with rice. To make mango pickle, firstly make sure all the utensils and the work area are absolutely dry. Dice the mangoes into cubed shapes and keep these into salt water overnight. On the next day, add them to a dry bowl along with red chili powder, mustard powder, and lightly crushed garlic and pour oil until all ingredients are deep inside. Mix them well and keep aside for 5 to 7 days by storing these mango pickles in a clean glass jar. You can make your own pickled mango at your home or buy at markets.

သရက်ယို

သရက်ယိုကတော့ လက်ဆောင်အနေနဲ့ ပေးတဲ့ အစားအစာတစ်ခုအဖြစ်ရော၊ အချိုတည်းစရာ အစားအစာ တစ်ခုအဖြစ်ရော တွေ့ရပါတယ်။ သရက်သီးကို ပါးပါးလေးတွေလှီးပြီးမှ သကြား၊ထန်းလျက် စတာတွေနဲ့ရောပြီး ယိုထိုးထားတာပါ။ ချိုချဉ်အရသာလေးပေးသလို ယိုအနှစ်လေးတွေနဲ့မို့ စားလို့ကောင်းပြီး အညာဒေသဘက်မှာဆိုရင် လက်ဖက်ရည်ကြမ်းသောက်ရင်းနဲ့  တွဲဖက်စားလေ့ရှိပါတယ်။

Mango Jam

Mango Jam is a dessert that many Myanmar people love to give as gifts. The mango is sliced into thin layers and mixed with sugar or jaggery to make it into jam. The sweet-and-sour jam is very delicious and is paired with hot tea in dry regions of Myanmar.

သရက်သီးသုပ်

ဒါကတော့ မိန်းကလေးတော်တော်များများ ကြိုက်ကြတဲ့ အစားအစာတစ်မျိုးပေါ့။ သရက်သီးကို မမှည့်ခင် အစိမ်းအနေအထားမှာ ငံပြာရည်၊ပဲမှုန့်၊ ငရုပ်သီးမှုန့်၊ ပုစွန်ခြောက်မှုန့်တို့နဲ့ စပ်စပ်လေး ရောနယ်သုပ်တဲ့ သရက်သီးသုပ်ဟာ နွေရာသီရဲ့ မပါမဖြစ် ရာသီစာပါ။ ရာသီဥတုမှာ ပူပူလောင်လောင်မှာ ခပ်စပ်စပ် သရက်သီးသုပ်လေးရယ်၊ ရေနွေးကြမ်းဆိုရင် လုံးဝ ပြည့်စုံသွားပါပြီ။ တချို့တွေကတော့ ငံပြာရည် ၊ငရုတ်သီးမှုန့်နဲ့ မသုပ်ကြဘဲ မဆလာ၊ ငရုတ်သီးမှုန့်တို့နဲ့ တို့စားတာမျိုး၊ ငံပြာရည်၊ငရုတ်သီးမှုန့်အဖျော်နဲ့ တို့တာမျိုး စားတတ်ကြပါတယ်။

Mango Salad

A favorite dish among women in summer, this spicy dish is made of unripe mango with fish sauce, toasted chickpea flour, chili powder, and dried shrimps. Nothing is perfect in this hot weather than a dish of spicy mango salad and hot tea. Some would not mix it with fish sauce and chili powder but just dip the mango pieces into masala spice, chili powder or with fish sauce mixed with chili powder.

သရက်သီးဖျော်ရည်

သရက်သီးဖျော်ရည်ကိုတော့ နွေရာသီမှာ တော်တော်များများ ဖျော်သောက်ကြမှာပါ။ သရက်သီးမှည့်မှည့်ကို Smoothie အဖြစ်ပဲ သောက်သောက်၊ Juice လိုပဲ ဖျော်ဖျော်၊ဒိန်ချဉ်နဲ့လည်း ရောလို့ရသလို သရက်သီး အတုံးလေးတွေကို ပျစ်ပျစ်နှစ်နှစ် လက်ဖျော်ပုံစံအတိုင်း သောက်လို့လည်း ရပါတယ်။ ထမင်းစားပြီးတဲ့အချိန်သောက်မယ်ဆိုရင် ရင်အေးစေတာ အမှန်ပါ။

Mango Juice

Fresh Mango Juice is a popular drink in the summer either a smoothie, juice or mixed with yogurt. It is best to drink after meal for cooling effect.

သရက်ပြင်

သရက်သီးအနှစ်ကို သကြားနဲ့ ယိုထိုးသလို ကြို၊ နေလှန်းပြီးမှ ရတဲ့ သရက်ပြင်အချပ်လေးတွေကလည်း သရက်သီးကရတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ သရက်သီး ၁၂ ပိဿာထည့်မှ သရက်ပြင် ၁ ပိဿာလောက်ပဲ ထွက်တဲ့အတွက် သရက်ပြင်ဟာ ပုံမှန်သရက်သီးကနေ ပြုလုပ်ထားတဲ့ အစားအသောက်တွေထက်လည်း ပိုဈေးများပါတယ်။ နွေရာသီနဲ့ သရက်သီးပေါတဲ့ အချိန်တွေမှာတော့ သရက်ပြင်တွေကို ဈေးကွက်မှာ
တွေ့နိုင်ပါတယ်။ သရက်ပြင်ရဲ့ အားသာချက်ကတော့ ကြာရှည်ခံတာပါပဲ။

Mango Leather

Boil the concentrated mango juice like you would in making jam and leave them to dry in the sun. Since you can only get 1 viss of mango leather from 12 visses of mango fruits, it is more expensive than other mango products. You will see mango leathers in summer and mango seasons. The advantage of mango leather is its longevity.

သရက်သီးအမှည့်

သရက်သီးအမှည့်ကိုတော့ သရက်သီး အမှည့်ပေါတဲ့ ရာသီတွေမှာ ထမင်းနဲ့ တွဲဖက်စားကြတဲ့ အစားအစာတစ်ခုအဖြစ်လည်း သတ်မှတ်ထားကြပါသေးတယ်။

Ripped Mango

Ripe mangoes are eaten with rice during mango season.

သရက်ဝိုင်

အခုနောက်ပိုင်းမှာဆို သရက်ဝိုင်ကို ပြည်တွင်းမှာပါ ထုတ်လုပ်လာတာကို တွေ့ရပါတယ်။ ၀ိုင်ကောင်းကောင်းတစ်ခွက်ကိုမှ သရက်သီးရနံ့လေးရယ်၊ ပုံမှန်ဝိုင်တွေနဲ့မတူဘဲ ကွဲထွက်နေတဲ့ အရသာလေးရယ်ဆိုတော်တော် မိုက်မှာပါ။ ပြည်တွင်း ထုတ်ကုန်တစ်ခုအနေနဲ့ နောက်ပိုင်းမှာ သရက်ဝိုင်ကို ဖန်တီးလာတွေ့ရသလို လက်ဆောင်ပေးဖို့ သင့်တော်တဲ့ ပစ္စည်းတစ်ခုလည်း ဖြစ်တာပေါ့။

Mango Wine

We are now starting to produce locally “Made in Myanmar” Mango Wine. A good wine with a fresh smell of mango, it stands different among other wines. It is also a local product which is suitable for gifts.

words by Su Yi Htet

English translated by R.E.Saw

LUSH April 2019LUSH EATLUSH Magazine Myanmar
0
Facebook Twitter Google + Pinterest
Maeve

previous post
Your Dream Space Saving Furniture
next post
Coachella Festival 2019 က ဆယ်လီတို့ရဲ့ အလန်းစားဖက်ရှင်ပုံရိပ်များ

Recommended

JOHNNIE WALKER TO LAUNCH PAPER BOTTLES

July 21, 2020

Foods you need to Avoid to stay healthy...

June 12, 2019

Historical Dining Spots

November 22, 2019

BEST FRUITS TO EAT FOR WEIGHT LOSS

April 18, 2019

Selpink in your area

August 28, 2020

What is kombucha?

June 4, 2020

Stress-busting foods

May 25, 2019

ကော်ဖီချစ်သူတိုင်းအတွက် ဟိုချီမင်းမြို့က Cafe Apartment

January 19, 2024

Swedish winery launches social distancing dining experience

June 24, 2020

Uber to acquire Postmates for $2.65 billion

July 14, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem