LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
ART & MUSICEntertainment

Remembering Chandler a.k.a. One of the greatest TV characters of all time

written by Maeve November 10, 2023
Remembering Chandler a.k.a. One of the greatest TV characters of all time

Friends series နဲ့ နာမည်ကြီးလူကြိုက်များခဲ့ပြီး အားလုံးရဲ့အချစ်တွေကိုသိမ်းပိုက်နိုင်ခဲ့တဲ့ (Chandler) Matthew Perry တယောက် ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ကပဲ လောကကြီးကနေထွက်ခွာသွားခဲ့ပါပြီ။ သူဆုံးတဲ့သတင်းကို သိရတဲ့အချိန်က မြန်မာစံတော်ချိန်နဲ့ဆို မနက် ၈-၉ နာရီလောက်မှာ ဆိုတော့ စာရေးသူတော့ အဲ့နေ့တနေ့လုံး နေလို့တော်တော်အဆင်မပြေခဲ့ဘူး။ ကိုယ်တိုင်လည်း Friends ကို ပြန်ကြည့်နေတဲ့အချိန်ဆိုတော့ ဒီသတင်းကြားပြီးနောက်မှာ ဇာတ်လမ်းတောင် ၁ ပတ်လောက်ထိ မကြည့်နိုင်ခဲ့ဘူး။ ဒီလိုပဲ စာရေးသူရဲ့သူငယ်ချင်းတွေလည်း ကိုယ်စီဝမ်းနည်းကြ၊ Social Media တခုလုံးလည်း သူဆုံးလို့ ဝမ်းနည်းကြောင်းသတင်းတွေက ပြည့်နေတော့ အဲ့ရက်တွေမှာ တော်တော်ကို နေလို့ထိုင်လို့အဆင်မပြေခဲ့ဘူး။

Why “Friends” is one of the best series of all time | Vogue France

စာရေးသူရဲ့ Friends ထဲက အကြိုက်ဆုံး Character ကိုပြောပါဆို ယောကျာ်းလေးထဲမှာ Chandler နဲ့ မိန်းကလေးထဲမှာဆို Phoebe ပါပဲ။ ကိုယ့်ရဲ့ imaginary friend တွေလိုမျိုးခံစားပြီး Sitcom တွေကြည့်တတ်တဲ့ စာရေးသူအဖို့ Chandler ကိုဆုံးရှုံးလိုက်ရတာ ကိုယ့်ရဲ့အချစ်ဆုံးသူငယ်ချင်းတယောက်ကို ဆုံးရှုံးလိုက်ရသလိုပါပဲ။

Thanksgiving ကိုကြောက်တတ်တဲ့ Chandler ရဲ့ ရွဲ့ပြောတဲ့ (sarcasm) စကားလုံးတွေ၊ ပျော်စရာရှိရင် ကလေးလို ခုန်ပေါက်ကတတ်တဲ့သူရဲ့အပြုအမူတွေ၊ Unhealthy Attachement Style နဲ့ကြီးပြင်းခဲ့ရပြီး trauma တွေပြည့်နေပေမဲ့ Monica ကို အပြည့်အဝချစ်ပေးတတ်တဲ့သူ့ကို ဇာတ်လမ်းပြန်ကြည့်တိုင်း၊ တိုက်ဆိုင်တာတွေ့တိုင်း သတိရနေမိမှာ အမှန်ပါပဲ။

သူ့ကို လွမ်းဆွေးတမ်းတတဲ့အနေနဲ့ Friends ရဲ့ ဇာတ်ဝင်ခန်းတွေထဲက iconic အဖြစ်ဆုံး၊ စာရေးသူအကြိုက်ဆုံး အခန်းတွေကို ဒီ article လေးမှာ ဖော်ပြရင်း tribute လုပ်ပါရစေ။

The one where he’s trapped in an ATM vestibule with Jill Goodacre

S1 Ep.7: The one with the blackout အပိုင်းမှာ တမြို့လုံးမီးပျက်သွားတဲ့အချိန် Chandler တယောက် ATM အခန်းထဲ Jill Goodacre နဲ့နှစ်ယောက်တည်း ပိတ်မိနေတုန်းက သူ့ရဲ့ awkward ဖြစ်ပြီး စိတ်လှုပ်ရှားနေတဲ့သူ့ရဲ့အပြုအမူတွေကိုကြည့်ပြီး Chandler ရဲ့ character ကို ရင်ထဲရောက်အောင်လုပ်နိုင်ခဲ့ပါတယ်။ စိတ်လှုပ်ရှားပြီး စကားတွေအယောင်ယောင်အမှားမှားပြောတာတွေ၊ တယောက်တည်း inner monologue တွေပြောပြီး အူကြောင်ကြောင်ဖြစ်နေတဲ့အမူအယာတွေက တော်တော်လည်းရယ်ရသလို အားလုံးရဲ့အချစ်ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

The one with Julia Roberts

Friends ရဲ့ အကောင်းဆုံး A-list cameos ထဲက တယောက်ဖြစ်တဲ့ Julia Roberts ပါတဲ့ S2 Ep.13 ကလည်း Chandler ရဲ့ iconic အဖြစ်ဆုံး moment တွေထဲက တခုပါပဲ။ ဒီအပိုင်းမှာ Chandler က သူ့ရဲ့ကလေးဘဝ ကျောင်းတုန်းက အတန်းဖော်ဖြစ်တဲ့ Susie Moss (Julia Roberts) နဲ့ပြန်တွေ့ရင်း Susie Moss က သူ့ကို date ဖို့ပြောတဲ့အချိန်သူကလည်း အရမ်းကိုပျော်နေခဲ့တာပေါ့။ နောက်မှသိရတာ Susie က သူ့ကိုကျောင်းတုန်းက အရှက်ခွဲခဲ့တဲ့ Chandler ကို လက်စားချေဖို့ date ခဲ့တာဖြစ်ပြီး Chandler တယောက် စားသောက်ဆိုင်တခုရဲ့ toilet ထဲမှာ ကိုယ်လုံးတီးနဲ့ ကျန်ခဲ့တဲ့အခန်းက တော်တော်လည်းရယ်ရသလို မေ့လည်းမေ့မရနိုင်တဲ့ scene တခုပါပဲ။ ဒီအပိုင်းသရုပ်ဆောင်အပြီးမှာ Matthew Perry နဲ့ Julia Roberts တို့အပြင်မှာလည်း တကယ်တွဲဖြစ်ခဲ့ကြပါသေးတယ်။

The one where he runs after Kathy

S4 Ep.5 မှာ Chandler တယောက် Joey ရဲ့ ကောင်မလေးအသစ် Kathy ကို တဖက်သတ်ကြိုက်ခဲ့တဲ့အခန်းကို အားလုံးမှတ်မိကြမယ်ထင်ပါတယ်။ တရက် Chandler အလုပ်သွားတဲ့လမ်းမှာ Kathy ကိုတွေ့ရင်း လှမ်းခေါ်တဲ့အချိန် Kathy ကမကြားတော့ သူ အသည်းအသန်ပြေးပြီး Kathy ကို နှုတ်ဆက်တဲ့အခန်းကလည်း တကယ်ကို iconic ဖြစ်တဲ့အခန်းထဲမှာပါပါတယ်။

The One With Chandler In a Box

Friends ရဲ့ Thanksgiving episode တိုင်းက တခုနဲ့တခုမတူပဲ အမြဲ အမှတ်ရစရာတွေဖြစ်လို့နေတာ အားလုံးသိကြမှာပါ။ အဲ့ထဲကမှ အကောင်းဆုံး Thanksgiving episode ထဲကတခုဖြစ်တဲ့ Chandler တယောက် Joey ရဲ့ကောင်မလေး Kathy နဲ့ ကြိုက်ပြီးနမ်းမိလို့ Joey ကို တောင်းပန်တဲ့အနေနဲ့ သေတ္တာပုံးထဲဝင်နေတဲ့အခန်းကလည်း မေ့မရနိုင်တဲ့အပိုင်းတခုပါပဲ။ ဒီအပိုင်းမှာ Chandler ကို သိပ်မမြင်လိုက်ရဘူးဆိုပေမဲ့ သူ့ကြောင့် ဒီအပိုင်းက ပိုပြီး အသက်ဝင်သွားတာတော့ ငြင်းမရပါဘူး။

The one when he comforts Monica for being the best bad masseuse

S5 Ep.13 ရဲ့ Monica တယောက် Chandler ကိုနှိပ်ပေးတုန်းက Monica နှိပ်ပေးတာ အရမ်းဆိုးတဲ့အကြောင်း Monica စိတ်မကောင်းဖြစ်မှာစိုးလို့ မပြောပဲထားရင်း တရက်သိသွားတော့ Monica နဲ့ Chandler စကားများတဲ့အချိန်မှာ ပြိုင်ဆိုင်လိုတဲ့စိတ်များပြီး တခုခုဆို ထိပ်ဆုံးဖြစ်အောင်လုပ်တတ်တဲ့ Monica ကို healthy ဖြစ်ဖြစ်နဲ့ ပြန်ချော့သွားတဲ့အခန်းက စာရေးသူအကြိုက်ဆုံးအခန်းထဲမှာပါပါတယ်။ Chandler လို unhealthy attachement style နဲ့ကြီးပျင်းလာရတဲ့လူတယောက်က အခုလို healthy relationship မျိုးကို တည်ဆောက်နိုင်တာကိုတွေ့ရတာ တော်တော်လည်း surprise ဖြစ်ခဲ့ရပါသေးတယ်။

The one when Chandler dances

Chandler တယောက် သူပျော်တဲ့အခါ၊ သူများကိုအနိုင်ပိုင်းလိုက်ရတဲ့အခါမျိုးမှာ ထထ ကတတ်တဲ့ သူ့ကပုံက တခြားသူတွေတော့မသိဘူး၊ စာရေးသူတော့ သူကနေတာကြည့်ပြီး နှစ်နှစ်ခြိုက်ခြိုက်ကို ရယ်မိတာပါပဲ။ သူ့လောက် weird ဖြစ်ဖြစ်နဲ့ ချစ်ဖို့ကောင်းအောင် ကတတ်တဲ့သူက သူ့အပြင်ရှိဦးမလားနော်။

The one where Chandler and Phoebe kiss

Friends ထဲမှာ အကောင်းဆုံး episode တွေကိုပြောပါဆိုရင်တော့ အများကြီးပါပဲ။ အဲ့ထဲက Chandler နဲ့ Monica တွဲနေတာကို တခြားသူတွေသိသွားတဲ့အခန်းကတော့ အရမ်းကိုစိတ်ဝင်စားဖို့ကောင်းပြီး အရယ်ရဆုံးအပိုင်းတွေထဲက တခုလို့ပြောရင်မမှားပါဘူး။ သူတို့နှစ်ယောက်တွဲနေတာကို Rachel နဲ့ Phoebe သိပြီး mess up လုပ်တဲ့အခန်းက ဘယ်တော့ကြည့်ကြည့် လုံးဝမရိုးသွားမယ့်ထဲပါပါတယ်။ Rachel နဲ့ Phoebe တို့ပေါင်းပြီး Phoebe က Chandler ကိုမြူဆွယ်၊ နမ်းတဲ့အခါမှာ အနောက်ကရယ်သံတွေနဲ့အတူတူ ကြည့်ရတဲ့သူတွေပါ အူယားပြီးကလိလိနဲ့ဖြစ်ခဲ့ရတာပေါ့။ ဒီအခန်းက Chandler တယောက် Monica ကို ချစ်တယ်လို့ ပထမဆုံးစပြောတဲ့အခန်းလည်း ဖြစ်ခဲ့ပါတယ်။

Every scene with Janice

Oh My God! ဆိုတဲ့ အသံကြားတိုင်း Janice မျက်နှာပြေးမြင်မိတယ်ဟုတ်?! မျက်နှာပြေးမြင်ရုံတင်မကဘူး… Janice နဲ့ Chandler ဆုံတဲ့အခန်းတိုင်းကလည်း Comedy Gold ဖြစ်စေတဲ့အခန်းတွေလို့ပြောရင်မမှားပါဘူး။ Joey date လုပ်ဖို့အတွက် ယောကျာ်းလေးသူငယ်ချင်းအဖော်လိုလို့ လိုက်ပေးရင်း Janice နဲ့ပြန်တွေ့တဲ့အခန်းတွေ၊ Online date လုပ်ရင်း အပြင်မှာတွေ့ဖို့ချိန်းတဲ့အခါမှာ ကိုယ်ဝန်ရှိနေတဲ့ Janice နဲ့ ပြန်ဆုံရတာတွေကအစ Janice နဲ့ ပြတ်ဖို့ Yemen ထိ အလုပ်သွားလုပ်ရမယ်လို့ လိမ်ပြောတဲ့အပိုင်းတွေ၊ အိမ်ဝယ်ရင်း Janice နဲ့ပြန်တွေ့လို့ Janice ကိုလိမ်ပြီးပြောတဲ့အပိုင်းတွေအထိ Chandler နဲ့ Janice တွဲတွေ့ရတဲ့အခန်းတိုင်းက ကြည့်တဲ့သူတိုင်းကို ပျော်ရွှင်မှုတွေပေးနိုင်ခဲ့ပါတယ်။

The proposal

Chandler က Monica ကို လက်ထပ်ခွင့်တောင်းတဲ့အခန်းက ကြည့်ရတာအရမ်းကို emotional roller coaster ဖြစ်စေတဲ့အခန်းတခန်းလို့ပြောရမှာပါ။ Chandler တယောက် သူလက်ထပ်ခွင့်တောင်းမှာကို Monica မရိပ်မိအောင် လက်ထပ်ချင်စိတ်မရှိကြောင်း ပြောရင်းနဲ့ လက်လွန်ပြီး အိမ်ထောင်တခုထူထောင်ချင်တဲ့ Monica တယောက် သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကရှေ့ဆက်လို့ရပါဦးမလားလို့ အတွေးတွေဝင်လာပါရော။ အဲ့အချိန်ရည်းစားဟောင်း Richard နဲ့ပြန်တွေ့တော့ Richard ကလည်း Monica ကို လက်ထပ်ချင်တဲ့အကြောင်းဖွင့်ပြော၊ Monica က Chandler နဲ့ပဲလက်ထပ်ချင်ပေမဲ့ Chandler ဆီမှာ သူတို့နှစ်ယောက်ရဲ့ရှေ့ရေးကို မတွေ့ဘူးလို့ ခံစားရနဲ့ ကြည့်ရတဲ့သူတွေခမျာ သူတို့နှစ်ယောက်ပြတ်တော့မှာလားဆိုတဲ့ စိတ်တထင့်ထင့်နဲ့ ကြည့်ခဲ့ရတာပါ။ နောက်ဆုံး Monica ကိုယ်တိုင်ပဲ Chandler ကို propose လုပ်တော့ စာဖတ်သူတို့တော့မသိ၊ စာရေးသူတော့ ဘယ်အချိန်ပြန်ကြည့်ကြည့် မျက်ရည်ဝဲတဲ့ထိကို ဒီအခန်းလေးကို အရမ်းသဘောကျရပါတယ်။

Matthew Perry ပါတဲ့တခြားဇာတ်လမ်းတွေတော့ စာရေးသူသေချာမကြည့်ရသေးပေမဲ့ Friends နဲ့တင် စာရေးသူရဲ့ favorite character တယောက်ဖြစ်ခဲ့ရပါတယ်။ အားလုံးရဲ့ရင်ထဲကိုရောက်အောင် ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့တဲ့ Matthew Perry တယောက် အားလုံးကို ဒဏ်ရာတွေပေးပြီး လူ့လောကကြီးကနေ ထွက်ခွာသွားခဲ့ပါပြီ။ စာရေးသူအပြင် Friends ကြည့်တဲ့သူတိုင်းရဲ့ ရင်ထဲမှာ အမြဲတမ်းနေရာယူထားမယ့် Matthew Perry တယောက် အေးအေးချမ်းချမ်းနဲ့ အနားယူနိုင်ပါစေ။။။

ChandlerFriendsLUSH Art & MusicTV Series
1
Facebook Twitter Google + Pinterest
Maeve

previous post
ဒီနှစ်ဆောင်းတွင်းမှာ ခေတ်စားမယ့် ဆံပင်အရောင်တွေ
next post
သီရိလင်္ကာနိုင်ငံ ရဲ့ Sigiriya ရှေးဟောင်းမြို့အား ရှာဖွေခြင်း

Recommended

Selpink in your area

August 28, 2020

Buskers

March 28, 2019

10th Anniversary of Recovery

June 23, 2020

In the Mood for Love 20 years memory

June 8, 2020

Chromatica is the name, Slaying is her game

June 9, 2020

Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

April 5, 2023

Rain On Me

May 29, 2020

Into the Flix

May 31, 2020

Board Games to Peek Your Interests

June 3, 2020

Down the Ceramic Hole

July 3, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem