LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HAIR & NAILSHEALTH & BEAUTY

ဒီနှစ်ဆောင်းတွင်းမှာ ခေတ်စားမယ့် ဆံပင်အရောင်တွေ

written by Maeve October 27, 2023
ဒီနှစ်ဆောင်းတွင်းမှာ ခေတ်စားမယ့် ဆံပင်အရောင်တွေ

နောက်လဆိုရင် ဆောင်းတွင်းရောက်တော့မယ်နော်။ ဆံပင်အရောင် ခဏခဏပြောင်းတတ်တဲ့ LUSHer လေးတို့အတွက် လာမယ့်ဆောင်းတွင်းမှာ ဘယ်လိုဆံပင်အရောင်တွေက ခေတ်စားမလဲဆိုတာ သိကိုသိထားသင့်တာပေါ့။ ဒါကြောင့် ဒီနေ့ article လေးမှာ ဆောင်းတွင်းခေတ်စားမယ့် ဆံပင်အရောင်လေးတွေကို ပြောပြပေးသွားချင်ပါတယ်။

အိမ်မှာပဲဖြစ်ဖြစ်၊ ဆိုင်မှာပဲဖြစ်ဖြစ် ဆံပင်ဆေးဆိုးတာကို တော်တော်လုပ်လာကြတာဆိုတော့ trend ဖြစ်လာမယ့် ဆံပင်အရောင်တွေက သိကိုသိထားဖို့လိုတယ်နော်။ ဆိုတော့ ဘယ်လိုအရောင်တွေက ခေတ်စားလာနိုင်လဲပေါ့။ ပုံမှန်ကတော့ ရာသီဥတုအေးလာရင် ပတ်ဝန်းကျင်အရောင်ကအစ ခပ်မှိန်မှိန်နဲ့ ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်တတ်တော့ အရောင်နည်းနည်းတောက်တာတွေကို ရွေးလေ့ရှိကြတာပေါ့။ ဥပမာ ချောကလက်ရောင်အရင့်၊ caramel အရောင် အမျိုးမျိုး၊ warm ဘက်ရောက်တဲ့ပယင်းရောင်တွေ စသဖြင့်ပေါ့။

အခုဒီနှစ်ဆောင်းတွင်းခေတ်စားမယ့်အရောင်ထဲမှာလည်း ဒီအရောင်တွေကိုအခြေခံပြီး အရင်ထက်ပိုမိုက်တဲ့ အရောင်လေးတွေ ပါလာပါတယ်။ ဘယ်လိုအရောင်တွေလဲဆိုတာ အောက်မှာ ဆက်ပြီးပြောပြပေးသွားပါမယ်။

1. Old money piece

Preview

“Old Money” aesthetic က Tik Tok တခုလုံးမှာ 8.2 billion view ထိတောင် ရထားတဲ့အထိ တော်တော်ကို trend ဖြစ်နေတာဆိုတော့ ဆံပင်အရောင်မှာလည်း ချန်ထားခဲ့လို့ဘယ်ဖြစ်မလဲ။ ကျက်သရေရှိပြီး ရိုးရိုးရှင်းရှင်းနဲ့ elegant ဖြစ်တဲ့ look မျိုးကိုရစေတဲ့ Old money piece highlight နဲ့ ဒီနှစ်ဆောင်းတွင်းမှာ trend လည်းမီ၊ ဖက်ရှင်လည်းကျ လှပလို့ရပါတယ်။ “Rich-girl” vibe ကိုပေးစေတာဆိုတော့ တော်တော်လည်း လူကြိုက်များမှာ သေချာပါတယ်။ Old money piece hair color ကိုရဖို့အတွက်ဆို highlight လုပ်တဲ့အခါ အလင်းဘက်သွားတဲ့အရောင်တွေကို ကိုယ့်ရဲ့မျက်နှာကျအလိုက် ဆိုးပေးဖို့ပါပဲ။

2. Rose

The 7 Biggest Autumn Hair Colour Trends In 2023

အနီရောင်ဘက်သမ်းတဲ့ Amber နဲ့ Rose အရောင်တွေက ခေတ်စားနေတာဆိုတော့ ဒီနှစ်ဆောင်းမှာလည်း ဒီအရောင်တွေက ဆက်ပြီးပါလာဦးမှာပါပဲ။ Cool-girl look ကြိုက်တဲ့သူတွေအတွက်ဆို ခရမ်းဘက်သမ်းတဲ့ အနီရင့်ရောင် Crimson red ကိုရွေးလို့ရသလို ရွှေဘက်သမ်းတဲ့ အသားအရေပိုင်ရှင်တွေဆို လိမ္မော်နီဘက်သမ်းတဲ့ Muted cooper၊ Rose-blonde၊ Amber နဲ့ ချောကလက်အညိုကိုမှ Rose အရောင် highlight ပါးပါးလေးဖောက်ထားတဲ့ Chocolate rose လိုအရောင်မျိုးတွေက တော်တော်ကိုလိုက်ဖက်မှာပါ။

3. Expensive bronde

Preview

Expensive Brunette ပြီးတော့ အခု Expensive Bronde အလှည့်ပေါ့။ ဒီကြားထဲ Barbie Blonde လိုအရောင်ဆိုးထားတဲ့သူတွေအတွက် ဒီ trend က လွယ်လွယ်လေး လိုက်လို့ရတယ်လို့ဆိုရမယ်။ ကိုယ့်ရဲ့ပင်ကိုယ်ဆံပင်ကအနက်တို့၊ အညိုတို့ဖြစ်တဲ့သူတွေဆို Barbie Blonde အရောင်ကျလာတဲ့အချိန်ဆို ဖြစ်တဲ့အရောင်မျိုးကို Expensive Bronde လို့ခေါ်ကြတာဆိုတော့ ဒီ hair color ရဖို့ဆို အရောင်လေး နည်းနည်းပြန်ညှိဖို့ပဲလိုမှာပါ။

4. Witchy brunette

Preview

ဆောင်းတွင်းဆို ခေတ်စားလေ့ရှိတဲ့အရောင်တွေကနေခွဲထွက်ချင်တာမျိုး၊ ဒါမှမဟုတ် high maintainance ဖြစ်တဲ့ အရောင်မျိုးတွေ မပြောင်းချင်ဘူးဆိုရင် ဒီ Witchy brunette က ကွက်တိပါပဲ။ ကိုယ်တွေ မြန်မာတွေအတွက် ဒီ trend က ထွေထွေထူးထူးတောင် လုပ်စရာမလိုဘူးဆိုတော့ အရောင်မဆိုးချင်တဲ့သူတွေနဲ့လည်း ကိုက်တာပေါ့။ အနက်ရောင်တွေက grungier လည်းဖြစ်သလို mystery ဖြစ်တဲ့ vibe မျိုးကို ပေးလို့ စာရေးသူတို့အနေနဲ့ကတော့ မွေးရာပါ ဒီအစွမ်းတွေရထားပြီးသားလို့ပဲ ပြောရမယ်။

5. Warm caramel

Preview

Warm caramel အရောင်က ဒီနှစ်ဆောင်းမှာ တော်တော်ကို ခေတ်စားလာမယ့်ထဲ ပါပါတယ်။ Google Trends က ရတဲ့ data အရဆိုလည်း ဒီရက်ပိုင်းအတွင်း “warm caramel hair colour” လို့ရှာတာက ပြီးခဲ့တဲ့ ရက် ၃၀ အတွင်းမှာ 200 ရာခိုင်နှုန်းထိ ထိုးတက်သွားတယ်လို့ ဆိုပါတယ်။ Warm caramel အရောင်က ဆံသားရဲ့ပင်ကိုယ် warm-tone ကို ပိုပေါ်လွင်စေလို့ ဆိုးထားရင် သဘာဝဆန်ဆန်နဲ့ တော်တော်ကိုလှပါတယ်။ Neutral နဲ့ Warm skin tone ပိုင်ရှင်တွေဆို ဒီအရောင်နဲ့ အရမ်းလိုက်မှာပါ။

6. Cowboy copper

Preview

Copper အရောင်တွေက ဆောင်းရောက်ပြီဆို အမြဲခေတ်စားနေကြပါပဲ။ ဒီနှစ် trend ထဲမှာလည်း သူက မပါမဖြစ်ပေါ့။ ဆိုတော့ ဒီတခါ trend မှာတော့ မြင်နေကြနဲ့ နည်းနည်းလေးကွဲမယ့် Cowboy copper လည်းပါလာပါတယ်။ ဒီအရောင်က copper shades ကိုမှ ခရမ်းရောင်ပါးပါးလေးသမ်းတဲ့အရောင်မျိုးပေါ့။

7. Bambi blonde

The 7 Biggest Autumn Hair Colour Trends In 2023

Kate Moss နဲ့ သူ့သမီး Lila Moss တို့ဆိုးထားတဲ့ Bambi blonde က အခုလာမယ့်ဆောင်းတွင်းအတွက် တော်တော်ကို လိုက်ဖက်တယ်လို့ပြောရမှာပါ။ Elegant ဖြစ်တဲ့ အသွင်အပြင်မျိုးကြိုက်တယ်ဆို ဒီအရောင်ကလည်း လုံးဝ must try ပါပဲ။ Blonde လည်းဆိုးချင်တယ်… Rich girl look မျိုးလည်း ကြိုက်တဲ့သူတွေဆို ဒီအရောင်ကို လုံးဝ recommend ပေးပါတယ်။

Hair Color TrendsTrends
1
Facebook Twitter Google + Pinterest
Maeve

previous post
လာမယ့် Halloween အတွက် Costume ideas များ
next post
Remembering Chandler a.k.a. One of the greatest TV characters of all time

Recommended

How to Upgrade your Personal Grooming?

June 25, 2019

MTV VMAs 2020 က best hair and makeup...

September 1, 2020

LUSH Beauty Program – Less is more EP5...

April 29, 2019

လက်တလောမှာ ရေပန်းစားလာတဲ့အလှကုန်ပစ္စည်းအသစ် Bio-Oil® Dry Skin Gel

December 24, 2019

သင့်ကို ဒွိဟဖြစ်​စေတဲ့ ကျန်းမာတဲ့ အစားအစာများ

October 12, 2020

ပြောင်းလဲလာတဲ့ Plastic Surgery ရေစီးကြောင်းများ 

July 26, 2019

Retinol မသုံးခင် သိကိုသိထားသင့်တဲ့အချက်များ

July 13, 2023

TIMELESS BELLES

September 23, 2019

Festival Makeup Look for 2019

November 22, 2019

ဆံပင်ပုံဆိုးဆိုးဝါးဝါးမရစေဖို့ Hair Salon မှာ ဘာတွေ သတိထားပေးရမလဲ။

May 29, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem