words by Aye Myat Khin
english translated by Oakkar Thin
ဒီတစ်လ Get Fit ကဏ္ဍမှာ မြန်မာနိင်ငံရဲ့ ပထမဆုံး Nutrition ဒေါက်တာဖြစ်တဲ့ ဒေါက်တာ ဝင်းဝင်းမြင့်နဲ့တွေ့ဆုံပြီး အဟာရဆိုင်ရာသိဖွယ်ရာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ခဲ့သမျှကို ပြန်ပြောပြချင်ပါတယ်။ သူမက 1993 ခုနှစ်မှာရန်ကုန်ဆေးတက္ကသိုလ်ကနေ MBBS ဘွ့ဲကိုရရှိခဲ့ပါတယ်။ ဘွဲ့ရပြီးနောက်မှာ သူမက အစိုးရအလုပ်ကို မလုပ်ဘဲ ဆေးခန်းဖွင့်ကာ အမျိုးသားရဲ့ အလုပ်ကို တစ်ဖက်တစ်လမ်းကနေကူညီရင်း နေထိုင်ခဲ့ပါတယ်။ အဲဒီနောက်တာ့ သူမ စင်္ကာပူမှာသွားရောက်ပြီး OG တစ်ယောက်ဆီမှာ လက်ထောက်ဆရာဝန် လုပ်ခဲ့ပြန်ပါတယ်။ အမှန်မှာ သူမက ခွဲစိတ်ဆရာဝန်ဖြစ်ဖို့ ဝါသနာပါခဲ့တာလို့ သူမရဲ့ မူလရည်မှန်းချက်ကို ပြောပြပါတယ်။
In Get Fit this month, we delve into the world of nutrition, as advised by Dr. Win Win Myint, the very first nutritionist in Myanmar. Having received her MBBS degree from Yangon’s Medical College in 1993, she helped her husband to open a clinic and worked as an assistant surgeon in Singapore before continuing her studies in the United States at Columbia University.
အစိုးရဆရာဝန်မဟုတ်တဲ့အခါ Msc ဆက်တက်ဖို့ မလွယ်ခဲ့ဘူးလို့ သူမက ဆိုပါတယ်။ “စင်္ကာပူမှာအလုပ် လုပ်နေရင်း Nutrition ကို သိလာရတဲ့အခါ ကျောင်းတက်ဖို့ လျောက်ခဲ့တာပါ။ လျောက်တဲ့အခါမှာ သြစတေးလျ ဆစ်ဒနီမှာစကောလားရှစ်ရခဲ့တာပေါ့။ ဒါပေမဲ့ အဲဒီအချိန်က မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ စကောလားရှစ်ကိုခံစားခွင့်မရခဲ့ဘူး။ အဲဒါကြောင့် တခြားနိုင်ငံက လူကိုပေးလိုက်တယ်လို့ တစ်ချိန်က အဖြစ်အပျက်ကိုနှမြောတသ ပြန်ပြောပြခဲ့ပါတယ်။ အဲဒီအချိန်မှာ အမျိုးသားက အမေရိကားရောက်နေတယ်။ ဒီတော့ အမေရိကန်ကကျောင်းတွေပဲရွေးလိုက်တော့ ဆိုပြီး ကိုလံဘတ်ယူနီဘာစတီမှာ တက်ခဲ့ဖြစ်တာပါ။ အဲဒီအချိန်က ဒီNutrition ဘာသာရပ်က ခေတ်မစားသေးဘူး။ အမေရိကန်မှာ ကျောင်းတက်ပြီးလို့ ပြန်လာတဲ့အခါ မြန်မာနိုင်ငံမှာက ဒီဘာသာရပ်နဲ့က ကိုယ်တစ်ယောက်တည်းပဲ။ ဒီမှာ ပထမဆုံး ရေနံကုမ္ပဏီ Petronas Myanmar စလုပ်ခဲ့တယ်။ နောက် ဟောပြောပွဲတွေ စလုပ်ဖြစ်တယ်။နောက်မှာ ဆေးရုံတွေနဲ့ လက်တွဲဖြစ်လာတယ်။ ဒီဘက်ခေတ်မှာ ပုဂ္ဂလိက ဆေးရုံတွေရှိလာတာရယ် Nutrition project တွေရှိလာတာရယ်ကြောင့် ပိုဖွံ့ဖြိုးလာတယ်” လို့ သူမရဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။
When she returned to Myanmar to start her career in nutrition, she found she was very alone in her field. At the time, nutrition was not a popular subject of studies or to pursue as a profession. For Dr. Win Win Myint, it was only after taking on a job at the Petronas petroleum company, performing several seminars, and working with multiple hospitals that nutrition projects at private hospitals began to emerge.
“ ခုချိန်မှာတော့ တိုးတက်လာတယ်လို့ဆိုရမှာပဲ။ ဒီဘာသာရပ်ကို လူတွေသိလာကြတယ်။ အရင်ကဆို အဟာရဆရာဝန်ရှိမှန်းတောင် မသိကြဘူးလေ။ သူများနိုင်ငံမှာက ဒီဘာသာကို ဆရာဝန်ဖြစ်မှမဟုတ်ဘူး။ Bachelor တက်ပြီး Master ယူကြတာတွေလည်း ရှိကြတယ်။ ဆရာဝန်ဖြစ်မှမဟုတ်ဘဲ ပညာရှင်အနေနဲ့လည်း ရှိနေကြတယ်။ ဆရာဝန်တွေကိုယ်တိုင်လည်း အဟာရနဲ့ပတ်သက်ပြီး ပိုလေ့လာကြတယ်။ နောက် ဆရာဝန်လေးတွေကလည်း မာစတာပြီးတဲ့အခါ Nutrition ကို ထပ်သင်လာကြပြီ။ ဒီတော့ တိုးတက်မှု အတိုင်းအတာလေးတော့ ရှိလာပြီလို့ ဆိုရမယ်” တဲ့။ သူမက တက်ကြွတဲ့လေသံနဲ့ ဝမ်းသာစွာပြောပြတယ်။
“In other countries, students were getting Master’s degrees to become experts in nutrition,” Dr. Win Win Myint explains. “Yet, in Myanmar at the time, people didn’t even know the existence of nutritionists. Fortunately, the country is developing, and people are becoming more and more aware of the importance of nutrition. We are now seeing more junior doctors studying nutrition after getting their Masters. So, progress is being made”.
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို တစ်ရက်တစ်ရက် ထည့်သွင်းနေတဲ့ အစားအစာတွေဟာ ဒီလူရဲ့ဘဝအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သူမက ဆက်ပြီးပြောပြပါတယ်။ “အရေးကြီးဆုံးကတော့ ညီမျှမှုပေါ့။ Balance Diet ဖြစ်ဖို့ အရေးကြီးပါတယ်။ မြန်မာပြည်မှာ မူလအတွေးက ချမ်းးသာတဲ့သူက အသားစားမယ်။ ဆင်းရဲသူက အရွက်စားတယ်ဆိုတာမျိုးက အတော်မှားနေတာပါ။ ဒါကို ဂုဏ်ယူပြီးနေခဲ့တဲ့အချိန်တွေက မှားနေတယ်ပေါ့။ တကယ်တော့ Balance ဖြစ်ဖို့က ကာဗွန်ဟိုက်ဒရိတ် လို့ခေါ်တဲ့ ကစီဓါတ်ပါရမယ်။ အသားဓါတ်၊ အဆီဓါတ်၊ ဗိုက်တာမင်၊ သတ္တုဓါတ်၊ ရေဓါတ် ဒါတွေအကုန်လုံးက လိုအပ်တယ်။ ဒီတော့ Balance ဖြစ်တဲ့ထမင်းဝိုင်းတစ်ခုဖြစ်ဖို့က အသားဟင်းပါမယ် အသီးအရွက်ပါမယ် ဟင်းချိုဟင်းပါမယ် ငပိရည်တို့စရာပါမယ် ဒီလိုဆို အဟာရညီမျှတဲ့ အစားအစာဖြစ်မယ်။ ဒါပေမဲ့ ငပိရည်ကို တို့တာမဟုတ်ဘဲ နယ်ဖတ်စားလိုက်ရင် ဒါ Balance မဖြစ်တာ့ဘူး။” လို့ သတိထားဖွယ်ရာတွေကို ပြောပြလို့ သိရှိရပြန်ပါတယ်။
To understand nutrition is to understand the food we eat day to day, to know the importance of having a balanced diet. Dr. Win Win Myint explains, “People used to think that the rich eat meat and the poor eat veggies. This is wrong. The fact is carbohydrate, protein, fat, vitamin, mineral, water—they are all needed for a healthy diet. Therefore, to get a balanced diet, you can have a meat curry, veggies, soup, and fish paste sauce for flavor but too much consumption of fish sauce is unhealthy”.
မဆင်မခြင်စားမိတဲ့ အစားအစားတွေရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေကလည်း သတိမမူဂူမမြင်ဆိုသလိုပါပဲ။ ဒါကို သူမက “ ခုခေတ်ထဲမှာက လူတွေကအလုပ်များလို့ဆိုပြီး မနက်စာကို မစားဘဲ နေလယ်စာ နဲ့ပေါင်းစားတယ်။ဒါမဟုတ် မနက်စာကိုစားပြီး နေ့လယ်စာကို အချိန်လွန်မှ စားကြတယ်။ တစ်ချို့ကျတော့ အချိန်ရတုန်း အပြည့်စားလိုက်တယ်။ ဒါမျိုးတွေက မှားယွင်းတဲ့အချက်ပဲ။ ဒီလိုဖြစ်လာတဲ့အချိန်မှာ လိုအပ်တဲ့ အင်နာဂျီတွေကို မှန်မှန်မရနိုင်တော့ဘူး။ လူက ဝလာမယ်။ ဇီဝကမ္မဖြစ်စဉ်တွေမှန်နေအောင် လုပ်ဖို့လိုတယ်။ ဒီလိုမဟုတ်ရင် ခန္ဓာကိုယ်ထဲက ဇီဝကမ္မဖြစ်စဉ်တွေပြောင်းလဲပြီး ကျန်းမာရေးနဲ့ မညီညွတ်တော့ဘူး ဖြစ်လာမယ်။ နောက်အသီးတွေကို စားတဲ့အခါမှာလည်း ဒီအသီးတစ်မျိုးတည်းကိုပဲ စွဲပြီးစားနေတာလည်း မှားတယ်။ ဒီတော့ အစုံ တစ်နေ့တစ်မျိုး စားပေးနေတာ ပိုကောင်းတာပေါ့။ တစ်မျိုးတည်းကို စွဲစားနေတာက ကျန်တဲ့အဟာရတွေကို လိုအပ်တဲ့အခြေအနေ ဖြစ်ပေါ်လာစေတာပေါ့။ ဒီလို အသေးစိတ်လေးတွေကစ ဂရုစိုက်မှ မှန်ကန်တဲ့ အဟာရရွေးချုယ်စားသုံးမှု ဖြစ်စေပါမယ်။ ” လို့ သတိပြုဖွယ်ပြောသွားပါတယ်။ ထပ်ပြီး ဆိုးကျိုးအနေနဲ့ကတော့ အစားမမှန်တဲ့အခါ ဝလာမယ်။ ဆီးချိုတွေဖြစ်လာမယ်။ နောက် ဇီဝကမ္မတွေ အများကြီးပြောင်းလဲလာရင်တော့ နောက်ဆုံးကင်ဆာဖြစ်လာနိုင်တာပေါ့လို့ နောက်ဆက်တွဲဆိုးကျိုးတွေကို သတိပေးသွားပါတယ်။
Dr. Win Win Myint also discusses the danger of careless eating. “Nowadays, people got so busy with work that they skipped their breakfasts and just have lunch, or they have breakfast and late lunch, while some people fill their stomach with bad, unhealthy snacks. These are very bad habits,” she says. “By doing so, the necessary energy needed cannot be obtained regularly. Another bad habit she advises against is continually eating only one type of food item, such as a particular type of fruit. Fruits are good, but eating only one kind would leave out other necessary nutritious values. Explaining the consequences, Dr. Win Win Myint tells us, “People should be thinking about what they eat to ensure a proper diet. Eating a variety of nutritious food and consuming meals at a regular time is important. Otherwise, you will gain weight and the risk of having diabetes. If your metabolism changes too often, you may even be at risk for cancer.”
သူမကဆက်ပြီး လူတစ်ဦးချင်းစီအလိုက် လုပ်ဆောင်မှ ဖြစ်မယ့် Nutrition နဲ့ပတ်သက်တဲ့ သိဖွယ်ရာတွေကို ထပ်မံပြောပြခဲ့တယ်။ လူတစ်ယောက်ချင်းဆီမှာ လိုအပ်တဲ့ ကယ်လိုရီရှိတယ်။ လိုတာချင်းတော့ကတော့ မတူဘူး။ ဥပမာ မွေးစကလေးဆို 750 နောက် ကလေးက1နှစ်မှာဆို 850၊ 5နှစ်ဆိုရင် 1200၊ 18နှစ်အထက်ဆိုရင်များသောအားဖြင့် 1800 ပေါ့။ အမျိုးသမီးတွေက များသောအားဖြင့် ငြိမ်တော့ 1500/1600 လောက်ဆို အဆင်ပြေတယ်။ ယောကျ်ားလေးတွေကတော့ များသောအားဖြင့် 2000 နဲ့ 2500 မှာ ရှိသင့်တယ်။ ဒါပေမဲ့ အလုပ်ကြမ်းလုပ်ရတဲ့သူတွေ၊ လှုပ်လှုပ်ရှားရှားနေရတဲ့သူတွေဆိုရင် 3000လောက် ရှိသင့်တာပေါ့။ ဒါက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ဘူးပေါ့။
Another important topic is the role of calories in our diet. “How many calories we need is different from one individual to another. For example, infants need about 750 calories a day, one-year-olds require 850 calories, 1200 for 5 year-olds, and 1800 for 18 year-olds and above. Some women can tolerate around 1500 and 1600, while many men need around 2000 and 2500. Those who have physically demanding work may need to have around 3000 calories. So it very much differs from one to another.”
အားကစားလုပ်တဲ့သူလား၊ အငြိမ်နေရတဲ့သူလား ဒီအပေါ်မှာတော့ မူတည်တာပဲ။ လိုအပ်တဲ့ ကယ်လိုရီမပြည်ရင်တော့ ပိန်လာမယ်။ ကယ်လိုရီတွေများလာရင် ဝလာမယ်။ ဒါက အကြမ်းဖျင်းသိနိုင်တာပေါ့။ ကယ်လိုရီ 3000 တက်တာနဲ့ တစ်ပေါင်တက်လာမယ်။ ကယ်လိုရီ 3000 လျော့တိုင်း 1ပေါင်လျော့မယ်ပေါ့။ ဒါက အခြေခံပေါ့။ ဒါပေမဲ့ တစ်ချို့က ပိန်တာနဲ့ ဝိတ်နည်းမယ်ဆိုတာမဟုတ်ပြန်ဘူး။ တစ်ချို့က မာဆယ်ရှိတယ် အဆီမရှိဘူး ပေါင်ချိန်က 150ပဲဆိုပါစို့။ တစ်ဘက်လူကလည်း ပေါင်ချိန်က150 ပဲ ဒါပေမဲ့သူကမာဆယ်မရှိဘူး အဆီရှိမယ် ဒီလိုအကြောင်းအရာတွေကြောင့် ခုနောက်ပိုင်းမှာ BMI ကို ထည့်မတွက်ကြတော့ဘူး။ ခုနောက်ပိုင်းမှာ စက်တွေပေါ်လာတယ်။ ခေတ်မီစက်တွေက အဆီဘယ်လောက်၊ မာဆယ်ဘယ်လောက်၊ ရေဓါတ်ကဘယ်လောက် ဆိုတာ ခွဲခြား သိလာရပြီ။ ဝိတ်တစ်ခုထဲနဲ့ကြည့်ပြီး မဆုံးဖြတ်တော့ဘူး။ အဲဒီလိုသိရတဲ့အခါ လူတစ်ယောက်ချင်းမှာ လိုအပ်တာကို အတိအကျသိလာရပြီပေါ့။
Generally, people will be thinner if they consume fewer calories than the body needs, and conversely, they will be fatter if they consume more calories than needed. We gain one pound for every 3000 calorie intake, and we lose one pound for 3000 calories lost. However, not every thin person is lower in weight. One person may have muscle but no fat and weigh 150lb, while another person has the same 150lb but no muscle with fat. Unlike the past, today we have a BMI to show us the levels of fat, muscle, and water. We cannot base our understanding only on weight.
လူတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေဟာလည်း သူစားတဲ့ အဟာရနဲ့လည်း သက်ဆိုင်တယ်လို့ပြောလို့ရပါတယ်။ ဥပမာ- လူတစ်ယောက်ဟာ Positive Thinking ရှိသလား၊ Negative Thinking ကင်းသမားလားဆိုတာတွေက လူတစ်ယောက်ရဲ Nutrition နဲ့ အကုန်လုံးမသက်ဆိုင်ပေမဲ့ တစ်စိတ်တစ်ဒေသတော့ သက်ဆိုင်တယ်။ အိုမီဂါ 3 တို့ 6 တို့ ပြည့်နေတဲ့သူတွေ Positive Thinking ဖြစ်တယ်။ ဒါတွေနည်းနေရင် စိတ်တိုတတ်တယ်။ Negative Thinking တွေထွက်တတ်တယ်။ ဒါ Nutrition နဲ့ ပတ်သက်တဲ့အပိုင်းတွေပေါ့။ အလုပ်တွေများနေတယ် စိတ်ဖိစီးမှုတွေများနေပြီဆို cortisol တွေများလာတတ်တယ်။ အဲလိုဆို စိတ်ဖိစီးမှုတွေပိုများလာတတ်တာပေါ့။
Beyond the food and calories we intake, it can be said that nutrition also impacts our mood and emotional wellbeing. For example, people with a sufficient amount of Omega 3 and 6 tend to have positive thinking. People with fewer Omega 3 and 6 are easy to get angry. In terms of hormones, cortisol level is higher when someone is overloaded and stressed, and steps must be taken to lower that person’s stress.
အဲလိုအချိန်မှာ လိုအပ်တဲ့အဟာရကို ဖြည့်ပေးရင် စိတ်ဖိစီးမှုတွေ ကျဆင်းသွားနိုင်တာပေါ့။ နောက်တစ်ခုက ဟော်မုန်းတွေနဲ့ပတ်သက်ရင် အိပ်တဲ့အခါမှာ မယ်လ်တိုနင်ဆိုတဲ့ ဟော်မုန်းထွက်တယ်။ ဒီလိုဆိုတော့ကောင်းကောင်းအိပ်ပျော်မယ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့အခါ ဟော်မုန်းတွေထွက်သွားမယ်။ ဒါကြောင့် လိုအပ်တဲ့အဟာရ ဥပမာအိပ်မပျော်တဲ့လူတစ်ယောက်က ညအိပ်ခါနီးရင် အချိုလေးသောက်ပေးသင့်တယ်။ (အချိုရည်ကို မဆိုလိုပါ)။ နွားနိ့ကို သကြားလေးအနည်းငယ်ပေါ့။ ဒါမှမဟုတ် ပျားရည်ကို ရေနွေးလေးနဲ့ဖျော်ပြီး သောက်သင့်တာပေါ့။ ဒီလိုဆို ဦးနှောက်ထဲမှာ ဂလူးကို့စ်တွေတက်လာပြီး စ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မယ်။ Positive Thinking ရလာမယ်။ အလုပ်မှာ ပေါင်းသင်းဆက်ဆံမှုတွေလည်း အဆင်ပြေလာမယ်ပေါ့။ ဒါကြောင့် လူတစ်ယောက်ရဲ့စိတ်ဟာလည်း သူ့ရဲ့အဟာရစနစ်နဲ့ အကုန်လုံးမဟုတ်ပေမဲ့ တစ်စိတ်တစ်ဒေသ ပတ်သက်နေတယ်။ ဒါကတော့ အခြေခံပေါ့။
To ensure the body receives adequate rest, the melatonin hormone is released when we sleep. To aid the release of melatonin, at bedtime, we can give something sweet to someone who has difficulty sleeping. This does not mean soda pop drinks, however! A glass of milk with some sugar or dissolving some honey in warm water will do. A person will get better sleep once the glucose level rises in the brain. They will have sound sleep and positive thoughts. Social communication at work will be improved.
အခြေခံအားဖြင့်တော့ လူတစ်ယောက်ဟာ အဟာရဓါတ်ကိုအစုံရအောင် အစုံစားသင့်တယ်ပေါ့။ ဒါပေမဲ့ လူတစ်ယောက်နဲ့ တစ်ယောက်က မတူညီကြပါဘူး။ ဒါကိုသိဖို့က လူတစ်ယောက်ရဲ့genetic ကိုသိဖို့လိုအပ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် Diet Planချင်းမတူကြပါဘူး။ ယေဘုယျအားဖြင့်တာ့ ပုံမှန်စားဖို့၊ အစုံစားဖို့ ပြောရတာပါ။ အခုတော့ Geneticသိဖို့ DNA ကို စမ်းသပ်လာကြပါပြီ။ DNA ကို စမ်းသပ်လာတဲ့အခါမှာ ဒီလူတစ်ယောက်ဟာ ဆန်(ထမင်း)နဲ့ဓါတ်မတည့်ဘူး။ ဒီလူကတေ့ာဆားနဲ့ မတည့်ဘူးဆိုတာ သိရမယ်။ ဒီလူတစ်ယောက်သည် ဆန်(ထမင်း)ကိုဓါတ်မတည့် ဖြစ်တာပဲဆိုတော့သူဟာ ကာဗွန်ဟိုက်ဒရိုတ်တွေများနေတယ်။ အရွယ်ရောက်လာရင် ဝက်ခြံထွက်လာမယ်။ နောက်အရွယ်ထပ်ရောက်ရင် ဝလာမယ်။ နောက်အရွယ်မှာ သူဆီးချိုဖြစ်လာမယ်ဆိုတာ ကြိုသိရမယ်။ ဆိုတော့ သူဟာ ကာဗွန်ဟိုက်ဒရိတ်လျော့စားပေးရမယ်။ ထမင်းတို့ ခေါက်ဆွဲတို့ အာလူးတို့လိုဟာပေါ့။ နောက် ဆားနဲ့ ဓါတ်မတည့်တဲ့သူက သူအရွယ်ရောက်လာရင် သွေးတိုးဖြစ်လာမယ် ဒီတော့ သူဟာ ငယ်စဉ်ကတည်းက လျော့ချပြီးနေသွားရမယ်။ အရင်တုန်းကတော့ ဒါတွေကို မသိနိုင်ခဲ့ဘူး။ ခုခေတ်မှာ သိနိုင်လာပြီဆိုတော့ စစ်ဆေးမှုတွေကို ပြုလုပ်သ့င်ပါတယ်။ နောက် စစ်ဆေးပြီးတဲ့အခါ ကိုယ့်ရဲ့နေထိုင်မှုပုံစံကို ပြောင်းရမယ်။ အဟာရစနစ်တွေကို ပြောင်းပြီး သေချာစီစဉ်ပြီး နေထိုင်သွားပါလို့ သူမက ပြောပြခဲ့ပါတယ်။
While everyone is different in their genetic codes and their diet plans, at the end of the day, it is important to ensure our bodies absorb different varieties of nutrition and to do so regularly. With the rise of DNA testing, we can know if a person is allergic to rice, salt, and the likes. If a person is allergic to rice, he or she may have an excess of carbohydrates. That person should foresee the potential of acne in adulthood as well as obesity that will eventually lead to diabetes. To prevent this, he/she should reduce eating carbohydrates such as rice, noodles, and potatoes. Similarly, a person who is sensitive to sodium in salt has the potential for hypertension. He/she should start reducing salt intake at a young age.
“To monitor and be in control of our health, having regular check-ups is the most important thing people can do” Dr. Win Win Myint advises. “Once you have awareness of your health, then the next step is to change your lifestyle and maintain a nutritious diet to ensure a happy and healthy life”.