LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
GET FIT & WELLNESSLUSH DAILY

High-Protein Vegetables and Peas for Health

written by Maeve April 11, 2019
High-Protein Vegetables and Peas for Health

အခုဆို လူတော်တော်များများက ကျန်းမာရေးလိုက်စားလာကြပါတယ်။ တစ်ချို့က ဝိတ်ကျဖို့၊ တစ်ချို့ ဝိတ်တက်ဖို့၊ တစ်ချို့က ဝိတ်ထိန်းဖို့ စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ Gym ဆော့ကြ၊ ကျန်းမာရေးအတွက် အားကစားတစ်ခုခုလုပ်ကြတာတွေရှိလာကြပါတယ်။ အားကစားလည်း လုပ်သလို အစားအသောက်တွေကိုလည်း ကျန်းမာရေးနဲ့ညီတာ စားဖို့လည်း လိုအပ်ပါသေးတယ်။ Protein ဓာတ်ပါတဲ့အစားအစာတွေကတော့ ဝိတ်ကျချင်တဲ့သူတွေရော၊ ဝိတ်တက်ချင်တဲ့သူတွေအတွက်ပါ ကောင်းပါတယ်။ စားလိုက်ရင် ဗိုက်ပြည့်သလိုဖြစ်လို့ ဝိတ်ချနေတဲ့သူတွေအတွက်လည်းအဆင်ပြေတယ်။ Protein များများစားပေးတာ အကျိုးရှိနိုင်ပေမယ့်လို့ ဓာတ်ညီမျှအောင်စားသောက်မှလည်း ကျန်းမာရေးအတွက်ပိုကောင်းမှာပါ။

ဒီတစ်ခေါက်ပြောပြပေးသွားမယ့်အကြောင်းကတော့ ဝိတ်ချဖို့ကြိုးစားနေတဲ့သူတွေအတွက်ရော၊ ဝိတ်တက်ဖို့ကြိုးစားနေတဲ့သူတွေအတွက်ပါ စားသုံးသင့်တဲ့ Protein ဓာတ်ကြွယ်ဝတဲ့ အသီးအရွက်တွေ၊ ပဲတွေကို ပြောပြပေးချင်ပါတယ်။

1.ပန်းဂေါ်ဖီ (Broccoli)

ပန်းဂေါ်ဖီကိုတော့ တော်တော်များများသိကြမယ်ထင်ပါတယ်။ သူရဲ့ protein ပါဝင်မှုနှုန်းက ၁၀၀ ဂရမ်ကို protein ဓာတ်၂.၈ ဂရမ် ပါဝင်ပြီး ၃၄ ကယ်လိုရီ ပဲပါဝင်လို့ ဝိတ်ချနေသူတွေအတွက် စားပေးသင့်တဲ့အထဲမှာပါပါတယ်။ သူက protein အပြင် အမျှင်ဓာတ်၊ Vitamin K, C တို့လည်း ပါဝင်ပါသေးတယ်။

2.ပြောင်းဖူးအဝါ (Yellow Sweet Corn)

ပြောင်းဖူးအဝါ အဖူးခပ်ကြီးကြီးတစ်ဖူးကို protein ၄.၆၈ ဂရမ်လောက်ပါဝင်ပါတယ်။ ပြောင်းဖူးအဝါကတော့ စားလို့လည်းကောင်းပြီး အာဟာရလည်းရှိတော့ တော်တော်များများစားကြပါတယ်။ သူ့မှာ အမျှင်ဓာတ်၊ သတ္တုဓာတ် နဲ့ ထုံးဓာတ်တို့လည်း ပါဝင်တယ်လို့သိရပါတယ်။

3.အာလူး (Potato)

အခွံပါတဲ့ အာလူးအနေတော်အရွယ်တစ်လုံးမှာ protein ၅ ဂရမ်ဝန်းကျင် ပါဝင်ပြီး ကယ်လိုရီ ၂၀၀ နီးပါးပါဝင်ပါတယ်။ သူ့ကို ကြော်စားတာမျိုးလုပ်ရင်တော့ ကယ်လိုရီပါဝင်နှုန်းမြင့်သွားနိုင်လို့ ဝိတ်ချနေသူတွေတော့ သတိထားပြီးစားသင့်ပါတယ်။

4.ပဲပုပ်စေ့ (Edamame)

ပဲပုပ်စေ့ ၁၀၀ ဂရမ်မှာ protein ၁၁ ဂရမ်ပါဝင်ပြီး vitamins တွေ၊ သတ္တုဓာတ်တွေပါဝင်လို့ အရင်က သိပ်မစားဖြစ်ခဲ့ရင်တောင် စားကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။

5.ပဲနီလေး (Lentils)

ပဲနီလေး တစ်ခွက် (၁၉၈ ဂရမ်) မှာ protein ၉ ဂရမ်ပါဝင်ပြီး အမျှင်ဓာတ် နဲ့ သံဓာတ်တွေအပြင် အခြားအာဟာရတွေပါဝင်ပါတယ်။ ဈေးလည်းမကြီးဘဲ ရှာဝယ်ရလွယ်ကူတဲ့အတွက် အမျိုးမျိုးလုပ်စားလို့ရပါတယ်။

6.ပဲစိမ်း (Green Peas)

ပဲစိမ်း တစ်ခွက် (၁၄၅ ဂရမ်) မှာ protein ၈ ဂရမ်ပါဝင်ပါတယ်။ သူ့ကို ချွဲလွန်းတယ်၊ စားချင်စရာလည်းမကောင်းဘူးလို့ ထင်ချင်ထင်မိကြမှာပါ။ ဒါပေမဲ့ သူ့က ဟင်းအမယ်အမျိုးမျိုးမှာ အရသာရှိအောင်ချက်ပြုတ်လို့ရလို့ စားကြည့်သင့်ပါတယ်။

7.ကညွတ် (Asparagus)

ကညွတ်ကလည်း protein ပါဝင်မှုများတဲ့ထဲမှာပါပါတယ်။ ကညွတ် ၁၃၄ ဂရမ်မှာ protein ၂.၉ ဂရမ်ပါဝင်ပြီး ကစီဓာတ်ပါဝင်မှုတော်တော်နည်းပြီး Vitamin A, C, B-6 စတဲ့ဓာတ်တွေပါဝင်ပြီး သံဓာတ်ပါဝင်မှုနှုန်းလည်းများပါတယ်။

8.ထောပတ်သီး (Avocado)

အသီးအရွက်တွေ ပဲတွေကြားထဲမှာ ထောပတ်သီးထည့်ထားလို့ တစ်မျိုးမထင်သွားပါနဲ့နော်။ လူကြိုက်များတဲ့ ထောပတ်သီးကလည်း protein ပါဝင်မှုနှုန်းများတဲ့အထဲမှာ ပါဝင်လို့ ထည့်ရေးဖြစ်ခဲ့တာပါ။ ထောပတ်သီး အနေတော်တစ်လုံးမှာ protein ၂.၆၇ ဂရမ်ပါဝင်ပါတယ်။ သူက protein ပါဝင်ရုံတင်မကသေးပါဘူး။ Potassium ဓာတ် အာဟာရတွေပါဝင်ပြီး အမျှင်ဓာတ်တွေလည်း ပါဝင်တဲ့အတွက်တော်တော်အကျိုးများတဲ့ထဲမှာတော့ပါပါတယ်။ ထောပတ်သီးကြိုက်တဲ့သူတွေအတွက်တော့ ပျော်စရာပါပဲ။ စားချင်တာလည်းစားရ၊ ကျန်းမာရေးအတွက်လည်းကောင်းဆိုတော့ ဘာလိုသေးလဲနော်။ ဒါပေမဲ့ ထောပတ်သီးက ကယ်လိုရီများတဲ့အတွက် အများကြီးစားလို့တော့မသင့်တော်ပါဘူး။

9.ပန်းဂေါ်ဖီ (Cauliflower)

ပန်းဂေါ်ဖီ ၁၀၀ ဂရမ်မှာ protein ၁.၉ ဂရမ်ပါဝင်တဲ့အပြင် Vitamin C ဓာတ်လည်း ကြွယ်ဝပြီး ကယ်လိုရီလည်း နည်းလို့ diet လုပ်နေသူတွေအတွက်တော့ အကြိုက်တွေ့စေမှာအမှန်ပါပဲ။

10.မတ်ပဲ (Mung bean)

မတ်ပဲ ၁၀၀ ဂရမ်မှာ protein ၂၄ ဂရမ်ပါဝင်သလို ကယ်လိုရီကတော့ ၃၄၇ ကယ်လိုရီပါဝင်ပါတယ်။ အမျှင်ဓာတ် နဲ့ သံဓာတ်လည်း တော်တော်ပါဝင်ပါသေးတယ်။

11.ရုံးပတီ (Okra)

ရုံးပတီသီး ၁၀၀ ဂရမ်မှာ protein ဓာတ်က ၂ ဂရမ်ပါပါတယ်။ ကယ်လိုရီပါဝင်မှုနှုန်းလည်း နည်းပြီး Vitamin C လည်း တော်တော်ပါလို့ စားသင့်တဲ့အသီးအရွက်ထဲမှာပါပါတယ်။

ကဲအခုဆိုရင်တော့ Protein ပါဝင်တဲ့အသီးအရွက်တွေ၊ ပဲတွေကိုသိရပြီးပြီဆိုတော့ ဒီလိုဓာတ်ကြွယ်ဝတဲ့ ပဲ နဲ့ အသီးအနှံ တွေကိုရွေးချယ်ပြီးစားသုံးကြည့်ရအောင်လား။ ဒီထဲမှာ ကိုယ်မကြိုက်တဲ့ဟာတွေရှိရင်တောင် စားကြည့်ဖို့အကျင့်လုပ်ကြည့်ကြရအောင်နော်။

LUSH April 2019LUSH DAILYLUSH get fitLUSH Magazine Myanmar
1
Facebook Twitter Google + Pinterest
Maeve

previous post
HER STATEMENT
next post
LUSH INSTYLE | APRIL 2019

Recommended

Rent an island in the Maldives – for...

June 25, 2020

မျက်နှာပေါ်လုံးဝမတင်သင့်တဲ့ အရာများ

January 24, 2020

Short Hair Trends of 2019

November 5, 2019

Board Games to Peek Your Interests

June 3, 2020

Skating

March 1, 2019

Frederique Constant Geneve

March 26, 2020

Monochromatic Interior

July 6, 2020

ရန်ကုန်မြို့က သက်တမ်းရင့် ရုပ်ရှင်ရုံ ဝဇီရာ

September 23, 2020

စကားများကြတဲ့အခါ ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်းဆုံး ဖြေရှင်းကြမလဲ။

March 5, 2019

တစ်ခေတ် တစ်ခါကနာမည်ကျော်ခဲ့တဲ့ Iconic တွေနဲ့သူတို့ရဲ့ Fashion အသုံးအဆောင်များ

September 21, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem