LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LIVINGTRAVEL

ဘန်ကောက်မြို့နားက ချစ်စရာကမ်းခြေမြို့လေး ဟွာအင်း

written by Lush Editor December 8, 2023
ဘန်ကောက်မြို့နားက ချစ်စရာကမ်းခြေမြို့လေး ဟွာအင်း

ကျွန်တော်တို့ မြန်မာပြည်က ခရီးသွားတော်တော်များများဟာ ထိုင်းနိုင်ငံကို ခရီးသွားလျှင် ဘန်ကောက်မြို့ကိုသာ အဓိက ထားသွားတတ်တာကို သိရပြီး ဘန်ကောက်မြို့နှင့် အတူ ပတ္တရား ဆိုတဲ့ ကမ်းခြေမြို့ကိုပါ တွဲဖက် ခရီးသွားကြတာကို ခဏ ခဏ မြင်တွေ့ရတတ်ပါတယ်။

ကျွန်တော် ဒီတစ်ခါက ဘန်ကောက်ကနေ သွားနေကျ မြို့မဟုတ်တဲ့ တစ်ခြားမြို့ငယ်လေး တစ်မြို့ကို သွားဖြစ်ခဲ့တဲ့ အကြောင်းပြောပြချင်ပါတယ်။ ဒီမြို့ငယ်လေးကတော့ တစ်ခြားမဟုတ် … အခုတစ်လော မြန်မာခရီးသွားတွေ အကြား ခေတ်စားလာတဲ့ Hua Hin ဆိုတဲ့ ကမ်းခြေ မြို့ငယ်လေးလဲ ဖြစ်ပါတယ်။

ဒီ Hua Hin ဆိုတဲ့ ကမ်းခြေမြို့ငယ်လေးဟာ ဒီနှစ်ပိုင်း အတွင်း ဘာလို့ ခရီးသွားတွေ အသွားများလာကြလဲ ဆိုတာ သိရဖို့ ဆက်ဖတ်ကြည့်လိုက်ရအောင်။

?? Hua Hin ဆိုသည်မှာ

Hua Hin ဆိုတာ ဘန်ကောက်ကနေ သုံးနာရီကျော်ခန့်သာ ကားမောင်းသွားရတဲ့ Prachuap Khiri khan ပြည်နယ် ထဲမှာ ရှိတဲ့ကမ်းခြေ မြို့ငယ်လေး တစ်ခုပါ။ နိုင်ငံတကာ Blog တွေမှာတော့ Hua Hin ဆိုတာ Seaside Resort City လို့ တင်စားကြတာ တွေ့ရတယ်။ ဘန်ကောက်က လူတွေအတွက်ကတော့ အားလပ်ရက်တွေမှည အပန်းဖြေ အနားယူစရာ နေရာလေး တစ်ခုပါတဲ့။ 

ဟိုးအရင် King Rama VI နှင့် VII လက်ထက်ကဆို နွေရာသီ အပန်းဖြေ နားနေဆောင်တောင် ဆောက်လုပ်ထားပြီး ဘုရင်ကြီးတွေဟာ သွားအနားယူလေ့ ရှိပါတယ်တဲ့။ အခုကျတော့ Theme Park တွေနှင့် ကမ်းခြေမြို့ငယ်လေးပေါ့။

အမှန်အတိုင်းပြောရရင် Hua Hin က ကိုယ် အရမ်းကြိုက်တဲ့ မြို့ထဲမှာတော့ မပါဘူးရယ် … အေးအေးဆေးဆေး နားနေဖို့ / Beach Bar တွေမှာ Chill လုပ်ဖို့ ဆိုရင်တော့ သွားဖို့ အကြံပေးတယ်။ Theme Park တွေမှာ ဓာတ်ပုံ ရိုက်ချင်လို့ ဆိုတဲ့ အရာ တစ်ခုတည်းနှင့်တော့ မသွားစေချင်ဘူး။ Theme Park တွေက လှတော့ လှပေမယ့် အပြင်မှာ အဲလောက် မဟုတ် … နေကလည်း အရမ်းပူပြီး ဂျင်းအတောင့်လိုက် စားလိုက်ရသလို ဖီးလ်ကြီးဘဲ ပြန်ပါလာမှာ … အဲကြောင့် ကြိုမှာပါတယ်နော် … Hua Hin သွားမယ် ဆိုရင်တော့ မျှော်လင့်ချက်ကို မိုင်ကုန်တင်ပြီး မသွားပါနှင့်လို့ 

?? Hua Hin ကို သွားမယ်ဆိုရင် …

Hua Hin ကို သွားမယ်ဆိုရင် ကျွန်တော်တို့ မြန်မာပြည်က လူတွေအတွက်တော့ ဘန်ကောက်မြို့ကို အရင်သွားရမှာ ဖြစ်ပါတယ်။ကျွန်တော်တို့ ဒီကနေ ဘန်ကောက်ကို သွားမယ် ဆိုရင်တော့ ကျွန်တော်ကတော့ စျေးလည်း သက်သာပြီး သွားရလာရ အဆင်ပြေတဲ့ airasia ကိုဘဲ ပုံမှန် ရွေးချယ်ဖြစ်တယ်။ AirAsia က ရန်ကုန်ကနေ ဘန်ကောက်ကို တစ်နေ့ သုံးကြိမ် တိုက်ရိုက်ပျံသန်းတာမို့ကျွန်တော်အတွက်ကတော့ အဆင်အပြေဆုံးပေါ့။ ကြိုဝယ်နိုင်ရင် ကြိုဝယ်နိုင်သလောက်လည်း လေယာဉ်လက်မှတ်က စျေးသက်သာသေးတယ်။ ဒီတစ်ခေါက်ဆို မနက်စောစော Flight ကို ယူထားတာမို့ Breakfast အနေနှင့် Value Meal Package ကိုလည်းထည့်ယူဖြစ်တယ်။

?? Hua Hin ကို ဘန်ကောက်ကနေ ဘယ်လို သွားကြမလဲ ?

ဘန်ကောက်ကနေ Hua Hin ကို သွားဖို့ကျတော့ အဓိကအားဖြင့် ဘတ်စ်ကားရယ်၊ ရထားရယ် နှင့် Van ရယ် ဆိုပြီး သုံးမျိုး ရှိပါတယ်။ တကယ်လို့ လူများတယ် ဆိုရင် (ဒါမှမဟုတ်) နေ့ချင်းပြန် လူစုပြီး သွားမယ်ဆိုရင် ဘန်ကောက်ကနေ ကားစီးလုံး အပြတ်ငှါးပြီးလည်း သွားလို့ ရပါသေးတယ်။ ဘန်ကောက်မြို့ကနေ Hua Hin မြို့က မိုင် (၁၂၀) ခန့်သာ ဝေးတာမို့ နီးနီးနားနား ခဏလေး နှင့် ရောက်နိုင်တဲ့ မြို့လည်း ဖြစ်သလို ဘန်ကောက်ရောက်တိုင်း ပတ္တရားမြို့သာ သွားနေတဲ့ ခရီးသွားတွေအတွက် ရွေးချယ်စရာအသစ်တစ်ခုဆိုလည်း မမှားပါဘူး။ 

? Van ကား – ကျွန်တော်တို့ကတော့ Airasia နှင့် သွားတာမို့ ဒွန်မောင်းလေဆိပ်ကို ဆိုက်ရောက်တဲ့အတွက် ဒွန်မောင်းကနေဆို စီးရလွယ်တဲ့ Van ကားကိုဘဲ စီးဖို့ ရွေးချယ်ဖြစ်ခဲ့ပါတယ်။ Van ကားလေးတွေနှင့် သွားမယ်ဆို ဒွန်မောင်းလေဆိပ်ကနေ Mo Chit ကားဂိတ်ကို Taxi နှင့် အရင်သွားရမှာ ဖြစ်ပါတယ်။ အဲကနေမှ လက်မှတ်ဝယ်ပြီး နာရီဝက်ခြား တစ်ခါ ထွက်တဲ့ van ကား တွေကို စီးလို့ ရပါတယ်။ Hua Hin ကနေ ပြန်လာတဲ့ Van ကားကိုကျ ကိုယ် ဘန်ကောက်မြို့မှာ ပြန်ရောက်ရင် နေမယ့် နေရာကို မူတည်ပြီး စီးလို့ရပါတယ်။ ဘန်ကောက် နှင့် Hua Hin က ကားမောင်းချိန် ၄ နာရီ နီးပါး ကြာတတ်ပေမယ့် အပြန်မှာ လေဆိပ်တန်းဆင်းမယ့် သူတွေကတော့ ဘန်ကောက်မြို့အဝင်မှာ ကားပိတ်တတ်တာမို့ ၁ နာရီလောက် ပိုတွက်ဖို့ လိုအပ်ပါတယ်။ Hua Hin က ပြန်ထွက်တဲ့ကားဂိတ်ကတော့ Hua Hin 51 street မှာ ရှိပြီး ကားခကတော့ တစ်ယောက်ကို ဘတ် ၁၈၀ ခန့် ရှိပါတယ်။

? ဘတ်စ်ကား – ဘန်ကောက်ကနေ Hua Hin ကို ဘတ်စ်ကားတွေကတော့ မနက် ၅ နာရီ ကနေ ည ၁၀ နာရီ လောက်အထိ နာရီဝက်ခြား တစ်ခါ Southern Bus Terminal (Sai Tai Mai) ကနေ ထွက်ပါတယ်။ ဘတ်စ်ကားခကတော့ ဘတ် ၁၅၀ ပတ်ဝန်းကျင်ခန့် ရှိပါတယ်။

တကယ်လို့ သင်ဟာ Suvanabumi Airport ကို ဆိုက်ရောက်မယ့် လေယာဉ် စီး ဖြစ်လို့ ရှိရင် အဲလေဆိပ်ကနေ Hua Hin ကို မနက် ၇နာရီ လောက်ကနေ ည ၇ နာရီ လောက်အထိ တိုက်ရိုက်သွားတဲ့ ဘတ်စ်ကားလည်း ရှိပါတယ်။ Suvanabumi Airport ရဲ့ Level 1, Gate 8 မှာ လက်မှတ်ဝယ်ပြီး စီးရတာပါ။ သူကတော့ စျေးနည်းနည်း ပိုကြီးတယ်။ အဲဒီ ကားလက်မှတ်ကတော့ တစ်ယောက်ကိုဘတ် ၃၅၀ ခန့်ပါတဲ့။

Hua Hin က အပြန်ကတော့ Siri Petchkasen Hotel အရှေ့ကနေ သွားစီးရမှာ ဖြစ်ပြီး Suvanabumi Airport ကို တိုက်ရိုက်စီးလို့ ရသလို Southern Bus Terminal အထိလည်း စီးလို့ ရပါတယ်။ သူကလည်း နာရီဝက်ခြား တစ်နေကုန် ထွက်တာမို့ ဟိုရောက်မှ Bus Ticket ဝယ်ပြီး စီးလည်း ရပါတယ်။

? ရထား – Local တွေလို ခရီးသွားတဲ့ ဖီးလ်လေး လိုချင်ရင်တော့ ကျွန်တော်က ရထားနှင့် သွားဖို့ တိုက်တွန်းပါရစေ။ ရထားနှင့်ကလည်း ကားနှင့် သွားသလိုဘဲ ၄ နာရီ နီးပါးခန့် ကြာမြင့်မှာ ဖြစ်ပြီး ကနေ စီးရမှ ဖြစ်ပါတယ်။ မနက် ၈ နာရီနှင့် ည ၁၁ နာရီမှာ ထွက်တဲ့ ရထားတွေကတော့ Express Train DRC တွေ ဖြစ်ပြီး စျေးပိုကြီးပါတယ်။ စျေးကြီးသလို ကော်ဖီတွေ မုန့်တွေလည်း ကျွေးတယ်လို့ ဆိုပါတယ်။ Hua Hin ကနေဆို နေ့လည် ၂ နာရီ မှာ တစ်စီး နှင့် ညနေ ၄ နာရီမှာ တစ်စီး ပြန်ထွက်ပါတယ်တဲ့။ Express Train DRC အတွက် ရထားလက်မှတ်ကတော့ ဘတ် ၄၀၀ ကျော် ပေးရပါတယ်။

?? Hua Hin ရောက်ရင် ဘယ်မှာ တည်းမလဲ ?

ကဲ … ဘန်ကောက်ကနေ Hua Hin ကို ဘယ်လို သွားကြမလဲ ဆိုတာလည်း ပြောပြီး သွားပြီ ဆိုတော့ Hua Hin ရောက်ရင် ဘယ်မှာတည်းကြမလဲ ဆိုတာ ဆက်ပြောကြတာပေါ့။ Hua Hin က ကမ်းခြေမြို့ငယ်လေး ဖြစ်တဲ့ အတွက် ကမ်းခြေနားမှာ နေမလား … မြို့ထဲမှာဘဲ နေမလား ဆိုတာကို ကျွန်တော်တို့ စဉ်းစားရမှာပါ။ ဟိုတယ်တွေ၊ Hostel တွေကလည်း စျေးပေါတာတွေမှ တစ်ပုံကြီးရယ်… ကမ်းခြေ နှင့် နီးရင်၊ လှလှပပ Fancy ဟိုတယ်လေးတွေ ဆိုရင်တော့ စျေးကြီးမှာ ဖြစ်ပြီး မြို့ထဲဘက်က ဟိုတယ်တွေကျ စျေးပေါတာ များပါတယ်။

ကိုယ်ကတော့ ဒီတစ်ခေါက် ကမ်းခြေနှင့် နီးတဲ့ Fancy Hotel လေးမှာဘဲ တည်းဖြစ်ခဲ့တယ်။ ကျွန်တော် တည်းခဲ့တဲ့ ဟိုတယ်လေးကတော့ Resort De Paskani ပါ။ ဟိုတယ်လေးက Santorini Theme လေးနှင့် တည်ဆောက်ထားပြီး ရေကူးကန်က နှစ်ခု ပါပါတယ်။အခန်းလေးတွေကလည်း ချစ်ဖို့ ကောင်းသလို ဟိုတယ်ကနေ ၅ မိနစ်လောက် လမ်းလျှောက်သွားရင် ကမ်းခြေဘက်ကို ရောက်ပါတယ်။ Breakfast ကတော့ ထိုင်းရိုးရာ အစားအစာတွေနှင့် အဓိက ပြင်ဆင်ပေးပြီး တော်တော်လေး အဆင်ပြေပါတယ်။ ဟိုတယ်ခကတော့ တစ်ညကို USD 100 ပတ်ဝန်းကျင်ပါ။ ကိုယ်ကတော့ ဟိုတယ်တွေ စျေးအကြီးပေးပြီး တည်းလေ့တည်းထ မရှိပေမယ့် ဒီဟိုတယ်လေးကတော့ ချစ်ဖို့ ကောင်းလွန်းလို့ နှစ်ခါ မစဉ်းစားဘဲကို ဘိုကင်တင်ချလိုက်တာပါ။

တကယ်လို့ အေးအေးဆေးဆေး ဟိုတယ် မှာ Chill ဖို့ အစီအစဉ် မရှိရင်တော့ စျေးပေါတဲ့ Hostel တွေသာ ရွေးပါလို့။

?? Hua Hin ရောက်ရင် ဘယ်တွေ လည်ပတ်ကြမလဲ ?

ကဲ … အပေါ်မှာ သွားတာလာတာတွေ ပြောထားတာလည်း စုံသလောက် ဖြစ်နေပြီဆိုတော့ ဒီတစ်ခါ Hua Hin ရောက်ရင် ဘယ်တွေလည်ကြမလဲ ဆိုတာ ပြောကြမယ်လေ။ Hua Hin မှာ လည်မယ် ဆိုရင် အဓိကကတော့ လူများရင် ကားစီးလုံးငှါးတာ အကောင်းဆုံးပါ။ လူ ခြောက်ယောက်လောက် စီးလို့ ရတဲ့ ကားအကြီးကို ငှါးမယ် ဆိုရင် တစ်ရက်စာကို ဘတ် ၁၅၀၀ ခန့် ပေးရပါတယ်။ အဲဒီကားဆရာကို ကိုယ် သွားလည်ချင်တဲ့ နေရာတွေ ပြောလိုက်ရုံဘဲ။ မြို့ထဲဘက် ဟိုနားဒီနားကတော့ Tuk Tuk လေးတွေ ငှါးစီးလို့ ရပါတယ်။

? Theme Park တွေ လည်ကြမယ်

Hua Hin ကို လူတွေ အဓိက သွားရတဲ့ အကြောင်းရင်းကတော့ သူ့ဆီမှာ ရှိတဲ့ ဒီ Theme Park တွေ ကြောင့်ပါဘဲ။ အနောက်နိုင်ငံကထင်ရှားကျော်ကြားတဲ့ မြို့ငယ်လေးတွေ ပုံစံကို သဏ္ဍာန်လုပ် သရုပ်တူအောင် တည်ဆောက်ထားပြီး စျေးဝယ်တဲ့ နေရာတွေ၊စားသောက်ဆိုင်တန်းတွေ အပြင် ဟိုတယ် လိုမျိုး တွေပါ ထည့်ဆောက်ထားတာမို့ ဓာတ်ပုံလှလှ ရိုက်ချင်သူတွေ အတွက်နာမည်ကြီးရခြင်း ဖြစ်ပါတယ်။

Santorini Park – ဂရိနိုင်ငံ မှာ ရှိတဲ့ Santorini ကျွန်း ပုံစံ တည်ဆောက်ထားတာမို့ မြင်လေရာ ဓာတ်ပုံ လှလှလေး​တွေ ရိုက်ချင်စရာ ဖြစ်မယ့် နေရာလေးပါ။ ဝင်ကြေးကတော့ ကျွန်တော်သွားတုန်းက ဘတ် ၁၅၀ ခန့် ပေးရပြီး တစ်ခြား ရဟတ်တွေ၊water park တွေမှာ ဆော့မယ် ဆိုရင်တော့ ပိုက်ဆံ ထပ်ပေးရမှာ ဖြစ်ပါတယ်။

The Venezia – အီတလီနိုင်ငံရဲ့ Venice ပုံစံ ပြုလုပ်ထားပြီး Venice မှာလို လှေစီးလို့ ရတဲ့ မြောင်းပုံစံလေးပါ ထည့်ဆောက်ထားတာကို တွေ့ရမှာပါ။ Activities တွေ က တစ်ခြား Theme Park တွေထက်တော်တော်လေး စုံတာကို တွေ့ရသလို ဝင်ကြေးကလည်း သူများတွေထက် တော်တော်လေး များတာကို တွေ့ရပါတယ်။

Swiss Sheap Farm –  သိုးလေးတွေ၊ မြင်းပုလေးတွေ၊ ကောက်ရိုးပုံတွေနှင့် အလှဆင်ထားတဲ့ နေရာလေး ဖြစ်ပြီး ဝင်ကြေးကတော့ ဘတ် ၁၂၀ ခန့် ကျပါတယ်။

Camel Republic – အာဖရိကတိုက်က Morocco မြို့ပုံစံ တည်ဆောက်ထားပြီး ကုလားအုတ်တွေ၊ Flamingos တွေနှင့်တိရစ္ဆာန် ဥယျာဉ် အသေးစားလို့ ပြုလုပ်ထားတဲ့ နေရာလေးပါ။ ဝင်ကြေးကလည်း တစ်ခြားနေရာတွေနှင့် သိပ်မကွာလှပါဘူး။

Hua Hin က ဒီနှစ်ပိုင်းအတွင်း နာမည်ကြီးလာရခြင်း အကြောင်းအရင်းကတော့ ဒီ Theme Park တွေ ကြောင့်ပါ။ ကိုယ်ကတော့အရမ်းတော့ သဘောမကျဘူးရယ်။ ဓာတ်ပုံဘဲ ရိုက်စရာ ရှိပြီး နေ့လည်ကျရင်လည်း အရမ်းပူတာမို့ သိပ်အဆင်ပြေမနေဘူး။ နေအရမ်း မပူခင် စောစော သွားလည်သင့်ပြီး အင်္ကျီ အပိုလေးတွေတော့ ထည့်သွားပေါ့။ ကိုယ်က နှစ်ခုလောက် သွားပြီးတော့ မခံစားနိုင်တော့လို့ သူငယ်ချင်းတွေကို ဆက်သွားခိုင်းပြီး အဲနားက Food Court မှာဘဲ သွားထိုင်နေတာရယ်။

? Hua Hin မှာ စျေးဝယ်ကြမယ်

Hua Hin မှာ Theme Park တွေ လည်ပြီးသွားရင်တော့ အဲနားလေးမှာဘဲ Premium Outlet ကြီး တစ်ခု ရှိတာမို့ Shopping ထွက်ချင်သူတွေ အတွက် နေ့လည်နေ့ခင်းမှာ အဲကို ဝင်ကြပေါ့။ Brand ကတော့ အရမ်း မစုံပေမယ့် ဖိနပ် နှင့် ပတ်သက်တဲ့ Brand တော်တော်များများတော့ တွေ့ခဲ့ရပါတယ်။

? Hua Hin မြို့ထဲမှာ 

Hua Hin မြို့ထဲမှာကျ လည်စရာ ပတ်စရာ အနေနှင့် များများစားစားတော့ မရှိဘူးရယ်။ ကျွန်တော်ကတော့ မြို့ထဲမှာ ဓာတ်ပုံ ရိုက်လို့ ကောင်းတဲ့ နေရာအနေနှင့် တွေ့မိတာကတော့ Hua Hin ဘူတာရုံ တစ်ခုဘဲ ရှိတယ်။ သူတို့ရဲ့ ဘူတာရုံလေးက ရှေးဆန်ဆန်လက်မှုပညာတွေနှင့် ချစ်စရာလေး ဖြစ်သလို ဆေးအနီသုတ်ထားတာလေးကလည်း တစ်မျိုး ထူးစေတယ်။ ဘယ်လိုနေနေရှေးဆန်ဆန် ဘူတာရုံ အနီရောင်လေးကတော့ ချစ်ဖို့ ကောင်းနေတာ အမှန်ဘဲ။

ဘန်ကောက်ကနေ ရထားနှင့် လာတဲ့ သူတွေကတော့ ရောက်တာနှင့် ဓာတ်ပုံ ရိုက်ယုံဘဲ။ Theme Park တွေဘက် မသွားခင် မနက်စောစော တစ်ခေါက် ပြန်လာနေစရာ မလိုတော့ဘူးပေါ့။

? Hua Hin မြို့ရဲ့ အခြားတစ်ဖက်

တကယ်လို့ Hua Hin မှာ နှစ်ရက်လောက်လည်း နေမယ်။ ပထမ တစ်ရက်မှာလည်း မနက်အစောပိုင်း လောက်ကတည်းက စောရောက်နေမယ်ဆိုရင် ဒီနေရာတွေ သွားလို့ ရတယ်။ တစ်ကယ်တော့ ဒီနေရာတွေက Hua Hin ရဲ့ အခြား တစ်ဖက်တော့ မဟုတ်ဘူးရယ် … ဒါပေမယ့် ကျွန်တော် အပြောမှာ ပြောခဲ့တဲ့ နေရာတွေနှင့်ကျ တစ်လမ်းစီ ဖြစ်နေတာမို့ တစ်ခြား တစ်ဖက်လို့ သုံးလိုက်တာရယ် … ကျွန်တော် အမှန်အတိုင်း ဝန်ခံရရင် ဒီနေရာတွေကတော့ အချိန်မရလို့ ကျွန်တော်လည်း မရောက်ဖြစ်ခဲ့ပါဘူး။

Hua Hin Vine Yard – Hua Hin ကနေမှ မိနစ် သုံးဆယ် ကျော်ကျော်သွားရတဲ့ နေရာမှာ ရှိပြီး စားသောက်ဆိုင် တစ်ဆိုင် ရှိပါတယ်တဲ့။ ဝိုင်ခြံထဲမှာ ဓာတ်ပုံပတ်ရိုက်လို့ ရပြီး ဝိုင် tasting လည်း လုပ်လို့ ရပါတယ်။

Hua Hin Lek Fau Hill View Point – ဒီ view point ကနေဆို Hua Hin တစ်မြို့လုံးနှင့် အတူ ပင်လယ်ပြင်ကြီးကိုပါ ခံစားလို့ ရပါတယ်တဲ့။

Sam Phan Nam Floating Market – ထိုင်းနိုင်ငံရဲ့ ရိုးရာ စျေးတွေထဲမှာ တစ်ခုဖြစ်တဲ့ ဒီရေပါ်စျေးလေးဟာလည်း ခရီးသွားတွေ အကြိုက်တွေ့ကြတဲ့ အရာထဲက တစ်ခုပါ။

? Hua Hin မြို့နားက ကမ်းခြေတွေ

Hua Hin နား တစ်ဝိုက်က ကမ်းခြေတွေကတော့ အမှန်အတိုင်း ပြောရရင် အရမ်း လှမနေဘူး။ Chill လုပ်ဖို့ဘဲ ကောင်းတာ … ရေကူးလို့ မကောင်းဘူး။ ညနေဘက် လမ်းလေးဘာလေးလျှောက်၊ ပင်လယ်စာတွေ ဘာတွေစားရင်း Chill ပေါ့ …. Hua Hin ကနေမိနစ် သုံးဆယ်လောက် ကားမောင်းရင် ရောက်တဲ့ Cha-Am က ကမ်းခြေကတော့ Hua Hin က ကမ်းခြေထက် ပိုစည်တာကို တွေ့ရတယ်။

? Hua Hin မြို့မှာ Chill ကြမယ်

ကဲ …. ကျွန်တော် အပေါ်မှာ ပြောထားတဲ့ အတိုင်း Hua Hin က Chill လုပ်လို့ ကောင်းတဲ့ မြို့ဆိုတော့ ဘယ်မှာ Chill ကြမလဲပေါ့။ကျွန်တော် သွားခဲ့တဲ့ ဘားကတော့ BeachFront Resort နှင့် တွဲဖွင့်ထားတဲ့ Seenspace Bar ပါ။ ကမ်းခြေဘက် မျက်နှာမူထားတဲ့ရေကူးကန် နှင့် အတူ Music တွေ နားထောင်ရင်း Hua Hin ရဲ့ ညနေခင်းကို ဖြတ်သန်းရတာ အရသာ ရှိလှပါတယ်။ ဒါ့အပြင် အဲဒီအဆောက်အဦး ထဲမှာဘဲ နာမည်ကျော်  HoBS Bar လည်း ရှိပြီး Shopping ထွက်လို့ ရတဲ့ ဆိုင်တွေ၊ ကော်ဖီဆိုင်တွေလည်း ရှိတာမို့လူငယ်တွေ တော်တော်များများ Hangout လာလုပ်ကြတာကို တွေ့ရမှာပါ။

? Hua Hin မြို့နှင့် ညစျေး

Hua Hin မှာ ညစျေး အနေနှင့် ကတော့ Pearnwan ဆိုတဲ့ ထိုင်းရိုးရာ ရှေးဟောင်းရွာလေးလို လုပ်ထားတဲ့ စျေးနှင့် Cicada Night Market ဆိုပြီး နှစ်ခု ရှိပါတယ်။ Pearnwan ကတော့ ရှေးဟောင်းပုံစံလေးတွေရယ်၊ ညကျရင် မီး အလှဆင်ထားတာလေးတွေရယ် နှင့်မို့ ညနေခင်း နေစောင်းချိန် လောက် သွားရင် ပိုလှမှာပါ။ Cicada Night Market ကတော့ ထိုင်းရိုးရာ အစားအသောက်တွေ၊ပင်လယ်စာတွေ စုံလင်စွာ ရနိုင်တဲ့ အပြင် Handmade ပစ္စည်းအမျိုးမျိုး နှင့် ကပြဖျော်ဖြေတာတွေလည်း ရှိတာမို့ ညဘက်တော့တစ်ခေါက်ရောက်အောင် သွားကြည့်ကြပါလို့။

? Hua Hin မြို့နှင့် အစားအသောက်

Hua Hin မှာကတော့ အစားအသောက်ကတော့ ထွေထွေထူးထူးတော့ ရှိမနေဘူးရယ်။ ကျွန်တော်ကတော့ Cicada Night Market ကထိုင်းရိုးရာ အစားအစာတွေ စားရတာ သဘောကျတယ်။ ပြီးတော့ ဘတ် ၄၀၀ တန် Hua Hin က Seafood Buffet ဆိုင်လေးကလည်းနာမည်ကြီးသေးတယ်။

ကဲ …. Hua Hin မြို့အကြောင်းလည်း ဒီလောက်ဆို တော်တော်လေး စုံစုံလင်လင် သိလောက်ပြီ ထင်ပါတယ်။ Hua Hin သွားမယ်ဆိုအဓိက မှာချင်တာက လူစုသွားပါ။ လူများလေ ကားခ သက်သာလေပါဘဲ။ ဓာတ်ပုံရိုက်လို့ ကောင်းတဲ့ နေရာတွေ များတာမို့ အင်္ကျီအပို ထည့်သွားပါ။ 

ဘန်ကောက်ကနေ မနက်စောစောသွားပြီး Hua Hin က နောက်ရက် ညနေမှ ပြန်ထွက်ခဲ့ပါ။ Hua Hin ကနေ လေဆိပ်တန်းဆင်းဖို့ကိုတော့ အရမ်း မတိုက်တွန်းလိုဘူး။ ဘန်ကောက်ရောက်တိုင်း ပတ္တရားကမ်းခြေကိုဘဲ အမြဲ သွားနေတဲ့ ခရီးသွားတွေလည်း ဒီတစ်ခေါက် Hua Hin ဘက်သွားပြီး New Taste လေး ခံစားကြည့်ကြပါလို့ …

အားလုံး သာယာပျော်ရွှင်တဲ့ ခရီးစဉ်တွေ ပိုင်ဆိုင်နိုင်ကြပါစေ။

Hua HinLUSH Travel
1
Facebook Twitter Google + Pinterest
Lush Editor

previous post
Slicked-Back Bun ရဖို့ ဘယ်လို Styling လုပ်မလဲ?
next post
ပဟေဠိဆန်တဲ့ ယုံကြည်ကိုးကွယ်မှုတွေနှင့် ဂျော့ဂျာကာတာမြို့

Recommended

ပဟေဠိဆန်တဲ့ ယုံကြည်ကိုးကွယ်မှုတွေနှင့် ဂျော့ဂျာကာတာမြို့

December 15, 2023

လတ်ဆတ်နုပျိုမှုများနဲ့ ကျန်းမာရေးခရီးစဉ်များ

September 26, 2020

How to stay updated on Travel regulations

June 10, 2020

ပုဂံအပြန် လက်ဆောင်ဖြစ်လာမယ့် ပုန်းရည်ကြီးကိတ်

August 31, 2023

Cities Of Fashion

July 13, 2018

Excelsior Enchanted

December 25, 2018

Rent an island in the Maldives – for...

June 25, 2020

မန္တလေးမြို့ရဲ့ ညနေခင်းမှာ မပါမဖြစ်ကတော့ တရုတ်တန်းစျေးပါ။

August 26, 2023

Virtual Tour of National Parks and Attractions

May 29, 2020

အစားအသောက်စုံလင်လှတဲ့ မန္တလေးမြို့ရဲ့ စျေးချိုတော်

July 5, 2023

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem