LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYMAKEUP & SKINCARE

Slicked-Back Bun ရဖို့ ဘယ်လို Styling လုပ်မလဲ?

written by Maeve November 24, 2023
Slicked-Back Bun ရဖို့ ဘယ်လို Styling လုပ်မလဲ?

Red carpet, Runway နဲ့ social media တခွင်မှာ လွှမ်းမိုးထားတဲ့ hairstyle တခုကိုပြောပါဆိုရင် သေသေသပ်သပ်နဲ့ဖီးထားတဲ့ Slicked-Back Bun ကို ပြေးမြင်ကြမှာပါ။ ဒီ hairstyle က မိန်းကလေးတိုင်းအကုန် သဘောကျကြတာလည်းမပြောနဲ့… ထသွားထလာကနေ ပွဲသွားပွဲလာထိ ဘယ်လိုနေရာမျိုးနဲ့မဆိုလိုက်ဖက်တာက ငြင်းလို့ကိုမရပါဘူး။ တခုရှိတာက ဒီဆံပင်ပုံစံလုပ်တော့လုပ်ချင်တယ်… ကိုယ့်ဘာသာအိမ်မှာလုပ်ဖို့ကတော့ ပစ္စည်းအစုံမရှိတတ်တာကြောင့် လူတိုင်းကြိုက်ပေမဲ့ သိပ်မလုပ်ဖြစ်တဲ့ ဆံပင်ပုံစံလို့ပြောရမှာပါ။ ဒီနေ့ article လေးမှာတော့ ဒီဆံပင်ပုံစံကို အိမ်မှာပဲ ဘယ်သူ့အကူအညီမှမပါပဲ အလွယ်တကူလုပ်လို့ရမယ့်နည်းလေးကို မျှဝေပေးသွားမှာပါ။

Hailey Bieber with a slicked-back bun.

“Clean-Girl” aesthetic ကိုလူကြိုက်များလာတာနဲ့အညီ သေသေသပ်သပ်ဖီးထားတဲ့ Super-sleek bun ကလည်း အရမ်းကိုခေတ်စားလာတာနော်။ ရာစုနှစ်တခုကျော်တာတောင် လူကြိုက်များတဲ့နှုန်းကကျမသွားပဲ ပိုတောင်လူကြိုက်များလာတဲ့ Slicked-back bun က Bella Hadid, Hailey Bieber, Jourdan Dann, Simone Ashley တို့လို နာမည်ကြီး celeb တွေရဲ့ အသည်းစွဲဆံပင်ပုံစံလို့ ပြောလည်းမမှားပါဘူး။

ဒီဆံပင်ပုံစံနဲ့ဆို ကော်ဖီဒိတ်ပဲလုပ်လုပ်၊ photoshoot ပဲရိုက်ရိုက်၊ ညဘက် ပွဲသွားပွဲလာပဲသွားဦးတော့ ဘယ် occassion နဲ့မဆို အံဝင်ဂွင်ကျဖြစ်လွန်းလို့ မိန်းကလေးတိုင်း ဒီဆံပင်ပုံစံလုပ်နည်းကို သိကိုသိထားသင့်ပါတယ်။ ဒီဆံပင်ပုံစံရဖို့အတွက် လိုအပ်တာလေးတွေဝယ်ထားဖို့တော့လိုတယ်ဆိုပေမဲ့ နေရာတိုင်းနဲ့လိုက်ဖက်တဲ့ ဒီဆံပင်စံအတွက် လိုတာတွေဝယ်ထားလိုက်လို့လည်း လုံးဝမမှားတာကတော့ သေချာပါတယ်။

တကယ်တမ်းလိုက်လုပ်ကြည့်မယ်ဆိုရင်လည်း အရမ်းမခက်တဲ့ဆံပင်ပုံစံမို့ အားလုံးပဲ Slicked-sleek bun လေးနဲ့ လှနိုင်အောင် How to နည်းလေးကို စာနဲ့ရော video လေးတွေနဲ့ပါ အောက်မှာဆက်ပြီး ပြောပြပေးသွားပါမယ်။

Slicked-sleek bun လုပ်ဖို့ လိုတာလေးတွေကတော့
  • Bristle Brush
  • Hair Moisturizing Cream or Hair Oil
  • Hairspray or Hair Gel or Pomade
  • Hairdryer or Hair Straightener (Optional)
  • Hair Tie
1. Prep Your Hair
@chrisappletonhair

Snatched middle part bun let’s go ?? @Color Wow Hair

♬ original sound – Chrisappleton1

ဆံပင်သားနဲ့ဆံပင်အထူပေါ်မူတည်ပြီး styling လုပ်ရမယ့်နည်းလေးတွေတော့ နည်းနည်းကွဲနိုင်ပေမဲ့ Basic လုပ်ရမယ့်နည်းလမ်းတွေကတော့ အတူတူပါပဲ။

  • ပထမဆုံး ရေခြောက်နေတဲ့ဆံသားဖြစ်အောင် အရင်လုပ်ထားရပါမယ်။
  • ပြီးရင် ဆံပင်ကို ရှုပ်နေတာမျိုးမရှိအောင် သေချာလေး ဖီးပေးရပါမယ်။
  • အချိန်လည်းရှိတယ်၊ ပိုပြီးလည်း perfect ဖြစ်ချင်တယ်ဆို ဆံပင်ဖြောင့်စက်လေးနဲ့ ဖြောင့်လို့ရပါတယ်။
  • ဆံပင်ဖြောင့်တဲ့အခါ ဆံပင်အရင်းနားလေးကို သေချာဖြောင့်ပေးဖို့တော့လိုပါမယ်။
2. Apply Moisturizing Cream or Hair Oil
@thxlizzle

Reply to @katie_dombrowski practice makes perfect!! <3 #sleekbun #hairturtorial #bellahadid #fyp

♬ That’s Not My Name – The Ting Tings

  • ဆံပင်ဖီးတာ၊ ဖြောင့်တာပြီးပြီဆိုရင် ပြောင်လက်ပြီးသေသပ်တဲ့ result အမိုက်စားလေးရဖို့အတွက် Hair Oil ဒါမှမဟုတ် ခရင်မ် Moisturizer လေး သုံးပေးရပါမယ်။
  • ဒီဆံပင်ပုံစံက ဆံပင်ငြိတာမျိုးဖြစ်လို့ မရတာမို့လို့ ဆံပင်ထူတဲ့သူ၊ ကောက်တဲ့သူတွေဆိုရင် ဆံပင်မငြိအောင်၊ ရှုပ်တာမျိုးမဖြစ်အောင် အခု အဆင့် ၂ ဆင့်ကို သေချာလေး ဂရုစိုက်ပြီး လုပ်ပေးဖို့ လိုပါလိမ့်မယ်။
3. Secure Your Bun
@heavenmarleyy

?#buntutorial #naturalhair #fypシ

♬ pushin P (feat. Young Thug) – Gunna & Future

  • အပေါ်ကအဆင့်တွေပြီးပြီဆို Ponytail စည်းရမယ့်အလှည့်ရောက်ပါပြီ။
  • Ponytail မစည်းခင် အရှေ့ဆံပင်ကို video ထဲကလို တြိဂံပုံစံလေးယူပြီး ခွဲထားမယ်ဆို styling လုပ်ရတာပိုလွယ်ပါတယ်။ ဒီအဆင့်က လုပ်လည်းရသလို မလုပ်လည်းရတာမို့ စာဖတ်သူရဲ့ရွေးချယ်မှုပေါ်ပဲ မူတည်ပါလိမ့်မယ်။
  • နောက်ပြီး Ponytail စည်းတဲ့အခါ ကိုယ့်ရဲ့မျက်နှာကျ ဒါမှမဟုတ် ကိုယ်ဖြစ်ချင်တဲ့ပုံစံကို အရင်သေချာအောင်လုပ်ပြီးမှ စည်းဖို့လိုပါတယ်။
  • အကောင်းဆုံးကတော့ ဇာက်နဲ့အရမ်းကပ်တာမျိုး၊ ဇာက်နဲ့အရမ်းဝေးနေတာမျိုးမဟုတ်ပဲ အနေတော် position မျိုးလေးက အဆင်ပြေဆုံးပေါ့။
  • စည်းရမယ့်နေရာလေးချပြီးပြီဆိုရင် ဆံပင်တွေအကုန်စု၊ ဘီးလေးနဲ့ဖြီးပြီး Ponytail လေးကို ကြပ်ကြပ်လေးဖြစ်အောင် စည်းလိုက်ပါမယ်။
  • ဒီနေရာမှာသတိထားရမှာက ဆံပင်တွေကို သူ့လမ်းကြောင်းလေးအတိုင်း လိုက်ပြီး စည်းပေးဖို့ သတိပြုပေးရပါမယ်။ မဟုတ်ရင် ဆံပင်လမ်းကြောင်းရွေ့ပြီး ပုံပျက်သွားမှာပါ။
4. Fix In Place
@tashimrod

My hair is blown out so it was way easier today but here you go! I have fine hair so it doesn’t take me that long.

♬ Euphoria season 2 is making my brain explode – Mars

  • Okay, Ponytail လေးစည်းပြီးပြီ၊ နေရာအတည်တကျလည်းဖြစ်ပြီးဆို ခုနက တြိဂံပုံ ခွဲထားတဲ့အရှေ့ဆံပင်လေးတွေကို ၂ဖက်ခွဲပြီး သူ့ဆံပင်လမ်းကြောင်းလေးအတိုင်းယူပြီး Ponytail လေးနဲ့တွဲပြီး စည်းရပါမယ်။
  • လိုအပ်ရင် Hairspray ဒါမှမဟုတ် Hair Gel လေးသုံးလို့ရပါတယ်။
  • ဒါဆိုရင် သေသေသပ်သပ်နဲ့ Slicked-sleek bun လေးရဖို့က သိပ်မလိုတော့ပါဘူး။
  • ကျန်တဲ့ Ponytail လေးကိုလည်း Hairspray or Hair Gel လေးသုံးပြီး bun လေးဖြစ်အောင် ကျစ်ပြီးစည်းလိုက်ပါမယ်။
  • Bun လေးရလာတဲ့အခါ နောက်ကထွက်နေတဲ့ဆံပင်အစလေးတွေကို အထဲထိ သိမ်းတာမျိုးလုပ်လည်းရသလို အဲ့ဆံပင်စလေးတွေကို Bun လေးနားမှာဖြန့်ပြီး အထာကျကျလေးနဲ့ မိုက်လို့လည်းရပါတယ်။

ကဲဒါဆိုရင်တော့ အမိုက်စား သေသပ်ပြီးလှတဲ့ Slicked-sleek bun လေးနဲ့ Clean-Girl Look ဖန်တီးလို့ရပြီပေါ့။ အဆင့်တွေတခုချင်းခွဲရေးထားလို့သာ နည်းနည်းရှည်သွားတာ၊ တကယ်တမ်းလုပ်ကြည့်ရင် အရမ်းမခက်တာမို့ စာဖတ်သူတို့ သေချာပေါက် လိုက်လုပ်ကြည့်ပါဦး။

Hair and BeautyHair StylingSlicked-back bunSuper-sleek bun
0
Facebook Twitter Google + Pinterest
Maeve

previous post
သီရိလင်္ကာနိုင်ငံ ရဲ့ Sigiriya ရှေးဟောင်းမြို့အား ရှာဖွေခြင်း
next post
ဘန်ကောက်မြို့နားက ချစ်စရာကမ်းခြေမြို့လေး ဟွာအင်း

Recommended

LUSH Beauty Program – Less is more EP6...

July 23, 2019

Less is More – LUSHbeauty with Kaung Pyae...

December 16, 2018

ဒီနိုင်ငံရဲ့ရာသီဥတုနဲ့အလိုက်ဖက်ဆုံးထဲကတခုဖြစ်တဲ့ Timeless Hairstyle A.k.a. Bob Hairstyle

August 11, 2023

အသက်အငယ်ဆုံး Self-made Billionaire ဖြစ်လာတဲ့ Kylie Jenner

March 7, 2019

လက်လီရောင်းချမှုနှုန်းတိုးအောင် Moneyback program တစ်ခုကိုမိတ်ဆက်လိုက်တဲ့ AS Watson

August 4, 2020

Bio-Oil Dry Skin Gel

June 23, 2020

မှန်ထဲကို မြင်အောင်ကြည့်တဲ့အခါ (Self-Acceptance )

September 4, 2020

MAC ကအသစ္ထုတ္လိုက္တဲ့ Lip Glosses 

June 20, 2018

ALLURE OF FUSION

April 9, 2019

ပထမဆုံး Mascara နဲ့ Pencil Eyeliner ထွက်ရှိလာတဲ့ Fenty Beauty

January 16, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem