ကိုယ်ရဲ့ တစ်နေ့တာ လုပ်ငန်းခွင်မှာ လုပ်ရမယ့် အလုပ်တွေ များနေမယ်ဆို ဘယ်လိုမျိုး စီမံခန့်ခွဲလို့ ရမလဲ ဆိုတဲ့ အကြောင်းကို ဒီနေ့မှာ ဖော်ပြပေးသွားပါမယ်။
၁။ ကိုယ်လုပ်ရမယ့် အလုပ်တွေကို to-do-list ထားပြီး ချရေးပါ။
တစ်နေ့တာ ကိုယ်လုပ်ရမယ့်အလုပ်တာဝန်တွေကို ရုံးမလာခင် ညတည်းက ချရေးထားဖို့ လိုပါတယ်။ ချရေးတဲ့ အခါမှာလည်း အရေးကြီးဆုံး ဆောင်ရွက်ရမယ့် အလုပ်ကနေ အသေးအမွှား အလုပ်တွေ အထိ အစဉ်လိုက် ချရေးထားဖို့ လိုအပ်ပါတယ်။ အလုပ်တစ်ခု ပြီးတိုင်း ဘေးနားမှာ အမှန်ခြစ်လေးတွေ ခြစ်လိုက်မယ်ဆို ကိုယ်တိုင်လည်း ဘယ်လောက် productivity တက်လာလည်း ဆိုတာ တစ်ခါတည်း သိနိုင်တာပေါ့။
၂။ ဘယ်အလုပ်မဆို Deadline ထားပြီး ဆောင်ရွက်ပါ။
Deadline မထားဘဲ ကိုယ်အဆင်ပြေသလို ပြီးပြီးရော လုပ်နေမယ်ဆိုရင် အလုပ်လည်း မပြီးနိုင်သလို ကိုယ်အပေါ်မှာပဲ အလုပ်ဝန်တွေ ပိနေမှာ အမှန်ပါပဲ။ Deadline ထားထားမှ ကိုယ့်ကိုကိုယ် တွန်းအားပေးသလိုဖြစ်ပြီး အလုပ် မြန်မြန် ပြီးမြောက်မှာ ဖြစ်ပါတယ်။
၃။ Pomodoro နည်းလမ်းကို ကျင့်သုံးပြီး အလုပ်ပြီးမြောက်အောင် ဆောင်ရွက်ပါ။
ကိုယ်က အလုပ်တစ်ခုကို မဖြစ်မနေ ပြီးမြောက်ဖို့ လိုအပ်နေတဲ့အချိန် အာရုံစူးစိုက်လို့လည်း မရဘူးဆိုရင် Pomodoro နည်းလမ်းကို ကျင့်သုံးကြည့်ပါ။ နည်းလမ်းလေးကတော့ ၂၅ မိနစ်အပြည့် ကိုယ် လုပ်ရမယ့် အလုပ်ထဲမှာ အာရုံစိုက်ထားပါ။၂၅ မိနစ် ပြည့်သွားရင် ၅ မိနစ် အနားပေးပါ။ ဒီလိုမျိုး လေးကြိမ် လုပ်ရင်း ကိုယ်လုပ်ရမယ့် အလုပ်ကို မြန်မြန်နဲ့ အချက်အလက်စုံလင်စွာ ပြီးမြောက်နိုင်မှာဖြစ်ပါတယ်။
၎။ လုပ်ဆောင်ရမယ့်အလုပ်တာဝန် က ကြီးမားနေမယ်ဆိုရင် အပိုင်းလိုက် ခွဲပြီးလုပ်ကိုင်ပါ။
တကယ်တမ်း ပရောဂျက်တစ်ခုကို ကိုယ်က လုပ်ရတော့မယ်ဆိုရင် လုပ်ရမယ့် အပိုင်းတွေ အများကြီး ရှိပါလိမ့်မယ်။ ဒါကြောင့် အပိုင်း တစ်ပိုင်းစီ ခွဲပြီး တာဝန်ခွဲယူလိုက်မယ်ဆို productive လည်းဖြစ်သလို အာရုံ မများတော့မှာ အသေအချာပါပဲ။
၅။ အလုပ်လုပ်နေတဲ့အချိန် အာရုံပိုရစေဖို့ သင့်တော်တဲ့ playlist ရှိပါ။
သီချင်းလေးတွေ နားထောင်ရင်း အလုပ်လုပ်ရင် အလုပ်ပိုပြီးစေတယ်ဆိုတာ သိကြတယ်မဟုတ်လား။ မသိသေးရင်လည်း အခုချိန်ကစပြီး သာယာငြိမ့်ညောင်းတဲ့ သီချင်းတီးလုံးလေးတွေချည်းပါတဲ့ playlist လေးတစ်ခု ဖန်တီးသင့်တယ်နော်။
အားလုံးပဲ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို အာရုံစူးစိုက်စွာဖြင့် ပြီးမြောက်နိုင်ကြပါစေလို့ အကြံပြုလိုက်ရပါတယ်။
Editor: Eain Chu